မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် အတွင်း မြန်မာ့ မီးရထား လုပ်ငန်း မှ ပခုက္ကူ - မြိုင် - ကျောသာ ခရီး စဉ် ကို နေ့စဉ် ပုံမှန် ပခုက္ကူ မှ နံနက် ၅ နာရီ မှ စတင်၍ ထွက်ခွာရာ မြိုင် သို့ နံနက် ၆ နာရီခွဲ တွင် ရောက် ရှိ ပြီး မြိုင်မှ နံနက် ၆ နာရီ မိနစ် ၄ဝ မှ စတင်၍ ကျောသာ သို့ ထွက်ခွာ ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၄ဝ ၌ ရောက်ရှိ ခဲ့ကြောင်း သိရ သည်။
ထို့နောက် ကျောသာ မှ မွန်းလွဲ ၁၂ နာရီခွဲ တွင် မြိုင်မြို့သို့ ထွက်ခွာ ရာ ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိကာ မြိုင်မှ ပခုက္ကူ သို့ ညနေ ၅ နာရီခွဲ တွင် ထွက်ခွာရာ ည ၇ နာရီ ခန့် တွင် ရောက်ရှိ ခဲ့သဖြင့် ယခင် အချိန်က တစ်ည အိပ် သွားလာ ရသည့် ခရီးစဉ် ကို ယခုအခါ နေ့ချင်း အသွား / အပြန် လိုရာ ခရီး နှင်နိုင်ပြီ ဖြစ်သည်။ အဆိုပါ ရထားကြီး ပြေးဆွဲခ နှုန်းထား မှာ ပခုက္ကူ မှ မြိုင် သို့ တစ်ဦးလျှင် ငွေကျပ် ၅ဝဝ၊ မြိုင်မှ ကျောသာ သို့ တစ်ဦး လျှင် ငွေကျပ် ၇ဝဝ ဖြင့် ပြေး ဆွဲနေရာ ပခုက္ကူ - မြိုင် - ကျောသာ ခရီးစဉ် အတွက် ငွေကျပ် ၉၅ဝ ဖြင့် ကျေးလက် နေပြည်သူ များ နှင့် မြို့နေ ပြည်သူ များ ပါ ဈေးနှုန်း ချိုသာစွာ ဖြင့် လိုရာ ခရီး သက်သောင့် သက်သာဖြင့် ခရီးသွား လာနိုင်ပြီး ယောနယ် ဒေသ ထွက် ကုန်ပစ္စည်း များ ဖြစ်သည့် ယော ဖျာ၊ နှီး၊ ရိုင်လိပ်၊ မျှစ်၊ ကြက်သွန် နီ၊ ကြက်သွန် ဖြူ၊ အာလူး၊ ယော ပြောင်းဖူး၊ ဖရုံ၊ သခွား၊ ဘူးစသည့် ယောနယ် ထွက်ကုန် များ ကို ပခုက္ကူ၊ မြိုင်မြို့များ သို့ သယ်ယူ ရောင်းချ သကဲ့သို့ ယော နယ် ဒေသမှ လည်း ဆန်၊ ဆီ၊ ဆား၊ လူ သုံးကုန် ပစ္စည်းများ ကို ပြန်လည် တင်ပို့ ရောင်းချ လျက် ရှိနေသည်။ ယောနယ် ဒေသနှင့် မြေပြန့် ဒေသ မြိုင်၊ ပခုက္ကူ မြို့သို့ ဒေသ စီးပွားချင်း အပြန် အလှန် ဆက်သွယ်ရာ တွင်လည်းကောင်း၊ လူမှုရေး၊ ကျန်းမာရေး တို့ပါ ယခင်နှင့် မတူ လွယ်လင့် တကူ သွားလာ နိုင်မည် ဖြစ် သဖြင့် မြို့ပြ နှင့် ကျေးလက် ပါ မကျန် ဖွံ့ဖြိုး စည်ပင် လာပြီဟု တာဝန် ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရ သည်။
အောင် (မန်း တက္ကသိုလ်)
0 comments:
Post a Comment