ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခေါင်းစဉ်ငါးခုကို ဆွေးနွေးခဲ့သည်။
လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းတွင် အောက်တိုဘာ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများမှာ ပြီးခဲ့သော ဆွေးနွေးပွဲ၏ အကျိုး ဖြစ်ထွန်းမှုများ၊ ရွှေ့ပြောင်း ဒုက္ခ သည်ကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးကိစ္စနှင့် အခြားကိစ္စရပ်များ ဖြစ် ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက လာမည့်ဆွေးနွေးပွဲတွင် ပိုကောင်းသောရလဒ်များ ရှိလာနိုင်ကြောင်း သုံးသပ်ကြ သည်။ ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက ''အသေးစိတ် ဆွေးနွေးတာကတော့ လာမယ့်ဆွေးနွေးပွဲကို ဘယ်ပုံဘယ်နည်း လုပ်မယ်ဆိုတာပါ။
အဓိကတော့ ရှေ့တန်း စောင့်ကြည့်ရေး၊ ရွှေ့ပြောင်း ဒုက္ခသည်အရေးတွေမှာ မူကျအောင် လုပ်ဖို့ပါပဲ။ တစ် နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူကျအောင် ဆွေးနွေးမှာပါ။ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်စရာရှိသေးတယ်။ အချိန်လောက်၊ မလောက် တော့မသိဘူး။ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးမှုကို ဦးတည်တယ်။ရှေ့တန်းက ပြဿနာကိုသာ ပြော နေရင် အနုတ်လက္ခဏာ များမှာပေါ့''ဟုဆိုသည်။
လာမည့်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လက်နက်ကိုင် မဟာမိတ်ပါတီများ၊ ရှမ်း တိုင်း ရင်းသားရေးရာ အဖွဲ့ စသည်တို့အား ဖိတ်ကြားမည် ဖြစ်သည်။
Eleven
0 comments:
Post a Comment