Pages

Thursday, September 5, 2013

ပဲခူးတိုင်း ကျေးရွာအုပ်ချုပ်ရေးမှုရဲ့ ယုတ်မာမှု


ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ
================================
 ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေးအဖြစ် တစ်အိမ်ထောင်လျှင်ကျပ်သိန်း ၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ် အရွယ်ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၄င်းတို့အိမ်အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။

''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်ကျွန် တော့်လက်နဲ့သွားယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင်ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့မဆိုင်ဘူး။ လာပြန်ပေး လို့တောင်းတာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက်ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေးတယ်။ ကျွန်တော်မ ကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက်အိမ် ထောင်ပြုသွားပြီ။ ရွာကို ပြန်မ လာတော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့်မှာ အသက် ၁၀ နှစ်အရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှမနှစ်ဦး အဒေါ့်အိမ်မှာကပ်နေရတယ်။ စီးပွားရေးက အဆင်မပြေဘူး။ ကျွန်တော့်ငွေ သိန်း ၃ဝ ကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေးကြပါ''ဟု  မောင်ဇော်ဝင်းမောင် က ပြောသည်။

မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဦးကျော်စွာစိုးက ''ကျွန်တော်တို့ ဒီကိစ္စကို အမှန်တိုင်းဖြစ်ဖို့အတွက် မြို့နယ်ပါတီရုံးအဖွဲ့ကနေ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်။ ဥပဒေနှင့်အညီ ဖြစ် ဖို့အတွက် လုပ်တာပါ။ အုပ်ချုပ်ရေးမှူး ဆိုတာက ပြည်သူတွေကို ကာကွယ်စောင့် ရှောက်ဖို့အာဏာကိုသုံးပြီး ပြည် သူကို အသုံးမချရဘူးဆိုတာသိရ မယ်။ ဒီလိုမျိုးတွေလုပ်နေမယ်ဆို ရင် နိုင်ငံတော်အစိုးရပါ ထိခိုက် လာနိုင်တယ်။ အခုဖြစ်တဲ့ကလေး က ၁၃နှစ်ပဲရှိ သေးတယ်။ အခုက လေးကကြောက်တော့ ရပ်/ကျေး ပါတီအတွင်းရေးမှူးအိမ်မှာ ထား ရတယ်''ဟုပြောသည်။

''အဲဒီ ရပ်/ကျေးအုပ်ချုပ် ရေးမှူးက အေးရှားဝေါကုမ္ပဏီ လျော်ကြေးငွေတွေ ပေးတဲ့နေ့မှာ ပဲ  အခုလို လျော် ကြေးငွေရအောင် ဝိုင်းကူညီခဲ့တဲ့ KNU အဖွဲ့တွေ၊NGO အဖွဲ့တွေ၊ အကျိုးဆောင် ပေးသူတွေအတွက် တစ် အိမ်ထောင်ကို ကျပ် ၅၀၀၀၀၀ စီ ပြန်ပေးရမယ်။ မပေးရင်နောင် ပြဿနာတစ်စုံ တစ်ခုဖြစ်လာရင် လိုက် ရှင်းမပေး ဘူးဆိုပြီး တောင်းပါတယ်။ ကျွန်တော်တို့လဲ ကြောက်ပြီး ပေးကြရပါတယ်။ အိမ် ၉၂အိမ်အတွက် ကျပ်သိန်း ၄၆ဝနဲ့ မောင်ဇော်ဝင်းမောင်က ကျပ် သိန်း ၃၀ အားလုံး ငွေကျပ်သိန်း ပေါင်း ၄၉၀ ကို ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က အဲဒီနေ့ကပဲ ယူသွားကြပါတယ်။ ဒီကနေ့အထိ ဘာစာရင်းဇယားမှ မရှင်းပြပါဘူး။ ဒီကိစ္စကို နိုင်ငံတော်အကြီးအကဲ တွေသိအောင် ဆက်ပြီးတင်ပြအကူအညီ တောင်းခံသွားမှာပါ'' ဟု ထုံးဘို ကျေးရွာနေ စောအယ်မှူးကလည်း တောင်သူလယ်သမား ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ရင်ဖွင့်ပြော ကြားခဲ့ကြောင်း သိရသည်။

ကိုဆွေ
Yangon Media Group 

0 comments:

Post a Comment