Pages

Thursday, September 5, 2013

ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို ရှုတ်ချဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်


ခရမ်းမြို့နယ်၊ သက္ကယ်ကုန်း ကျေးရွာတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရှုတ်ချဆန္ဒပြမှုများ ပြုလုပ်နေကြစဉ်

 ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ရှုတ်ချဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။ သန်လျင်၊ ခရမ်း၊ လှည်းကူး၊ ဒလ၊ ကွမ်းခြံ ကုန်း၊ ဆိပ်ကြီးခနောင်တို၊ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ကဲ့သို့သော ရန်ကုန် တိုင်း အတွင်းရှိ ဆင်ခြေဖုံး မြို့နယ်များနှင့် ယင်းမြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် လွန်ခဲ့သည့် သုံးလခန့်မှ လက်ရှိအချိန်ထိ ရှုတ်ချဆန္ဒပြခြင်း၊ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။ ထို့ပြင် ယင်းဆန္ဒပြမှု အများစုတွင် လူအင်အား ၁၀၀ ခန့် ပါဝင်ပြီး မကောင်းမှု စိတ်ကွယ်ရာ မရှိစေရ၊ ဒုစရိုက် သမားများအတွက် ရပ်ကွက်ကျေးရွာအတွင်းတွင် နေစရာမရှိ စသောဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တရား ၀င်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှလည်း အသိပညာပေး ဟောပြောမှုများကို မြို့နယ်များ၊ ရပ်ကွက်များတွင် လိုက်လံပြုလုပ်နေပြီး ဘာသာတရား ကိုင်းရှိုင်းမှု မရှိခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ဆင်ဆာမဲ့ ညစ်ညမ်းဗီဒီယိုများ ကြည့်ရှုခြင်းတို့ကြောင့် မုဒိမ်းမှုများ ဖြစ်ပွားနေရခြင်း ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းအသိပညာပေး ဟောပြောချက်တွင် ဖော်ပြထားမှုအရ သိရ သည်။

"သူတို့ အရပ်ဒေသတွေမှာ အဲဒီလို အဓမ္မပြုကျင့်မှုတွေဖြစ်လို့ အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ ကျွန်တော်တို့လည်း နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက် အသိပေး ဟောပြောမှုတွေ ရွာတွေ၊ ရပ်ကွက် တွေအထိ ဆင်းပြီးလုပ်ပါတယ်။ အဓိကကတော့ အရက်သေစာ သောက်စားမှုနဲ့ ညစ်ညမ်းဗွီဒီယိုခွေတွေ ကြောင့်လည်း ပါပါတယ်။ အဲဒီလိုတွေ မဖြစ်အောင် အသေးစိတ် အသိပညာပေးမှုတွေ ပြုလုပ်တာပါ" ဟု သြဂုတ် ၃၀ ရက်က မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည့် ဆိပ်ကြီးခနောင်တို ရဲစခန်းမှ ဒုရဲ အုပ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ မုဒိမ်းမှုပေါင်း ၈၃ မှု ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ၂၉ မှု၊ အသက် ၁၀ နှစ် အောက် ကလေးငယ်များ ကျူးလွန်ခံရမှု ခုနှစ်မှု ဖြစ်ပွားခဲ့ကြောင်း အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်များကို ကျူးလွန်မှုများ၊ ဖခင်မှ သမီးအရင်းကို ကျူးလွန်မှုများ၊ ပထွေးမှ မယားပါသမီးကို ကျူးလွန် မှုများ၊ ဆွေမျိုးအချင်းချင်း ကျူးလွန်မှုများ ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

Ref....Eleven

0 comments:

Post a Comment