Pages

Monday, November 11, 2013

မန္တလေးတွင် အုံနာဘုတ်ထွက် ကားများအဝယ်လိုက်


မန္တလေးတွင် ကားအုံနာဘုတ်မထွက်သေးသောကားများအရောင်းအ၀ယ်ကျ ဆင်းပြီး အုံနာဘုတ်ထွက်ပြီးသားကားများသာ အရောင်းအ၀ယ် ဖြစ်ပြီး ၀ယ်သူများမှလည်း အုံနာဘုတ်ထွက်ပြီးသား ကားများသာ ၀ယ်ချင်သူများပြားလာကြောင်း Win & S.P.A.M မန္တလေး ကားအရောင်း ပြခန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ကပြောကြားသည်။

“စလစ်လိမ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တော့ အရောင်း အ၀ယ်တော်တော်လေး အေးသွားတယ် လုံးဝအရောင်းအ၀ယ် မရှိတာတော့ မဟုတ်ဘူး။ အရောင်း အ၀ယ်အနည်းအကျဉ်းတော့ ရှိတယ်။ ဒါပေမယ့်အုံနာဘုတ်ထွက်ပြီးသား ကားတွေပဲ အရောင်း အ၀ယ်ဖြစ်တာများတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိမန္တလေးကားဈေးကွက်တွင် ကားဝယ်ရောင်းများသာ အရောင်း အ၀ယ်ဖြစ်နေပြီး ကားအရောင်းပြခန်းများမှာ အရောင်းအ၀ယ်ပို၍ အေး နေကြောင်း ၀ယ်ရောင်းများ၏လက်ထဲရှိ ကားများသည် အုံနာဘုတ် ထွက်ပြီးကားများဖြစ်ပြီး ကားအရောင်းပြခန်းများမှကားများသည် နံပါတ် မလျောက်ရသေး၊ အုံနာဘုတ်မထွက်သေးသော ကားများဖြစ်သောကြောင့် အရောင်း အ၀ယ်လျော့နည်းနေကြောင်း မန္တလေးကား ဈေးကွက်မှ
သိရသည်။

“ကျွန်တော်တို့အနေနဲ့ အုံနာဘုတ်မထွက်သေးတဲ့ကားတွေကို မ၀ယ်ရဲတာအပြစ်မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မျက်စိ ရှေ့မှာ အလိမ်ခံလိုက်ရတာကြောင့် မ၀ယ်ရဲတာပေါ့ဗျာ” ဟု မန္တလေးတွင်
Honda Fit ရှာဖွေဝယ်ယူနေသူ ကိုကျော်ကျော်ကပြောကြားသည်။

မန္တလေးကားဈေးကွက်တွင် အရာင်းအ၀ယ်အေးနေခြင်းမှာ လွန်ခဲ့သောခြောက်လခန့်ကပင်ဖြစ်၍ ယခုအချိန်ပွင့်လင်းရာသီကို ရောက်ရှိလာသော်လည်း အရောင်းအ၀ယ်ပြန်လည်မဖြစ်သေးကြောင်း ၀ယ်သူများအနေဖြင့် ကားဝယ်ယူရန် မရဲသေးကြောင်း မန္တလေးကားဈေးကွက်မှ သိရသည်။

People power

0 comments:

Post a Comment