WORLD AIDS DAYS အား အကြိုဂုဏ်ပြုတင်ဆက်သည့်ပြိုင်ပွဲဖြစ်သော Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အမျိုးသမီးစိတ် ၀င်နေ သည့် အမျိုးသားများက အမျိုးသမီးအလှမယ်များကဲ့သို့ ၀တ်ဆင်ကာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီးံHotel Mandalay တွင် နိုဝင်ဘာ ၂၃ ရက်၌ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို Rainbow Ribbon Network Myanmar မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များကို အခြေခံ လူ့အခွင့်အရေးနှင့်သက်ဆိုင်မှုများ၊ HIV/AIDS အကြောင်းအရာများ၊ PERSONAL GROO- MING အကြောင်းအရာများ ပြည်သူများအကြား ပျံ့နှံ့ရောက်ရှိစေရန်ရည်ရွယ်ကာ ကျင်းပသည့်ပြိုင်ပွဲဖြစ် သည်။
“ကျွန်တော်တို့ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်ကြမယ့်သူတွေကို သေချာစနစ်တကျသင်တန်းတွေကို တက် ခိုင်းပြီးမှ ပါဝင်ခွင့်ပြုထားတာပါ” ဟု ၎င်းပွဲစီစဉ်သူ ကိုဆည်းဆာညီညီကပြောသည်။
ယင်းပြိုင်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တောင်းခံရာတွင် ပြိုင်ပွဲဝင်များ၏ ကိုယ် ရေးရာဇ၀င်များကို အသေးစိတ်တင်ပြမှသာလျှင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းပြိုင်ပွဲသည် ပထမဆုံး အကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်ပေါင်း ၅၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းပြိုင်ပွဲ မှ သုံးဦးအား ရွေးချယ်ကာ ထိုင်းနိုင်ငံပတ္တရားမြို့တွင် ကျင်းပမည့်Miss International Queen ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။
Mizzima
0 comments:
Post a Comment