မြစ်ဆုံ စီမံကိန်းကို ပြန်လည်လုပ်ဆောင် လိုပါက ပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာဆန်းစစ်ချက်များကို အနည်းဆုံး ငါးနှစ်လောက်လုပ်ဆောင် ရဦးမည်ဖြစ်ကြောင်း မြစ်ဆုံစီမံ ကိန်းနှင့်ပတ်သက်ပြီး CPI လုပ် ဆောင် ထား သော သဘာဝပတ် ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံ စာအပေါ် နိုင်ငံတကာပတ်ဝန်း ကျင်ဆိုင် ရာ ပညာရှင်၁၂ဦး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာကို စက်တင်ဘာ ၃ဝရက်က မြစ်ဆုံ စီမံကိန်း နှစ်နှစ်ပြည့် အဖြစ် စိမ်းလမ်း အမိမြေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့် International Rivers အဖွဲ့တို့ ပူးပေါင်းပြီးထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင်ပါ ဝင်သည့် ပညာရှင်တစ်ဦးက ''မြစ် ဆုံကိုလုပ်မယ်ဆိုရင် အနည်းဆုံး ပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက်ကို ငါးနှစ်လောက် လုပ်ယူရမယ်။ အခုလုပ်ထားတဲ့ EIA က အချိန် တစ်ပတ်ပဲဖြစ် တဲ့အတွက် ဘယ်လို မှ လုံလောက် မှုမရှိပါဘူး။ စီမံကိန်းကိုလုပ်မယ် ဆိုရင်တော့ ပတ်ဝန်း ကျင်ထိခိုက်မှု ဆိုင်ရာဆန်းစစ်ချက်ကို မြစ်အ ထက်ပိုင်းကနေ မြစ်အောက်ပိုင်း တစ်လျှောက်လုံး လုပ်မှကိုဖြစ်မှာ ပါ။ ဆည်ဆောက်မယ့်နေရာလေး တင် ကွက်လုပ် လို့မရပါ ဘူး'' ဟု ပြောသည်။
အဆိုပါ ပညာရှင်များ၏အ စီရင်ခံစာတွင် အချက်၁၅ချက်ပါ ဝင်ပြီး မြန်မာနိုင်ငံမှပညာရှင်များ ဖြစ်သည့် မြစ် ချောင်းများဆိုင်ရာ ဘူမိရုပ်သွင်ပညာရှင် ပါမောက္ခ ဒေါက်တာမောင်မောင်အေး၊ နှုဗ ပြုလုပ်စဉ်တွင်ပါဝင်သူ ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒ ဌာ နမှ ပါမော က္ခ ဦးညိုမောင်တို့ ပါဝင်ပြီး နိုင်ငံ တကာမှပညာရှင် ၁ဝဦးတို့ပါဝင် ကြောင်း သိရသည်။
ယင်းအစီရင်ခံစာတွင် ဧရာ ဝတီမြစ်ညာဒေသတွင်း ဆည်တစ် ခုနှစ်ခု တည်ဆောက်လိုက်ရုံဖြင့် အချိန် တိုအတွင်း သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပြောင်းလဲသွား နိုင်မှုကြီးမားပြီး မြစ်ဆုံဆည်တစ် ခုတည်း ကြောင့်ပင် မြစ်ညာဒေသ တွင်းနေထိုင် သူများ၊ သိုလှောင် ရေဝပ်ဧရိယာတွင်း နေထိုင်သူများ သာမက ဆည်အောက်ဘက်မိုင် ပေါင်းများစွာ အကွာအဝေးအထိ မြစ်ကြောင်းတစ်လျှောက် နေထိုင် သူများကို ထိခိုက်နိုင်ခြင်းကြောင့် အရေးတယူ စဉ်းစားရမည်ဖြစ် ကြောင်း ဖော်ပြ ထား သည်။
ယင်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက ''ဒီအစီရင်ခံစာက နိုင်ငံတကာ ပညာ ရှင်တွေရဲ့ အမြင်ပါ။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို အရောက်ပို့ဆောင်သွားမှာ ပါ။ တကယ်တမ်း ပြောရမယ် ဆိုရင်တော့ မြစ်ဆုံ ဆောက်ခြင်း မဆောက်ခြင်းက ပြည်သူအပေါ်မှာပဲ မူတည်တယ်။ ပြည်သူ သဘောမတူရင် ဘယ်အစိုးရတက်လာတက်လာ လုပ်ဆောင်လို့ မရပါဘူး''ဟု ပြော သည်။
အောင်အောင်
0 comments:
Post a Comment