မြန်မာနိုင်ငံတွင် အစိုးရက လုံလောက်စွာ တားဆီးထိန်းသိမ်းရန် ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေရကြောင်း အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး သုံးသပ်သူများ အဖွဲ့က ပြောဆိုလိုက်သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြထားချက်အရ သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ပြီး သိန်း ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သြဂုတ် ၂၄ ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ရာဇ ၀တ်မှု တစ်ခုကို မကျေနပ်ရာမှ စနစ်တကျ ထိန်းသိမ်းမှု နည်းပါးသောကြောင့် ပဋိပက္ခနှင့် ဆူပူမီးရှို့မှုများ ထပ်မံဖြစ်ပွားခဲ့ရသည်။
"မြန်မာအစိုးရ အနေဖြင့် ဒီကိစ္စတွေကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရား ဥပဒေ ရှေ့မှောက်ကို အရောက်ပို့ဖို့ လုပ်ဆောင်ရပါလိမ့်မယ်" ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထုတ်ပြန်ချက်တွင် "အခုလောလောဆယ်မှာတော့ ဒီရာဇ၀တ်မှုတွေဟာ နိုင်ငံတစ်ခုလုံးကို သက် ရောက်မှု မရှိသေးပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေက ပြစ်ဒဏ် ပေးခံရမှုကနေ ကင်းလွတ်နေတာကတော့ ဒီလိုအကြမ်းဖက်မှုတွေကို ဆက်လက်ဖြစ်ပေါ်ဖို့အတွက် အခြေ အနေ ပေးနေသလို ဖြစ်စေပါတယ်" ဟု ဖော်ပြခဲ့သည်။
ထို့ပြင် ယခုလို ဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံး အတိုင်း အတာနှင့် အကြီးအကျယ် ပျက်စီးမှု ကြုံတွေ့နိုင်မည်ဖြစ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုများပင် ဖြစ်ပေါ်လာ နိုင်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခံရသူများအား အကာအကွယ် ပေးရမည့်အစား ဒီအတိုင်း လက်ပိုက်ကြည့်နေခဲ့ကြသည့် သာဓကများစွာရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Ref...news-eleven
0 comments:
Post a Comment