Pages

Wednesday, October 9, 2013

တရားခံ မပေါ်သေးသည့် ပြည် နဝဒေးတံတားအောက် လူသတ် မှု အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေး ပေးရန် မြို့ခံတို့ တောင်းဆို

ငါးလကျော်သည်အထိ တရားခံကို အရေး ယူနိုင်ခြင်းမရှိသေးသည့် ပြည်နဝဒေးတံတား အောက် လူသတ် မှုအား အဖွဲ့ပေါင်းစုံပါဝင်သော အဖွဲ့ဖြင့် ပူးပေါင်းစစ်ဆေးမှုပြု ရန်လိုကြောင်း မြို့ ခံတို့က တောင်းဆိုသည်။

သမီးရည်းစားစုံတွဲ ချိန်းတွေ့စဉ်တပ်မတော် သားသုံးဦးဟု ယူဆရသူတို့ကြောင့် အသက် ၂ဝ ကျော်အမျိုးသား သေဆုံးခဲ့ပြီး အမျိုးသမီး ဆေးရုံ တက်ကုသခဲ့ရသည်အ ထိ ဖြစ်ခဲ့ရသည့်အမှု ကို ယခုအချိန်အထိ မဖော်ထုတ်နိုင်သေးသည့်အပြင် အရေးမယူသေးသည့်အတွက် ထိုသို့ တောင်းဆိုခဲ့ ကြခြင်း ဖြစ်သည်။

”သေတဲ့သူရဲ့ မိဘအစား ဝင်ခံစားကြည့် ဗျာ၊ ဘယ်လိုလုပ် ကျေနပ်ကြမလဲ။ ဒါ့အပြင် မြို့ ကလည်း ဒါမျိုး ခွင့်မလွှတ်ဘူး”ဟု ပြည်မြို့အခြေ စိုက် ကရုဏာလက်များကွန် ရက် ဥက္ကဋ္ဌ ဦးမြင့် အေးက ဆိုသည်။

အမှုစတင်ဖြစ်စဉ်က ပြည်မြို့မရဲစခန်းက လူသတ်မှု၊ လုယက်မှုတို့ဖြင့် ပုဒ်မတပ်ကာသံသယ ရှိသူ တပ်မ တော်သားသုံးဦးကို အမှုဖွင့်ခဲ့သော် လည်း အချိန်ပိုင်းအတွင်း ခလရ ၇၅ က ချက်ချင်း လွှဲပြောင်းယူသွားခဲ့သည်။ ယခုလ ၄ ရက်နေ့ တွင် ပြည်မြို့ရှိ တပ်မ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းဘိုရှိန် နှင့်အဖွဲ့က ၄င်းတို့၏ တပ်သား ၃ ဦး ပြစ်မှုကျူး လွန်ခြင်း မရှိဟု ဖြေရှင်းမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကွန်ရက်ဥက္ကဋ္ဌက ”ဒီအချိန်ကျမှ သူတို့တွေ ထုတ်ပြောကြတာ ဘာကြောင့်လဲ”ဟု မေးခွန်း ထုတ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၇ ပုဒ်မ ၃၄၃(က)နှင့်(ခ)အရ တပ်မတော် သားများနှင့်ပတ်သက်၍ စစ်ဘက်တရားစီရင်မှုကို တပ်ကသာ သီးခြားပြု လုပ်မည်ဟူသော အချက် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံး အဖြတ်က နောက်ဆုံးဖြစ်ရမည်ဟူသော အချက် ကို တပ်က စွဲကိုင်၍ ထိုသို့ဆုံးဖြတ်ခြင်းလားဟု ဥက္ကဋ္ဌ ဦးမြင့်အေးက ဆက်ပြောသည်။

”သူတို့တွေ ကြိုက်တဲ့နေရာမှာ သတ်။ ဒါကို ကာကွယ်ပေးထားမယ်။ ဒါဆိုရင် ပြည်သူလူထု တွေ လုံခြုံမှုကို အလေးမထားတော့ဘူးလား”ဟု ဦးမြင့်အေးက ထောက်ပြသ ည်။

အမှုဖြစ်စ၌ နယ်ရဲက ကိုင်တွယ်၍ ပိုမိုသေ ချာစေရန် ရဲချုပ်ရုံးမှ CID (အထူးရဲတပ်ဖွဲ့)ကို စေလွှတ်ပြီး စစ်ဆေးခဲ့ဖူးသည်ဟု အမှုနှင့် နီးစပ် သူတစ်ဦးထံမှ သိရသည်။

ပြည်မြို့ ဒေသခံတစ်ဦးကလည်း ”မဟုတ် ရင် မဟုတ်ကြောင်း ရဲ၊ တပ်မတော်၊ မြို့မိ၊ မြို့ဖ လွှတ်တော် ကိုယ်စားလှယ်၊ ဒီအဖွဲ့တွေနဲ့ စစ်ဆေးပြီး ထုတ်ပြန်ပေးသင့်တယ်။ သူတို့ မဟုတ်ရင် ဟုတ်တဲ့သူကို ဖော် ထုတ်ပေးပါ”ဟု တောင်းဆို သည်။

ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်၊ ပြည်မြို့၌ တပ်ဘက်မှရှင်းလင်းရာတွင် ၄င်းတို့ဘက်မှ စွပ်စွဲ ခံရသည့် တပ်မ တော်သားသုံးဦးသည် ညနေ တန်းစီချိန်၌ တပ်ထဲတွင်ရှိေ ကြာင်း၊ နောက်ပိုင်း ဘီယာသောက်ရင်း ငွေကျပ် နှစ်သောင်းချေးကာ တပ်အပြင်ခိုးထွက်သွားချိန်၌ စွပ်စွဲဖမ်းဆီးခံခဲ့ရ သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရဲစခန်းမှ အမှုမပိတ်သေးပါကြောင်းနှင့် ဥပဒေနှင့် အညီ လုပ်ဆောင်နေပါကြောင်း ပြော သည်။

popularmyanmar

0 comments:

Post a Comment