Pages

Thursday, November 7, 2013

ဓာတုပစ္စည်း၊ စက်ပစ္စည်းနှင့် ထုတ်ကုန် များ ကုန်စည်ပြပွဲနှင့်ဟောပြောပွဲကျင်းပမည်


ဓာတုပစ္စည်း၊ စက်ပစ္စည်းနှင့်ထုတ်ကုန်များ နှင့်ပတ်သက်သည့် ကုန်စည်ပြပွဲနှင့် ဟောပြောပွဲ ကို နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင်ရန်ကုန်မြို့ Traders Hotel ၌ ကျင်းပမည်ဖြစ်ကြောင်းသိရ သည်။

ကုန်စည်ပြပွဲတွင် တရုတ်၊ အိန္ဒိယ၊ဗီယက်နမ်၊ ထိုင်း၊ နယ်သာလန်နှင့် အခြားသောပိုးသတ်ဆေး အဓိက ထုတ်လုပ်သောနိုင်ငံများမှ ကုမ္ပဏီပေါင်း ၇ဝ ကျော် လာရောက်ပြသမည်ဖြစ်ပြီး ၄င်းတို့၏ ဓာတုဗေဒ ပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းများကို ပြသသွားမည် ဖြစ်သည်။ 

ပြပွဲအတွင်း ဟောပြောပွဲများကို နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိကောက်ပဲသီးနှံမြေပုံ၊ ပိုးသတ်ဆေး ဝယ်ယူသုံးစွဲခြင်းနှင့် မြန်မာပြည်တွင် မှတ်ပုံတင်ခြင်း၊ နံနက် ၁၁ နာရီမှ ၁၁ နာရီခွဲ အထိ မြန်မာပြည်၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းမိတ်ဆက်ခြင်း၊ မွန်းလွဲ ၂ နာရီမှ ၂ နာရီခွဲအထိ ပိုးသတ်ဆေး အမျိုးအစားများ လေ့လာခြင်းနှင့် တရုတ်နိုင်ငံမှ အာရှနိုင်ငံများသို့ ယခင်နှစ်များက တင်ပို့မှုအခြေအနေ၊ မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၃ နာရီအထိ ထိုင်းနိုင်ငံတွင် ပိုးသတ်ဆေးများမှတ်ပုံတင်ခြင်းနှင့် တင်ပို့မှု အခြေအနေ၊ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃နာရီ ၄၅ မိနစ်အထိ ဗီယက်နမ်နိုင်ငံရှိ ပိုးသတ်ဆေး များ၏ဈေး ကွက်နှင့် မှတ်ပုံတင်ခြင်းအခြေအနေ၊ ညနေ ၄ နာရီ ၁၅ မိနစ်မှ ၄ နာရီ ၄၅ မိနစ် အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ စက်ရုံတည်ဆောက်ခြင်း၊ မြေကွက် ဈေးနှုန်းများနှင့် ဖြန့်ဖြူးခြင်း များအခြေအနေ၊ ညနေ ၄ နာရီ ၄၅ မိနစ်မှ ၅ နာရီ ၁၅ မိနစ် အထိ မြန်မာပြည်တွင်းပိုး သတ်ဆေးဈေးကွက်နှင့် ကောက်ပဲသီးနှံကာကွယ်မှုအခြေအနေများကို ၂ဝ၁၃ အာရှကောက်ပဲသီးနှံများ ကာကွယ်ခြင်း ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၇ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment