နိုက်ဂျီးရီးယား အန်နန်ဘရာပြည်နယ်မြောက်ပိုင်းမှ ဘုရားရှိခိုးကျောင်းဝန်း တစ်ခုအတွင်း Holy Ghost Adoration Ground တွင် မဲဆွယ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် ပရိသတ်မှာ ရုတ်တရက် ထပြေးကြသဖြင့် အနည်းဆုံး ၂၈ဦးသေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
မည်သည့်ထိတ်လန့်မှုကြောင့် ယခုကဲ့သို့ ထပြေးသည်ကို မသိရသေးသော်လည်း ယင်းဖြစ်ရပ်မှာ နိုင်ငံရေး အသွင်ဘက်သို့ လှည့်သွားခဲ့သည်။
ယခုဖြစ်ရပ်အတွက် မြို့တော်ဝန် ပီတာအိုပိုင် နှင့် လွှတ်တော်အမတ် ခရစ်ငိုက်တို့ကို လူထုက ပြစ်တင် မဆုံးဖြစ်နေကြသည်။
ထိုနှစ်ဦးသည် ဘုရားရှိခိုးကျောင်းတွင် ညလုံးပေါက်ပြုလုပ်ခဲ့သည့် အခမ်းအနားအတွက် တာဝန်အရှိဆုံး သူများ ဖြစ်သလို လူ ၅၀၀၀ သာဆန့်သော ဘုရားကျောင်းဝန်းအတွင်း လူတစ်သိန်းခန့်ကို ကျပ်သိပ်စွာ နေရာကျခဲ့သဖြင့် ယခုလို အမှားမျိုး မကြုံသင့်ဘဲ ကြုံရသည်ဟု စွပ်စွဲ ပြောဆိုထားကြသည်။
ဒဏ်ရာရသူများကို အိုနစ်ရှာနှင့် နက်တာမြို့ရှိ့ ဆေးရုံများသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေခဲ့သည်။ မြို့ တော်ဝန် အိုဘိုင်က ဆေးရုံများသို့ သွားရောက်ကာ ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ပြု လုပ်ပေး မည်ဟု ကတိပြုခဲ့သည်။
Ref: AP
0 comments:
Post a Comment