အခု တိုက်ပွဲ ဖြစ်နေတဲ့ ကချင် ပြည်နယ် အစပ်နဲ့ ရှမ်းပြည်နယ် အစပ် တွေမှာ အဓိက အားဖြင့်ေ တာ့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ ဖွဲ့ထားတာ ရှိတယ်။ မြောက်ပိုင်း စစ်မဟာမိတ်တွေ သတိရှိ ဖို့ သာ ပြင်ထား ကြပေတော့။
ကချင်
ပလောင်
ရှမ်းမြောက်
အဖွဲ့တွေက အဓိကပေါ့။
အစိုးရရဲ့ စစ်ရေး အရ နယ်မြေ စိုးမိုးရေး ပေါ်လစီ၊ စီးပွားရေး အရလည်း ရှိလိမ့်မယ်။ အဲဒါ တွေကြောင့် ဒီနေရာကို မရမက စစ်ဆင် နေတာ ဖြစ်ပါတယ်။ ဆက်လက် ဖြစ်ဖို့လည်း အလားအလာ ရှိနေ ပါတယ်။
အရင်က စစ်ဆင်ရေးမှာ ဒေသ အခြေစိုက် တပ်နဲ့ အများဆုံး တစ်ဗျူဟာလောက် ခင်းပြီး စစ်ဆင် ပေမယ့် အခုတော့ ဒေသ အခြေဆိုက် တပ်တွေ အပြင် ဧည့်တပ်တွေ အများအပြား သုံးလာတယ်။
ဗျူဟာ (၃) ကြောင်း လောက်ကနေ (၅) ကြောင်း လောက်အထိ ရှိနေပါတယ်။ တစ်ဗျူဟာ (၃) ရင်း ၊ တစ်ရင်း မှာတော့ ဖွဲ့စည်းပုံ အရ (၃၂၀) တစ်ကယ်တော့ မပြည့်ပါဘူး (၂၀၀) ကျော်ကျော် အများဆုံး ရှိပါ တယ်။
ဘာကြောင့် အသည်းအသည် တိုက်နေ ရသလဲ ဆိုတာ နည်းနည်း ရိပ်မိမယ် ထင်တယ်။
အားကောင်းလာတဲ့ တိုင်းရင်းသား တွေရဲ့ စုဖွဲ့မှု လမ်းကြောင်းကို ဖြတ်တောက်ဖို့ အစိုးရက ကြိုး ပမ်း နေခြ င်း ဖြစ်ပါတယ်။ ဒါ့တင် ပဲလား ၊ အခု တိုက်ပွဲ ဖြစ်နေတဲ့ ဂွင်ကို ဖြတ်တောက် နိုင်လို့ ထိန်းနိုင် ခဲ့ပြီ ဆို ရင်တော့ ကချင်နဲ့ ရှမ်းမြောက်၊ ကချင်နဲ့ ပလောင်၊ ပလောင်နဲ့ ရှမ်းမြောက် စတဲ့ အပြန်အလှန် စစ်ဘက် အ ရပ်ဘက် ဆက်ဆံရေးတွေ ဖြတ်တောက် နိုင်တဲ့ စစ်ရေး အရ မဟာဗျုဟာ ကျတဲ့ အနေအထား နယ်ြေ မ တွေကို စိုးမိုးခွင့် ရတော့ မှာပါ။
ဒါကြောင့် တစ်ဖက်မှာ ကချင်နဲ့ ဆွေးနွေး ၊ ပလောင်ကို အပစ်အခတ် ရပ်ရေး ဖိအားပေး ရှမ်းမြောက် ကို ချွှေးသိပ် ပြီးတော့ အဲဒီ နယ်မြေကို အင်အား အလုံးအရင်းနဲ့ စစ်ဆင် နေခြင်း ဖြစ်ပါတယ်။
အခု နိုင်ငံရေး အခင်း အကျင်းမှာက တိုင်းရင်းသား တွေရဲ့ နိုင်ငံရေး အရ စုဖွဲ့မှု အထူး သဖြင့် ဘုံသဘော တူညီချက်ကို ချနိုင်သည် အဓိ စုဖွဲ့မှု အားကောင်း ခဲ့တယ်။ ဒါ့ပြင် တပ်မတော်ရဲ့ သဘောထား တင်မာမှုကို တုံ့ပြန်မယ့် အနေနဲ့ စစ်ရေး ဆိုင်ရာ စုစည်းမှု အခန်းကဏ္ဍ တစ်ခု ကလည်း တိုင်းရင်းသား လက်နက် ကိုင် တွေကြားမှာ "စုဖွဲ့မှု" ပုံစံ တစ်ခု ဖြစ်လာဖို့ တွန်းအား တစ်ရပ် ဖြစ်နေသလို ရှိနေတယ်။
ဒါတွေကို အစိုးရ ဘက်က အလိုမရှိ ပါဘူး။ သူတို့ လိုချင် တာက ၂၀၀၈ အောက် ဝင်ရေးပဲ။
ဆိုတော့ ဒီပြသနာက တဖွဲဖွဲ တောက်တော့မယ့် ဖွဲမီးလို ဖြစ်နေတုန်း။ တစ်လော လေးက အာဘော် တစ်ခု ဖတ်ရတယ်။ "ကမ္ဘာ့ အရှည်ဆုံး ပြည်တွင်းစစ် အဆုံးသတ် တော့မည်လား" ဆိုတဲ့ သဘောနဲ့ပေါ့။
ကျနော့် အမြင်ကတော့ ဒီရေချိန် အမြင့်ကို မထိန်းနိုင်ရင် ပိုမို ရှည်လျားတဲ့ ပြည်တွင်းစစ် ဆက်ဖြစ်ဖို့ အစိုး ရက ပိုတွန်းအား ပေးသလို ဖြစ်သွား ပါလိမ့်မယ်။
ဟင်္သာနီ (မွန်မြေ)

0 comments:
Post a Comment