Pages

Saturday, August 31, 2013

Miss Supranational 2013 မှာ ကိုယ်ဝန်ရှိလို့ပြန်သွားရှာတဲ့ Miss Curaçao


  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက များစွာသောလူများဟာ  Miss Curaçao  ရဲ့ သိသားထင်ရှားတဲ့ ဗိုက်သားကြောင့် အံ့သြသင့်စေခဲ့ပါတယ်။  တာဝန်ရှိတဲ့သူတွေဟာ စစ်ဆေးကြည့်တဲ့အခါ သူမမှာ ကိုယ်ဝန်ရှိနေတာကို တွေ့ ခဲ့ပါတယ်။ အသက် ၁၉ နှစ် ရှိပြီဖြစ်တဲ့ Miss Curaçao ဟာ သူမကိုယ်တိုင်လဲ အံ့သြမှုဖြစ်ခဲ့ပြီး သူမမှာ ကိုယ်ဝန်ရှိမှန်း သူမကိုယ်တိုင်တောင် မသိခဲ့ဘူးလို့ဆိုပါတယ်။ သူမဟာ ကြာသာပတေးနေ့မှာ သူမရဲ့ နိုင်ငံကိုပြန်လည်ထွက်ခွာခဲ့ပြီး သူမရဲ့ကလေးကို ဂရုစိုက်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ 

*European Super Cup ဘောလုံးပွဲရဲ့ နောက်ဆုံးရလဒ်


 European Super Cup ဘောလုံးပွဲမှာ ဘိုင်ယန် မြူးနစ်နဲ့ ချယ်လ်ဆီးတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစား ကြရာမှာ ပုံမှန် ကစားတဲ့ အချိန်အတွင်း တဂိုးစီ သရေကျနေတာကြောင့် အချိန်ပိုကစားရာမှာ တဖက်နဲ့ တ ဖက်တဂိုးစီ ထပ်သွင်းခဲ့လို့ အချိန်ပို ကစားပြီးချိန်မှာ ချယ်လ်ဆီးမှနှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေရမှ နောက် ဆုံး မိနစ်၊နောက်ဆုံးအစက္ကန့်မျာ မာတီနက်ရဲ့ သွင်းဂိုးဖြင့် တဖက် နှစ်ဂိုးစီနဲ့ ပယ်နယ်လ်တီအထိ ရောက်ရှိ ခဲ့ပါသည်။ ဆက်လက်ပြီး ပင်နယ်လ်တီ ကန်ရာမှာ ဘိုင်ယန်က ၅ဂိုး သွင်းနိုင်ခဲ့ပြီး ချယ်လ်ဆီး အသင်း ဖက်က လူငယ်ကစားသမား လူကာကူးရဲ့ ဂိုးမရရှိမှုကြောင့် လးဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်က ၇ ဂိုး ချယ်လ်ဆီးက ၆ ဂိုး နဲ့ ဘိုင်ယန် မြူးနစ် အသင်းက European Super Cup ကိုရရှိသွားခဲ့ပါတယ်..

ရုရှားတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်

ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရုရှား အရှေ့စွန်းပိုင်းဒေသတွင် Amur မြစ်ရေမှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၄ စင်တီမီတာ ထပ်မံမြင့်တက် ခဲ့သည်။ အဆိုပါ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ပေါင်း ၁၈၅ မြို့တွင် နေထိုင်သော လူဦးရေတစ်သိန်း ကျော် မှာ ရေကြီးမှုများ ကြုံတွေ့ခဲ့ရပြီး နေအိမ် ၉,၅၀၀ ပျက်စီးခဲ့သည်။ Amur မြစ်ကမ်းနား မြို့များတွင် သဲအိတ် များထောင်နှင့်ချီ၍ ပိတ်ဆို့ကားဆီးထားပြီး ရေကြောင်းလမ်းလွဲစေရန် ရေနုတ်မြောင်းများ တူးဖော်မှုတို့ကို ဆောင်ရွက်လျက်ရှိသည်။ မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးမှုကို တားဆီးရန်အတွက် ကယ်ဆယ်ရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်း ဒေသခံများက နေ့ရော ညပါ ဆောင်ရွက်နေရကြောင်း ရုရှားသတင်း ဌာန RT က ပြောကြားသည်။

မြစ်ရေမှာ ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) က ၇.၆ မီတာသို့ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့် တက်လာကာ ယနေ့ (သြဂုတ် ၃၀ ရက်၊ သောကြာနေ့) နံနက်ပိုင်းတွင် ၇.၇ မီတာသို့ ရောက်ရှိခဲ့ကြောင်း အရေးပေါ်အခြေအနေ ကိုင်တွယ်ဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိရှိနိုင်ကြောင်း သိရသည်။ ရေကြီးမှုကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသော ဒေသခံများကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ကတိပြုပြောကြားသည်။ Amur မြစ်ကြောင်းရှိ Khabarovsk ဒေသတစ်ခုတည်းမှ မြို့နှင့် ကျေးရွာပေါင်း ၄၀ ခန့်မှာ ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး နေအိမ် ၁,၀၀၀ ကျော်မှာ ရေကြီးမှုအတွင်း နစ်မြုပ်သွားခဲ့သည်။ ကလေးငယ် ၄၆၀ အပါအဝင် လူပေါင်း ၂,၂၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ အလားတူ မြစ် ကြောင်းတစ်လျှောက်ရှိ အခြား မြို့ ရွာများတွင်လည်း ရေဘေးကယ်ဆယ်ရေးများ ဆောင်ရွက်နေရသည်။

ယခုဖြစ်ပွားသည် ရေကြီးမှုများကြောင့် လမ်းမအရှည် ၂၈၀ ကီလိုမီတာနှင့် တံတားအစင်းပေါင်း ၇၁ စင်း ပျက်စီးခဲ့ကြောင်း ရုရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်သည်။ Amur မြစ်ရေမှာ စက်တင်ဘာလအထိ ဆက်လက်မြင့်တက်ဖွယ် ရှိနေရာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏမှာလည်း ပိုမို တိုးမြင့်လာနိုင်ကြောင်း သိရသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရေကြီးမှုကို ရင်ဆိုင်ဖြေရှင်းသည့် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသည်။
 
Ref...Planet Myanmar Network
 

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

 သမ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေး မည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အနောက်နိုင်ငံများက တိုက် ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။
အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအ ဖြစ် လုပ်ဆောင်နေကြသည့်အပြင် လက်မရွံ့သမားအဖြစ်လည်း ဆောင်ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။
ဆီးရီးယားအား စစ်ရေးအရ ဝင်ရောက်ကျူးကျော်ခြင်းသည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက် ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုးဖောက်ရာ ရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။
ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော်မှန်းသော အကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော်ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလသမဂ္ဂသဘော တူညီမှုမပါဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိသည်ဟုဆိုကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာကဝါရှင်တန်သည် ပြတ်သားသော နိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေးအရ အလောတကြီးအလျင်အ မြန်လုပ် ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။
စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက်များ ဆီးရီးယားသို့ ထောက်ပံ့ ပေးနေသည် ကိုလည်း ထည့်တွက်ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီးစွာ ချဉ်းကပ်၍ ကုလ သမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ တရုတ်များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထားသည်။ တရုတ်က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။
 
Ref...Express

Friday, August 30, 2013

၁၅ နှစ်အရွယ် ကလေးစစ်သားကို တပ်မတော်က အိမ်ပြန်မပို့ဟုဆို

  အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော်တပ်ရင်း တစ်ရင်းဖြစ်သည့် ခြေမြန်တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို နေအိမ်သို့ပြန်လည် ပို့ဆောင်ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။
 
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၅၅ ရပ်ကွက်တွင်နေထိုင်သည့် ဒသမတန်းကျောင်းသား မောင်ခိုင်စောလင်း ကို သာစည်မြို့နယ်ရှိ ခမရ ၄၂၀ တပ်ရင်းက ကလေးစစ်သားအဖြစ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း စုဆောင်း ခဲ့ပြီး မိဘများက အဆိုပါတပ်ရင်းအထိ ယခုလ (သြဂုတ်လ) ၁၉ ရက်နေ့တွင် သွားရောက် ခေါ်ယူရာ ပြန် လည် ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ပြန်ပို့ပေးခြင်း မရှိသေးကြောင်း အဆိုပါလူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ရှင်းပြသည်။
 
လှည်ကူးမြို့နယ် အင်တိုင်းကျေးရွာနေ ဒေါ်စုစုခင်က သာစည်မြို့ ခမရ ၄၂၀ တပ်ရင်းသို့ အခကြေးငွေ နှစ် သိန်းရယူကာ လာရောက်ပို့ဆောင်သွားသည် ဟု အဆိုပါတပ်မှ တပ်ကြပ်ကြီး တစ်ဦးက ယင်းလူငယ်၏ မိဘများ သာစည်တွင် သွားရောက် ခေါ်ယူစဉ် ပြောကြားထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
 
“ကျွန်မကလေးက ငယ်သေးတယ်၊ သူ့ကို ကျောင်းဆက်ထားချင်တယ်” ဟု အဆိုပါလူငယ်၏ မိခင် ဒေါ်ဝင်းဝင်းမာက ဆိုသည်။ မောင်ခိုင်စောအောင်သည် ဇွန်လ ၁၉ ရက်နေ့တွင် ပျောက်ဆုံးသွားခြင်း ဖြစ် ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
 
“ကလေးစစ်သား ပပျောက်ရေးလို့ ကြွေးကြော်နေတဲ့ အချိန်မှာ ဒီဖြစ်ရပ်တွေ မရှိသင့်တော့ပါဘူး” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။၂၀၁၅ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေးနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက် ရေး သုံးနှစ်စီမံကိန်း သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်ဧပြီလ ၂၈ ရက်တွင် ILO အုပ်ချုပ်ရေး အဖွဲ့နှင့် မြန် မာ အစိုးရကြား လက်မှတ်ရေးထိုးခဲ့သည်။
 
မြန်မာနိုင်ငံရှိ ကလေး စစ်သားများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ၄၂ ဦး၊ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ တွင် ၂၄ ဦးနှင့် ဇူလိုင်လတွင် ၄၂ ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းများကို စီမံကိန်း ကာလအတွင်း လုပ်ဆောင်နိုင်ခြင်း ရှိ၊မရှိကို နှစ်စဉ် ဇွန်လအတွင်း ကျင်းပသော ILO ညီလာခံတွင် သုံးသပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
 
Ref...The Voice Weekly

အသစ်ဝယ်မဲ့ လက်နက်ကြီးတွေကို တိုင်းရင်းသားတွေနဲ့ စမ်းသပ်တော့မှာ လား



အထူးသတင်း...

မြ၀တီသတင်းစာနဲ့ မြ၀တီရုပ်သံသတင်း မကြည့်ကြတဲ့ မိတ်ဆွေများအတွက် သတင်းထူးတစ်ခု လက်ဆင့် ကမ်းပါရစေ။ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ အထူး စစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ ခေါင်းဆောင်တဲ့ စစ်တပ်က အဖွဲ့တွေ သူတို့ရဲ့ လက်နက် နည်းပြ ဆရာကြီး ရုရှားနိုင်ငံမှာလုပ်မယ့် International Aviation and Space Salon “MAKS-2013” ပွဲကိုတက်ဖို့ အခုလ ၂၅ ရက်နေ့က ထွက်သွားကြတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ရုရှားနိုင်ငံ သွားတာ မဆန်း တော့ပေမယ့် အဲဒီပွဲက ဘာပွဲလဲ၊ ဘာအတွက်သွားတာလဲ၊ အဲဒီက အပြန် ဘာတွေထူး လာနိုင်မှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းမှန်း သိကြသူနည်းလို့ ဖောက်သည်ချလိုက်ပါတယ်။ 

အဲဒီ ရုရှားပွဲက သူတို့နိုင်ငံရဲ့ လက်နက်နဲ့ နည်းပညာအဆင့်မြင့် ပစ္စည်းတွေကို ပြသပြီး ကြေငြာတဲ့ ရုရှား စစ်တပ်ရဲ့ အထင်ကရ ပွဲကြီးတစ်ပွဲပါ။ အရင်တုန်းကလည်း အဲဒီပွဲသွားပြီး ပြန်လာတာနဲ့ မကြာဘူး၊ တိုက် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ တင့်ကားနဲ့ သံချပ်ကာကားတွေ၊ အမြောက်တွေ၊ ဒုံးတွေဝယ်နေ ကြပါ။ သူတို့ဒီတစ်ခါ ဘာတွေဝယ်မယ်ဆိုတာ စစ်တပ်ကဘယ်လောက်ပဲ လျှို့ဝှက်နေနေ UK နဲ့ NATO အနောက် အုပ်စုတွေက ထုတ်တဲ့ The Military Balance စာစောင်လိုဟာတွေမှာ တစ်ကမ္ဘာလုံးရဲ့ နိုင်ငံစုံ တပ်မ တော်စစ်အင်အား၊ လက်နက်အင်အားတိုးတက်လာမှုဖော်ပြချက်တွေမှာ မြန်မာ့စစ်တပ်စာရင်းလည်း ပါလာ စမြဲပါ။ အခုလည်း လွှတ်တော်က ဘတ်ဂျတ်တွေ အတည်ပြုပြီးပြီဖြစ်လို့ ကာကွယ်ရေးအသုံးစရိတ် ထဲကနေ အသုံးပြုခွင့်အတိုင်း ဘာတွေဝယ်လာအုန်းမှာလဲ။ သူတို့အပြော ထိပ်တန်းလျှို့ဝှက်ပေါ့..။ ဒါပေမယ့် စိတ်ဝင် တစား လေ့လာနေကြသူတိုင်း ကြားသိထားပြီး သတင်းကတော့ စတုတ္ထမျိုးဆက်ကနေ အဆင့်ကျော်ပြီး ဆဌမမျိုးဆက် အဆင့်ရှိတဲ့ တိုက်ခိုက်ရေးယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ၀ယ်ဖို့စီစဉ်နေ တယ်ဆိုတာ အရေအတွက် အနည်းအများသာကွာမယ်၊ သတင်းမှားစရာတော့ မရှိနိုင်ပါ။ 

အဲလိုဝယ်လာပြီး ပစ္စည်းတွေထဲက ရုရှားလုပ် MI 35 ရဟတ်ယာဉ်တွေကို စမ်းသပ်လိုက်တာ KIA က ဦးသိန်းစိန်ကို အကူအညီတောင်းပြီး ရပ်ခိုင်းလိုက်ရတဲ့ အဆင့်ရောက်ခဲ့တာ အားလုံးအသိပဲ မဟုတ် ပါလား။ အခုလည်း ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်တယ်၊ သူ့နေရာ သူမ နေဘူး၊ နယ်မြေမှာ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ သူတို့ပြောပြောပြီး အဆင်မပြေဖြစ်နေတဲ့ မျှော်မှန်း ထားသောရန်သူ ဆိုတဲ့ အဖွဲ့တွေအတွက် ဒီသတင်းက အလေးထားစဉ်းစားစရာပဲ။ စစ်တပ်ရဲ့ မီဒီ ယာတွေဖြစ်တဲ့ မြ၀တီသတင်းစာနဲ့ မြ၀တီ TV လိုင်းတွေမှာ တစ်ချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေရဲ့မတရားအဓမ္မလူသစ်စု၊ ဆက်ကြေးတောင်း၊ အနိုင်ကျင့်လုပ်ရပ်တွေကို အတိအကျ ဖော်ပြနေတာ ဘယ် သူက/ ဘယ်အဖွဲ့အစည်းကမဟုတ်ပါဘူးလို့ ငြင်းနိုင်ကြလို့လဲ။ ဒီလုပ်ရပ်တွေ အဲဒီလိုဆက် ဖြစ်နေလို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ ဆိုတဲ့စကားလုံးနဲ့ အသစ်ဝယ်ယူ လာမယ့်ဟာကြီးတွေကို စမ်းသပ်မလာနိုင်ဘူးလား…..။ ကဲ .. မိတ်ဆွေတို့ အမှတ်တမဲ့ ဖြစ်နေမယ့် စစ်ဗိုလ်ချုပ်တစ်စုရဲ့ ခရီးစဉ် သတင်းက ဘယ်လောက်အခြေအနေ ရောက်ရှိနေ တယ်ဆိုတာ ထူး/မထူး စောင့်ကြည့်ကြပေတော့လို့ လေ့လာနေသူတစ်ဦးအနေဖြင့် ….။ 

