Pages

Wednesday, October 2, 2013

ဘူးသီးတောင်တွင် ၁၅၀၀ တန် ဆင်းကတ်များ မဲမဖောက်ဘဲ ဆွေမျိုးများကို ပေးနေ (ပေးစာ)


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၁၅၀၀ တန်ဖိုးနည်း ဆင်ကတ်များကို အစိုးရမှ ပြည်သူများ သုံးစွဲနိုင်ရန် ချပေးလျက် ရှိရာ ပထမအသုတ်တွင် ကတ် ၂၅၀ ၊ ဒုတိယ အသုတ်တွင် ကတ် ၃၅၀ ကိုချပေး ခဲ့ပါသည်။

ယခု တတိယ အကြိမ်တွင်  ကတ် ၃၀၀ ကို ချပေးထားပါသည်။

ယခင် အကြိမ်များက ဖုန်းကတ်များခွဲဝေရာတွင် တရားမျှတစွာ မဲဖောက် ချပေး ခဲ့သော်လည်း ယခု အကြိမ်တွင်မူ မဲမဖေါက်ဘဲ ဆက်သွယ်ရေးတာဝန်ခံနှင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ငွေပေး ထားသူများ၊  သူတို့ နှင့်နီးစပ်ရာ ဆွေမျိုး များကို သာ ဖုန်းကတ်များကို  ဝေမျှ နေပါသည်။

ဘူးသီးတောင်မြို့တွင် ၁-၁၀-၁၃ နေ့မှ စပြီး ဆင်းကတ်များကို ဝေပေးလျှက် ရှိရာ ယခုကဲ့သို့ မိသားစု နီးစပ် သူများနှင့် ငွေပေးထားသူများကိုသာ ခွဲဝေ ပေးနေသဖြင့် ပြည်သူများ အကြား စိတ်ဝမ်းကွဲပြားမူများ၊ မကျေနပ်မူများ တိုးပွားနေပါသည်။

ပထမနှင့် ဒုတိယ အကြိမ်တုန်းက ဆိုရင် ဖုန်းကတ် ၃၀၀ ဝေမယ်ဆိုရင် မဲလိပ်သုံးရာ လုပ်ပြီး ဌာနဆိုင်ရာ အကြီး အကဲတွေရှေ့ မှာ မဲလိပ်ကို နှိုက်၊ မဲဖေါက် ပြီး တရားသဖြင့် ကတ်တွေကို ပေးခဲ့ပါသည်။ ကတ်က နည်းနည်း အိမ်ထောင်စုက များများဖြစ်သဖြင့်  မဲ မပေါက်သောသူက များပါသည်။ သို့သော်လည်း  တရား သဖြင့်ဆိုတော့ ကိုယ်ကံမကောင်းဘူးဆိုပြီး ဖြေသာကြပါသည်။

ယခု တစ်ခေါက်တွင် ချပေးထားသော  ကတ်၃၀၀ တွင် ဌာနဆိုင်ရာအတွက် ကတ် ၉၀ ဆိုပြီး  ကျနော်တို့ ပြည်သူတွေအတွက် ကတ်က ၂၁၀ ပဲ ရှိပါသည်။ ၎င်းကတ်များကို ဆက်သွယ်ရေး တာဝန်ခံ ဦးစောစံထွေး(အငယ်တန်း အင်ဂျင်နီယာ ၂) နဲ့ အုပ်ချုပ်ရေး မှူးများ ပေါင်းပြီး မဲနှိုက်တဲ့ စနစ်မဟုတ်ပဲ သူတို့ ပေးချင်တဲ့လူကို ပေးနေပါသည်။  ကြိုငွေပေးထားသော သူများ၊ သူတို့ ရဲ့ ဆွေမျိုးများ၊ နီးစပ်သော လူများပဲ ရကြပါသည်။ ၁၅၀၀ တန်ဆင်းကတ် တစ်ခုမှာ  အပြင်တွင်  (၁) သိန်းကျော်ပေါက်နေပါသည်။

ကတ်လိုချင်တဲ့လူတွေက များပြားနေပြီး ယခုလို မတရား လုပ်တာခံရသဖြင့်  လူတွေက မကျေနပ်ကြပါ။  ဒီလိုဖြစ်နေတာကို အထက်က လူတွေ သိစေချင်တဲ့ အတွက်  အရေးယူပေးရန် စာရေး တင်ပြလိုက် ရပါသည်။

ဘူးသီးတောင်မြို့က မတရားမူကို မလိုလားသူ
narinjara.com 

0 comments:

Post a Comment