Pages

Thursday, November 7, 2013

အမွေဆိုင်အိမ်အမှုရုံးသဖြင့် အင်အားသုံးဖယ်ရှား


သင်္ဃန်းကျွန်းမြို့နယ် ဇ၀နရပ်ကွက် ဒေါ်နီလမ်းရှိ ဒေါ်နီခြံတွင်နေထိုင်သူများ တရားရုံးတွင် အမှုရုံးနိမ့်သဖြင့် နိုဝင်ဘာ ၇ရက်နေ့တွင် အဆိုပါ မြေမှ အင်အားသုံးပြီး ဖယ်ရှားခိုင်းမှုဖြစ်ပွားနေကြောင်း People Power သတင်းထောက်က သတင်းပေးပို့ထားသည်။

အဆိုပါ မြေဧက၃ဧကအကျယ်ရှိ ဒေါ်နီခြံတွင် နေထိုင်သော အမျိုးများအချင်းချင်း အမှုဖြစ်ပွားပြီး ယင်းအမှုကို အနိုင်ရရှိသူသည် ပိုင်ဆိုင်ကြောင်း စာရွက်စာတန်းအတုများအသုံးချပြီး ယခုအမှုကို အနိုင်ရခဲ့ပြီး မြေပေါ်တွင်နေထိုင်သူများကို အင်အားသုံးဖယ်ရှားခိုင်းနေကြောင်း ဒေါ်နီခြံတွင် နေထိုင်သူ တစ်ဦးကပြောကြားသည်။

လက်ရှိတွင် ဒေါ်နီခြံအတွင်း နေထိုင်သူလူဦးရေ ၁၀၀၀နီးပါးရှိပြီး ချက်ချင်းဖယ်ရှားမပေးလိုသဖြင့် သတ်ဆိုင်ရာ အာဏာပိုင်များဖြင့် အခြေအတင်ဖြစ်ပွားလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

" တရားရုံးမှာ အမှုရုံးပြီးသားဖြစ်တဲ့အတွက် ဥပဒေအရ ဖယ်ပေးရမှာပါပဲ၊ မြေတိုင်းဖို့ လာတာ၊ လက်မခံရင် ဥပဒေအရ အင်အားသုံးဖယ်ရှားမှုတွေရှိလာနိုင်တယ်" ဟု လာရောက်ဖယ်ရှားသော သတ်ဆိုင်ရာ အာဏာ ပိုင်တစ်ဦးက ပြောကြားသည်။

ဒေါ်နီခြံတွင်းနေထိုင်သူအချို့သည် တရားရုံးတွင်အမှုရူံးသော်လည်း အယူခံထပ်ဝင်ရန် ပြုလုပ်နေစဉ် အမှုနိုင်သူသည် ရဲများခေါ်ဆောင်လာပြီး မြေတိုင်းခြင်းနှင့် နေထိုင်သူများကို ဖယ်ရှားခိုင်းမှုပြုလုပ်နေ ကြောင်း ဒေါ်နီခြံတွင် နှစ်ပေါင်းများစွာ အိမ်ဌားနေထိုင်သူတစ်ဦးက ဆိုသည်။

People power

0 comments:

Post a Comment