Pages

Tuesday, November 19, 2013

ကချင်စစ်ပွဲ ချက်ချင်းရပ်ဖို့ ကုလ တိုက်တွန်း

ကချင်ဒေသက မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ် မန်စီဒေသမှာ နောက်ဆုံးဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ အနည်းဆုံး ၂ ထောင့် ၃ ရာ နီးပါး ပိတ်မိနေကြပြီး အစားအစာနဲ့ နေထိုင်ရေး အတွက် ဒုက္ခရောက်နေကြရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ ထဲမှာ ရေးသားထားပါတယ်။

၂ ဖက်တပ်တွေဟာ သိပ်ကို နီးကပ်လွန်းနေပြီး တပ်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိစ္စကိုတော့ အထိအခိုက် မခံဘူးလို့ ရန်ကုန်ကို ခေတ္တ ရောက်ရှိနေတဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော် က တနင်္လာနေ့တုန်းက ပြောကြားခဲ့ပါတယ်။

ကချင်ဒေသက စစ်ရှောင်ဒုက္ခသည်တွေ ရဲ့ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ နေထိုင်ရေး အပါအ၀င် မြန်မာနိုင်ငံတ၀န်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် အမေရိ ကန် ပြန်ထောင်စုက ဒေါ်လာ ၂၅ သန်း ကူညီသွားဖို့ ရှိကြောင်း အမေရိကန် သံရုံးက ကြေငြာထားပါတယ်။

ABC

0 comments:

Post a Comment