မီးလောင် မှုဖြစ်ပွားခဲ့သည့် (CP) ကြက်အူ ချောင်းစက်ရုံမှ ကျပ်သိန်း ၈၀၀ ကျော် အာမခံလျော်ကြေးကို မြန်မာ့ အာမခံလုပ်ငန်းထံမှရရှိခဲ့ ကြောင်း သိရသည်။ ဩဂုတ် ၂၅ရက် အပူရှိန်လွန်ကဲမှုကြောင့် မီးလောင် မှုဖြစ်သွား ခဲ့သည့် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ စီပီကြက် အူချောင်းစက်ရုံအား မီးအာမခံ လျော်ကြေးကို စက်တင်ဘာ ၅ ရက်တွင် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ''လူကလုပ်တဲ့ အမှား ကြောင့်ဖြစ် ဖြစ် သဘာဝဘေး အန္တရာယ်ကြောင့်ပျက်စီးမှုတွေဖြစ်ခဲ့ရင် ဆုံးရှုံးမှုတွေကိုကာမိအောင် အာမခံထားရပါ တယ်။ ခုဆိုပုဂ္ဂလိကအာမခံကုမ္ပဏီတွေ လဲရှိလာပါပြီ။ တချို့ကဘာမှလဲ မဖြစ်ဘဲ ပရီမီယံကြေးတွေပေး ထားရတာ အလကားလို့ထင်ကြတယ်။ အာမခံထားတယ်ဆိုတာ ဆုံးရှုံးမှုကို အရင်းအစားပြန်ရတာ ဖြစ်တဲ့ အတွက် နိုင်ငံတကာမှာရှိ တဲ့ အဆင့်မြင့်ကုမ္ပဏီတွေဟာ အာမခံထားကြပါတယ်'' ဟုပြော သည်။
ယင်းစီပီကြက်အူချောင်း စက်ရုံမှာ ကမ္ဘောဇဘဏ်လီမိတက် ဘဏ်ချေးငွေဖြင့် မီးအာမခံထား ခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုအာမခံအဆောက်အအုံကို အာမခံထားငွေ ကျပ်သန်း ၆၀၀ အတွက် လျော်ကြေးငွေကျပ် ၈၂ ဒသမ ၈၇၅ သန်းခန့်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြန်မာ့အာ မခံလုပ်ငန်းအပြင် ပုဂ္ဂလိက အာမ ခံကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီး အဆိုပါ ပုဂ္ဂလိကလုပ်ငန်းများတွင် အသက်အာမခံ၊ မော်တော်ယာဉ်အာမခံ၊ မီးအာမခံ၊ ငွေသား အာမခံနှင့် သမာဓိအာမခံ တို့ထားနိုင်ကြောင်း သိရသည်။
Ref...Yangon Media Group
0 comments:
Post a Comment