ရန်ကုန်မြို့၌ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်း ရေး၌ ကချင်လူထု ပါဝင်ရန် အရေးကြီးကြောင်း နှင့် KIO ၏ လုပ်ငန်းစဉ်များကို ယနေ့ ၆နာရီက ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ရန်ကုန်ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ကချင်လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ယင်းတွေ့ဆုံရသည့် ရည်ရွယ်ချက်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် KIO တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးမူကြမ်းကို ထပ်မံဆွေးနွေးရန် ချင်းမိုင်ခရီးစဉ်၌ ရန်ကုန်မြို့ တွင် ခေတ္တရပ်နားခြင်းဖြစ်ပြီး ရန်ကုန်တွင်ရှိသည့် ကချင်လူထုနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ကပြောသည်။
''Peace Process မှာ လူထုပါဖို့ သိပ် အရေးကြီးတယ်။ ဒါကြောင့် လူထုပါဝင်လာဖို့ အတွက် ဒီနေ့ ကချင် လူထုနဲ့တွေ့တဲ့ပွဲမှာ တိုက် တွန်းပြောကြားခဲ့တယ်''ဟု တွေ့ဆုံပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြော သည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်၌ လက်နက်ကိုင်တပ်ဖွဲ့အားလုံးနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ် အခတ်ရပ်စဲရန်သွားနေသည့်အတွက် KIO/KIA ၏ သဘောထားကို ဗိုလ်ချုပ်ဂွမ်မော်က ကချင် လူထုနှင့်တွေ့ဆုံရာ၌ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး အတိုင်းအတာမှ ခိုင်မာသေချာသည့် အာမခံချက် ရှိသည့် နိုင်ငံရေးဆွေးနွေး မှုအခြေအနေများကို မည်သို့လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်ရာ၌ အရေးအကြီး ဆုံးမှာ ကချင် လူထုသည် အဓိကဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားကဏ္ဍများကို လည်း ၄င်းကထည့်သွင်းပြောကြားခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ကချင်တိုင်းရင်းသားတစ်ဦးက မူးယစ်ဆေးဝါး တိုက်ဖျက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းအပေါ် ဗိုလ်ချုပ်ဂွမ်မော်က ''စစ်ပွဲတွေထဲမှာ ကြောက် စရာအကောင်းဆုံး ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စစ်ပွဲကလဲ ကြောက်စရာကောင်းပါ တယ်။ လူမျိုးတစ်မျိုးလုံး ပျောက်ကွယ်သွားမယ့် ကိစ္စဖြစ်တယ်။ လူတွေကို ချွတ်ခြုံကျသွားစေနိုင် တယ်။ ဒီကိစ္စကို လက်ရှိအစိုးရကပါ ပူးပေါင်း ဆောင်ရွက်ပြီး ဝိုင်းလုပ်ရမယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရန်ကုန်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် ဂွမ်မော်သည် ကချင်ပြည်နယ်၌ စီးပွားရေးလုပ် ငန်းများ လုပ်ကိုင် လျက်ရှိသည့် ဦးတေဇ၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ၈၈မျိုးဆက် ကျောင်းသားများနှင့် လည်းတွေ့ ဆုံခဲ့သည်။
The Union Daily
0 comments:
Post a Comment