အထောက်အထား။ ၂၇-၈-၂၀၁၃ မြ၀တီသတင်းစာရဲ့ ရုရှားကိုထွက်ခွာသွားတဲ့ ခရီးစဉ်သတင်း နဲ့သူတို့ပြန် လာရင် မြ၀တီ TV မှာ ပြသမယ့် ရုရှားပြပွဲအခြေအနေကို ကြည့်ခြင်းဖြင့် ကျွန်ုပ်၏သတင်းအား အသင် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ပါလိမ့်မယ်။ 

Credit....ညဥ့်လူ(IR)
todaymyanmar

ကဲ ဘယ်သူလိုက်မလဲ


တိုင်းရင်းသားတပ်ဖွဲ့များအား အပြတ်ရှင်းလင်းပစ်ရန် စစ်တိုင်းရုံးများအား ကာ/ချုပ် ညွှန်ကြား

 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏ ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။
ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - “ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလတုန်းက ကချင် KIA တပ်ကို မြန်မာစစ်တပ်က တပ်မ ၁၀ ခု သုံးပြီး တိုက်ခိုက် ရတယ်။ ၄ လ အတွင်း တိုက်ပွဲပေါင်း ၃၅၅ ကြိမ်ဖြစ်ပွါးခဲ့တယ်။ ဒီအထဲမှာမှ အပြင်း ထန်ဆုံးတိုက်ပွဲက ၉၅ ကြိမ်ရှိပါတယ်။ ၄ လ အတွင်း သေကြေဒဏ်ရာရတဲ့ တပ်သား ၁၀၀၀ ကျော်ပါတယ်။ အခုလို ဆုံးရှုံးမှု များပြားတာဟာ တပ်မတော် အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေ မကျွမ်းလို့ အတွေ့ အကြုံ နည်းပါးလို့ဖြစ်ရပါတယ်။ သို့သော် လက်နက်ကြီးတွေသုံး၊ ဝေဟင်က အင်အားတွေကိုသုံးတိုက်ပြီး တပ်စခန်းအားလုံးကိုသိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပါရှိပါသည်။
ရမခတိုင်း၏ ပဌမ ၄ လပတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်စာ၊ မှာကြားစာကိုတိုင်းမှူးကဖတ်ပြရာတွင် - ၁- ရမခတိုင်းအတွင်း ကေအိုင်အေ တပ်မဟာ ၄ ၊ ကိုးကန့် (ဖုံကြားရှင်းလက်ကျန်တပ်)တို့အား ခေါင်းပြန်မထောင်နိုင်အောင် ရှင်းလင်းတိုက်ခိုက် ပစ်ရမည်။ ၂- နောင်ချိုမှ တရုတ်နယ်စပ်အထိ အသွားလမ်းတလျှောက် လှုပ်ရှား နေသည့် လက်နက်ကိုင် တိုင်း ရင်းသားတပ်ဖွဲ့များအား စခန်းမချနိုင်အောင် ရှင်းလင်းပစ်ရန်။ (အဆိုပါ ဒေသတွင် RCSS/SSA, SSPP/SSA, KIA,TNLA) တို့လှုပ်ရှားနေပါသည်။ ၃- သံလွင်မြစ် အနောက်ဘက်ခြမ်းတလျှောက် မြန်မာစစ်တပ် တပ်စခန်းများ အခိုင်အမာချထားရန်နှင့် ကားလမ်းကိုလည်း သုံးရာသီသုံးနိုင်သည့်ကားလမ်းဖြစ်အောင် ပြုပြင်ထားရန်။ ၄- ရခိုင်ပြည်နယ်မှ တရုတ်ပြည် သွယ်တန်း သည့် ဂက်စ်ပိုက်လိုင်း လုံခြုံရေးကို တင်းကျပ်ချစွာထားရန်၊ ရွှေလီရေ အားလျှပ်စစ်စီမံကိန်းကိုလည်း လုံခြုံရေးချထားရန် -အစရှိအရေးကြီးအချက်များအပါအဝင် အချက်အများ အပြားပါရှိကြောင်း ဆိုပါသည်။
 
မြန်မာ့တပ်မတော် ၄ လပတ်ထိပ်သီး အစည်းအဝေးကို ဂျန္နဝါရီတွင်တကြိမ်၊ မေလတွင်တကြိမ်နှင့်စက်တင် ဘာတွင်တကြိမ် တနှစ်သုံးကြိမ် ကျင်းပကြောင်း သိရပါသည်။ ထိုအစည်း အဝေး များ ပြီးဆုံးပြီးနောက်ပိုင်း အစည်းအဝေးတက်ရောက်သည့် စစ်ခေါင်းဆောင်များ သက်ဆိုင်ရာမိမိတိုင်းဌာနချုပ်သို့ပြန်၍ ပြန်လည် ရှင်း လင်းပြသသည့်အစည်းအဝေး ထပ်မံကျင်းပကြရကြောင်းလည်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်များ က ပြောပါသည်။
 
သို့သော် မြန်မာအစိုးရနှင့် ကချင်တပ်မတော်တို့ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ အချက် ၇ ချက်ပါ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအနက် ၁- လက်ရှိ တိုက်ပွဲများ လျှော့ချရေး၊တိုက်ပွဲမဖြစ်ရန်ရှောင်ရှားရေး ၂- မြစ်ကြီးနား မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ( ဂျူလိုင်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ပြီး) တို့လည်းပါဝင်သည်။ သို့သော် ယနေ့တိုင် ရင်ဆိုင်တိုက်ပွဲများ ဆက်ဖြစ် ပွါးနေ ဆဲဖြစ်ပါသေးသည်။
 
Ref...သျှမ်းသံတော်ဆင့်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် KNU နှင့် ကရင်နိုင်ငံရေးပါတီများ ဆွေးနွေး

 
  ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နိုင်ငံရေးပါတီများ သည် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်း၌ သြဂုတ်လ ၂၈ရက်နေ့က တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံ ဆွေနွေးပွဲတွင် ကေအဲန်ယူသည် ကရင်နိုင်ငံရေးပါတီများဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (ပီအက်စ်ဒီပီ)၊ ကရင်ပြည်သူ့ပါတီ(ကေပီပီ)၊ ကရင်ပြည်နယ်တိုးတက်ရေးပါတီ(ကေအက်စ်ဒီပီ)နှင့် ကရင် ဒီမိုကရက်တစ်ပါတီ(ကေဒီပီ) စသည်တို့နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
 
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပီအက်စ်ဒီပီ ဗဟိုကော်မတီဝင် အမျိုးသမီးဥက္ကဌ နော်ယုဇန၀ါက “လက်ရှိ အစိုးရနဲ့လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေးကို လူထုတွေသိရအောင် ကေအဲန်ယူက ပြန်လည်ချပြစေချင် တယ်။ နောက် ၂၀၀၈ အခြေခံဥပဒေကို ဘယ် လိုမျိုးနည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ။ အဲဒါတွေ ကေအဲန်ယူ ကို မေးမြန်းပြီး ကျမတို့ ဆွေးနွေးခဲ့ပါတယ်”ဟု ပြောသည်။
 
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ကေအဲန်ယူ၏ လက် ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများနှင့် ၂၀၀၈ အခြေ ခံဥပဒေ ပြင် ဆင်နိုင်မည့် နည်းလမ်းကို ကရင် လူထုများသိရှိစေရန် ချပြသွားမည်ဟု ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
 
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကတော့ အစိုးရသွားချင်တဲ့ပုံစံက လွှတ် တော်ထဲဝင်ပြီး ပြင်ဆင် တဲ့နည်း၊ ကျနော်တို့မှာ ရှိထားတဲ့နည်းကတော့ လွှတ်တော်ပြင်ပမှ ပြင် ဆင်တဲ့နည်းပဲ။ ဒီနည်းက နိုင်ငံတကာမှာ ကျင့်သုံးထားတဲ့ နည်းလေးပါပဲ။ ကေအဲန်ယူက ပြင်ပကနေပဲ ပြင် ချင်တယ်”ဟု ပြောသည်။
 
ထို့အပြင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်မည့် နည်းလမ်းများအတွက် ကေအဲန်ယူအနေဖြင့် ရှိထားပြီးဖြစ်သလို ထိုနည်းလမ်းအ တိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရသို့ တင်ပြဆွေးနွေးသွား ပြီးဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
 
၎င်းဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်မှူးစောထူးထူးလေး အပါအ၀င် ၆ဦးနှင့် ပြည် တွင်းကရင်နိုင်ငံရေးပါတီဘက်မှ ပီအက်စ်ဒီပီ ဒုဥက္ကဌ မန်းအောင်ပြည်စိုး၊ ကေပီပီ ဥက္ကဌ စောထွန်းအောင်မြင့်၊ ကေဒီပီ ဥက္ကဌ စောသန်းကျော်ဦးနှင့် ကေအက်စ်ဒီပီ တာဝန်ရှိပုဂ္ဂိုလ် စသည့် ကိုယ်စားလှယ် စုစုပေါင်း ၃၀ခန့် တက်ရောက်ခဲ့ကြသည်။ ကေအဲန်ယူနှင့် ပြည်တွင်း ကရင်နိုင်ငံရေး ပါတီ များအကြား ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခု တွေ့ဆုံပွဲသည် ပထမဆုံးအကြိမ် ဖြစ်သည်။
 
Ref...KIC

RCSS/SSA ၏ အကောက်ခွန်မှူးအား အစိုးရစစ်တပ်မှ အနိုင်ကျင့် ဖမ်းဆီး



   သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါမြို့နယ်ခွဲုတွင် RCSS/SSA ၏ အကောက်ခွန်မှူး တပ်သား တဦး အား မြန်မာစစ်တပ်က ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီးကျောက်မဲမြို့သို့ပို့ဆောင် ချုပ်နှောင်ထားကြောင်း ကိုယ် တွေ့မျက်မြင်ကြုံတွေ့ရသည့် အုပ်စုသားတဦးကပြောသည်။

“တောင်ပိုင်းသျှမ်းတပ်ဖွဲ့ စစ်ဝတ်စုံအပြည့် ဝတ်ထားတဲ့ စစ်သား တယောက်ကို သူတို့ဖမ်းတာ။ RCSS ရဲ့ အ ကောက်ခွန်မှူးလို့ မြန်မာစစ်သားတွေက ပြောတယ်။ အခွန်ကောက်ထားတဲ့စာရင်းတွေလဲ သူ့လက်ထဲမှာ တွေ့ရ တယ်။ မိုင်းငေါ့အုပ်စု မြောက်ဘက် ၈ မိုင်လောက်ကွာတဲ့ ဝမ့်လွယ်ပက် မှာဖမ်းမိတာတဲ့။ အခုတော့ သူ့ကို ကျောက်မဲကို ပို့ထားတယ်” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသော အုပ်စုသားတဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့ မနက်ပိုင်းက အဆိုပါ RCSS/SSA တပ်သားအား ဖမ်းဆီးမိခဲ့ ခြင်းဖြစ် သည်ဟုဆိုပါသည်။ အဆို ပါတပ်သားသည် တောင်ပိုင်း စစ်ဝတ်စုံဖြစ်သော ကျားပုံပါ ပြောက်ကျားဝတ်စုံဝတ်၊ လက်နက်ကိုင်ဆောင် ထားပြီး အသက် ၂၀ ကျော်ခန့် ရှိသည်ဟုဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံမှ သီးခြားအတည်ပြုချက် မ ရသေးပေ။ အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက-

 “သူ့ကို ရိုက်ထားကြတယ်။ မျက်လုံးတွေဖွင့်မရလောက် အောင်ဖူး ယောင်ကုန်တာ။ တကယ့်ကိုပြစ်မှုကြီး မားတဲ့အကျဉ်းသမားတယောက်လိုဖမ်းသွားကြတာ။ လည်ပင်းမှာကြိုး နဲ့ချည်။ လက်နှစ်ဘက်ကိုနောက် ပြန် ပြီးကြိုးတုပ် ခြေထောက် ၂ ဖက်လုံးကို လဲကြိုး တွေနဲ့ချည်။ အဲဒီကြိုးတွေကိုစုပြီး အနောက်မှာ စစ်သားတစ် ယောက် ကကိုင်ထား။ အရှေ့ဘက်ခြမ်းမှာလဲ အဲလိုဘဲ ကြိုးကိုစုပြီးနောက် တယောက်က ကိုင်ထား။ သူ့ရဲ့ ဘေး လေးဘက်လေးတန် ပတ်ပတ်လည်မှာ လက်နက်ကိုင် မြန်မာစစ်သား ၆ ယောက်ဝိုင်း ရံပြီးလိုက် ပါတာ။ မလွယ်ဘူး။” ဟု ဆက်၍ ပြောပြသည်။

ဂျွန်လက RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင် သည့်အဖွဲ့ ငြိမ်းချမ်းရေးနှင့် ပတ် သက်သည့် ဆွေးနွေးမှုအတွက် သမ္မတကြီးနှင့် နေပြည်တော်၌ သွားရောက်တွေ့ဆုံစဉ်ကလည်း သီပေါမြို့ တွင် ၎င်းတို့ တပ်ဖွဲ့ဝင် ၃ ဦး အဖမ်းခံခဲ့ရသည်။ ယနေ့တိုင်လွတ်မြောက်ခြင်းမရှိသေးပေ။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြန်မာစစ်တပ် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၄ တို့ အခြေစိုက်လှုပ်ရှား ပါသည်။

Ref...သျှမ်းသံတော်ဆင့်

အသွင်းလွယ် အထုန်ခက်သောအချုပ်


  လွန်ခဲ့သော ခုနှစ်လခန့် ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာမှ ၊ ရေလုပ်သား ၂၄ ဦးကို၊ ထိုရွာတွင်နှစ်နှစ် ဆယ် ခန့် အင်းလုပ်ငန်း လုပ်ကိုင်လာသူ အင်းသူကြီး ဦးကျင်ငြိမ်းက ငါးခိုးဖမ်းမှု ဟု တရားစွဲခဲ့သည်။ အမှန် တကယ်ဖြစ်စဉ်မှာ အင်းသူကြီးကိုယ်တိုင်က အိုင်ပက်ငါးဖမ်းခွင့် မရှိသော ဆည်ချအင်းကို စက်များဖြင့် ရေ ပက်ပြိး ငါးဖမ်းသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး က ရောင်းချသော သမန်းလိုက်ခွင့် ကဒ် တကဒ်ကို ငါးရာ ကျပ် ပေးဝယ်ပြီး ရွာသား ရေလုပ်သားများက အင်းသူကြီး ပြောင်စင်အောင် ရေပက် ငါးရှာဖမ်းဆီးအပြီး ကြွင်းကျန်ရစ်သော ငါးလေး များကို လိုက်ရှာ စားသောက်ရသည်။

ငါးဖမ်းခွင့် ကဒ်ပြားလည်ပင်းမှာဆွဲပြီး ငါးကန်ပတ်လည် အစောင့်ချထားသော ရဲတပ်ဖွဲ့ အင်အား ရာဂဏန်း မျှ အရှေ့တွင် ငါးဖမ်းခဲ့ကြခြင်းဖြစ်သည်။ ခုနှစ်လမျှ ကြာသော ယနေ့ အခါတွင် အင်းလေလံများ ပြန်ဆွဲ ရတော့မည်။

အင်းသူကြီးသည် အင်းလေလံ စနစ်ကို ကန့်ကွက်နေကြသည့် ရွာသားများကို အပြင်လောကတွင် ထားခြင်း ထက် အချုပ်တွင်း ထားခြင်းက ငြိမ်သက်မည်ဟု ထင်ပုံရသည်။ ငါးခိုးဖမ်းမှုဖြင့် တရားစွဲသည်။ ရဲက ဖမ်းဆီး အချုပ်ထဲ ထည့်လိုက်သည်။ ဆည်ချအင်းကို ပက်သည့် အင်းသူကြီးကိုကျ မည်သူမှ အရေးမယူ။

ရေလုပ်သားများကို ဖမ်းဆီးပြိး သုံးရက်မြောက်သည့် နေ့ သြဂုတ်လ ၂ ရက်နေ့တွင် အမှုဖွင့်ထား သည်များကို ရုပ်သိမ်းကြောင်း စာတင်သည်။ ယခု ရေလုပ်သားများ အဖမ်းခံထားရသည်မှာ တလပြည့်  လေပြီ။

