Pages

Monday, November 11, 2013

အလုပ်သမားသမဂ္ဂညီလာခံတွင် အလုပ်သမားကိုယ်စားလှယ်များ သဘောထားကွဲလွဲ


အလုပ်သမားသမဂ္ဂညီလာခံတွင် ကြိုတင်အသိပေးခြင်းမရှိဘဲ ယာယီအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဖွဲ့စည်းခဲ့ မှုကြောင့် အလုပ်သမားကိုယ်စားလှယ်အချင်းချင်း သဘောထားကွဲလွဲကာ အငြင်းပွားမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂညီလာခံကို နိုဝင်ဘာ ၁၀ရက်က ၈နာရီကြာ ကျင်းပခဲ့ပြီး အ ဆိုပါညီလာခံတွင် လုပ်သားအခွင့်အရေးဆိုင်ရာများအား ခေါင်းစဉ်လေးခုဖြင့် ဆွေးနွေးမည်ဟု အစီအစဉ် တွင် ဖော်ပြခဲ့ပြီး ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

သို့သော် အစီအစဉ်တွင် ပါဝင်ထားခြင်းမရှိသည့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ယာယီ ဖွဲ့စည်းရန် ဆွေးနွေးခဲ့သည်။ ထို့ကြောင့် ညီလာခံသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံရှိ အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်သမားနှစ်ရာကျော်အနက် လုပ်သားငါးဆယ်ခန့်မှာ သဘောထားကွဲလွဲခဲ့၍ အငြင်းပွားမှုဖြစ်ကာ ညီလာခံမပြီးဆုံးမီ ပြန်သွားခဲ့ကြောင်း သတင်းရရှိသည်။ 

ကန့်ကွက်ခဲ့သူများအနေဖြင့် ၎င်းတို့အား ကြိုတင်အကြောင်း ကြားထားခြင်းမရှိသည့်အပြင် အချို့ ကိုယ်စား လှယ်များက ယာယီအဖွဲ့ချုပ် ဖွဲ့စည်းမှုထက် ဖြစ်မြောက်ရေးကော်မတီသာ ဖွဲ့စည်းရန် လိုလားခဲ့ကြောင်း သတင်းရရှိသည်။““ဦးတို့က ဦးတို့ကိုဖိတ်ကြားတဲ့ ဖိတ်ကြားစာပဲပြောမှာ အဖွဲ့ ချုပ်ဖွဲ့မယ်ဆိုရင် ဒီဖိတ် စာမှာ ဖွဲ့ ည်းရေးခေါင်းစဉ်ဆွေးနွေးမှုပါရမယ်။ အဲဒါမပါဘဲနဲ့ အဖွဲ့ချုပ်လိုင်းတင်တဲ့ကိစ္စက ဦးတို့ပေးထားတဲ့ အစီအစဉ်နဲ့ လွဲနေတယ်။ ဆွေးနွေးပွဲပဲဖြစ်ဖြစ်၊ ညီလာခံပဲဖြစ်ဖြစ် အဲဒီလိုလုပ်လို့မရ ဘူးလေ။ အခု ဖွဲ့လိုက်တဲ့ ယာယီအလုပ်သမားအဖွဲ့ချုပ်အတွက် နောက်ဖြစ်လာမယ့်ဆိုးကျိုးကို တာဝန်ယူရမယ်””ဟု ညီလာ ခံသို့ တက်ရောက်ခဲ့သည့် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော် မတီမှ ဦးထွန်း ထွန်းနိုင်ကပြောသည်။

ယင်းဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ““ကျွန်တော်တို့လည်း အရင်ကတည်းက ကြိုစီစဉ်ထားတာတော့မဟုတ်ဘူး။ သူ့ဘာသာသူဖြစ်လာတာ။ ယာယီအဖွဲ့ချုပ် မဖွဲ့လို့မ ရတော့ဘူးလေ။ ကွန်ရက်လောက်နဲ့မရတော့ဘူး။ ကျွန်တော်တို့က မဲခွဲဆုံးဖြတ်တာ။ အားလုံးလည်း သိသားပဲ။ လူနှစ်ရာကျော်မှာ နှစ်ဆယ်ပဲ သဘောမတူတာရှိတယ်။ သူတို့မပါဝင်ချင်တော့လည်း ပြန်ကြတာပဲ””ဟုဆိုသည်။

အငြင်းပွားမှုဖြစ်ပွားကာ အလုပ်သမားအချို့ ညီလာခံမှ ပြန်သွားခဲ့ပြီးနောက် ဆက်လက်၍ ယာယီ အလုပ်သမားအဖွဲ့ချုပ် ဖွဲ့ စည်းရန် ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ခဲ့သည်။ ထို့နောက် ယာယီအလုပ် သမားအဖွဲ့ချုပ်အား အလုပ်သမားအဖွဲ့ဝင် ၂၅ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ယာယီအဖွဲ့ချုပ်ကို လက်ရှိပြ ဌာန်းထားသောဥပဒေများတွင် အားနည်းလျက်ရှိသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက် ရန်နှင့် ပြဌာန်းပြီးသောဥပဒေများကို အစိုးရအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့်အချက် ၂ချက်ဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာယီအလုပ်သမားအဖွဲ့ချုပ်တွင် အဖွဲ့ဝင် ၂၅ဦး ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌသုံးဦး၊ အလုပ်အမှု ဆောင်သုံးဦးနှင့် ဘဏ္ဍာရေးမှူးအဖြစ် နှစ်ဦး ရရှိထားမည်ဖြစ်ပြီး သုံးလအတွင်း ယာယီအဖွဲ့ချုပ်မှ အဖွဲ့ချုပ် အဆင့်သို့ ပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ဒုတိယအကြိမ်မြောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားညီလာခံကိုလည်း သုံးလအတွင်း ထပ်မံ၍ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment