Pages

Thursday, October 10, 2013

ဖြူးစာ တိုက် ရုံးရှေ့ ခရီးသည် တင် ယာဉ်ပေါ် တွင် လက်လုပ်ဗုံး တွေ့

တောင်ငူ ခရိုင် ဖြူး မြို့နယ် ဆက်သွယ်ရေး လုပ်ငန်း စာတိုက်ရုံး ရှေ့ ရန်ကုန် - မန္တလေး လမ်းေ ဟာ င်း မိုင် တိုင် အမှတ် ၁၄၂ / ၆ တွင် အောက်တိုဘာ လ ၉ ရက် နံနက် ၉ နာရီခန့်က ရပ် ထား သော လိုက်ထရပ် အဖြူ ရောင် ခရီးသည် တင်ယာဉ် ပေါ်မှ ပလတ်စတစ် အိတ် အတွင်း ထည့်ထား သော လက်လုပ်ဗုံး တစ် လုံး ကို တွေ့ရှိ ခဲ့ကြောင်း အဆိုပါ မြို့ ဒေသခံ တစ်ဦး က ပြော ကြား သည်။

ညောင်လေးပင် မြို့မှ ထွက်ခွာ လာသော ညောင်လေးပင် - တောင်ငူ ပြေးဆွဲ သည့် လိုက်ထရပ် ယာ ဉ်ပေါ် မှ ယာဉ် နောက်လိုက် ဦးချစ်ကို က ယာဉ် ၏ ဘယ်ဘက် ခြမ်း ထိုင်ခုံ အောက်တွင် ပလတ်စတစ်အိတ် အ ဝါ ရောင် အတွင်း အမည်းရောင် အစိမ်းရောင် တိပ်ဖြင့် ပတ် လျက် နှစ်လက်မ ခန့် ရှိသော အထုပ် တစ် ထုပ် ကို တွေ့ရှိ သဖြင့် မသင်္ကာသောကြောင့် အထုပ် ကို ဖြေကြည့် ရာ တွင် နာရီ စက်သံ ကြားရ သဖြင့် အဆိုပါ လမ်း အနီး ရှိ ဖြူးမြို့မ ရဲစခန်း တာဝန်ရှိ သူများ ကို ယာဉ် နောက်လိုက် က အကြောင်း ကြား ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်း ထံမှ သိရှိရသည်။

“၁၀ နာရီ ၃၀ မိနစ် လောက်မှ ဆက်သွယ်ရေး ရုံးရှေ့ ခရီးသည်တင် ယာဉ် ပေါ်မှာ ဗုံးတွေ့ လို့ ဆိုပြီး လူတွေ တအုပ်ကြီး သွားကြည့် ကြတယ်။ ရဲတပ်ဖွဲ့ တွေ လည်း ရောက် လာပြီး ဗုံး ကို သဲ အိတ်တွေ နဲ့ ကာနေ တာ တွေ့တယ်” ဟု ဖြူး မြို့နယ် ထန်းကုန်း လမ်းပေါ် ရှိ အသက် ၃၅ နှစ် အရွယ် အမျိုးသား တစ်ဦး က ပြောကြား သည်။ တောင်ငူ မြို့နယ် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင် နီယာ တပ်ရင်း မှ တာဝန်ရှိ သူများ က ညနေ ၄ နာရီ တွင် လာရောက် စမ်းသပ် စစ်ဆေးပြီး နောက် လက်လုပ်ဗုံး အဖြစ် အတည်ပြု ပေးခဲ့ကာ အများ ပြည်သူ ကို ထိခိုက် စေနိုင် သော ကြောင့် ဖြူး မြို့နယ် နယ်မြေခံ တပ်ရင်း သို့ ယူဆောင် ကာ ရှင်းလင်း မည် ဖြစ်ကြောင်း အဆိုပါ စစ်မြေပြင် အင် ဂျင်နီယာ တပ်ရင်း မှ တပ်ကြပ်ကြီး တစ်ဦး က ပြော ကြား သည်။

“လက်လုပ်ဗုံး ဆိုတာ သေချာ ပါတယ်။ မြို့နယ် နယ်မြေခံ တပ်ရင်း ကို ယူဆောင် သွားပါပြီ။ လိုအ ပ် ရင် တော့ ခွဲပစ် ပါလိမ့်မယ်” ဟု ၄င်းက ရှင်းပြ သည်။ ဗုံးတွေ့ ရှိရာ နေရာ တွင် ညနေ ၄ နာရီ ခန့် က သဲအိတ် များ ချကာ စတင် စစ်ဆေးခဲ့ခြင်း ကြောင့် ရန်ကုန် - မန္တလေး လမ်းဟောင်း တွင် နာရီဝ က် ခန့် ယာဉ် အ သွား အလာ ရပ်ဆိုင်း ပြီး လက်လုပ် ဗုံး ကို နယ်မြေခံ တပ်ရင်း သို့ သယ်ဆောင် ခဲ့ေ ကြာင်း ဖြူး မြို့နယ် ဒေ သခံ အချို့က ပြောကြား ခဲ့သည်။

The Voice Daily

0 comments:

Post a Comment