အခင်းဖြစ်ပွားခဲ့သော ရဲကင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ် ကြပ်တစ်ဦးပါ ရဲတပ်သားနှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားပါ ငါးဦးတို့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်၊ ဗိုလ်တေ ဇပတ်လမ်းနေ မ.....(၁၆) နှစ်သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့ နယ် တညင်းကုန်းလမ်းဆုံသို့သွားရန် ဆိုင်ကယ်ကယ်ရီမောင်းသူ ကုလား (ခ) သန်းဝင်းအောင်၏ ဆိုင် ကယ်ကို ငှားရမ်းခဲ့ကြောင်း သိရသည်။
"အိမ်ပေါ်ကနေ ယောက်ျားနဲ့ စကားများပြီးတော့ တညင်းကုန်းလမ်းဆုံကို ဆိုင်ကယ်ငှားတယ်။ ဆိုင်ကယ်ကို ရွှေပြည်သာတံတား အရောက်မှာ ရဲတစ်ယောက်ကတားပြီး ဓာတ်မီးဝယ်ဖို့ အကူညီတောင်းတယ်။ ဆိုင် ကယ်ကလည်း အဲဒီအချိန်မှာ စက်နှိုးလို့ မရတော့ဘူး။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်မောင်းတဲ့သူတို့ ဆိုင်ကယ် ပျက်တဲ့ ကိစ္စနဲ့ စကားများပြီး ရဲကသစ်သားပြားနဲ့ ရိုက်ခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ သူကလည်း ဆိုင်ကယ် တွန်းပြီး ပြန်သွားတယ်" ဟု မ.....က စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ထို့နေ့တွင် မ.....မှာ အရက်သောက်ပြီး အနည်းငယ်မူးနေကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ထွက်သွားပြီးနောက် မ.......မှ တစ်ဦးတည်း ရဲကင်းတွင် ကျန်ခဲ့ကာ ရေဆာသဖြင့် ရဲကင်းထဲဝင်ကာ ဒု တပ်ကြပ်ဖြစ်သူ ၀င်းဌေးဆီမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် မ.....အား ဒုတပ်ကြပ် ၀င်းဌေးမှ ရဲကင်းအောက်ထပ်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။
မ.....အား အဓမ္မပြုကျင့်နေစဉ် မ.....ကို တင်ဆောင်လာသော ဆိုင်ကယ်ကယ်ရီးသမား ပါဝင်သည့် အဖွဲ့ တို့ ရောက်လာသံ ကြားရကြောင်း၊ အဓမ္မပြုကျင့်သူ ရဲဒုတပ်ကြပ်နှင့်ရဲနှစ်ဦး ထွက်သွားပြီး စကား ပြောဆိုသံများ ကြားရပြီး အပြန်အလှန်ရိုက်နှက်သံများ ကြားရကြောင်း မ.....က ပြောကြားသည်။
၎င်းဖြစ်စဉ်ကြောင့် ကယ်ရီသမားပါ ငါးဦးအား လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးနေကြောင်းနှင့် ထို့အပြင် အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ် ဌေးဝင်းအား (ပ) ၉၈၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်ရဲတပ်သားနှစ်ဦးအား မြို့နယ်ရဲစခန်း သုံးခုမှ တာဝန် ရှိသူများ ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref....Eleven
0 comments:
Post a Comment