ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အတွင်း၌ ဟံသာဝတီလေဆိပ်စီမံကိန်းများကြောင့် ယခုရက်ပိုင်းအတွင်း အဝယ် လိုက်လာခဲ့ပြီး မြေဈေးနှုန်းများမှာ ကျပ်သိန်းတစ်သောင်းဝန်းကျင်အထိ မြင့်တက်လာခဲ့သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ပဲခူးမြို့ဟံသာဝတီ လေဆိပ်အနီး ပတ်ဝန်းကျင်ဒေသများ၌ ပေ(၄၀x၆၀)မြေကွက်တစ်ကွက်လျှင် ပျမ်းမျှဈေး နှုန်း ကျပ်သိန်း၅၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲခူးမြို့အချက်အချာကျသောနေရာများ၌ အိမ်ခြံ မြေဈေးနှုန်းများမှာ ကျပ်သိန်း တစ်သောင်း ဝန်ကျင်အထိရောက်ရှိနေခြင်းဖြစ်သည်ဟု Eastate Myanmar အိမ်ခြံမြေအကျိုးဆောင်းလုပ်ငန်းမှ စုံစမ်းသိရှိရသည်။
“ပဲခူးကောလိပ်အနီး ဉာဏ်စတားအထည်ချုပ်စက်ရုံ အနီးက ခြံမြေလယ်မြေတွေဆိုရင် အရင်ကအဲဒီ လောက်ဈေးမရှိဘူး။ အခုဆိုရင် သိန်း ၆၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်။ ရန်ကုန်ပဲခူးလမ်းမကြီး ဘေးက မြေကွက်တွေဆိုရင်လည်း ဒီဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တာများတယ်။ ဒီဘက်မှာပေ(၄၀x ၆၀)နဲ့ရောင်းတာ သိပ်မရှိဘူး”ဟု ပဲခူးကောလိပ်အနီး၌ နေထိုင်သည့်အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေများမှာ အဝယ်လိုက်လာသဖြင့် အိမ်ခြံမြေဈေးနှုန်းများ လည်း အဆမတန် မြင့်တက်လာခဲ့ပြီး လက်ရှိကာလတွင် ပဲခူးမြို့အတွင်းရှိ ဂရန်ပါပေ(၄၀x၆၀) ခြံတစ်ကွက်လျှင် သိန်းခုနစ်ထောင်မှ တစ်သောင်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်ဟု ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
“ပဲခူးမြေဈေးက အဲ့ဒီလောက်မပေါက်ဘူး၊ အခုဆို ပဲခူးမြို့ထဲပိုင်းလိပ်ပြာကန်ဘက်က မြေကွက်တွေဆို ဂရန် ပါမြေကွက် (၄၀×၆၀)ဆို ကျပ်သိန်း ၈ထောင်ကနေ တစ်သောင်းဝန်းကျင်အထိ ရှိတယ်” ဟု ပဲခူးအိမ်ခြံ မြေပွဲစားဒေါ်ရီရီမြင့်က ပြောသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် ပဲခူးမြို့တွင်းနှင့်ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေဈေး နှုန်းများ အဓိကမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။
“အရင်ကဆို မြေဈေးတွေက အဲ့ဒီလောက်၊ မရှိဘူး ပဲခူးဘုရားကြီးအနီးပတ်ဝန်ကျင်မှာရှိတဲ့ မြေကွက်တွေဆို ပေ (၄၀x၆၀)ဆို သိန်း(၂၀၀)ဝန်းကျင်လောက်ပဲ ရှိတယ်။ မြေဈေးတွေတက်တာ သိပ်မကြာသေးဘူး။ ပဲခူးကောလိပ်ကိုသွားတဲ့ လမ်းအနီးမှာရှိတဲ့ စက်မှုဇုန်မြေကွက်တွေဆိုရင်လုပ်ငန်းရှင်တွေပဲ ဆင်းဝယ် တာများကြတယ်။ အဲဒီဘက်မှာတော့ ပေနဲ့ရောင်းတာ သိပ်မရှိဘူး။ လယ်မြေ တွေဆို ဧကနဲ့ရောင်းပြီး၊ သူ တို့ လုပ်ကိုင်စားသောက်နေတဲ့ ခြံတွေဆိုရင်လည်းအရှိကို တွက်ပြီးရောင်းတာများတယ်” ဟု ပဲခူးဒေသခံ ဦးမြင့်ဌေးက ပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့တွင်းနှင့်ရန်ကုန်-ပဲခူးလမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေဈေး နှုန်းများ အဓိက မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။
Credit: မြစ်မခ
0 comments:
Post a Comment