Pages

Thursday, October 10, 2013

ဘင်္ဂလားဒေ့ရှ် ၌ အထည်ချုပ် စက်ရုံ မီးလောင် လူ ခုနစ် ဦး ထက် မနည်း သေဆုံး


ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာ ဆင်ခြေဖုံး တွင် ရှိသော အထည်ချုပ် စက်ရုံ ၌ မီး လောင်ကျွမ်း ရာမှ လူ ခုနစ်ဦး ထက် မနည်း သေဆုံး ကြောင်း တာဝန် ရှိ ပုဂ္ဂိုလ် များ က အောက်တိုဘာ ၉ ရက် တွင် ပြော ကြား သည်။ ဒါကာမြို့ မြောက်ဘက် ကီလိုမီတာ ၄၀ ခန့် ကွာဝေး သော ဂါဇီပါး မြို့ ရှိ နှစ် ထပ် အထည်ချုပ် စက်ရုံ ၌ မီး လောင်ကျွမ်း မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ အလုပ် သမား ၅၀ ခန့် ဒဏ် ရာ ရရှိ ခဲ့ကြောင်း ဒေ သ ဆိုင်ရာ သတင်း များ တွင် ဖော်ပြ သည်။

မီးလောင် မှု ဖြစ်ပွား သော နေရာ သို့ မီးသတ် သမား များ ရောက်ရှိ လာပြီး မီးကို ထိန်းချုပ် နိုင် ခဲ့ကြောင်း၊ စက်ရုံ ၏ အချို့ အစိတ် အပိုင်းများ တွင်မူ တငွေ့ငွေ့ ဆက်လက် လောင်ကျွမ်း လျက် ရှိကြောင်း၊ မီးလောင် မှု ဖြစ်ပွား ရသည့် အကြောင်း ရင်း ကို မသိ ရသေး ကြောင်း၊ သို့ရာ တွင် ဇာ ပန်းထိုး သည့် ဌာန မှ စတင် လောင်ကျွမ်း သည်ဟု ယူဆ ရကြောင်း မီးသတ် ဌာန အကြီးအကဲ က ပြောကြား သည်။

ဆင်ဟွာ

0 comments:

Post a Comment