Pages

Wednesday, September 4, 2013

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးနိုင်သည့်မြေ မရှိတော့ကြောင်း ထိုင်းလုပ်ငန်းရှင်များကို မွန်အစိုးရပြော


မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက (၄၇၀,၀၀၀) ကျော်ရှိရာ အစေးထုတ်နိုင်သည့် ဧကမှာ (၃၀၀,၀၀၀) ကျော်ရှိပြီး ရော်ဘာစိုက်ပျိုးနိုင်သည့် မြေနေရာများ မရှိတော့ကြောင်းကို စက်တင်ဘာ ၂ ရက်တွင် မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမျိုးညွန့်က ထိုင်းနိုင်ငံမှ Mr. PONLABOOTALONGXORN နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မွန်ပြည်နယ် ကုန်သည်ကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ သည်။

စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ““မွန်ပြည်နယ်မှာ လောလောဆယ် ဟိုတယ် ၂၁ လုံးရှိပြီး ရေရှည်တွင် ဟိုတယ် လုံလောက်မှု မရှိပါသဖြင့် ဟိုတယ်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံနိုင်သည်။ မွန် ပြည်နယ်တွင် ရှည်လျားသည့် ကမ်းရိုးတန်းရှိခြင်း၊ မြို့နယ်တိုင်းတွင် ယဉ်ကျေးမှု အဆောက်အအုံများ ရှိ သောကြောင့် နိုင်ငံခြားသားများ အများအပြား လာရောက်မည်ဖြစ်သည်”” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် မွန်ပြည်နယ် နီးစပ်နေသည့် နယ်မြေဖြစ်၍ မွန်ပြည်နယ်အတွင်း စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်းတွင် မော်လမြိုင် – မြ၀တီ – မဲဆောက် လမ်းသည် အဓိကကျကြောင်း၊ မိမိတို့ အဖွဲ့တွင် မွေးမြူရေးလုပ်ငန်း၊ ရာဘာကုန်ချော လုပ်ငန်း၊ သစ်အ ချောထည်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း စသည်ဖြင့် လုပ်ငန်းမျိုးစုံ ပါဝင်ကြောင်း၊ မိမိတို့အဖွဲ့သည် နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပြီးဖြစ်ပါ ကြောင်း တို့ကို Mr. PONLABOOTALONGXORN က ပြောကြားခဲ့သည်။

ကုန်သည်ကြီးများ အနေဖြင့် မည်သည့်နေရာတွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင်လိုသည်ကို လေ့လာပြီး အမှန်တကယ် လုပ်ကိုင်မည်ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ခွင့်ပြုရန် တောင်းခံရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးမည်ဖြစ်ကြောင်းတို့ကို စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောကြားခဲ့သည်။

မွန်လေး

Ref....မြန်မာသံတော်ဆင့်

0 comments:

Post a Comment