တရား စီရင်ရေး တွင် အဂတိ လိုက်စား မှု ရှိ မရှိ နှင့် ဥပဒေ နှင့် ညီညွတ် ခြင်း ရှိ မရှိ စောင့်ကြည့် နို င်ရန် ဖွဲ့စည်း မည့် တရားရုံး စောင့်ကြည့် ရေး ကော်မတီ တွင် သတင်း မီဒီယာ သမား တစ်ဦး ကို အတွင်းရေးမှူး အဖြစ် ခန့်အပ် မည့် ပုဒ်မ တစ်ခု ကို တရားရုံး များ စောင့်ကြည့် ရေး ဥပဒေ ကြမ်း တွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း ပြည်သူ့ လွှတ်တော် တရား စီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို က ပြောကြား သည်။
ပြည်သူ့ လွှတ်တော် က ရေးဆွဲ လျက် ရှိသော ယင်း ဥပဒေ ကြမ်း တွင် စာနယ်ဇင်း ကောင်စီ က ခွင့်ပြု သော သတင်း မီဒီယာ သမားများ ကို မြို့နယ် နှင့် ခရိုင် အလိုက် ဖွဲ့စည်း မည့် တရားရုံးေ စာင့်ကြည့် ရေး ကော်မတီ တွင် အတွင်းရေးမှူး အဖြစ် ခန့်အပ် နိုင်ကြောင်း ဖော်ပြ ထားသည် ဟု ၎င်းက ဆို သည်။ တရားရေး မဏ္ဍိုင် ယိမ်းယိုင် နေမှု ပြန်လည် တည့်မတ် နိုင်ရန် ယင်း ဥပဒေ ကို ရေးဆွဲ ရခြင်း ဖြစ်ကြောင်း သူရ ဦးအောင်ကို က ထပ်လောင်း ပြောကြား သည်။ “ဗဟို အဆင့် ကနေ မြို့နယ် အဆင့် အထိ မီဒီယာ တွေ ကို စောင့်ကြည့် ပြီး ပါစေချင် ပါတယ်။ စတုတ္ထ မဏ္ဍိုင် ကို လည်း အားပြု တဲ့ သဘော ပါ” ဟု ပြည်သူ့ လွှတ်တော် တရား စီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို က ရှင်းပြ သည်။
လက်ရှိ တွင် စာနယ်ဇင်း ကောင်စီ ( ယာယီ ) ၏ ရေးဆွဲ ထားသော အခြေခံ မူ သဘော များ တွင် ယင်း ကဲ့သို့ ကိစ္စများ နှင့် ပတ်သက် သော အချက် အလက်များ ထည့်သွင်း ထားခြင်း မရှိ ကြော င်း၊ ကောင်စီ ၏ ခွင့်ပြုချက် ဆိုသည်မှာ လည်း အားလုံး ကိုယ်စား ထုတ်ပြန် ပေးနိုင် သည့် အာဏာ ပိုင် အဖွဲ့ အစည်း မဟုတ်သော ကြောင့် ယင်း ကိစ္စ သည် လွဲချော် သည့် အချက် ဖြစ်ကြော င်း မြ န်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ ) အဖွဲ့ဝင် ဦးကိုကို ( Yangon Media Group ) ကေ ထာက်ပြ ပြောဆို သည်။ “မီဒီယာ သမား ရဲ့ တာဝန် က ဒီအလုပ် လုပ်ရမှာ မဟုတ် ပါဘူး။ Police တို့၊ Inspector တို့မှ မဟုတ် တာ၊ ကျွန်တော် တို့က အဝေး ကပဲ စောင့်ကြည့် ရ မှာ။ အတွင်း ကို ဝင်ကြည့်မယ့် သူတွေ မဟုတ် ပါဘူး” ဟု ၎င်းက မှတ်ချက်ပြု သည်။
လက်ရှိ တွင် တရားရုံး များ စောင့်ကြည့် ရေး ဥပဒေ ကြမ်း ကို နှစ်ပိုင်း ခွဲကာ ရေးဆွဲ နေခြင်း ဖြစ်ပြီး ပထမပိုင်း မှာ ရေးဆွဲ ပြီး ဖြစ်၍ ဒုတိယ ပိုင်း ကို ဆက်လက် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း၊ ယင်း ဥပဒေ ကြမ်း ကို လွှတ်တော် သို့ မတင် မီ ပြည်သူ အများ သိစေရန် ချပြ သွားမည် ဖြစ်ကြောင်း သူ ရ ဦးအောင်ကို က ပြောကြား သည်။ ဥပဒေ ကြမ်း ရေးဆွဲ ခြင်း မပြီးပြတ် သေးသောကြောင့် ပုဒ် မ နှင့် အချက် အ လက် များ အားလုံး ပြောကြား နိုင်ခြင်း မရှိသေး ကြောင်း ၎င်းက ထပ်လော င်း ပြော ကြား ခဲ့သည်။
The Voice Daily
0 comments:
Post a Comment