Pages

Thursday, November 7, 2013

သထုံတွင် မူးယစ်ဆေးဝါး သိန်း (၉) ထောင် ကျော်ဖိုး ဖမ်းဆီးရမိ


မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့ရှိ နောင်ဘို ကျေးရွာတွင် နိုဝင်ဘာလ (၆) ရက်နေ့ ညက ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း (၉) ထောင်ကျော်တန် မူးယစ် ဆေးဝါးများ ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရှိ ရပါသည်။

မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ကင်းစင် ပပျောက်စေရေး အတွက် စီမံချက်များ ချမှတ်ကာ ဆောင်ရွက်လျှက် ရှိရာ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်သန်း၏ အနီးကပ် ကြီးကြပ် မှုဖြင့် သထုံခရိုင် ရဲတပ်ဖွဲ့အထူး မှုခင်း နှိမ်နှင်းရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ် အောင်သူနှင့် တပ်ဖွဲ့ဝင် များသည့် သက်သေ များနှင့် အတူ ကြိုတင် စုဆောင်း ရရှိ ထားသော သတင်း အချက်အလက် များအရ နိုဝင်ဘာလ (၆) ရက် ည (၉း၃၀)ချိန် သထုံမြို့နယ် နောင်ဘို ကျေးရွာ အိမ်အမှတ် (၉၆၅) နေမှိုင်းဝေ၏ နေအိမ်အား သထုံ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ အိမ်ဝင် ရောက်ရှာ ဖွေခွင့်အမှတ် (၉/၂၀၁၃)ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်နောက် ဖက် မီးဖိုခန်း အတွင်းရှိ ငရုတ်ဆုံ အောက်မှ ပလတ်စတစ် အိတ်အဖြူဖြင့် ထုတ်လျှက် WY စာတန်းပါ ပန်းရောင် စိတ်ကြွ မူးယစ်ဆေး (၄၀) ပြား နှင့် ငွေစက္ကူ ရောရာ (၇၀၀၀၀ိ/-) ကျပ်အားတွေ့ ရှိပြီး ဆက်လက် ရှာဖွေရာ နေအိမ် အောက်ထပ်စတို ခန်းအတွင်း ဓါတ်မြေ သြဇာ ၀ဲအိတ်များ အတွင်း မြှပ်ထားသည့် အပြာရောင် ကပ်ခွာအိတ် များဖြင့် ထည့်လျှက် တစ်ထုတ်လျှင် (၂၀၀၀) ပြားပါ အထုတ် (၂)ထုတ်၊ ပေါင်း (၄၀၀၀) ပြား တွေ့ရှိသဖြင့် သက်သေများ ရှေ့တွင် မူးယစ် ဆေးပြား များနှင့် အတူ ရောင်းဝယ်ရာတွင် အသုံးပြု ခဲ့သော ဆက်စပ် ပစ္စည်း များအား သိမ်းဆည်းခဲ့သည်။

ဆက်လက်၍ မှိုင်းဝေအား စစ်ကြောချက် အရ သထုံမြို့နယ် တံတားဦး ကျေးရွာအုပ်စု ထီတမူ ကျေးရွာ တွင် ၀ှက်ထားကြောင်း သိရှိ ရသဖြင့် မှိုင်းဝေ၏ ယောက်ဖ တော်စပ်သူ ကျော်လွန်း (ခ) ဖားငဲ အား စစ်ဆေးရာ ရာဘာခြံအတွင်း ၀ှက်ထားကြောင်း လိုက်လံ ပြသ၍ ရှာဖွေရာ မြေကြီး အတွင်း မြှပ်နှံ ထားသော ကျောက်ဆူး တံဆိပ်ပါ ကော်ပုံး အပြာရောင် အတွင်းမှ အပြာရောင် ကပ်ခွာ အိတ်များဖြင့် ထည့်လျှက် WY ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေး (၂၀၀၀)ပြား ပါ အထုတ် (၉) ထုတ်၊ ဆေးပြား (၁၈၀၀၀) ပြား နှင့် နောင်ဘို ကျေးရွာတွင် ဖမ်းဆီးရမိ ဆေးပြား (၄၀၀၀)ပြား၊ စုစုပေါင်း (၁၈၄၀၀၀)ပြား (၁၈၄၀၀) ဂရမ်၊ ကာလတန်ဘိုး (၉၄၀, ၂၀၀, ၀၀၀ိ/-) ကျပ် အား သက်သေများ ရှေ့တွင် စနစ်တကျ သိမ်းဆည်းပြီး တရားခံ မှိုင်းဝေ (ပါ)၊ (၅)ဦးအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်လျှက် ရှိကြောင်းနှင့် ဆက်စပ် တရားခံများ ဆက်လက် ဖေါ်ထုတ်လျှက် ရှိကြောင်း သိရှိ ရသည်။

ယခု ဖမ်းဆီး ရမိသော မူးယစ် ဆေးဝါး အမှုသည် မွန်ပြည်နယ် အတွင်း ကာလ တန်ကြေး အများဆုံးနှင့် စိတ်ကြွ မူးယစ်ဆေး အများဆုံး ဖမ်းဆီး နိုင်ခဲ့ ခြင်း ဖြစ်ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရသည်။

0 comments:

Post a Comment