Pages

Thursday, September 5, 2013

ဖလမ်းမြို့နယ် မြေပြိုမှု ဘူမိဗေဒ ပညာရှင်များ စစ်ဆေး


ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာနှင့် ဇာလိုင်ကျေးရွာ အကြားရှိ သိုင်နောက်လိုဗာ ချောင်းရိုးတစ် လျှောက်တွင် သြဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့သော မြေပြိုမှုများကို ဘူမိဗေဒ ပညာရှင်များဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခု မြေပြိုမှုသည် ချင်းပြည်နယ်အတွင်း အကြီးအကျယ်မြေပြိုမှုဖြစ်ကြောင်း၊ ဇာလိုင်ကျေးရွာသည် နှစ် ပေါင်း သက်တမ်း ၁၃ဝ ခန့်က တည်ရှိခဲ့သော ရွာဖြစ်ကြောင်း၊ မြေပြိုမှုကြောင့် ရွာသူရွာသားများ ရွှေ့  ပြောင်း သွားကြသော်လည်း စိုက်ပျိုးမြေ စိုက်ပျိုးခင်းများ လာရောက် လုပ်ကိုင်မှုများ ရှိနေကြောင်း၊ အဆိုပါ မြေပြိုမှုကြောင့် ပျက်စီး ဆုံးရှုံးမှု ကာလတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် သိန်း ၁၄ဝ ကျော် ဖြစ်ကြောင်း၊ မြေပြို မှု ဖြစ်ပွားပြီး နောက်ရက်တွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့် ရှုကာ ထောက်ပံ့မှုများ ပေးသွားကြောင်း၊ NGO အဖွဲ့အစည်းများကလည်း လာရောက် ကူညီကြောင်းနှင့် မြေပြို မှုကြောင့် လူ အသေအပျောက် မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Creidt....ဇိုဟေဆာ

0 comments:

Post a Comment