Pages

Monday, September 2, 2013

ရိုက်ကူးရေးတွေ စိပ်လာတဲ့ ပက်ထရစ်ရှာ


 
 လတ်တလောမှာတော့ ပက်ထရစ်ရှာက ဒါရိုက်တာ စင်ရော် မောင်မော င်ရိုက်ကူးတဲ့ ‘Enjoy’ အမျိုးသမီး လစဉ်သုံးပစ္စည်း ကြော်ငြာ ကို မေဂရေ့စ်ပယ်ရီနဲ့အတူ ရိုက် ကူးနေပါတယ်။ ရိုက်ကူး တဲ့ကြော်ငြာ တိုင်းကို ပရိသတ်တွေအနေနဲ့ လက်ခံအားပေးကြ တဲ့အတွက် တအားဝမ်းသာကြောင်း၊ သူ့ ဘက်ကလည်း အစစအရာရာ ပြင် ဆင်ပြီး ကြိုးစားထားကြောင်း ပက်ထရစ်ရှာက ပြောပါ တယ်။

“အဲဒါက ကိုယ့်ရဲ့ကြိုးစားမှု လည်းပါမယ်လို့ထင်ပါတယ်။ ဖက်ရှင်ကလည်း ဘယ်သူနဲ့ မှမတူအောင်ထွင်ရတယ်။ ဖက် ရှင်အနေ နဲ့လူကြီး၊လူငယ် ကြိုက် မယ့်ပုံစံလေးေ တွ ကိုစဉ်းစားပြီး အစစအရာရာအားလုံးပြင်ဆင် ထားပါ တယ်” လို့ပြောတဲ့ ပက် ထရစ်ရှာ ကအရင်က အနုပညာ အလုပ်လုပ်ရတာ နဲ့အခု နောက် ပိုင်းအနုပညာအလုပ် လုပ်ရ တာ ကွာခြားမှု တွေရှိ သွားကြောင်း လည်း ပြောပြခဲ့ပါတယ်။

“အနုပညာအလုပ် လုပ်တာ တစ်နှစ် လောက်ပဲရှိ သေးတယ်။ စလုပ်တုန်းကတော့ ပရိသတ်တွေ သိပ်မသိသေးတော့ ရိုက်ကူးရေး တွေ ကျဲတယ်။ အခု နောက်ပိုင်းမှာ ဆိုရင် ရိုက်ကူးရေး တွေစိပ်လာတယ်။ ကြော်ငြာလေးတွေလည်း တော်တော်များများ ရိုက် လာရ တယ်။ အခုဆိုရင် သမီး ရဲ့ကြိုးစားမှုကြောင့် ပရိသတ် တွေအားပေး တယ်။ပရိသတ်တွေ အား ပေးမှုကြောင့် ရိုက်ကူး ရေးတွေ အများကြီးရိုက် လာရတယ်” လို့ပြောပါ တယ်။ ကြော်ငြာရိုက်ကူး မှုအပြင် ဗီဒီယိုဇာတ်ကား တွေပါ သရုပ်ဆောင် လာတဲ့ ပက်ထရစ် ရှာက ဗီဒီယို ရိုက်ရတာသူ့အတွက်ပို ခက် ခဲကြောင်းကို…

“ကြော်ငြာကျတော့ ဒိုင် ယာလော့ခ် သိပ်မပါဘူး။ အချိန်တိုအတွင်းမှာ သရုပ် ဆောင်ရတာဆို တော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုက သိပ်မပေါ်ဘူး။ ဗီဒီယိုကျ တော့ ကိုယ့် သရုပ်ဆောင် မှုကို ဖော်ပြရတာ။ အဲဒါ ကြောင့် ဗီဒီယိုရိုက်ရတာ သမီးအတွက် ပိုခက်ခဲပါ တယ်” လို့ ပြောပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ အတွက် အတိုက်အခိုက်တွေ ကြားက ကြိုးစားခဲ့ရကြောင်း ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။
 
Ref...Popular 

0 comments:

Post a Comment