"သူတို့ဘက်က လာပြီးညှိနှိုင်းတော့ ခြိမ်းခြောက်မှုဖြစ်ခဲ့တဲ့ ထုံးဖိုတဲစု ဒေသခံတောင်သူတွေရဲ့အကွက်ကို ၀ယ်မယ်။ ဒါပေမဲ့ အမှုကို ပြန်ရုပ်သိမ်း ပေးရမယ်။ နောက်ပြီး ဂျာနယ်တွေမှာ ဖော်ပြထားတာတွေကိုလည်း သတင်းအမှားဆိုပြီး ပြန်ပြင်ခိုင်းတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့နောက်ဆုံးတောင်းဆိုထားတာကို လုံးဝသဘောမတူနိုင်ဘူး။ ကျန်တဲ့ အချက်နှစ်ချက်အတွက်လည်း စဉ်းစားနေတုန်းပဲ။ ဒီကိစ္စအတွက်ကို ဗိုလ်ချုပ် စိုးရှိန်နဲ့ပဲ တိုက်ရိုက်ညှိနှိုင်းချင်တယ်"ဟုလက်နက်ဖြင့် ခြိမ်းခြောက်ခံရသည်ဆိုသူ ကိုအောင်သန်း ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
တရားလိုနှင့် တိုင်ကြားခံရသူတို့နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီးပြေလည်မှုရရှိခဲ့လျှင် တိုင်ကြားချက်ကို ပြန်လည် ရုပ်သိမ်းပေး နိုင်သည်ဟု လယ်ဝေးမြို့နယ် မြို့မ ရဲစခန်း မှ စခန်းမှူး ဦးစိုးမင်းသိန်းကဩဂုတ်လ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။
"ဒါက တရားလို အပေါ်မူတည်ပါတယ်။ သူ့ဘက်နဲ့ ဗိုလ်ချုပ်စိုးရှိန် တို့ဘက်က ညှိနှိုင်းလို့အဆင်ပြေရင် တရားလိုဘက်က တိုင်ကြားမှုကို ပြန်ရုပ်သိမ်းနိုင်ပါတယ်။ နောက်ပြီး ဒီကိစ္စအတွက်အမှုဖွင့်ထားခြင်း မရှိ သေးပါဘူး။ တိုင်ကြားစာအရ စစ်ဆေးနေဆဲပဲရှိပါသေးတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ ဒေသခံတောင်သူများ လက်ရှိလုပ်ကိုင်နေသည့် ၃၃၉ ဒသမ ၆၈ ဧကအား ညှိနှိုင်း ဈေးဖြင့်ဝယ်ယူမည်ဟု ဆိုသော်လည်း တောင်သူများဘက်မှလည်း လက်ရှိလယ်မြေပေါက်ဈေးမှာ တစ်ဧ က လျှင်ခြောက်သိန်းခန့် ရှိနေပြီး ရောင်းမည်ဆိုပါက တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းတောင်းဆိုထားသည်ဟု ကိုအောင်သန်းဦးက ပြောသည်။ဇူလိုင်လ ၅ ရက်က လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စုရှိ ထုံးဖိုတဲစုမှ လယ်ယာမြေ ဧက၅၀၀ ခန့်အတွင်း လက်ရှိလုပ်ကိုင်နေသည့် တောင်သူ ကိုအောင်သန်းဦးနှင့် မခင်တင့် တို့နှစ်ဦးကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်စိုးရှိန်က သေနတ်ထုတ်ခြိမ်းခြောက်ခဲ့သည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားထားသည့်အမှုကို လယ်ဝေး မြို့နယ်ရဲတပ်ဖွဲ့က အမှုမဖွင့်ပေးသေးဘဲ မှန်ကန်မှုရှိ၊ ရှိမရှိ တိုင်စာစိစစ်တင်ပြသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။
တိုင်စာ စိစစ်တင်ပြခြင်းဆိုသည်မှာ အမှုလက်ခံဖွင့်နိုင်ရန် တိုင်ကြားသူ၏ တိုင်ကြားချက်မှာမှန်ကန်မှု ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးခြင်းဖြစ်ပြီး မှန်ကန်မှု ရှိမှသာ အမှုဖွင့်ပေးခြင်း ဖြစ်သည်ဟုလယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် လှိုင်မိုးဝေက ဩဂုတ်လ ၃ ရက်နေ့က မြန်မာတိုင်း(မ်)ကိုပြောသည်။
တိုင်ကြားချက်အပေါ် စစ်ဆေးမှုမှာလည်း တရားလိုဘက်မှ သက်သေအားလုံးကို ဩဂုတ်လ၉ ရက်နေ့က စစ်ဆေးခဲ့ပြီးဖြစ်ပြီး တိုင်ကြားခံရသူ ဗိုလ်ချုပ်စိုးရှိန် ဘက်မှ ကိုလှိုင်ဖြိုးဝင်းကို ယခုလဒုတိယပတ်က စစ် ဆေးပြီး ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ခြိမ်းခြောက်ရာတွင် အဓိက ပါဝင်ခဲ့သည်ဆိုသည့် ဗိုလ်ချုပ် စိုးရှိန် ကိုလည်း မကြာမီ စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဗိုလ်ချုပ်စိုးရှိန်သည် ထုံးဖိုတဲစုရှိ လယ်ယာမြေ ဧက ၅၀၀ ကျော်အနက် ၁၆၀ ဒသမ၃၂ ဧကကို အမည်ပေါက်ဖြင့်ပိုင်ဆိုင်ထားပြီး ယင်းမြေပေါ်တွင် ထုံးဖုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်းများ လုပ်ကိုင်လျက် ရှိသည်ဟု ဒေသခံတောင်သူများက ပြောသည်။
Ref...မြန်မာတိုင်းမ်
0 comments:
Post a Comment