ကျနော်က သက်ဆိုင်ရာ ပန်းတနော်မြို့နယ်မှူးနှင့် ပန်းတနော် ဥပဒေဆိုင်ရာ တာဝန်ရှိသူတို့ကို ယခုလို သွားရောက်မေးမြန်းခဲ့သည်။ ဥပဒေ အရာရှိက အမှုလာဖွင့်သွားပြီး သူပိတ်ခိုင်းတိုင်း အမှုကို ပိတ်လို့ မရဘူး ဟု ဆိုသည်။

အမှုဖွင့်ဖို့ အင်မတန် လွယ်သလောက် ဖမ်းဆီးအချုပ်ထဲထည့်ရန် အင်မတန်လွယ်သလောက် နိုင်ငံသား များကို ပြန်လွှတ်ပေးဖို့ကျ အဆင့်ဆင့်ခွင့်ပြုချက် တင်နေရသော တရားဥပဒေနှင့် တရားစီရင်ရေး စနစ် သည် ကျေးလက်လူတန်းစား ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ်နေစေသော အဓိက တရားခံဖြစ်သည်ဟု ယနေ့ ကျနော် ပြောခဲ့ပါသည်။

မြို့နယ် ဥပဒေ အရာရှိက သူ့ လုပ်ပိုင်ခွင့် အရ ဆက်လက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြန်လည် ဖြေကြားသော အခါ အချုပ်ထောင် အတွင်းဝယ် မျက်နှာငယ်စွာဖြင့် လက်ထိပ်တန်းလန်း အချုပ်သားတို့ မျက်နှာများ၊ အဖမဲ့ အမိမဲ့ ဘ၀ဖြင့် အပြင်လောကတွင် လူမဆန်စွာ နေထိုင်စားသောက်နေရသော အဖမ်း ခံ ရေလုပ်သားတို့ ၏ သားသမီးများ မျက်နှာကို မြင်ယောင်မိသည်။

ဆင်းရဲမွဲတေမှု လျော့ချ ပပျောက်ရေး ဟု ဆိုနေသူတို့ သိစေဖို့ ယနေ့ ကျနော် သွားရောက်မေးမြန်းခဲ့သော တရားရုံး အတွင်းမှ ဖြစ်စဉ်များ အား ယခု ဗီဒီယို ဖိုင်ဖြင့် တင်ပြ လိုက်ပါသည်။

 http://youtu.be/Vwsk7s0N-_M

Credit...နေမျိုးဇင်

Thursday, August 29, 2013

အဘခေါ်တဲ့ခေတ် ကုန်သင့်ပြီလား


 ယနေ့ တပ်မတော်က လူကြီးတွေကို “အဘ” ဆိုတဲ့ စကားလုံးနဲ့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲလာ ကြပြီးတော့ နယ်ဘက် ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကပါ ရောရောင်ပြီး “အဘ” လို့ နှုတ်ကျိုးကုန် ကျပါတယ်။ အခုနောက်ပိုင်း အသံလွှင့်ဌာန မီဒီယာ တချို့ကပါ အဘလို့ဘဲ စတင် ခေါ်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘဆိုတာ ဘယ်တုန်းက စပေါ်လာတယ် ဆိုတာရယ်နဲ့ ဘာလို့ သုံးခိုင်းရတယ် ဆိုတာ တွေကို အငြိမ်းစား တပ်မတော် အရာရှိများက စည်းလုံးခြင်းရဲ့အင်အား သို့ အခုလို သုံးသပ် တင်ပြသွား ပါတယ်။ အဘဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၈၆ ခုနှစ်ကတည်းက စတင်လာခဲ့ကြောင်း တပ်မတော် အရာရှိကြီး (ငြိမ်း) က ပြောလာပါတယ်။
“ကျွန်တော်တို့ တပ်ရင်းမှူးက ဗျူဟာမှူးနဲ့ ပြဿနာတက်ပြီး ပြုတ်သွားတယ်။ ဖွဲ့စည်းပုံ ပျက်နေလို့ စစ်ရာ ထူးခန့်ချုပ်ရုံးက လက်ရွေးစင် (ပတ်ကား) ခလရ (၅၁) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပွင့်တင်ထားပြီးတဲ့ ဒုဗိုလ်မှူးကြီး မျိုးအောင် (DSA – 6) စီနီယာကြီးကို ကျွန်တော့်တပ်ရင်းသို့ စေလွှတ်တာဝန်ပေးလိုက်တယ်။ ကျွန်တော်လည်း အဲဒီတုန်းက နှစ်ပွင့်ဗိုလ်ဖြစ်နေပြီး သူ့ကို သွားကြိုဖို့ ကျိုက်မရော ဆိပ်ကမ်းကနေ စောင့် နေရတယ်။ ခလရ (၅၁) က ကျွန်တော်တို့တပ်ကို အရင် ပြောင်းလာခဲ့တဲ့ တပ်ကြပ်ကြီးတွေကို မေးကြည့် တော့ သဘောင်္ဦးခန်းမှာ တပ်ရင်းမှူးအသစ်ကြီး ရောက်နေပြီဆိုလို့ ကမန်းကတန်း သွားသတင်းပို့လိုက်ရ တယ်။ အဲဒီမှာတင် ကျွန်တော်က အလေးပြုကာ တပ်ရင်းမှူးကြီး ကျွန်တော်က လာရောက်ကြိုဆိုတဲ့ တပ်စု မှူး ပါလို့ဆိုတော့ မင်းင့ါကို တပ်ရင်းမှူးလို့ မခေါ်နဲ့၊ အဘလို့ခေါ်ပါ ပြောတော့ကြောင်သွားပါတယ်။ သူက ထန်မန်နဲ့ စိတ်ဆိုးမယ့် ပုံသဏ္ဍာန် ဖြစ်လာတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဟုတ်ကဲ့အဘလို့ နှုတ်ဆက်ရ တာပေါ့ဗျာ။ ဒါပေမဲ့ နောက်ထပ်ပြောင်းလာတဲ့ O.T.S – 31 ဗိုလ်မှူးခင်မောင်ဦးကျတော့ သူ့ကို အဘခေါ်  တာ မကြိုက်ဘူး။ သူ့ပုံစံက နုပျိုနေတော့ အသက်ကြီးလို့ အချွန်နဲ့မတာမျိုး ခံစားရတာနဲ့ တူတယ်”
မည်သို့ဆိုကာမူ နောက်ပိုင်းကျတော့ တပ်မတော်အရာရှိတွေဟာ တပ်ရင်းမှူးကိုအဘ၊ ဒုတပ်ရင်းမှူးကို အဘလေးကအစ ဗျူဟာမှူးနှင့်အထက်ကို အဘကြီးလို့တမျိုး နှုတ်တိုက်ရွတ်ဆို ဂါရဝပြုကြ ပါတော့တယ်။ လေတပ်ကျတော့ အုပ်မှူး၊ တပ်မှူးတွေကို “ဆရာ” လို့ ခေါ်တွင်ကြပြီး ရေတပ်ကြတော့ “CO” လို့ “ဗိုလ်ဆန်ဆန်” ခေါ်ကြပါတယ်။ ဦးနေဝင်းခေတ်မှာ သူ့ကို အဖေကြီးလို့ ခေါ်ရပါတယ်။ နိုင်ငံတကာ တပ်မတော်တွေမှာ အထက်အကြီးအကဲတွေကို သူတို့ရဲ့ ရာထူးအဆင့်အလိုက်သာ ခေါ်ဝေါ် သုံးနှုန်းကြပြီး Father (Daddy) လို့ အစားထိုးခေါ်တာ မရှိတာ တွေ့ရပါတယ်။ အဲဒီလို အဘလို့ ခေါ်ခိုင်းတာ ဘာကြောင့်လဲဆိုတာ တပ်မတော် အရာရှိကြီး (ငြိမ်း) နောက်တစ်ဦးနဲ့ ဆွေးနွေး ကြည့်ပါတယ်။ သူတို့ကိုဖါးဖို့ အာရကေ ပေးရင်ဖြစ်ဖြစ်၊ 870 (အိပ်ဆဲဗင်းဇီးရိုး) လို့ ခေါ်တဲ့ လက်ဆောင် ပေးတဲ့အခါဖြစ်ဖြစ် အဘဆိုတော့ ၀ိနည်းလွတ်သွားကာ ဗိုလ်ချုပ်/တပ်ရင်းမှူးတို့ ခေါ်ပြီး အသံထွက်နေရင် ဂါပေးရတာ စနိုးစနှောင့် ဖြစ်ရအုံးမယ်လို့လည်း သူက သုံးသပ်ပါတယ်။ မြန်မာစကား ဂါရ၀ ဆိုတာကို ဆက်သွယ်ရေး သကောင့်သားတွေက ဂါကိုရှစ်၊ ရကိုခုနှစ်၊ ၀ကိုဇီးရိုး အဓိပ္ပါယ်နဲ့ အိပ်ဆဲဗင်းဇီးရိုးလို့ တီထွင် ခေါ်ဝေါ်ခဲ့ တာပါ။
အဲဒီအရာရှိကြီးက သူ့ကို အဘခေါ်ခိုင်းတဲ့ တပ်ရင်းမှူးနဲ့ စပ်လျဉ်းပြီး ရွာထဲက ဖြစ်စဉ်တစ်ခု ထပ်ရှင်း ပြပါတယ်။ “ကျွန်တော်လည်း ရှေ့တန်းစစ်ဆင်ရေး လုပ်နေတုန်း ရွာတစ်ရွာရောက်တော့ တပ်ရင်းမှူးကြီးက ညောင်းညာလို့ဆိုကာ နှင်းနှိပ်ပေးဖို့ လူရှာခိုင်းပါတယ်။ ကျွန်တော်လည်း ကျေးရွာ သူကြီးထံ ပြေးသွားပြီး အဘညောင်းလို့ အနှိပ်သည်ရှာပေးဖို့ ပြောလိုက်ပါတယ်။ ကျေးရွာသူကြီးလည်း အဘဆိုတာနဲ့ အသက်ကြီးကြီးထင်ပြီး နင်းနှိပ်ပေးရမဲ့ မိန်းကလေး အပျိုဖြန်းလေးတစ်ဦးကို စီစဉ် ပေးလိုက်ပါတယ်။ အဲဒီခလေးမကို အဘအခန်းထဲ သွင်းလိုက်ရာ ခလေးမလည်းရှက်လို့ မနှိပ်ပေးချင်ဘူး ဆိုကာ ပြန်ထွက်လာတာမို့ ခေါင်းကိုက်ခဲ့ရပါသေးတယ်။”
နောက်တစ်ပိုင်း ဖြစ်နိုင်တာက စစ်တပ်က ဆက်သွယ်ရေးစက်များမှာ ရန်သူ့ကြားဖြတ် ဖမ်းစက်မှ ရှောင်ကွင်း လိုတာကြောင့် ခေါင်းဆောင်လုပ်သူ ဘယ်သူမှန်း မသိစေရေးအတွက် အဘဆိုတဲ့ ဗန်းစကားကို ကြားဖြတ်သုံးနေရာမှ အလေ့အကျင့် ဖြစ်လာတယ်လို့လည်း စစ်ဖက်နီးစပ်သူများက မြင်ပါတယ်။
အရပ်သူမိန်းကလေး တစ်ဦးဟာ တပ်မတော်သား တစ်ဦးနဲ့ အကြောင်းပါပါက မိဘသဘောတူသည် ဖြစ် စေ၊ သဘောမတူသည်ဖြစ်စေ တပ်ရင်းမှူး သဘောတူဖို့သာ အဓိက တရားဝင်ပြီး မိဘအစား တပ်ရင်း မှူးက အရာရာ ချုပ်ကိုင် လုပ်ပိုင်ခွင့် ရှိပါတယ်။ မည်သို့ဆိုစေကာမူ တပ်မတော်မှာ အဘခေါ်ဝေါ်တဲ့ အသုံး အနှုန်းဟာ မည်သူမှန်း မသိအောင် ဝိုးတဝါး ရှိနေပြီး လိုတာထက် ပိုမိုကိုင်းရှိုင်း ဦးညွှတ်စေဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ်။ တကယ်တော့ အဘဆိုတဲ့ စကားလေးဟာ မြန်မာရိုးရာ ထုံးတမ်းစဉ်လာအရ အဖေ အထက် အသက်ကြီးတဲ့သူ ရိုသေကိုင်းရှိုင်း အမိန့်ကျိုးနွံရမယ့်သဘော ခေါ်ခိုင်းတာဖြစ်တယ်။ ဆိုလိုတာက အဘလို့ ခေါ်ခြင်းဖြင့် မွေးမိခင် ဖခင်တို့အပါအ၀င် ပြည်သူတွေကို မိဘအသွင်မှ ဖယ်ရှားကာ တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်စေရေး ဇာတ်သွင်းတဲ့ အနေနဲ့ တပ်မိသားစုအသွင် ဖန်တီးတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အဘလို့ခေါ်နေတဲ့ အသုံးအနှုန်းကို ပယ်ဖျက်သင့်ပါကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြ သွားကြပါတယ်။
Ref...photayokeking

ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူးဆိုတဲ့ မီးရထားဝန်ကြီးဟောင်း ဦးအောင်မင်း

 
 ဦးအောင်မင်း အကြောင်း ရေးသားနေတာတွေ တွေ့ရတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိပါ။ မီးရထား ဝန်ကြီး ဌာန၊ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့၍ မြန်မာ့မီးရထားကဏ္ဍ၏ စိတ်မောဖွယ်ရာအကြောင်း တစေ့တစောင်း ကိုလည်း ရင်ဖွင့်ချင်လာမိသည်။ မီးရထားကဏ္ဍသည် အရှေ့တောင်အာရှတွင် မြန်မာက စတင်လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ် လက်ထက် ၁၈၈၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မှ ပြည်သို့ ပထမဦး ဆုံးမီးရထား စတင်ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာ့ မီးရထားအပိုင်း စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဒီဇယ်ရထားခေါင်းတွဲများ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် နေ့တွင် စတင်ပြေးဆွဲအသုံးပြုခဲ့သည်။

