ပြည်တွင်းစစ်ဖြစ်ပွားနေသော ကချင်ဒေသအတွင်းရှိ မိဘမဲ့ကလေးများအား စစ်ဘေးသင့်ဒေသမှ ကလေး ငယ်ဖြစ်ကြောင်း အထောက်အထား များ ပြသနိုင်ပါက လက်ခံကျွေးမွေး ပြုစုပေးမည်ဖြစ်ကြောင်း လှိုင်သာယာရှိ အနှိုင်းမဲ့မေတ္တာ လူယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂေဟာကော်မတီ ဥက္ကဋ္ဌ ဒေါ်ချယ်ရီ လွင် က ပြောကြားသည်။
လတ်တလောတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသမှ ကလေး၁၈ဦးကို ဂေဟာတွင် လက်ခံပြုစုထားပြီး ၁၈ဦးအနက် လေးဦးမှာ လုပ်ငန်း ခွင် အသီးသီးသို့ ဝင်ရောက် နေကြပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကချင်က ကလေးတွေမှ မဟုတ်ပါဘူး။ တကယ်ကို ခိုကိုးရာ မရှိဖြစ်နေတဲ့ကလေးတွေကိုလည်း သူဟာ တကယ်ကို မိဘမဲ့ ခိုကိုးရာမဲ့ ဖြစ်နေတယ်ဆိုတဲ့ အထောက်အထားတွေရှိရင်လည်း ကူညီမှာပါ” ဟု ဂေဟာ မှူး ဦးကြိုက်မောင်က ပြောကြားသည်။
ဂေဟာတွင်နေထိုင်သော ကလေးငယ်များအတွက် စားဝတ်နေရေးအခက်အခဲထက် ပညာသင်စရိတ် အခက်အခဲများရှိပြီးဂေဟာတွင် ကချင်စစ်ဘေးသင့်ဒေသမှ မိဘမဲ့ကလေးငယ်များ အပါအဝင် စုစုပေါင်း၃၃ ယောက်ကို ပြုစုပေးထားကြောင်း ၎င်းကပြောကြားသည်။
ကချင်ပြည်နယ်ရှိ အစိုးရထိန်းချုပ်နယ်မြေအတွင်းတွင် လူဦးရေ ၅၀၀၀၀ဝန်းကျင်နှင့် ကချင်လွတ် မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေတွင် လူဦးရေ ၄၀၀၀၀ ဝန်းကျင် ရှိကြောင်း နိုဝင်ဘာလ ၂၈ရက်နေ့ ထုတ် Eleven Daily သတင်းစာတွင် ဖော်ပြထားသည်။
People power
0 comments:
Post a Comment