Pages

Sunday, September 8, 2013

ထမင်းဆိုင်အတွင်း၌ သင်္ကန်းဝတ်ဖြင့် အရက်သောက်နေသည့် သံဃာတစ်ပါးအား သက်ဆိုင်ရာသို့ တိုင်ကြား


 ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်းမှ မုံရွာသို့ ခုတ်မောင်းလာသည့် အေးသုခ အမည်ရှိ ရေယာဉ် ပေါ်တွင်လိုက်ပါစီးနင်းလာသူ သက်တော်(၃၀)နှစ်၊ ၀ါတော်(၅)၀ါ ခန့်ရှိပြီးဖြစ်သော သံဃာတစ်ပါးသည် ယခုလ ယခုလ ၅ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် မင်းကင်းမြို့နယ်၊ သင်တောကျေးရွာ သစ်တော ဆိပ်ကမ်းသို့ ထမင်းစား ဆိုက်ကပ်နားချိန်တွင် ထိုသံဃာတော်သည် ၀ိနည်းတော်အား ထောက်ရှု့လိုက်နာ ခြင်းမရှိဘဲ အများမြင်သာသောနေရာတွင် အရက်သေစာများသောက်စား မူးယစ်နေသည့်အတွက် သင် တောကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦး အောင်ဌေးလှိုင် ဆိုသူတို့မှ သာသနာတော် အရှည်တည်တန့် ခိုင်မြဲစေခြင်းအလို့ငှာ ၎င်း သံဃာတော်အား သင့်လျော်မှုမရှိ ကြောင်းလျှောက်ထားခဲ့သည်။ 
 အဆိုပါ ကိစ္စရပ်သည် သံဃာ့ကိစ္စရပ်များဖြစ်သည့်အတွက် ဆရာတော် ဦးဝိစိတ္တမှ မူး..ယစ်သောက်စားနေ သည့် သံဃာအား လူဝတ်လဲစေ၍ မင်းကင်းမြို့နယ် သံဃာ့နာယက ဒုတိယ ဥက္ကဌ ဦးအင်္ဂရ ဆက်လက် ပို့ဆောင်ခဲ့ရာ ဒုဥက္ကဌ ဆရာတော်မှ မြို့ နယ်သာသနာ့ရေး ဦးစီးမှူး ဦးကျော်ဆန်းထံ လွှဲပြောင်းအပ် နှံစေခဲ့ပြီး သံဃာ့ဝိနည်းတော်နှင့် လျော်ညီမှုမရှိသော မူးယစ်သေ စာသောက်နေသည့်အတွက် သာသနာ့တော်ညိုးနွမ်းစေအောင် ပြုလုပ်ကျူးလွန်သည်ဟုဆိုကာ မင်းကင်းမြို့နယ် တရားရုံးတော်သို့ ဦး တိုက်လျှောက်ထားခဲ့ရာ တရားရုံးမှ ထိုလျှောက်ထားချက်အား ပြစ်မှုကြီးအမှုအမှတ် ၂၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၂၉၅(က) အရ အမှုအားကြားနာ စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်း သံဃာ တော်၏ ဘွဲ့အမည်၊ လူအမည်၊ နေရပ်လိပ်စာ၊ သာသနာဝင်အမှတ်( သံဃာ့ မှတ်ပုံတင်) လျှောက်ထား ဆဲဖြစ် ကြောင်း စသည့် အချက်အလက်များကို သီးခြားစုံးစမ်း၍ သိရှိပြီးဖြစ်သော်လည်း သတင်းစာကျင့် ၀တ်အရ ဖော်ပြရေးသားရန် မသင့်ဟု ယုံကြည်မိရသဖြင့် ရေးသားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ ဤသတင်းသည် တစ်စုံတစ်ခုသော ပဋိပက္ခများကို ရည်ရွယ်ရန် ဆန္ဒသဘောထားမရှိပါ။ သာသနာ့တော် ရေရည်တည်တန့်ခိုင်မြဲစေရေးကို အကြောင်းပြု၍ ပညာပေးနိုင်ရန် အတွက် ရေးသားတင်ပြရခြင်းဖြစ် ပါသည်။

Credit to - ဟာဂျူလီကသာ

Ref....Classic Burma News

0 comments:

Post a Comment