ခေတ်အဆက်ဆက် မြန်မာ့မီးရထားကိုပိုမိုခေတ်မီစေဖို့ အင်းစိန်စက်ခေါင်းပြင်ရုံ၊ မလွှကုန်း ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ ရွာထောင်ဒီဇယ်စက်ခေါင်းပြင်ရုံများကိုတည်ထောင်ပြီး မီးရထားကဏ္ဍကို မြင့်တင်နိုင်ရေး ဆောင် ရွက်ခဲ့သည်။ ၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး မီးရထားလမ်း အရှည် ၁၉၇၆.၃၅ မိုင်ရှိခဲ့ပြီး ၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရခေတ်တွင် မီးရထားလမ်းအရှည် ၃၅၄၅.၁၃ မိုင်အထိရှိလာခဲ့သည်။ ယခင်က စာပို့ရ ထားပဲပြေးဆွဲနိုင်သည့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ပြီး ဒဂုံမန်း၊ ရွှေမန်းမေ စသည် ဖြင့် ပုဂ္ဂလိကရထားလိုင်းများ ပေါ် လာခဲ့သည်။ ရွှေမန်းမေ ရထားလိုင်းမှာ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ခင်ယုမေ၏ ရွှေမန်းမေ သီချင်းကြောင့် စီးနင်းလိုက်ပါသူခရီးသည် ပိုမိုရရှိခဲ့သည်။
မှန်ပါသည်၊ စစ်အစိုးရခေတ်မှာ လမ်းပိုင်းတိုးချဲ့တာတွေရှိပါသည်။ သို့သော် လမ်းအရှည်မိုင်သာ တိုးလာ ခဲ့ပြီး အရည်အသွေးမြှင့်တင်နိုင်မှုအပိုင်း အားနည်းခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွင်လည်း အလွန် အားနည်းခဲ့ပါသည်။ လက်ရှိကာလတွင် အရည်အသွေး တော်တော်ကျဆင်းနေပြီဖြစ်သည်။ တစ်ချိန်က အ ရှေ့တောင်အာရှမှာ ခေတ်ရှေ့ပြေးခဲ့တဲ့ မြန်မာ့မီးရထား ဒီအခြေအနေ ဘာကြောင့်ရောက်ခဲ့ရသလဲ၊ ဝန်ထမ်း ဟောင်း တစ်ယောက် အနေဖြင့် စဉ်းစားမိပြီး ရင်ဖွင့်ချင်လာခြင်းဖြစ်သည်။
မီးရထားလောကတွင် အကျင့်ပျက် ခြစားမှုမျိုးစုံ ရှိကြပါ၏။ ခေတ်အလိုက် စီးပွားလမ်းဖြောင့်ခဲ့ကြပါ၏။ အ ထက်ကိုလည်း ပေးရ၏၊ ဝေစုခံလည်း ယူရ၏။ ဝန်ထမ်းအားလုံး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲ စေရန် နည်းအမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ကြသော်လည်း ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်က ဘယ် လိုမျှ မလုံနိုင်ပါချေ။ ကျွန်တော်သည် ၁၉၇၇ ခုနှစ် မီးရထားဝန်ကြီး ဦးထွန်းလင်း လက်ထက်မှစ၍ ဦးအောင်မင်း လက်ထက်အထိ ဝန်ကြီးအဆက်ဆက်ကိုလည်း မှီခဲ့ပါသည်။ အဆိုးဆုံးကာလမှာ ဝန်ကြီး ဦး အောင်မင်း ကာလဖြစ်ပါသည်။
ကျွန်တော်တို့ထက် အသက် ၇ နှစ်ခန့် ငယ်ပါလိမ့်မည်။ သူ့ကို '' အဘ '' ဟု ခေါ်ရပါသည်။ အဘဝန်ကြီး ဦး အောင်မင်းက ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူးဟု ပြည်သူတွေကြားမှာ ပြောလေ့ရှိပါသည်။ ဦးးအောင်မင်း မတိုင်ခင်က နဝတခေတ် ဝန်ကြီးများဖြစ်သည့် ဦးဝင်းစိန်၊ ဦးပန်းအောင် အသီးသီး လက်ထက်တွင် မြန်မာ့ မီးရထားနှင့်ပတ်သက်၍ တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ခဲ့ကြပါသည်။ သူတို့အနေနှင့် ပညာရှင် များမဟုတ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းမှန်သမျှကို ကိုယ်တိုင်မြေပြင်ဆင်းပြီး လိုက်လံစစ်ဆေး ကြသည်။ ပညာရှင်များကို နေရာပေးကြသည်၊ မြန်မာ့မီးရထားကဏ္ဍကို အဆင့်အတန်း တစ်နေရာတွင် ထိန်းထား နိုင်ခဲ့သည်။ သူ့လက်ထက်နှင့်သူ အဆင့်အလိုက်အဆင်ပြေအောင် ညှိနှိုင်း ရယူမှုများလည်း ရှိကြသည်။ စာဖွဲ့ လောက်သည့် အနေအထားတော့မရှိ။ သို့တစေ အားလုံးကျေနပ်ကြသည်။
၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးအောင်မင်း ဝန်ကြီးဖြစ်လာသည့်အချိန်တွင် နိုင်ငံတော် တည်ဆောက် ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်နှင့်အတူ မီးရထားကဏ္ဍတွင် တည်ဆောက်ရေး ပိုင်းဆိုင်ရာ တိုးချဲ့ခဲ့ရတာတွေ၊ အသစ်တည်ဆောက်ရတာတွေလည်းများလာခဲ့သည်။ လုပ်ငန်းတွေများ လာလေ ၁ဝ ရာခိုင်နှုန်း ဆိုသည့် နာမည်ကြီးကိစ္စတွေ များလာလေဖြစ်လာသည်။ ၁ဝ ရာခိုင်နှုန်းမျှဖြင့် အားမရသောကြောင့် ယောက်ဖတော်သူ တည်ထောင်ထားသည့် မင်းအနော်ရထာကုမ္ပဏီနှင့် ၎င်း၏ တူ ဖြစ်သည့် ဝဏ္ဏကိုတို့အား ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ် ဆောင်ရွက် စေခဲ့ပြီး တဖြည်းဖြည်းနှင့် ၁ဝ ရာခိုင်နှုန်းပျောက်သွားကာ ဦးအောင်မင်း အိတ်ကပ်ထဲသို့ အကုန်ရောက် သွားတော့သည်။
ဦးအောင်မင်း လက်ထက်တွင် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခဲ့သော်လည်း ရထားလမ်း၏ အရည် အသွေးမှာ မြင်းလိုခုန်၊ လိပ်လိုသွားဟု နာမည်ကြီးခဲ့သည်။ ရန်ကုန် - မန္တလေး ၁ဝ နာရီ ခရီးကို ၁၆ နာရီ ကြာမှ ရောက်သည်။ တိုးချဲ့တာလည်းများသလောက် ပျက်စီးတာတွေလည်း ပိုများလာခဲ့သည်။ ၁၉၉၂ ခုနှစ် ကတည်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရောက်ရှိခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ လုပ်ငန်းလိုင်စင် ကိစ္စများ သည်လည်း ဝန်ကြီး၏ထိန်းချုပ်မှု အောက်မှာ စည်းပျက်ကမ်းပျက်နှင့် နာမည်ဆိုးများဖြင့် ကျော်ကြား ခဲ့ရသည်။ မြစ်ငယ် မီးရထားစက်ရုံ၏ BOT ကန်ထရိုက်စနစ်များတွင်လည်း ၁ဝ ရာခိုင်နှုန်းအထက် ရလိုခြင်းကြောင့် China National Complant ကုမ္ပဏီ က မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ရသည်။ ၁ဝ ပေ တံတား ၁ စင်းဆောက်ဖို့ အမည်ပေါက် လိုချင်လျှင် သိန်း ၅ဝ ပေးရ သည်။ ဒီလိုနှင့် စီမံကိန်းအားလုံးနီးပါး သူတို့၏ကုမ္ပဏီများကသာ နေရာယူခဲ့သည်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အဦတွေဟာလည်း မိသားစုပိုင် တော်တော်များများ ဖြစ်သွားခဲ့သည်။ မိတ်ဆွေများ၏ သတင်းစကားအရ မြောက်ဥက္ကလာ ခုံးကျော်တံတားအတွက် စီမံကိန်းအင်ဂျင်နီယာများက ဝန်ကြီးသို့ သိန်းပေါင်း တစ်သောင်းလောက် ပေးရကြောင်း သိရသည်။
 
သမီးကလည်း Lucky Flower ? Sunday Mart ? Sakantha ဟိုတယ် စသည်ဖြင့် လုပ်ငန်းရှင်ကြီး ဖြစ် လာခဲ့သည်။ ရှေ့ကဝန်ကြီးများနှင့် အလွန်ကွာပါသည်။ ဘာမှမတတ်ဘူးဟုသာ ပြောသည်။ သူတတ်သမျှ အားလုံး သူ့အတွက်ချည်းဖြစ်နေသည်။ ပြည်သူတွေအားလုံး မသိသေးသော လက်တွေ့ဖြစ်ရပ်မှန် များဖြစ်သည်။ သူ၏ အရည်အချင်းမှာ လူယုံအောင်ပြောတတ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်သည်။ ကျွန်တော်တို့လို လက်အောက် ဝန်ထမ်းများအနေဖြင့် သိနေသော်လည်း ပြန်ပြောခွင့်မရှိ၊ တင်ပြပိုင်ခွင့်မရှိ၊ အထက်လူကြီးများ အနေဖြင့်လည်း သိသိကြီးနှင့် အညာခံနေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်း သည်။
ကျွန်တော့်မှာ ခံစားချက်ရှိပါသည်။ ဦးအောင်မင်းက သူတာဝန်ယူခဲ့တဲ့ မီးရထားဝန်ကြီး ကာလ တစ် လျှောက် ဘာတွေလုပ်ခဲ့ပါသလဲ၊ မတတ်ဘူးဟုပြောပြီး လက်အောက်ကဝန်ထမ်းတွေ အပေါ်မှာကော ညှာ တာ တဲ့စိတ်ထား ရှိခဲ့ပါသလား၊ ကျွန်တော်တို့ဟာ ဝန်ထမ်းများဖြစ်ပါသည်။ ပညာရှင်လည်း ဖြစ်ပါသည်။ မတတ်ပါလျှင် ပညာရှင်ရဲ့ အကြံပြုမှုကိုလက်ခံရပါမည်။ တင်ပြခွင့်လည်းမရှိ၊ ဖြေရှင်းခွင့်လည်းမရှိ၊ မိသားစုကုမ္ပဏီကို Contract ပေးပြီး ပညာရှင်ရဲ့စစ်ဆေးမှု၊ လက်ခံမှုမပြုရဘဲနဲ့ လူကြီးတွေကို ပြီးပါပြီလို့ တင်ပြလို့ ဖွင့်လှစ်ပေးခဲ့ရတဲ့ လမ်းတွေ၊ ဖွင့်ပြီးနောက် တစ်နေ့မှာဘဲ မြေသားမကောင်း၊ ကျောက်မပြည့်လို့ မနိုင်မနင်း အပေါက်ဖာခဲ့ရတာတွေဟာ ဒီနေ့အထိ အကျိုးဆက်တွေပါလို့ ကျွန်တော်ပြောရဲပါသည်။ အ ထက်လူကြီးကို လိမ်ညာတင်ပြပြီး လုပ်ငန်းတွေ အတင်း တိုးချဲ့၊ တိုးချဲ့သလောက် နောက်ကမနိုင်မနင်း လိုက်လုပ်နေရပေမယ့် သူကတော့ ဆယ်သက်မက ချမ်းသာသွား ခဲ့သည်မှာ အသေအချာဖြစ်ပါသည်။
 
ဦးအောင်မင်း သမ္မတရုံးဝန်ကြီး ဖြစ်သွားတော့ ဦးဇေယျာအောင် ပြောင်းလာသည်ဟု သိရသည်။ မြစ်ကြီးနားတိုင်းမှူးကလာတယ်ဟုသိရပြီး KIA နဲ့ ဖြစ်တဲ့ကိစ္စတွေမှာ အခြေအနေမကောင်းလို့ တပ်ချုပ်က သမ္မတနဲ့ ညှိပြီး အရပ်ဘက်ပို့လိုက်တာ ဟု ပြောကြသည်။ သူလည်း ဘာမှတတ်မှာမဟုတ်ပါဘူး ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ မိတ်ဆွေများက ပြောကြပြန်သည်။ ဦးဇေယျာအောင် တစ်ယောက်လည်း ဘာမှမတတ်၊ ဘာမှ မလုပ်ရသေးခင် ဝန်ကြီးဌာနတစ်ခုကို ပြောင်းသွားပြန်ပါသည်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်ကြီးဌာနကိုတော့ နာမည်ကောင်းနှင့် ရှိစေချင်သည်။ ယခုလို နာမည်ဆိုးနှင့် ကျော်ကြားမှုမျိုးကို မလိုလားပါ။ တစ်ကယ်ကျွမ်းကျင်တဲ့လူတွေကို နေရာမပေးဘဲ သူ့အတွက် အဆင်ပြေမယ့် ဆွေမျိုးသားချင်းများ၏ ကုမ္ပဏီများကိုသာ နေရာပေးပြီး ကိုယ်ကျိုးလုပ်သွားသူ အတ္တသမား ဦးအောင်မင်းမှာသာ တာဝန်ရှိပါသည်။ ယခု ကျွန်တော် အရပ်ထဲရောက်လာတော့ သတင်းပိုစုံလာသည်။ Peace Center ကို ထူထောင် ပြီး ငြိမ်းချမ်းရေးအတွက်အကြောင်းပြကာ နိုင်ငံတော်၏ ဘတ်ဂျက်ထက် ဝက်လောက်ကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတထံသို့ သွယ်ဝိုက်သောနည်းအားဖြင့် တင်ပြတောင်းခံထားဆဲဟု သိရသည်။ မိသားစု၌ ဆယ်သက်စားမကုန်သော ပိုင်ဆိုင်မှုများရှိနေပါလျက် ရောင့်ရဲတင်းတိမ်နိုင်မှုမရှိသည့်လုပ်ရပ်ကို တော်တော်ရွံမုန်း မိသည်။ သူ့လိုလူတွေရှိလို့လဲ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီနှင့်ဝေးနေတာ ဖြစ်သည်။ ဝန်ကြီးဌာနကို ဖျက်ဆီး ပြီးနောက် နိုင်ငံတော်ကိုပါ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် ခြေလှမ်းတစ်ရပ်ဟုသာ ကျွန်တော်မြင်ပါသည်။ မီးရထား စက်ခေါင်းရုံ၊ တွဲပြင်အလုပ်ရုံတို့မှ ကန်ထရိုက်တာများအပေါ် ခေါင်းပေါင်းဖြတ်ခဲ့သည့်ဝေစုများ၊ လမ်း/တံတားများ တည်ဆောက်မှုအပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ဒွေးလမ်းတည်ဆောက်မှုပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ကတိကဝတ်ပေါင်းမြောက်မြားစွာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သည့် ကားပါမစ်များမှ ရရှိခဲ့သော ဝေစု များ၊....များ၊ ....များ တို့ဖြင့် လုပ်ချင်တာလုပ်နေသော ဖခင်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့သမီး၊ နောက်ဆုံးတော့ မွတ်ဆလင်ဆိုသူကိုပါ သမက်အဖြစ် အိမ်ပေါ် တင်ထားသည်ဟု သိရသည်။ ကိုခိုင်လေး ဆိုသူက အင်တာ နက်ပေါ်တွင် ရေးထားတာဖတ်လိုက်ရသည်။
လွှတ်တော်ကို ဖျက်ဖို့လိုသလို ဒီလိုလူမျိုးတွေကိုလည်း ဝန်ကြီးရာထူးက ဖြုတ်သင့်ပါသည်။ နိုင်ငံတော် အ တွက် ဘာတစ်ခုမှအကျိုးမရှိ၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။
 
မီးရထားဝန်ထမ်းဟောင်းတစ်ဦး
ရဲရင့်ငယ်

ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ




 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသားခရီးသွား ဧည့် သည်များနှင့် ပြည်တွင်းမှ လာရောက်အနားယူသူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန်ပြုမူပြောဆို နေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

"အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ် အောင် ပြုမူပြောဆိုနေတဲ့အတွက် ထိန်းသိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲပြောင်းပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံခြားဧည့်သည်တွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနေတာ ပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များစောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူး ထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်ခုနှစ်ဦး ထိ ထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်းအထိ တာဝန်ယူထားရကြောင်း သိရ သည်။

"ကျွန်တော်တို့က အေးအေးဆေး ဆေးပဲ လာအနားယူကြတာပါ။ ဘေးနားလေးကနေ ကပ်ပြီးတော့ ဘာ တွေပြောနေလဲမသိဘူး။ အင်္ဂလိပ်လိုတွေ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော လျှောက်ပြောနေတာ။ နောက်က နေလိုက်ပြီးတော့လည်း နှောင့်ယှက်တယ်။ အနီးနားက တာဝန်ကျရဲတွေ ကို အကြောင်းကြားပြီး ပြောလိုက်လို့ အခုလို အရေးယူ ဆောင်ရွက်သွားတာ ပါ"ဟု ဦးပိန်တံတားပေါ်တွင် စိတ် အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်ခံရသူ ၁၉ နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးကပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များသည် ဦးပိန်တံတားသို့ မဖြစ်မနေလာ ရောက် အနားယူကြပြီး နေ၀င်ဆည်းဆာ အလှ များကို ဓာတ်ပုံရိုက်ရန်လည်း အပါအ၀င်ဖြစ်သည်။ ယခုကဲ့ သို့ ၀ါဆို၊ ၀ါခေါင်လများတွင် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းမှာ ရေများ တိုးလာသည့်အတွက် ပြည်တွင်းဧည့် သည်များပင် လာရောက် အပန်းဖြေအနားယူကြသည့်အတွက်အထူးပင် စည်ကားလျက် ရှိသည်။

Credit...စည်သူလွင် (မြန်မာတိုင်းမ်)

ဆီးရီးယားကို အမေရိကန်က မကြာခင် ၀င်တိုက်ဖွယ်ရှိ



    ဒီနေ့အတွက် ကမ္ဘာ့သတင်းတွေမှာ ရှေ့ဆုံးက နေရာယူထားတာကတော့ ဆီးရီးယားအရေးပါဘဲ။ ဆီးရီးယားနိုင်ငံကို အမေရိကန် က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေပါတယ်။ အမေရိကန်ဟာ ဆီးရီးယားကို အချက် ၅ ချက်ကြောင့် ဝင်တိုက် ရပါတော့မယ် လို့ အမေရိကန် အခြေစိုက် CNN သတင်းတပုဒ်က ဆိုပါတယ်။

