ပြည်တွင်းစစ်ဖြစ်ရခြင်း၏ အကြောင်းအရင်းအချက်များတွင် အဓိကအချက်ဖြစ်သည့်
သယံဇာ တ ခွဲဝေမှု များနှင့်ပတ်သက်၍ တပ်မတော်၏အခန်းကဏ္ဍကို
မေးခွန်းထုတ်စရာများဖြစ်လာ သည်ဟု ဒေါက်တာ သန်းထွန်းက ပြောသည်။
စက်တင်ဘာ(၂၉)က ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ၏ အသွင်ကူးပြောင်းချိန်တွင်
ကြုံတွေ့ရမည့် အခွင့်အလမ်းများ နှင့်စိန်ခေါ်ချက်များ စကားဝိုင်း
ဆွေးနွေးပွဲတွင်၎င်းကအထက်ပါ အတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
““တပ်မတော်ရဲ့နိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍနဲ့စီးပွားရေးဆိုင်ရာ
အခန်းကဏ္ဍတွေကိုဘယ်လိုပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရမလဲ။ တပ်
မတော်ဟာတကယ့်Professionl Army ပေါ့။ တကယ့်နိုင်ငံရေးနဲ့
ကာကွယ် ရေးကိုထမ်းဆောင်တဲ့ အဖွဲ့အစည်းဖြစ်အောင်ဘယ်လို ကူးပြောင်းမလဲ။
ဒီနေ့ဆိုရင်တပ် က နိုင်ငံတော် ရဲ့ဦးဆောင်မှု ကဏ္ဍကနေ ၂၀၀၈ဖွဲ့စည်းပုံအရ
ပါတယ်။အဲဒီလိုပဲ၊ စီးပွားရေး ကဏ္ဍမှာလည်း နိုင်ငံရဲ့ သယံဇာတ
ဖြစ်ပေါ်မှုတွေအပေါ်မှာကော ကျွန်တော်တို့ စီးပွားရေးနဲ့ကုန်သွယ် ရေး
အခန်းတွေ မှာကော တကယ့် ကို ကြီးကြီးမားမားပါနေတယ်။
ဒါကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ””ဟု ၎င်းကပြောသည်။
လက်ရှိဖြစ်နေသည့်ပြည်တွင်း စစ်အနေအထားအရ သဘာဝ
အရင်းအမြစ်များထိန်းချုပ်လိုမှု အနေအထား များအရ ပြည်တွင်း
စစ်များဖြစ်ပေါ်နေရခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။
The Hot News Weekly.
0 comments:
Post a Comment