ဆီးရီးယားအစိုးက သူ့လူထုအပေါ် ဓာတုလက်နက်တွနေဲ့ တကယ်ပဲတိုက်ခိုက်ခဲ့တယ် ဆိုတာကို သက်သေ ထူနိုင်ခဲ့လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရင် သူ့အ နေနဲ့ ထောက်ခံမလား မထောက်ခံဘူးလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားလိုက်ပါတယ်။
စိန့်ပီတာစဘတ် မြို့မှာ ဒီအပတ် ကျင်းပဖို့ရှိတဲ့ စက်မှုအင်အားကြီး နိုင်ငံ ၂၀ ရဲ့ ဂျီတွမ်တိ ထိပ်သီးအစည်း အဝေး မတိုင်ခင် မစ်စတာ ပူတင်က အင်တာဗျုးတစ်ခုမှာ အခုလို သူ့သဘောထားကို ပြောကြားခဲ့တာ ဖြစ် ပါတယ်။
အခုအချိန်အထိတော့ ရုရှားဟာ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှာကို ဆန့်ကျင်နေ တုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပြောကြားချက်တွဟော တစ်နည်းနည်းနဲ့ သမ္မတ အာဆတ်ကို ထောက်ခံ မယ့်ပုံမျိုး ဖြစ်နေမှာကိုတော့ မစ္စတာပူတင်က စိုးရိမ်နေပုံရတယ်လို့ မော်စကိုမှာရှိတဲ့ ဘီဘီစီသတင်း ထောက်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ထောက်ခံအတည်ပြုချက် မပါပဲ ဆီးရီးယားကို ကိုယ့်သဘောနဲ့ကိုယ် ဝင်တိုက်မယ် ဆိုရင်တော့ ဒါဟာ ကျုးကျော်ရန်စတာပဲ ဖြစ်လိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်နဲ့ မဟာမိတ်တွေကို အစောပိုင်းက ပြောကြားထားခဲ့ပါတယ်။
Ref.....BBC
0 comments:
Post a Comment