၁။ ကမ္ဘာပေါ်က အခြား အာဏာရှင်တွေလည်း အခုအခင်အကျင်းကို စောင့်ကြည့်နေကြတာ
၂။ ဓာတုလက်နက်တွေနဲ့ အနာဂတ် စစ်မြေပြင်တွေမှာ အသုံးပြုလာနိုင်
၃။ ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပို ပျံ့နှံ့လာပြီး အခြေအနေတွေကို ပိုဆိုးလာနေတာ
၎။ စစ်ရေးအရ အရေးမယူခဲ့ရင် ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့မဟာမိတ်တွေ အောင်ပွဲခံလာကြမယ်

၅။ အလွန်စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ အခုလို ၀မ်းနည်းကြေကွဲစရာတွေကို မျိုးဆက်သစ်တခုကတော့ ဆက်ပြီး သတိရနေလိမ့်မယ် ဆိုတဲ့ အမေရိကန်ဘက်က အကြောင်းပြချက် ၅ ချက်ပါ။

ဆိုလိုတာက သမ္မတ အိုဘားမားကတော့ ကမ္ဘာပေါ်က အာဏာရှင်တွေ နောက်နောင် ဓာတုလက်နက် မသုံးရေး စဉ်းစားချက်ကို အ လေးထားနေပါပြီ။ ကုလ သမဂ္ဂရဲ့ ဆီးရီးယားက ဓာတုလက်နက်သုံး၊ မသုံး စုံစမ်းရေး အရာရှိကတော့ ကနဦး အာဆတ်အစိုးရ သုံး တဲ့ လက္ခဏာမတွေ့ရဘူးပြောပေမယ့် ဓာတုလက်နက်အခင်းဖြစ်နေရာကို မရောက်နိုင်သေးပါဘူး။ ဒါပေမယ့် အာဆတ်ရဲ့ ညီဖြစ်သူ က ဓာတုလက်နက်နဲ့ ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တယ်လို့တော့ သံသယဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန်ကတော့ ဆီးရီး ယား အစိုးရဟာ ဓာတုလက်နက်အသုံးပြုခဲ့တာဟာ အခိုင်အမာဖြစ်တယ်လို့ ဆိုထားတာပါ။

ဒါကြောင့်လည်း ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ပြီးဖြစ်လို့ အမေရိကန်နဲ့ အတူ ဗြိတိန်၊ ပြင်သစ်စတဲ့ မဟာမိတ်နိုင်ငံ တွေက ဆီးရီးယား ရေပိုင်နက်အပါအ၀င် ဆီးရီးယားရဲ့ အရေးပါတဲ့ စစ်ဘက်ပစ်မှတ်တွေကို အချိန်တိုတွင်းတိုက်ခိုက်ဖို့ အဆင် သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေက ပြောထားပါတယ်။

ရုရှားကဆို အမေရိကန်တွေ ဆီးရီးယားကို စစ်ရေးအရ ၀င်တိုက်မယ်ဆိုရင် မလွယ်ကူတဲ့အကြောင်း ထောက်ပြ ပြီး အီရန်ကတော့ အလွန်အန္တရာယ်များတဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောတယ်။ အမေရိကန် စစ်ဘက်အကြီးတန်း အရာရှိတွေက တော့ ဆီးရီးယားကို ဆင်နွှဲမယ့်စစ်ရေးအရ အရေးယူမှု ဟာ အချိန်တိုလေးအတွင်း အပြီးသတ်သွားမှာလို့ ပြောကြပါတယ်။ တဖက် မှာလည်း အီရန်အနေနဲ့ သမ္မတ အာဆတ်အလွန် ဆီးရီးယားနဲ့ပတ်သက်တဲ့ အရံအစီအစဉ်တခု လည်း ရှိနေပုံရ ပါတယ်။

အမေရိကန်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူမှု ရယူပြီးမှ ဆီးရီးယားကို စစ်ရေးအရ အရေး ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ဘယ်လိုမှ မှတ်ချက်ပေးထားမှု မရှိပါဘူး။ လုံခြုံရေး ကောင်စီမှာလည်း ထုံးစံအတိုင်း ရုရှားတို့၊ တရုတ်တို့က ဆီးရီးယားဘက်က ရပ်တည်ပြီး စစ်ရေး အရ အရေးမယူဖို့ ကန့်ကွက်နေကြတာပါ။

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ကုလစုံစမ်းရေးမှူးတွေရဲ့ ဆီးရီးယားဟာ ဓာတု လက်နက်သုံး၊ မသုံး ခိုင်မာတဲ့ နောက်ဆုံး တွေ့ရှိချက် ရတဲ့ အထိ ခဏစောင့်ပေးဖို့ တိုက်တွန်း ထားပါ တယ်။ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေ ရိကန်ဘက်ကတော့ ဗြိတိန်၊ ပြင်သစ်က အခိုင်အမာ ရပ်ပြနေပါတယ်။ သူတို့ကလည်း ဆီးရီးယားကို စစ်ရေးအရ အေ၇းယူမယ် ဆိုရင် အဆင်သင့်ဖြစ်ကြောင်း ပြော ထားပြီး ဖြစ်ပါတယ်။

ဆီးရီးယားကို အမေရိကန်က စတင်ဝင်ရောက်တိုက်ခိုက်တာနဲ့ ဆီးရီးယားကလည်း အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အဆင် သင့်ဖြစ်နေတဲ့အတွက် အစ္စရေးကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီးသားပါ။

အမေရိကန်ဟာ တချိန်က အီရတ်၊ အာဖဂန် စတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့စဉ်ကလည်း လက်ဦးမှုရယူတဲ့ မဟာဗျူဟာကိုကျင့်သုံးပြီး လုံခြုံ ရေး ကောင်စီရဲ့ သဘောတူညီမှုဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းခဲ့ပါဘူး။

ထူးခြားတာက သမ္မတ အိုဘားမားဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ ကလည်းဖြစ် ဆိုတော့ ဆီးရီး ယားအရေး ကိုင်တွယ်မယ့်နေရာမှာ အလွန်အကန့်အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူမယ့် ပုံစံမျိုး အချိန်အလုံ အလောက် ယူနေတာ သတိထားမိပါတယ်။

အခြေအနေက စက္ကန့်တံများ တချက်ချက် မြည်သံနဲ့အတူ သမ္မတ အာဆတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် အချိန်ရောက်လာနေ ပါပြီ။ တကယ်တော့ အမေရိကန်ဟာ တချိန်က သူထောက်ခံအားပေးခဲ့သူတွေနဲ့ ပြန်လည် စစ်ခင်းရလို ဖြစ်နေပြီး တချိန်က ရန်သူ တော်များဘက်က ရပ်တည်ပေးတဲ့ လက္ခဏာလည်း ဖြစ်နေသလိုပါ။

Znet မှာ ဝေဖန်ရေးသမား မစ္စတာ ရောဘတ် ဖစ်ခ် ( Robert Fisk) ကတော့ ဆီးရီးယား အစိုးရကိုက်ရင် အမေရိကန်ဟာ သ မိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အယ်လ် ကးဒါးတွေ ဘက်က နေပေးသလို ဖြစ် သွားလိမ့်မယ်ဆိုတာ အိုဘာမား သိသလား လို့ ထောက်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နောက်ထပ် အချိုးအကွေ့ ဖြစ်စေမယ့် ဆီးရီးယားအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ စစ်ရေးအရ အရေးယူဖို့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်စက္ကန့်တွေက တရွေ့ရွေ့သွားနေပါတယ်။

Ref....ဧရာဝတီ

မိန်းကလေးများ အတူယုပါ (မကျွေးချင်းမပြပါနဲ့)


  မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေ သည်ကို ဆရာမက ဘေးမှခြောင်းပြီး နားထောင်နေသည်။
 

"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစား လို့ကောင်း မှာ ပဲာ့။"
 

"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "

"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်း နည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ "

"အိအိရာ။ နင်တော်တော် အကျင့်ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အ ရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေး ပာာ။"

"သေလိုက်ပါလား။ မကျွေးပါဘူး။"

ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကိုပြပြီး မကျွေးသ ဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။

"မကျွေးရင် လုတယ်ပာာ"

ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွား တိုင်သည်။

ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင်ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေး လိုက် သည်။
 

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။

"ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်းစားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လု စားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာ လည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။

ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးတွေ မြင်အောင် ရင်သားတွေပေါင်တွေပြတဲ့ အ၀တ် အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ် ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။

မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။"

"ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။"

» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။

နားလည် သဘောပေါက်ပါစေ။
 
Ref...M.N.Update
 

တပ်သိမ်းမြေကနေ မဖယ်ရင် သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်


 
  ရန်ကုန်တိုင်းဒေသကြီး၊ ​ဒလမြို့နယ်၊ ​ရခိုင်ချောင်ကျေးရွာအုပ်စုရှိ ​တပ်သိမ်းလယ်ယာမြေတွေပေါ်က ​လယ် သမားတွေကို ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်ပြီး ​သြဂုတ်လ ​၃၁ ​ရက်နေ့ ​နောက်ဆုံးထားပြီး ​ဖယ်ရှားပေးဖို့ ​အာ ဏာပိုင်တွေက ​သတိပေးထားတယ်လို့ ​သိရပါတယ်။

ဖယ်ရှားမှုမလုပ်တဲ့ ​သူတွေကို ​ဧရာဝတီ ​ရေတပ် ​စခန်းဌာနချုပ် ​ရဲ့ ​ရေတပ်ပင်မ ​လက်နက်ခဲယမ်း ​မီး ကျောက်တပ် ​(ရခိုင်ချောင်ဒေသ) ​ကနေ ​လက်နက်အသုံးပြုပြီး ​ဖယ်ရှားနိုင်တယ်ဆိုပြီး ​ပြောဆိုကြတယ်လို့ ​ ဒေသခံလယ်သမား ​တစ်ဦး ​ဖြစ်တဲ့ ​ဦးနိုင်ထွန်းကပြောပါတယ်။

ရခိုင်ချောင် ​ကျေးရွာ ​အုပ်စု ​မှာ ​ရှိတဲ့ ​လယ်မြေဧက ​၅၀၀ ​ကို ​၁၉၉၀ ​က ​စစ်တပ် ​က ​သိမ်းစည်းထားပြီး ​သီး စားချထားရာကနေ ​ခုအခါမှာ ​ပြောင်းရွေ့ဖို့ ​အာဏာပိုင်တွေ ​က ​ပြောလာတာဖြစ်ပါတယ်။

ဒီမြေပေါ်မှာ ​နှစ်ပေါင်းများစွာ ​လုပ်ကိုင်စားသောက်ကြတဲ့ ​လယ်သမားတွေ ​အနေနဲ့ ​ပြောင်းရွေ့မှုတွေ ​လုပ်ရတဲ့ ​အတွက် ​နေစရာနဲ့ ​လုပ်ကိုင်စားသောက်စရာ ​မရှိအောင် ​ဖြစ်ရတယ်လို့ ​ဒေသခံလယ်သမားတွေ ​ကပြောပါတယ်။

တပ်ကစီမံကိန်း ​မလုပ်တော့တဲ့ ​မြေတွေကို ​မှုလပိုင်ရှင် ​လယ်သမားတွေကိုပြန်ပေးမယ် ​ပြောပေမဲ့ ​လက် တွေ့မှာတော့ ​တခြားစီ ​ဖြစ်နေတယ်လို့လည်း ​ဒလမြို့နေ ​လယ်သမား ​တစ်ဦးကပြောပါတယ်။

ရခိုင်ချောင်ဒေသက ​လယ်သမားတွေက ​သူတို့ရဲ့နစ်နာမှုတွေ ​နဲ့ ​ပတ်သက်ပြီးသမ္မတနဲ့ ​စစ်ရုံးကို  ​ဖြေရှင်း ပေးဖို့ ​အသနားခံစာ ​တင်ပြထားသလို ​လယ်ယာမြေတွေ ​ပေါ်က ​ဖယ်ရှားပေးရမဲ့ ​အရေးအတွက် ​လွှတ်တော် ​ကိုလည်း ​တင်ပြထားတယ်လို့ ​ဦးနိုင်ထွန်းကပြောပါတယ်။

စစ်တပ်က ​သိမ်းဆည်းထားတဲ့ ​မြေပမာဏဟာ ​ဧက ​၂၉၇,၀၀၀ ​ကျော်ရှိ ​ပြီး   ​၁၆ ​ပုံတစ်ပုံဖြစ်သည့် ​ဧက ​၁၈,၃၀၀ ​ကျော်ကိုသာ ​ပြည်သူတွေကို ​ပြန်ပေးမယ် ​ဆိုပြီးတော့  ​ကာကွယ်ရေးဝန်ကြီး ​ဒုဗိုလ်ချုပ်ကြီး ဝေလွင်က ​လွှတ်တော်အမတ်များတွေကို ​ကတိပေးပြောခဲ့တာဖြစ်တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သ တင်းထောက် ​တင်ထွဋ်နိုင်က ​သတင်းပေးပို့ထားပါတယ်။

Ref...ABC Radio Australia

၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး


  တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင်သတင်းက ဖော်ပြပါ တယ်။

Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ် ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အ ကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းက တော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာတွေ့ရပြီး၊ မှောင်ခို ဈေးကွက်မှာ ပြန်ရောင်းဖို့ ဖြစ်နိုင်တယ်လို့ ဖော် ပြခဲ့တာပါ။

ဒါပေမဲ့လည်း ရဲတွေကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျ မသိရဘူးဆိုပြီး သတင်းတွေကို လက် မခံခဲ့ကြပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၆၀၀၀ ပေးဖို့လည်း ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားပါတယ်။

ဒီသတင်းကြောင့် တရုတ် အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မကျေမနပ်သံတွေနဲ့အတူ တရားမျှတမှုရအောင် ဖော်ထုတ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံဟာဆိုရင် ခန္ဓာကိုယ်အ စိတ်အပိုင်း လှူဒါန်းသူတွေ နည်းပါးတဲ့အတွက် မျက်ကြည်လွှာနဲ့ တခြားအစားထိုးနိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Ref.....ဗွီအိုအေ

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၁)

