တကောင်းတောင်နီကယ် သတ္တုတူးဖော်ရေး စီမံကိန်းဒေသအတွင်းရှိ အခြားလုပ်ငန်းစုများအတွက် ဒေသခံ
များ၏ လယ်မြေများ သိမ်းယူခံခဲ့ ရပြီး ကဏ္ဍပေါင်းစုံမှ ဆုံးရှုံးနစ်နာမှုများကို ၀ိုင်းဝန်းဖြေရှင်းပေးရန် အရပ် ဖက်လူအဖွဲ့များ သွားရောက်ကြမည်ဖြစ်ကြောင်း ယင်းအဖွဲ့များမှ ပြောကြားသည်။
တကောင်းတောင်စီမံကိန်းနှင့် ဒေသအတွင်းရှိ အခြား စီမံကိန်းများကြောင့် တောင်သူများ၏နစ်နာ ခဲ့သော
လယ်ယာမြေများ အတွက် ထိုက် သင့်သောမြေယာလျော်ကြေးများ ပေးရန်၊ စိမံကိန်းလုပ်ကွက်မှ ထွက်သော မြေနီများကိုလယ်ယာမြေများ သို့ ထပ်မံ၍ကျရောက်ခြင်းမရှိစေရန် စွန့်ပစ်ပစ္စည်း များကို စနစ်တကျစွန့်ပစ်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကိုလျော့နည်းမှုရှိအောင် အတတ်နိုင် ဆုံး ဆာင်ရွက်ရန်၊ အလုပ်သမားရေးရာဆိုင်ရာ နစ်နာမှုများ၊ ကွာဟမှုများကို ညှိနှိုင်းဖြေရှင်းပေးရန် စသည့်ဒေသတွင်း ပြဿနာများကို ၀ိုင်းဝန်းဖြေရှင်းပေး ရန် လိုနေကြောင်း ၎င်းတို့အားပြောကြားသည်။
“စီမံကိန်းကြောင့် မြေနီမှုန့်တွေ ကျတာကြောင့် လယ်တွေမှာ ဘာမှစိုက်လို့မရတော့မယ့်အခြေအနေ ရောက်တော့မယ်။ ဆန္ဒတွေလည်း အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်” ဟု ထီးချိုင့်ကွန်ရက်မှ ဦးနုတင်က ပြောကြား သည်။
တကောင်းတောင်စီမံကိန်း ၀န်းကျင်တွင် ဒေသခံများအသုံးပြုသည့် အ၀ီစိတွင်းမြစ်ရေ ဧရာဝတီမြစ်မှ ရယူ သည် ချောင်းရေ၊ ရေရှင်ချောင်း၊ ကနီချောင်း၊ ဘူးကွဲချောင်း၊ ကျောက်လောင်းချောင်း၊ ရွှေတောင်ချောင်း၊
လင်းကားချောင်း တို့သည် စီမံကိန်း၏စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးလာပြီး ဒေသခံတို ကျန်းမာရေး အခြေအနေများလည်း ထိခိုက်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေူကဏ္ဍ Green Voice အစိမ်းရောင်အသံ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ယင်းကိစ္စများကို အရပ်ဘက်လူ့အဖွဲ့အစည်းများအပြင် ပညာရှင်များပါပူးပေါင်း၍ ၀ိုင်းဝန်းအဖြေရှာ၍ လိုကြောင်း သုတေသနများ Survey များပြုလုပ်ရန် လိုကြောင်းဒေါက်တာခင်မောင်ညိုလည်း ပြောကြား သည်။
“အရပ်ဘက်အဖွဲ့တွေရော ပညာရှင်တွေရော ၀ိုင်းဝန်း ပူးပေါင်းပြီး သေချာသွားပြီး Survey တွေပြုလုပ် မယ်။ဒီနိုင်ငံမှာ တကောင်းတောင် အကြီးဆုံး စီမံကိန်းပဲ ဒါကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အစိုးရကလည်း ရိုးသားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
တကောင်းတောင်နှင့် အခြားလုပ်ငန်းစုများကြောင့်ဖြစ်နေသော ပြဿနာများကို ကမ္ဘာမြေချစ်သူဆုရ ဦး ဘုန်း FREDA အဖွဲ့၊ ၈၈ ပွင့်လင်း မျိုးဆက်ကျောင်းသားမှ အလုပ်သမားရေးဆောင်ရွက်သူများအဖွဲ့၊ Myanmar mobile institute MMI ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ Green Voice အစိမ်း ရောင်အသံ အဖွဲ့၊ ဒေါက်တာခင်မောင်ညို သတ္တုပညာရှင် ဦးစောမိုးမြင့်တို့မှ သွားရောက်လေ့လာ၍ ၀ိုင်းဝန်း ကူညီပေးမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
ယင်းစီမံကိန်း တည်ရှိရာနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်မြောက် ပိုင်း စသည့် ဒေသသုံးခု၏နယ်စပ် တွင် ဖြစ်ပြီး သတ္တုတူးဖော်ရော တကောင်းသည် မန္တလေးတိုင်းဒေသကြီး
သပိတ်ကျင်းမြို့နယ် တကောင်းမြို့နယ်ခွဲတွင် ရှိကြောင်း သိရသည်။
People Power
0 comments:
Post a Comment