Pages

Thursday, October 10, 2013

အစိုးရတပ်များ အဆိပ်ငွေ့ပါသော လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မူဆယ်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) နယ်မြေ နမ်မူဘွမ် (Nam Mu Bum) သို့  ၆ ရက်နေ့  နံနက် ၇ နာရီခန့်တွင် အစိုးရတပ်ဖက်မှ လှုပ်ရှား လာပြီး KIA ပြည်သူ့စစ် (MKM)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဓါတုအဆိပ်ငွေ့ပါလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သောကြောင့် KIA ၆ ဦးထိခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၂၀ ခန့်ရှိသော အစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၂၉၀)သည် အစိုးရတပ်နှင့် မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဓါတုလက်နက်ဟု ယူဆရသော လက်နက်ကြီး ၆၀ မမ ဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နာမည်မဖော်လိုသော KIA ရှေ့တန်းအရာရှိတဦး KNG ကချင်သတင်းဌာန သို့ အတည်ပြုပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် KIA ပြည်သူ့စစ် (MKM) မှ ၆ ဦး သည် အဆိပ်ငွေ့ကို ရှူရှိုက်မိပြီး မိနစ် ၃၀ ခန့် ခေါင်းမူးဝေခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ကျနော်တို့က အဲလိုဖြစ်လာတာနဲ့ တခါထဲ ကြက်သွန်ဖြူတွေကြွေးတယ်။ ကိုယ့်ဆီး ကိုယ် သောက်ခိုင်း လိုက်တယ် ပြီးတော့ ကျနော်တို့ဘက်မှာ လဖ္ဘက်ပေါတော့ လဖ္ဘက်တွေစားခိုင်းလိုက်တယ်” ဟုဆိုသည်။

၎င်းအစိုးရတပ်သည် မူဆယ်အနီးတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး ယခုချိန်တွင် စစ်ကူအဖြစ် အယောက် ၅၀ ခန့် ထပ်မံတိုးချထားကြောင်း သိရသည်။

နှစ်ဖက် နည်းပညာအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့သော်လည်း တဖက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ချထားသော တပ်မဟာ အသီးသီးတွင် အစိုးရဖက်မှ အင်အားများ တိုးချနေပြီး လှုပ်ရှားမှုများ ရှိနေကြောင်း ဆွေးနွေးရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောဆိုခဲ့သည်။

(KNG)

0 comments:

Post a Comment