  တပ်မတော်သားများဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ နိုင်ငံတကာက စွပ်စွဲကြတဲ့ အချက်အလက် တွေအထဲမှာ ပေါ်တာခေါ်ဝန်ထမ်း ချောဆွဲတဲ့ကိစ္စဟာ အဓိက ဖြစ်ပါတယ်။ ဝန်ထမ်း၊ ပေါ်တာတွေဟာ အ မှန်တကယ် ဒုက္ခဆင်းရဲ ဖြစ်ကြရသလို လက်နက်ကြီး၊ ဗုံးသီး၊ ကျည်ဆံ၊ ရိက္ခာများ တနင့်တပိုး ထမ်းရ တဲ့အတွက် ပင်ပန်းဆင်းရဲ နွမ်းနယ်လှပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ပေါ်တာတွေဟာ မူမမှန်လို့ ထွက်ပြေးကြသလို ရက်ကြာလာလို့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ဘဲ ထွက်ပြေး ရတာလည်း ရှိပါတယ်။ စစ်ဆင်ရေး နယ်မြေဖြစ်တာမို့ မိုင်းခင်းထားတဲ့ ဧရိယာတောကို ဖြစ်သန်းရတာကြောင့် မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်၊ ဒုက္ခိတဘဝ ရောက်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေါ်တာနဲ့ စပ်လျဉ်းပြီး လူ့အခွင့်အရေး အဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ တချို့အပိုင်းတွေမှာတော့ ဟုတ်မှန်ပေမဲ့ တချို့အပိုင်းမှာတော့ အလွန်အကျွံ ရေးသား ထားလေရာ မဟုတ်မမှန်ကြောင်း တပ်မတော်သားတွေက တင်ပြလိုတာကြောင့် တပ်မတော် သမိုင်း ကြောင်း တလျှောက်နဲ့ လက်တွေ့ဖြစ်စဉ်များကို ရှာဖွေလေ့လာပြီး နှိုင်းယှဉ် သုံးသပ် တင်ပြသွားပါမယ်။
 တပ်မတော် အနေနဲ့ ပေါ်တာများကို အရေးပေါ် စစ်ဆင်ရေးကလွဲလို့ လုပ်ထုံးလုပ်နည်းအတိုင်း အာဏာပိုင် အဖွဲ့အ စည်းတွေက ချပေးတဲ့ ပေါ်တာ အရေအတွက်ကိုသာ လက်ခံ အသုံးပြုတာကို တွေ့ရပါတယ်။ တချို့ဒေသတွေမှာ ပေါ်တာတွေတိုင်လို့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ဒုဗိုလ်မှူးကြီးမျိုးအောင်လို တပ်ရင်းမှူးအဆင့်ကိုတောင် တပ်ကအရေးယူ ဖြုတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ငြိုငြင်မှုမခံရအောင် လူထုစည်းရုံးရေးအရ ပေါ်တာကိစ္စမှာ သတိထားကိုင်တွယ်ခဲ့တဲ့ ဖြစ်စဉ် တွေလည်း ရှိပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ကြိုးနီစနစ်၊ စစ်တပ်ရဲ့ ပြင်းထန်တဲ့ အထက်အမိန့်အရ မလွှဲမရှောင်သာ လုပ်ကိုင် ဆောင်ရွက်ခဲ့ရတဲ့ ပေါ်တာကိစ္စတွေဟာ အောက်ခြေအရာရှိ စစ်သည်တွေရဲ့ အပြစ်လို့ မဆိုသာဘဲ စနစ်ဆိုးရဲ့သားကောင်တွေ ဖြစ်ခဲ့ကြတာပါ။ တပ်မတော် စစ်ကြောင်းတွေမှာ လိုက် ပါနေတဲ့ ပေါ်တာဆိုတာဟာ အကြမ်းဖျင်း အနေနဲ့ အမျိုးအစား (၆) မျိုး ရှိပါတယ်။
၁။ အခြေခံရာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက ကျေးရွာအုပ်စုတွေကို ခွဲတမ်းချပြီး အလှည့်ကြ လိုက်ပါရန် စီစဉ်ပေးတဲ့အုပ်စု။
၂။ စစ်ဆင်ရေးကြီး အထူး ပြုလုပ်ဖို့၊ ရန်သူအခြေစိုက် စခန်းကြီးတွေကို တိုက်ခိုက်ဖို့၊ တပ်မအလိုက် ချီတက်ရန်သုံးဖို့ မြို့နယ်အဆင့်သာမက ခရိုင်၊ တိုင်းနှင့်ပြည်နယ်၊ မြို့ပေါ်ကျောင်း၊ ရုံး၊ အစိုးရ ဝန်ထမ်းတွေပါမကျန် (Volunteer) စေတနာ လုပ်အားပေးလို့ခေါ်တဲ့ အုပ်စု။
၃။ ရှေ့တန်း စစ်ဆင်ရေးတွေမှာ မြို့နယ်က လက်လှမ်းမမှီတဲ့အတွက် လှုပ်ရှား စစ်ကြောင်းမှူးများက ကျေးရွာဥက္ကဋ္ဌများနှင့် တိုက်ရိုက် ထိတွေ့ပြီး နှစ်ဖက် ရုံးထောက်ခံစာများနဲ့ အလှည့်ကျ လဲလှယ် စီစဉ်ပေးတဲ့စနစ်နဲ့ အုပ်စု။
၎။ မြို့နယ် ကျေးရွာဥက္ကဋ္ဌတွေရဲ့ အစီအစဉ် မဟုတ်ဘဲ အရေးပေါ် ကြုံရင်ကြုံသလို စစ်ကြောင်းတွေက မြို့ပေါ်ရထား ဘူတာရုံနဲ့ သဘောင်္ဆိပ် အပါအဝင် ရှေ့တန်းနယ်မြေ လယ်တောနဲ့ လမ်းကြောင်းတွေဆီမှ ချောဆွဲလာတဲ့အုပ်စု။
၅။ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်မည် ဆောင်ပုဒ်နဲ့အညီ ပြစ်ဒဏ်ကို လျော့ပေါ့ခံစားလိုပါက ဖြစ်စေ၊ ပြစ်ဒဏ် လွတ်ငြိမ်းခံရခါနီးဖြစ်စေ၊ အကျဉ်းထောင်များမှ အကျဉ်းသားများအား စီစဉ်ပေးတဲ့အုပ်စု။
၆။ အခကြေးငွေ ရယူလိုလို့ သီးခြား မိမိဆန္ဒအရ လိုက်ပါတဲ့ ကြေးစားပေါ်တာဆိုပြီး အမျိုးအစား (၆) မျိုး ရှိပါတယ်။
  တချို့ မြို့နယ် (ပါတီကောင်စီ၊ မဝတ၊ မယက) တွေဟာ ပေါ်တာကို လိုအပ်တာထက်ပိုပြီး စုဆောင်း ထား တတ်ကြပါတယ်။ တဖန် မိုးရာသီ နီးလာပြီ ဖြစ်လို့ လယ်လုပ်နိုင်ဖို့ တချို့မိသားစုတွေဟာ ပေါ်တာကြေး ငွေကို ထည့်ဝင်ကြပြီး ကင်းလွတ်ခွင့် တောင်းကြပါတယ်။ အစားထိုးလိုက်မဲ့ သူကို ငှားထည့်ကြပါတယ်။ ဒီနေရာမှာ အခကြေးငွေနဲ့ စစ်ဆင်ရေး တခါလိုက်သွားရင် ဈေးနှုန်း ဘယ်လောက်ဆိုပြီး ပေါ်တာ Specialist (ကြေးစားပေါ်တာ) တွေလည်း ပေါ်လာပါတယ်။ မြို့နယ်အဖွဲ့တွေက အဲဒီ ကြေးစားပေါ်တာတွေကိုဘဲ ငှားရမ်းပြီး စစ်ကြောင်းထဲ ထည့်ပေးရတာလည်း ရှိပါတယ်။
  ဒါပေမဲ့ ပေါ်တာတွေက မိမိတို့ လိုက်ပါရမဲ့ စစ်ကြောင်းဟာ နယ်မြေခံတပ်ဆိုရင်တော့ အသာတကြည် လိုက်ပါကြပေမဲ့ တပ်မတပ်တွေ တခြားနယ်ဘက်က အကြောင်းမသိတဲ့ တပ်တွေဆိုရင်တော့ မလိုက်ချင်ဘဲ ထွက်ပြေးကြသလို ပေါ်တာခကို စဉ်းစားချင့်ချိန် ဈေးဆစ်ကြပါတယ်။ ကြေးစား ပေါ်တာတွေမှာ တချို့က သစ္စာရှိကြကာ သတ်မှတ် အချိန်ကာလ နှစ်ပတ်တန်သည်၊ တစ်လတန်သည် နေပေးကြပေမဲ့ တချို့ကတော့ ထွက်ပြေးပြီး ကြိုတင်ပေးထားတဲ့ ငှားရမ်းခ အသားတင် ရတာမို့ နောက်တခါ တခြားတပ်မှာ ပြန်လိုက်ကာ ဝင်ငွေအတော့်ကို ဟန်လှပါတယ်။ တချို့မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတွေကတော့ တပ်မတော်ရဲ့ အရှိန်အဝါသုံးပြီး မလိုအပ်ဘဲ ပြည်သူလူထုအပေါ် ဖိအားပေး ပေါ်တာဆွဲတာမျိုး၊ ပေါ်တာခငွေကို အလွဲသုံးစား လုပ်တာမျိုးလည်း ရှိပါတယ်။
အပိုင်း (၂) ကို ဆက်လက်တင်ပြ ပေးသွားပါမယ်ခင်ဗျား။
Credit....photayokeking

Wednesday, August 28, 2013

Bobby Soxer ၏ ဘဝရှင်သန်မှုနဲ့ ဂီတအမြင်

 

  ဟစ်ဟော့ပ်ဂီတလောကမှာ ပရိ သတ် တွေရဲ့အားပေးမှုကို ရရှိထားသူ ဟစ်ဟော့ပ် အဆိုရှင်ကတော့ ထက်ထက် (Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတ မဆို သူ့ လွတ်လပ်မှုနဲ့သူ ရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက် Bobby Soxer ကို ဟစ်ဟော့ပ်ဂီတတွင်ကျယ်လာမှုနဲ့ ပတ်သက် ပြီး ဘယ်လို သုံးသပ်လဲလို့ မေးကြည့်တော့ “ဟစ်ဟော့ပ် ဂီတဆိုတာများ လာတဲ့အပေါ် ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆို ကတည်းက ဟစ်ဟော့ပ်ကဆိုရတာ လွယ်တယ်ပေါ့နော်။
 
  လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို ဖန်တီးရတာပေါ့နော်။ အဲလိုကျတော့ သီချင်းဖန်တီး သူတွေဘက်က သူတို့အတွက် တီးလုံးတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရှာနိုင်တယ်။ အဲဒီလိုရွေးရဆိုရ ခပ်လွယ်လွယ်နဲ့ လုပ်လို့ရတာ ပေါ့။ အဲဒါမျိုးလေးတွေကြောင့် အလွယ်တကူနဲ့ ကိုယ်ဝါသနာပါ တဲ့ မြူးဇစ်ကို လက်ဆင့်ကမ်းလို့ရတဲ့ အနေအထားပေါ့။ လွယ်ကူတယ်လို့တော့ အားလုံး ပြောမရဘူး။ band တစ်ခုနဲ့ သီချင်းတစ်ပုဒ်လုံးလုပ်ရတာ ထက်စာရင်ဆော့ ဝဲလ်ပိုင်းဖြစ်တဲ့ အတွက်ပါ။
 
  ရော့ခ်သီချင်းဆိုရင် ဒီသီချင်းတစ်ပုဒ်လုံးကို အကြမ်းနားထောင် ကြည့်မယ် ဆိုရင် ဒီသီချင်းထဲမှာ ပါတဲ့အစိတ်အပိုင်းတွေက အများကြီးပဲ။ ဟစ်ဟော့ပ်ကျတော့ အဓိကမြူးပြီး၊ စာသားပဲ။ ဆော့ဝဲလ်နဲ့ လုပ်တဲ့အတွက် သီချင်းအကြမ်းတစ်ခုဖြစ်ဖို့ လွယ်တယ်။ ဒါကြောင့်ဆိုတဲ့ လူတွေ ပိုများ လာတယ်” လို့ ပြောပြခဲ့ပါတယ်။
 
  လူတစ်ယောက် အသက်ရှင်နေ ထိုင်မှုပေါ်မှာ ဂီတပုံစံတစ်ခုက ဘယ် လောက် ထိ သက်ရောက်မှုရှိလဲလို့ မေး ကြည့်တော့ “ဂီတပုံစံတစ်ခုနဲ့ လူတစ် ယောက်ရဲ့ ရှင်သန်ေ နထိုင်မှုရဲ့ ပတ်သက်ချက်ကတော့ အကြီးကြီးတော့ ဆက်စပ်မနေပါဘူးလို့ ထင်ပါတယ်။ ဘဝရှင်သန်မှုနဲ့ ဂီတဟာ တိုက်ရိုက်တော့ ဆက်စပ်မယ်မထင်ပါဘူး။ ထက်ထက် နားလည်သလောက် ပြောရင်တော့ လူတွေရဲ့ စားဝတ်နေရေး နဲ့ပတ်သက်လို့ရုန်းကန်လှုပ်ရှားရင်း မောပန်းနေရင် တော့ ဆေးလေးတစ်ခုလို့ပဲမြင်တယ်” လို့ ပြောပြ ခဲ့ပါတယ်။
 
  ဟစ်ဟော့ပ်ဂီတစာသားတချို့က လူငယ် လူထုပရိ သတ်တွေကြား မှာ ခေတ်စား ပြောဆိုသုံးနှုန်း ကြတယ်။ ဒါကြောင့် ဂီတဖန်တီးမှုတစ်ခုမှာ သံစဉ်နဲ့စာသားအရေးပါပုံ၊ ကွာခြားမှုကို ထက်ထက်ဘယ် လိုနားလည်ပါသလဲလို့ မေး ကြည့်တော့..“သီချင်းတစ်ပုဒ် ပရိသတ်ကြားမှာ အောင်မြင်ဖို့ ပါးစပ်စွဲဖို့ ဘာတွေလိုအပ်လဲဆိုရင် အဓိကကတော့ သီချင်းတစ်ပုဒ်ဆိုမယ်ဆိုရင် စဉ်းစားရတယ်။ ပရိသတ်ကြား မှာ ပေါက်အောင် ဆိုရင်ဘယ်လိုအသုံး အနှုန်းတွေသုံးမလဲ။ ဘယ် လို အကြောင်းအရာကို သုံးမလဲ။ ဘယ်လို ပါးစပ်စွဲလွယ်တာတွေ သုံးမလဲ ဒါ အမြူးမှာ အကြမ်းဖျဉ်ြးေ ပာပြတာပါ။
 
  အချစ်သီချင်း ဆိုရင်လည်း များသောအားဖြင့် လူတွေနဲ့ တိုက်ဆိုင်တဲ့အချစ်ပုံစံမျိုး ပိုစဉ်းစားဖြစ် တယ်။ ကျန်တဲ့ စာသား၊တီးလုံးအရေး ကြီးတယ်။ လိုအပ် တယ်။ စာသားနဲ့ သံ စဉ်နှစ်ခုလုံး အာပေါက်နေတဲ့ သီချင်း တစ်ပုဒ်ထွက်မှာ အရေးကြီးပြီး လိုအပ် တာမဟုတ်ပါဘူး။ သီချင်း တစ်ပုဒ်လုပ် ပြီဆိုရင် သံစဉ်ရော၊ စာသားရော အရေးကြီးတယ်။ သူ့ဟာနဲ့ သူရှိ တယ်။ သံစဉ်မကောင်းဘဲနဲ့ စာသားဘယ် လောက်ကောင်းကောင်းလူတွေ နှုတ်ဖျားမှာစွဲမှာမဟုတ်ဘူး။ သံစဉ် လှလှလေးတစ်ခုနဲ့ အဓိ ပ္ပာယ် မရှိတဲ့ ပေါပေါပဲပဲ စာသားသုံး မယ် ဆိုရင်လည်းလူတွေ လက်ခံမှာ မဟုတ် ဘူး။နှစ်ခုလုံး ညီမျှအောင် သုံးရင်ပရိသတ် တွေပိုပြီး လက် ခံမှာပါ” လို့ ပြော ပြခဲ့ပါတယ်။
 
Ref.....Popular Journal

ရေကျသွားပြီးနောက် မြဝတီ

  
 မြဝတီမြို့ ရေကျသွားပြီးနောက် မြင်ကွင်း
 
၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ နှစ်အကြာမှာ အဆိုးရွားဆုံး စံချိန်တင် ရေလွှမ်းမှု ခံလိုက်ရတဲ့ မြဝတီမြို့ဟာ ရေပြန်ကျသွားပေမယ့် မြို့ခံတွေကို စိတ်ပျက်စရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ တုန်လှုပ်မှုတွေ ထားပစ်ခဲ့ ပါတယ်။

ရေကျသွားတာ ၃ ပတ်လောက်ရှိသွားပြီ ဖြစ်ပေမယ့် မြို့တွင်း အာရှလမ်းမကြီး တခုသာ သပ်သပ်ယပ်ယပ် တွေ့မြင်ရပြီး ကျန်တဲ့ ရပ်ကွက်တွေ၊ ရပ်ကွက်ထဲက အိမ်တွေ၊ လမ်းကြားတွေ၊ ခြံစည်းရိုးတွေကတော့ ပျက် စီးမှုတွေနဲ့ စိုစွတ်စွတ် ညစ်ထေးမှုတွေကြားမှာပဲ ရှိနေပါသေးတယ်။
 
အဆုံးအထိ ပြောရရင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကူးသန်းနေတဲ့ ချစ်ကြည်ရေး တံတားအောက်က ရွှံ့ပုံကြီး ကိုတောင် မဖယ်ရှားနိုင်သေးလို့ ကင်းစောင့်နေကျ တံတားစောင့် ရဲတွေတောင် မလာနိုင်ကြ သေးတဲ့အဖြစ်ပါ။ ရေတိုက်စားလို့ ပျက်စီးယိုယွင်းနေတဲ့ လမ်းကြားတွေလည်း မပြင်ရသေးပါဘူး။
 
မြဝတီမြို့တွင်း မြို့ပြင်က ကားဝပ်ရှော့တွေ အားလုံးမှာ ရေမြှုပ်ပြီး ကျန်ခဲ့တဲ့ ကားတွေ တန်းစီပြီး ထိုး ထားတာဆိုရင် သံရည်ကြိုဖို့ စုထားသလားလို့တောင် ထင်ရပါတယ်။ အဲဒီကားတွေကို လက်ညိုး ထိုးဈေးကွက်နဲ့ တစီးကို (မပြုပြင်မီ မျက်မြင်အတိုင်း) ထိုင်း ဘတ်ငွေ ၂ သောင်း၊ ၃ သောင်း (မြန်မာ ကျပ်ငွေ ၁၀ သိန်းဝန်းကျင်) နဲ့ ရောင်းနေပါတယ်။
 
