ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် စပိန်ကလပ် ရီးယဲလ်ဆိုစီဒက်နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် လူစားဝင်ရောက်လာပြီနောက် ပင်နယ်တီကန်ခွင့် ရခဲ့ပေမဲ့ ပင်နယ်တီ လွဲခဲ့သည့်တိုင် ရော်ဘင်ဗန်ပါစီ၏ အရည်အသွေးကို မယုံကြည်စရာ မရှိကြောင်း အသင်းဖော် ဝိန်းရွန်နီနှင့် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်တို့က ထောက်ခံစကား ပြောကြားခဲ့ကြသည်။ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် စပိန်ကလပ် ရီးယဲလ်ဆိုစီဒက်နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး သည် လူစားဝင်ရောက်လာပြီနောက် ပင်နယ်တီကန်ခွင့် ရခဲ့သည်။ ယင်းပင်နယ်တီကို ဗန်ပါစီ ကန်သွင်းရာ တိုင်ထိထွက်သွားခဲ့သလို ယူနိုက်တက်သည်လည်း အဝေးကွင်းတွင် ဂိုးမရှိ သရေရလဒ်ဖြင့်သာ ကျေနပ် ခဲ့ရသည်။ Sky Sportsနှင့် အင်တာဗျူးတွင် မိုယက်စ်က "ပင်နယ်တီ မဝင်တာတော့ စိတ်ပျက်စရာပေါ့လေ။ ဒါပေမဲ့ ဗန်ပါစီရဲ့ ဂိုးတွေကို ကျွန်တော်တို့ တွေ့မြင်နေရဦးမှာပါ။ သူဟာ ဘယ်လို ဂိုးသွင်းစွမ်းရည်မျိုး ပိုင်ဆိုင်ထားသလဲ ဆိုတာ လက်တွေ့ပြသပြီးပါပြီ။ နောက်ထပ်လည်း ထပ်တွေ့မြင်ရဦးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။
အင်္ဂလန် တိုက်စစ်မှူး ရွန်နီကလည်း "ကမ္ဘာပေါ်မှာ ရှိသမျှ တိုက်စစ်မှူးတိုင်းလိုလို ပင်နယ်တီ မဝင်တာမျိုး ကြုံဖူးပါတယ်။ ဒီလွဲချော်မှုကြောင့်တော့ ဗန်ပါစီကို ထိခိုက်သက်ရောက်မှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော် သေချာပေါက် ပြောရဲတယ်"ဟု အသင်းဖော်ဘက်မှ ထောက်ခံအားပေးခဲ့သည်။ ယူနိုက်တက်သည် ယခုပွဲ သရေကျခဲ့သော်လည်း ချန်ပီယံလိဂ် အုပ်စု(A)တွင် ထိပ်ဆုံးနေရာမှ ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။ ဗန်ပါစီ အနေဖြင့် ယခုသီတင်းပတ်ကုန် အသင်းဟောင်း အာဆင်နယ်နှင့် ကစားမည့် ပွဲစဉ်တွင် ယူနိုက် တက် တိုက်စစ်ကို ဦးဆောင်လာဖွယ် ရှိနေဆဲဖြစ်သည်။
Planet Myanmar Network
0 comments:
Post a Comment