ကချင်ပြည်နယ် အတွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကို ဒေသခံများ ယုံကြည်မှုအားနည်းလာကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။
”အောက်ခြေမှာ ခဏခဏပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အုပ်ချုပ်ရေးပိုင်းက လုပ်တဲ့ဆွေးနွေးမှုကို ခိုင် မာမှုနည်းတယ်လို့ ထင်လာတယ်။ ဒါကြောင့် လွှတ်တော်ကို အားကိုးလာကြ တယ်။ ဘာကြောင့် ပြန်ဖြစ်နေ တာလဲဆိုတာ ဆွေးနွေးမှုရလဒ် မခိုင်မာလို့ပါ ပဲ” ဟု ၄င်းက စက်တင်ဘာ ၃ ရက်နေ့ တွင် ပြောသည်။
ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ကချင်ပြည်သူများနှင့်စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ များသည် ထပ်မံစိုးရိမ်နေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ တောင်ပေါ်ဒေသ နေ သူများသည် စစ်ဘေးတိမ်းရှောင်မှုကို အသွားအပြန် ပြုလုပ်နေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ရဲမှူးကျော်ဇေယျာ ဝင်း က ”အသေးစိတ်ကို ပြောလို့မရ သေးဘူးခင်ဗျ” ဟု ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို စက်တင်ဘာ ၃ ရက် နေ့တွင် ဖြေကြားခဲ့သည်။
”ဆွေးနွေးနေတဲ့အပိုင်းကို မြန်မြန် လုပ်စေချင်တယ်။ ဆွေးနွေးပွဲတစ်ခုနဲ့ တစ်ခုကြား ကြာလာတာ နဲ့ ဆက် ဖြစ် နေ တာပဲ” ဟု ဒေါ်ဒွဲဘူက ၄င်း၏အမြင်ကို သုံးသပ်သည်။
လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေး ပွဲရလဒ်ကို ကေအိုင်အေနှင့် မြန်မာတပ် မတော်ကြား အထင်အမြင်လွဲမှားသော အတွေးများ ထားရှိရန်မသင့်ဘဲ ကြားလူ ဝင်ရောက် ဖြေရှင်းသည့်နည်းလမ်းကို လည်း မသုံးစေ ချင်ကြောင်း၊ တပ်မ တော်အနေဖြင့်လည်း မိမိတိုင်းပြည်ကို ကာကွယ်ရန်အတွက် မိမိတို့၏ တိုင်း ရင်းသားလူမျိုးအရေးကိုပါ ကာကွယ် ပေးရမည် ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ထပ်လောင်းပြောသည်။
”သို့လော သို့လောတွေ နှစ်ဖက် ရှိလာတယ်။ ဒါမျိုးဟာ ရလဒ်ကောင်း မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသားတွေ ကို ကာကွယ်ပေးနိုင်မှ ကိုယ့်တိုင်းပြည် ကို ကာကွယ်နိုင်မှာပါ” ဟု ၄င်းကဆိုသည်။
ထို့ပြင် ”ကေအိုင်အေနဲ့ တပ်မ တော်တွေ့ဆုံဖို့ ရွာတစ်ရွာ သတ်မှတ် ထူထောင်ပေးနိုင်မလား။ အဖြေထွက်ဖို့ လိုနေပါတယ်။ တွေးတာမတူရင် အဓိပ္ပာယ် မရှိဘူး” ဟုဒေါ်ဒွဲဘူက ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ထပ် လောင်းသုံးသပ်သည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် ဒုက္ခသည်တစ်သိန်းကျော်ရှိနေပြီး ကေအိုင်အေအဖွဲ့ ၏ တိကျသော ဒုက္ခသည်စာရင်းကို မသိရကြောင်းပြောကြားခဲ့သည်။
အောင်ထက်(NYK)
Ref...Popular Myanmar News Journal
0 comments:
Post a Comment