ဒါ့အပြင် အရင်တုန်းက ပလက်စတစ်အိတ်အစုတ်၊ အပြဲတွေနဲ့ စွန့်ပစ်ပစ္စည်း အပုတ်အသိုးတွေကိုသာ မြင် တွေ့နေရတဲ့ မြို့စွန်က အမှိုက်ပုံတွေမှာတော့ ရွှံ့ဗွက်တွေနဲ့ ညစ်ထေးပေကျံနေတဲ့ တီဗီ၊ ရေဒီယို၊ အောက်စက်တွေ အပါအဝင် အိမ်သုံးပစ္စည်းတွေနဲ့ အဝတ်အထည်တွေကို တွေ့မြင်ရပါတယ်။
 
မြဝတီမြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေထဲက အကြီးဆုံး တခုဖြစ်ပြီး ရေကြီး တဲ့ရက်တုန်းက ကုန်သွယ်ရေးဇုန်ကို တပတ် ပိတ်ထားခဲ့ပေမယ့် အခု ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ကုန်တင်ကားနဲ့ ခရီးသည်တင် အဝေးပြေးကားတွေလည်း ပြန်လည်ပြေးဆွဲနေကြပါပြီ။
 
ဒါ့အပြင် ချစ်ကြည်ရေး တံတားထိပ်မှာရှိတဲ့ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ် အပါအဝင် ဘဏ်တွေအားလုံးလည်း တပတ်ပိတ်ခဲ့ပြီးနောက် အခု ပြန်ဖွင့်နေကြပြီ ဖြစ်သလို မြို့ထဲက ငွေလဲကောင်တာတွေ၊ ဈေးတွေ၊ စား သောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ အငှားယာဉ်တွေဖြစ်တဲ့ ကား၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီး ဆိုက်ကား တွေလည်း ပုံမှန်လည်ပတ်နေကြ ဖြစ်ပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်နဲ့ မြဝတီမြို့နှစ်မြို့ အကြားမှာ ပြောင်းပြန်စီးတဲ့ မြစ်လို့ခေါ်တဲ့ သောင်း ရင်းမြစ် စီးဆင်းပါတယ်။ ဒီမြစ်ရဲ့ မြစ်ရေဟာ ဇူလိုင်လ ၂၈ ရက်နေ့ည သန်းခေါင်ယံ အချိန်ကစပြီး မြဝတီမြို့ပေါ်ကို ရုတ်တရက် ဝင်ရောက်လာတဲ့ အတွက် အိပ်ပျော်နေတဲ့ မြို့သူ၊ မြို့သားတွေ ညချင်းတွင်း အသက် အန္တရာယ်ကင်းအောင် ရေဘေးလွတ်မယ့် နေရာတွေကို တွယ်ကပ် ခိုလှုံခဲ့ရပါတယ်။
 
“ရေက ညဘက်ကြီး ရုတ်တရက် တက်လာတာ ဘာပစ္စည်းမှ ယူချိန်မရဘူး။ ကလေးတွေကို နှိုးပြီး အပေါ် ထပ် ထပ်ခိုးပေါ် အမြန် မရွှေ့ရတာ၊ တချို့ဆိုလည်း အိမ်ခေါင်မိုးတွေပေါ်တက်ပြီး ကယ်ပါ ဘာညာ အော်နေ ကြတာ၊ ပင်လယ်ထဲ ရောက်နေသလိုပဲ ဘာမှကို လုပ်လို့မရတာ၊ ပစ္စည်းတွေလည်း အကုန်ဆုံးပဲ” လို့ အ မှတ် (၅) ရက်ကွက်မှာ နေထိုင်တဲ့ ကိုမြတ်ကိုက ပြောပါတယ်။
 
ရေဘေးဒုက္ခ ရောက်နေတုန်းကတော့ ထိုင်းစစ်တပ်က မြဝတီမြို့ထဲ အထိ အသက်ကယ်လှေတွေနဲ့ ဝင် ရောက် ကူညီတာတွေ၊ အစားအစာတွေ ဝေငှတာတွေ ရှိပေမယ့် မြန်မာ အာဏာပိုင်တွေ လာရောက် ကူညီ တာကိုတော့ သိပ်မတွေ့ရဘူးလို့ ဆိုကြပါတယ်။ ပုဂ္ဂလိက အကူအညီပေးရေး အဖွဲ့တွေက ထမင်းထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နဲ့ တခြားစားတွေကို လာရောက် ဝေငှတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
 
အဲဒီတုန်းက မြဝတီမြို့ပေါ်မှာ ရှိတဲ့ ရက်ကွက် ၅ ခုထဲက အမှတ် (၄) ရက်ကွက် တခုသာ ကုန်းပေါ် ကျနေတဲ့အတွက် ခံသာပြီး ကျန်တဲ့ ရက်ကွက်တွေအားလုံး တပတ်လောက် ရေလွှမ်းတဲ့ဒဏ် ခံလိုက်ရတဲ့ အတွက် တနေရာနဲ့ တနေရာ သွားလာရေးနဲ့ လုပ်ငန်းခွင်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။
 
အဆိုးဆုံး ခံခဲ့ရသူတွေကတော့ သောင်းရင်းမြစ်နားက ရပ်ကွက်တွေဖြစ်ပြီး ရေတက်လာချိန် ၁၅ ပေ လောက် မြင့်တဲ့ အိမ်တွေဆိုရင် အိမ်ခေါင်မိုးတွေပါ မြှုပ်တယ်လို့ သိရပြီး အိမ်တွင်းပစ္စည်းတွေ အပါအဝင် ကား၊ ဆိုင်ကယ်တွေနဲ့ အိမ်မွေး တိရိစ္ဆာန်တွေ ပျက်စီးဆုံးရှုံး ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
 
“ရေကြီးတုန်းက မြှုပ်တဲ့ အိမ်တွေဆိုရင် ရေကျသွားလည်း အိမ်တွင်းပစ္စည်းတွေက ဘာမှ ပြန်သုံးလို့ မရ တော့ဘူး၊ အိမ်တွေက ဟောင်းလောင်းတွေပဲ ကျန်ခဲ့တယ်။ အခုကတော့ အိမ်တွင်းပစ္စည်း ပြန်ဝယ်ဖြည့်ဖို့ထက် နေ့တိုင်းထမင်းစားဖို့ပဲ ရှာနေရတာပေါ့၊ အလုပ်က အခုမှ ပြန်လုပ်ရတာဆိုတော့လေ” ဆိုပြီး ဆိုင် ကယ် တက္ကစီသမားတဦးက သူ့အခြေအနေကို ရှင်းပြပါတယ်။
 
အခုချိန်အထိ မြဝတီမြို့ခံတွေနဲ့ အာဏာပိုင်တွေကြားမှာ အငြင်းပွားနေဆဲ အကြောင်းအရာကတော့ ရေးကြီးတုန်းက သေဆုံးခဲ့တဲ့ လူအရေအတွက်ပါပဲ။ အာဏာပိုင်တွေဘက်က ၃ ဦးပဲ သေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် မြို့ခံတွေက သူတို့မျက်စိရှေ့မှာတင် တဖက်နိုင်ငံ မဲဆောက်ဘက်က ကူးလာတဲ့ လှေနှစ်စင်းမှောက်ရာမှာ လူဦးရေ ၄၀ ကျော် သေဆုံးကြောင်း ပြောဆိုကြတာတွေ လည်းရှိပါတယ်။
 
မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေ က “ဒီကိစ္စက အခုအထိ အငြင်းပွားနေကြတုန်းပဲ။ ကျနော်တို့ဘက်ကတော့ ၃ ယောက် အတည်ပြုပါတယ်။ တကယ်လို့ သူတို့ပြောသလို အယောက် ၄၀-၅၀ သေတယ် ဆိုလို့ရှိရင် အလောင်းတွေ ပေါ်လာမှာပေါ့ဗျာ၊ ခင်ဗျားတို့လည်း လိုက်ပြီး စုံစမ်းနိုင်ပါတယ်” လို့ ပြောပါတယ်။
 
ရေကြီး ရေလွှမ်းနိုင်မယ့် သတင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကနေတဆင့် လူထုကို အကြောင်း ကြားတယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမယ့် ရေးလွှမ်းဒဏ် ခံလိုက်ရတဲ့သူတွေကတော့ အသိပေး၊ အ ကြောင်းကြားမှု မရှိကြောင်း၊ ရေကြီးမယ့် အကြောင်းကို ကြိုတင် မသိရှိရတဲ့အတွက် ပြင်ဆင်ချိန်၊ ရွှေ့ပြောင်းချိန်တွေ မရလိုက်ကြောင်း တညီတညွတ်တည်း ပြောဆိုကြပါတယ်။
 
ဒီလ ၂၂ ရက်နေ့က မြဝတီမြို့ အမှတ် (၅) ရက်ကွက် ကိုးနဝင်းကျောင်းမှာ ပြုလုပ်တဲ့ အသိပညာပေး ဟော ပြောပွဲမှာ ရပ်ကွက်အတွင်းမှာ နေထိုင်သူ ၉၀၀ ကျော် တက်ရောက်လာကြပြီး မြို့နယ် ရဲတပ်ဖွဲ့၊ မူးယစ်၊ ဥပဒေ၊ အမျိုးသမီးရေးရာ၊ လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့တွေက ရေးဘေး ကိစ္စအပါအဝင် သက်ဆိုင်ရာ ကဏ္ဍတွေကို ဟောပြောခဲ့ကြပါတယ်။
 
အဲဒီ ဟောပြောပွဲမှာ အမှတ် (၅) ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးစိန်သောင်း က မြစ်ထဲမှာ စိုးရိမ်ရေမှတ်ရှိနေတဲ့ အတွက် ရေကြီးမှု သတိထားဖို့ ပြောဆိုတဲ့အခါ ပြောနေတုန်းမှာဘဲ ထိုင်နားထောင်နေတဲ့ ရပ်ကွက်သူ ရပ် ကွက် သားတွေက ဝုန်းခနဲ ထပြန်ပြေးဖို့ လုပ်ကြတဲ့အတွက် မိုက်ကရိုဖုန်းနဲ့ အော်ကာ ပြန်ထိုင်ပြီး နားထောင်ဖို့ သတိပေးရပါတယ်။
 
ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသမီးတဦးက “အဲဒီတုန်းက ကျမတို့က စိုးရိမ်ရေမှတ် ရှိတယ်ဆိုတော့ အိမ် ပြန်ပြီး သိမ်းစရာ ရှိတာတွေသိမ်း၊ ကလေးတွေခေါ်ပြီး ဘုန်းကြီးကျောင်းမှာ သွားရှောင်မလို့ပါ၊ အရင်တခါလို့တော့ အဖြစ်မခံနိုင်ဘူးလေ။ တကယ် ဖြစ်လာရင် ကိုယ့်ကို ကယ်မယ့်လူရှိတာ မဟုတ်ဘူး။ အခုချိန်အထိ ကလေးတောင် ကျောင်းကို မလွှတ်သေးဘူး” လို့ ဆိုပါတယ်။
 
မြဝတီမှာ ရေကျသွားတာ ၃ ပတ် ကျော်သွားပြီ ဖြစ်ပေမယ့် ရေကြီးတုန်းက ခံလိုက်ရတဲ့ လူသေမှု၊ အကူ အညီမဲ့မှု၊ ပစ္စည်းတွေ ဆုံးရှုံးမှု၊ အစားအသောက် ပြတ်လပ်မှု စတဲ့ ဒဏ်ကို ခံခဲ့ရတဲ့ မြို့ခံတွေဟာ ဒဏ်ရာ ဟောင်း မကျက်သေးခင်မှာဘဲ နောက်တကြိမ် ရုတ်တရက် ရေကြီးမှု အန္တရာယ်နဲ့ ကြုံရမှာကို စိုးရိမ် နေကြတာပါ။
 
Ref....Irrawady

ကယ်လီဖိုးနီးယားတောမီး အနီးအနားဒေသများသို့ပါ ကူးစက်ပျံ့နှံ့



  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ယိုဆမ်းမတီးအမျိုးသားဥယျာဉ် (Yosemite National Park) အနီးတွင် မီးလောင် ကျွမ်းလျက်ရှိရာ ကြီးမားသည့် မီးတောက်များမှာ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိနေပြီး ယခုအခါတွင် ဧရိယာစတုရန်းမိုင် ၂၃၀ ခန့် အတွင်းတွင် လောင်ကျွမ်းလျက်ရှိနေသည်ဟု တာဝန်ရှိသူ များကဆိုကြောင်း သြဂုတ် ၂၇ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

မီးလောင်မှု၏ အကျိုးဆက်တစ်ခုအဖြစ်၊ ဆန်ဖရန်စစ္စကို (San Francisco) သို့ ရေအားလျှပ်စစ် ဓာတ် အားနှင့်ရေများ ဖြန့်ဖြူးပေးaနသည့် အဓိကရေလှောင်ကန်ကြီး တစ်ခုပေါ်သို့လည်း ပြာများ အလုံးအရင်း ဖြင့်ကျရောက်လာခဲ့သည်။

ထို့ကြောင့် ရေများအား အောက်ဘက်ဒေသရှိ ရေလှောင်ကန်များဆီသို့ ပြောင်းရွှေ့နေကြောင်းနှင့် ဖြန့် ဝေနေသည့်ရေများ ညစ် ညမ်း မှုရှိမရှိ စောင့်ကြည့်နေသည်ဟု မြို့အာဏာပိုင်များက ဆိုခဲ့သည်။

ထောင်ပေါင်းများစွာသော အိမ်များနှင့် ကယ်လီဖိုးနီးယား၏ ပြယုဂ်ဖြစ်သည့် ဆီကွိုင်ယာ (Sequoia) သစ်ပင်ကြီးတချို့ကိုလည်း မီးတောက်များက ခြိမ်းခြောက်လျက် ရှိနေသည်။

လေပြင်းများ တိုက်ခတ်နေမှုကြောင့်လည်း မီးလောင်ကျွမ်းခြင်းကို ထိန်းချုပ်ရ ပိုမိုခက်ခဲနေသည်။

“အခြားနေရာတွေကို မီးတွေဆက်လက်ကူးစက်နိုင်တဲ့ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်” ဟု ကယ် လီဖိုးနီးယား သစ်တောလုပ်ငန်းနှင့် မီးဘေးကာကွယ်ရေးဌာနမှ ဒန်နီယဲလ်ဘားလန့် (Daniel Berlant) ကဆိုသည်။

BBC

ကေအင်အယ်အေရဲ့ ခြောက်လပတ် အစည်းအဝေး



ကေအင်ယူရဲ့ စစ်တပ် ဖြစ်တဲ့ ကေအင်အယ်အေရဲ့ ခြောက်လပတ် အစည်းအဝေးကို သူတို့ရဲ့ ဌာနချုပ်မှာ မနေ့ကစပြီး ၃ ရက်တာ ပြုလုပ်သွားမယ့် အစီအစဉ်မှာ လက်ရှိအစိုးရနဲ့ လုပ်ထားတဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီးတော့၊ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။...

