၁.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မလွှကုန်း ဘူတာ တွင် လူတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးလှဌေး(၄၇)နှစ်၊ (ဘ)ဦးတင်လှ သန်လျင်မြို့နယ်နေသူဖြစ်ပြီး လည်ပင်းပြတ်ကာ သေဆုံးနေသည် ကိုတွေ့ ရှိ ရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၄၅အချိန်ခန့်က မလွှကုန်းဘူတာသို့ စပ္ပါယ်အမှတ် (၆) မြို့ပတ်ရထား၊ စက်ခေါင်းအမှတ် DF- 1230 မှာ မောင်းနှင်ဝင်ရောက်လာစဉ် ရထားပေါ်သို့ ပြေးတက်ရာမှ ပြုတ်ကျကာ ရထားကြိတ်မိသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသေမှု သေခင်းအမှတ်စဉ် (၃၀/၂၀၁၃)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment