အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း
အခြေခံပညာအသိုင်း အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက်
၄၅နှစ်၊ ၅၀ နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း
SAT, ATEO, နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊
အရာရှိအဆင့်ကို နှစ် တိုအတွင်း ခံစားခွင့် မရှိခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ပေါင်း တည်မြို့နယ်မှ အလယ်တန်း ကျောင်းအုပ်
ဦးတင်ခိုင်ညွန့်က ''အလယ်တန်းကျောင်းအုပ်တွေ အနေနဲ့ အရာရှိအဆင့်ရဖို့မလွယ်
ဘူး။ လစာကလဲ ကွာတယ်လေ။ အဲဒီတော့ အလုပ်ထွက်ကြတယ်။ ဒါက ရာနှုန်း ပြည့်မ
ဟုတ်ပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်''ဟု ပြောသည်။ အမျိုးသားကျောင်းဆရာ
များအနေဖြင့် လစာနည်းပါးမှု၊ အရာရှိအဆင့်ရာထူးရရှိရန် ဆယ် စုနှစ်ခန့်
စောင့်ဆိုင်းရသောကြောင့် အလုပ်ထွက်ကြပြီး အခွင့်အလမ်း ပိုမိုရရှိသည့်နေ
ရာများ သို့ ပြောင်း ရွှေ့လုပ်ကိုင်လာကြကြောင်း၊ ယခု အခါ ပညာရေးကောလိပ်တွင်
ဆရာ၊ ဆရာမ ခေါ်ယူရာတွင် အမျိုးသမီး ဆရာမလျှောက်ထား မှု များပြားသောကြောင့်
အမျိုး သားကျောင်းဆရာများအတွက် ဝင်ခွင့်ရရှိရန် အခွင့် အရေး များ လာကြောင်း
သိရသည်။
ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ''အမျိုးသားကျောင်း ဆရာတွေ နည်းပါးလာတာ မှန် ပါတယ်။ အဲဒါကြောင့်လဲ
ဝန်ကြီး ဌာနအနေနဲ့ လစာတိုးပေးတာတို့၊ ဆရာတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှု၊
နေရာထိုင်ခင်းပေးတာ တို့ လုပ်ပေးရင် ဆရာတွေအနေ နဲ့ ဒီအလုပ်ကို
စိတ်ဝင်စားလာ မယ်လို့ ထင်တယ်။ ဒီကိစ္စကိုလဲ အစီအစဉ်လေးတွေဆွဲပြီး အ
ကောင်အထည်ဖော်ဖို့တော့ ဆွေး နွေးနေပါပြီ''ဟု ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ဝေး လံခေါင်ဖျားဒေသများတွင် တာ ဝန်ထမ်းဆောင်ရန် ဆရာ၊
ဆရာ မများခေါ်ယူလျက်ရှိရာ အမျိုး သားကျောင်းဆရာများကို ဦးစား
ပေးခေါ်ယူလျက်ရှိကြောင်း၊ လစာ နှစ်ဆ ခံစားခွင့်ရှိနေသော်လည်း လက်ရှိတွင်
အမျိုးသားကျောင်း ဆရာ အရေအတွက်မှာ အမျိုး သမီး ကျောင်း ဆရာမအရေအတွက်ထက်
သုံးပုံတစ်ပုံခန့်မျှသာ ရှိနေကြောင်း သိရသည်။
အထက(၂)ဒဂုံမှ
ကျောင်း အုပ်ဆရာကြီး ဦးအေးသင်းက ပြောပြရာတွင် ''အရင်တုန်းက အ
ထက်တန်း ကျောင်းအုပ်တစ်ဦး အရာရှိအဆင့်ရဖို့ဆိုရင် နှစ် ၃၀
လောက်စောင့်ခဲ့ရတယ်။ အဲဒီ လောက် ဆယ်စုနှစ်အချိန်ကိုစောင့် ဆိုင်းပြီးမှ
ပြန်တမ်းဝင်အရာရှိဆို တာဖြစ်တာ။ အမျိုးသားကျောင်း ဆရာတွေ အလုပ်ထွက်တယ်ဆို
တာ လစာနည်းလို့လဲပါတယ်''ဟု ပြောသည်။ မြန်မာတွင် အခြေခံပညာ ဆရာ၊ ဆရာမပေါင်း
နှစ်သိန်းရှစ် သောင်းကျော်ရှိသည်။
Yangon Media Group
0 comments:
Post a Comment