 သြဂုတ်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက၊ ကေအင်အယ် အေ ဌာနချုပ် သေဘေထမှာ ပြုလုပ်နေတဲ့ ၆ လပတ်အစည်းအဝေးမှာ သူတို့က အစိုးရနဲ့ လက်ရှိ လုပ် ထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ တနှစ်ကျော်နေပြီဖြစ်ပေမဲ့ ရှေ့ကိုဆက်မသွား နိုင်သေးတာနဲ့ ပတ်သက်ပြီးတော့၊ တပ်မှူးတွေကြားမှာ ဆွေးနွေးဖို့ရှိတယ်လို့ ကေအင်အယ်အေ ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ ကေ အင်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိစ္စကို ဒီခြောက်လပတ် အစည်းအဝေးမှာ ဆွေးနွေး ကြမယ်ဆိုတာကို ကေအင်အယ်အေ စစ်ဉီးစီးချုပ်၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ ဘီဘီစီကို ပြောကြားရာမှာ ကျွန်တော်တို့ ပြန်လည် သုံးသပ်မှာပါ ၊ ဒီခြောက်လပတ်မှာ အခြေအနေ ဘယ်လိုလဲ ဆိုတာ နောက်ပြီး တော့ ဒီတနှစ်ကျော်မှာ အပစ်အခတ် ရပ်စဲရေးဟာ၊ ဘယ်အဆင့်အထိ ရောက်ပြီလဲ ဆိုတာကို ဆွေးနွေး ကြမယ်လို့ ဆိုပါတယ်။



ဒါ့အပြင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အထိ ကျွန်တော်တို့ သွားမှာပါ ၊ ကျွန်တော်တို့ မှန်မှန်ကန်ကန်ဘဲ လုပ်မှာ ဖြစ်ကြောင်းနဲ့ အာဏာက နိုင်ငံတော် အစိုးရလက်ထဲမှာသာ ရှိပြီး အနှစ်ခြောက်ဆယ်မှာ လူထုပဲနစ်နာ ကြ ရတယ် ၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေဇာပင်ဟာ ပြည်သူပဲပေါ့ လို့ သူက ပြောပါတယ်။

အပစ်အခတ် ရပ်စဲပြီးနောက် ဆက်လုပ်ရမယ့် ကိစ္စတွေကို အကောင်အထည် မဖေါ်နိုင်သေးတာကိုလည်း ဗိုလ်ချုပ်ကြီး စောဂျော်နီ ထောက်ပြရာမှာ ခုပထမ ခြေလှမ်း ပဏာမ အပစ်အခတ် ရပ်စဲရေးကနေ ခိုင်မာ တဲ့ အပစ်အခတ် ရပ်စဲရေး၊ နေရာ ပြန်လည်ချထားရေးတို့ နယ်မြေသတ်မှတ်ရေးတို့ ဒီတပ်တွေ ပြန်လည် လျှော့ချဖို့ ဘာတခုမှလည်း သူတို့တွေ အကောင် အထည်ဖော်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ကေအင်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်ကြားမှာ ဆက်သွယ် နိုင်မယ့် ဆက်ဆံရေးရုံး တချို့ကိုတော့ ဖွင့်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကေအင်ယူရဲ့ စစ်တပ်ဖြစ်တဲ့၊ ကေအင်အယ်အေ တပ်မဟာ ၇ ခု အထဲက ၅ ခုရဲ့ ဆက်ဆံရေး ရုံးတွေကို ဖွင့် နိုင်ခဲ့ပြီးတော့၊ တပ်မဟာ ၂ နဲ့ ၅ တို့ရဲ့ ဆက်ဆံရေးရုံးတွေကို မကြာခင်မှာ ဖွင့်နိုင်ဖွယ်ရှိတယ် လို့ ဗိုလ်ချုပ် ကြီး စောဂျော်နီက ပြောပါတယ်။

Ref...BBC

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်ရောက်ရှိ ဒုက္ခသည်များအား နှစ်သိမ့်အားပေး


  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိကာ ကချင်လူမှု အသိုင်းအ၀ိုင်းများ၊ စစ်ဘေးရှောင် ပြည်သူ များ ၊ ရပ်မိရပ်ဖများကို တွေ့ဆုံအားပေးခဲ့သည်။...

မစ္စတာ နမ်ဘီးယားသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းတွင် ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့ရှိ စစ်ဘေးရှောင် စခန်းများကို သွားရောက် ခဲ့သည်။

မစ္စတာ နမ်ဘီးယားက "ကျွန်တော်တို့က ခင်ဗျားတို့ ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ပြန်သွားတဲ့ အခါမှာ လည်း အများတွေနဲ့ တန်းတူနေနိုင်အောင် ကြိုးစားဖန်တီး ပေးသွားမှာပါ။ ၀မ်းနည်းမနေကြပါနဲ့ အခုလည်း ပြောဆိုနိုင်ပါတယ်" ဟု ၀ိုင်းမော်မြို့ စိန့်ဂျိုးဇက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ များနှင့် တွေ့ဆုံချိန်တွင် ပြောကြားသည်။

ထို့အတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ကေအိုင်အို၏ နည်းပညာအကြံပေး အလုပ်အဖွဲ့နှင့်လည်း ညနေပိုင်းတွင် သီးခြားတွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် အစိုးရနှင့် ကေအိုင်အိုတို့ နောက်ဆုံးသဘောတူညီချက် ခုနစ်ချက်ကို အကောင်အထည် ဖော်မှုနှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးခဲ့သည်။ မစ္စတာ နမ်ဘီးယားသည် မြစ်ကြီးနားသို့ တတိယအ ကြိမ် မြောက် ရောက်ရှိလာခြင်းဖြစ်ပြီး မနက်ဖြန် နံနက်ပိုင်းတွင် ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref....Eleven

တောင်ကြီး ခမ်းခုံးရွှေဆိုင် ရွှေ ၅၀ သား ခိုးယူခံရမှု တရားခံများ၏ ခန့်မှန်းရုပ်ပုံများ ထုတ်ပြန်


 တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်း ဈေးပိုင်းရပ်ကွက် မြို့မဈေး တောင်ဘက်ပေါက် မြေညီထပ် အခန်းအ မှတ် ၃ တွင် ဖွင့်လှစ်ထားသည့် ခမ်းခုံးရွှေဆိုင်တွင် ငွေကျပ်တန်ဖိုး သိန်း ၃၄၀ တန်ဖိုးရှိ ရွှေ ၅၀ ကျပ်သား အခိုးခံရခြင်းအတွက် တောင်ကြီး မြို့မရဲစခန်းက သံသယရှိသူ နှစ်ဦး၏ ခန့်မှန်းရုပ်ပုံကို သြဂုတ်လ၂၇ ရက် က ထုတ်ပြန်လိုက်သည်။

သံသယရှိသူ နှစ်ဦး၏ပုံကို ပန်းချီဆွဲ ပုံစံထုတ်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ထားရာ အသက် ၅၀ ၀န်းကျင် အရပ် ၅ ပေ၊ ၃ လက်မရှိ ခန္ဓာကိုယ်ပိန်သည့် အမျိုးသားဟု ဖေါ်ပြထားသည်။ အခြား တစ်ဦးမှာ အမျိုးသမီးဖြစ်ကာ ခမ်းခုံးရွှေဆိုင်တွင် ရွှေဝယ်ယူစဉ်က ပေးထားသည့် အမည်ဖြစ်သော မနီနီဝင်းဟု ဖေါ်ပြထားပြီး အသက် ၄၀ ကျော်ခန့် ရှိပြီး အနည်းငယ် ၀သည်ဟု ဖေါ်ပြထားသည်။

သြဂုတ်လ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရွှေဆိုင်ပိုင်ရှင်နှစ်ဦး ဆိုင်ခင်းကျင်းစဉ် ဆိုင်အတွင်း ထမင်းစားပွဲပေါ်တွင် ကော်ဘူးအတွင်း ထည့်ကာ တင်ထားသည့် အရွယ်မျိုးစုံနှင့် ပုံသဏ္ဍာန်မျိုးစုံ ပါဝင်သည့် ရွှေလက်စွပ်အကွင်း ၅၀ အလေးချိန် ၅၀ ကျပ်သားခန့် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ရွှေခိုးယူခံရမှုနှင့် ပတ်သက်၍ တောင်ကြီး မြို့မရဲစခန်း က (ပ)/၂၂၆ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Mizzima

ဂျမိုင်ကောင်စခန်းမှာ ကချင်ဒုက္ခသည်တွေနဲ့ ကုလအထူးအကြံပေး တွေ့ဆုံ

 
 ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အကြား မကြာခင်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိ နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) က ပြောကြားလိုက်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ ဒီကနေ့ နေ့လည်ပိုင်း ကချင်ပြည်နယ် ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ကို လေယာဉ်နဲ့ ရောက်ရှိ သွားပြီး နေ့လည်ပိုင်းမှာ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာရောက် လည်ပတ်ခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးအောင်မြတ်က ဗွီအိုအေကို ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မေးချင်တာမေးဖို့ မစ္စတာ နမ်ဘီယားက ခွင်ပြုတဲ့အတွက် ဒုက္ခသည်တွေဘက် ကလည်း သူတို့ရဲ့ စိုးရိမ်မှုတွေကို မေးမြန်း ပြောဆိုခဲ့တယ်လို့ ဦးအောင်မြတ်က ပြောပါတယ်။

“တယောက်ပြောတာက အခု ပြန်လို့ရပြီဆိုတာ အားလုံးတော့ ပြောနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်တဲ့ အချိန်မှာ တိုင်းရင်းသားတွေက အားလုံး တောင်သူတွေပဲ လုပ်စားကြတယ်။ တောင်ယာတွေပဲ ခုတ်စား ကြတော့ တောင်ယာသွားတဲ့လမ်းမှာ လုံခြုံတာမျိုးမရှိဘူး။ ကျနော်တို့တွေဟာ စစ်တပ်နဲ့တွေ့တဲ့အချိန် ဖမ်း တာ၊ နှိပ်စက်တာမျိုး၊ မသင်္ကာဖြစ်တာမျိုး အဲ့လိုမျိုး ခဏခဏဖြစ်တယ်။ အဲ့ဒါကြောင့် ဒီမှာ ပြန်လုပ်လို့ရ တယ်လို့ ပြောဆိုနေပေမဲ့ တကယ့် လက်တွေ့ကျမှ ကျနော်တို့ ပြန်လို့မရဘူးလို့ သူတို့က အဲ့လိုမျိုး ပြောကြ တယ်။ အဲ့ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောကြတယ်။”

မြန်မာအစိုးရနဲ့ ကချက် လက်နက်ကိုင် အဖွဲ့အစည်းကြားက တွေ့ဆုံဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိပြီး ကချင်ပြည် သူလူထု လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အ ကြောင်း မစ္စတာ နမ်ဘီယား က ပြောဆိုသွားတယ်လို့ ဦးအောင်မြတ်က ဆက်ပြောပါတယ်။

“ကျနော့်အမြင်ရော သူတို့လာတာကတော့ တကယ် ဒီ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေ တော် တော် အဲ့ဒါ အကျိုးသက်ရောက်မယ်လို့ ကျနော် မြင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီနေ့ သူ ခွန်အားပေးသွားတာက သူ ဒီ ဒီ နောင်ဖြစ်လာမယ့်အချိန်မှာ တခြား ပဋိပက္ခ မရှိဖို့ အားလုံး ကြိုးစား ကြပါတယ်လို့ သူက အဲ့လို ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာ ဇွန်လမှာ ကျင်းပတဲ့ ဒီ KIO နဲ့ သူတို့ ဒီ စစ်တပ် အစိုးရတွေ ညှိနှိုင်းတဲ့ ဒီဟာ မြစ်ကြီးနား မနောပွဲမှာ ကျင်းပတဲ့ ဒီဟာ ပထမဆုံး Agreement ပေါ့နော် ဒီဟာ အချက် ၇ ချက်ပါ တကယ့် ဒီဟာ ဖော်ဆောင်တာတွေ အကျိုးသက်ရောက်မယ့် တကယ့် ညှိနှိုင်း ဆွေးနွေးဖြစ်ပါတယ် ဆိုပြီးတော့မှ ပြောပါတယ်။”

“ပြီးတော့ အဲ့ဒါ ခွန်အားပေးသွားတာကတော့ ဒီဟာ အခု မင်းတို့ မျှော်လင့်ထားတဲ့ တန်းတူညီမျှ အခွင့်အ ရေးရဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ် ဖော်ဆောင်လာမှာပါလို့ အဲ့လိုမျိုးပြောပြီးမှ ခွန်အား ပေးသွားတာပါ။”

သူ အရင်တခေါက် မြန်မာပြည်ကို လာရောက်စဉ်ကလည်း ဒီ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာသွား ခဲ့ပါသေးတယ်။ မစ္စတာ နမ်ဘီယား မြစ်ကြီးနားမြို့ ကို ရောက်လာပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးတဲ့ အခြေအနေတွေကိုတော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့နဲ့ မတွေ့ဘူးဗျ။ သူ့ဟာသူ ဟိုဟာနဲ့တွေ့တာ။ ဟိုဟာပေါ့ KBC သွားတယ်ဗျာ။ KBC ဆိုတာ ခရစ် ယာန်ဂိုဏ်းဂဏပေါင်းစုံအဖွဲ့ပေါ့။ အခု အဲ့ဒါ မနက်ရောက်ပြီး ခဏ လေဆိပ်မှာနားပြီး သွားတွေ့တယ်။ တွေ့ပြီးရင်တော့ သူ IDP Camp တွေ လျှောက်သွားမှာပေါ့ဗျာ။ သူက သွားတယ် ကျနော်တို့ မပါဘူးဗျ။ ကောင်း တာက သူတို့ကို မေးရင်တော့ အပြည့်အစုံရမယ်။ ကျနော်တို့ကျတော့ တခါတည်းမေးလိုက်တယ် လိုက်ဖို့လိုလားလို့။ သူတို့က လွတ်လွတ်လပ်လပ်ပဲ သွားမယ်ဆိုတော့ ပြီးသွားရောပေါ့ဗျာ။ မနက်ဖြန် လိုင်ဇာသွားပါမယ်။ လိုင်ဇာသွားရင်လည်း ကျနော်တို့ မပါပါဘူး။ ကျနော်တို့က စီစဉ်ပေးလိုက်တာ။ ကားတွေ၊ လုံခြုံရေးတွေ အေးဆေးပါပဲ။”

မေး။          ။ ဆိုတော့ မြန်မာအစိုးရဘက်က တယောက်မှ မပါဘူးဆိုတဲ့ သဘောလားခင်ဗျ။

ဖြေ။           ။ “ဟုတ်တယ်။ ကျနော်တို့ မလိုက်ပါဘူး။ မလိုက်ဘူးဆိုတာ သူတို့က သူတို့ဟာသူတို့ သွားပြင်တာလေ။”

မနက်ဖြန်မှာတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မစ္စတာ နမ်ဘီယား သွား ရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ KIO အဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ ယူဆရပေမဲ့ ဘယ်သူ တွေပါမယ်ဆိုတော့ အတိအကျတော့ မသိသေးဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

“သူတို့က KIO ဗဟိုမှာသွားမယ်ဆိုတော့ ဗဟိုလူကြီးတွေ အားလုံးနဲ့ တွေ့မယ်ကတော့ မသိဘူးလေ။ ဗဟိုကို သွားမှာဆိုတော့ အားလုံးနဲ့ တွေ့ဖြစ်လိမ့်မယ်ထင်တယ်။ ကျနော့်အထင်ပါ။”

မေး။          ။ ကျနော်တို့ကြားတာက ဦးခွန်ဂျာတို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကနေပြီး ကြားဝင် ဆောင်ရွက်ပေးသလားလို့ပါ။ အဲ့လို နှစ်ဘက်တွေ့ဆုံဖို့အတွက်လေ။ မစ္စတာ နမ်ဘီယားနဲ့ KIO ဗဟိုက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ကိစ္စအတွက်။ ဖြေ။           ။ “အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့က တိုက်ရိုက် ဆက်သွယ်တာတော့ မရှိဘူး။ သူတို့ရောက်လာတဲ့ အချိန်မှာပဲ လိုက်ပို့ဖို့အတွက် ကျနော်တို့ PCG ကို တာဝန်ပေးထားတယ်ခင်ဗျ။”

မေး။          ။ ဟုတ်ကဲ့ ဦးခွန်ဂျာတို့ဘက်က လိုက်ပို့ပေးမယ်ပေါ့နော်။ သဘောက သူနဲ့အတူတူ လိုက်သွားမယ်ပေါ့။ ဖြေ။           ။ “ဟုတ်ကဲ့။ ဟုတ်ကဲ့”

မစ္စတာ နမ်ဘီးယားဟာ မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့ကျရင် လိုင်ဇာမှာ KIO အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်ကနေ ပြန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်ရက်တွေမှာ ဘယ်သူနဲ့တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါဟာ မစ္စတာ နမ်ဘီယားအနေနဲ့ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့တို့ မေလအတွင်း တွေ့ဆုံကြစဉ်တုန်းက ကေအိုင်အိုအဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့သူလို မေလ ၃၀ ရက်နေ့မှာ သဘောတူညီချက် (၇) ချက်ကို လက်မှတ်ထိုးကြစဉ်တုန်းကလည်း လေ့လာသူအဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွေ့အကြုံတွေကိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့ကို မစ္စတာ နမ်ဘီယား တင်ပြခဲ့ပါတယ်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကိုတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပြီးတာဖြစ်ပါတယ်။
 
Ref...voanews