Pages

Thursday, November 7, 2013

မြိတ်တွင် ကျောင်းသားနှစ်ဦးအား ခွဲခြားဆက်ဆံမှုကြောင့် ကျောင်းဆရာမ အတိုင်ခံရ


တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသည့် န၀မတန်းမှ ကျောင်းသားနှစ်ဦးအား ခွဲခြားဆက်ဆံသည်ဟုဆိုကာ အထက်တန်း ပြဆရာမတစ်ဦးအား ကျောင်းသားမိဘအချို့က မြို့နယ်လက်ထောက်ပညာရေးမှူးအား တိုင်ကြား ခဲ့ကြောင်း သိရသည်။

အထက်တန်းပြဆရာမသည် ၄င်းထံတွင် ကျုရှင်တက်နေသည့် ကျောင်းသားတစ်ဦးက ကျူရှင်ဆက်မတက် လိုကြောင်းပြောဆိုသဖြင့် ၄င်းကျောင်းသားအားစာသင်ခန်းထဲတွင် ကျောင်းစာအများအပြားရေးခိုင်းခြင်း၊ အခြား ကျောင်းသားများအား အဆိုပါကျောင်းသားနှင့် အပေါင်းအသင်းမပြုလုပ်ရန် ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟု ကျောင်းသားမိဘထံမှ သိရသည်။ 

“ကျောင်းဆရာမက ကျောင်းသားကို နင်ကဘယ်က မေးခွန်းရလို့ဖြေနိုင်တာလဲ ဒါမှမဟုတ် ခိုးပြီး ဖြေတာလားလို့ ပြောတယ် အဲဒီတော့ ကျောင်းသားက အတန်းထဲမှာ မျက်နှာငယ်ရတယ်။ အဲ့ဒါကိုမိဘတစ် ယောက်အနေနဲ့ သားသမီးစိတ်မကောင်းတာကိုကြည့်ပြီး ကျောင်းပြောင်းဖို့ စီစဉ်ပြီး တိုင်ကြားခဲ့တာပါ။” ဟု ဆရာမအား တိုင်းကြားခဲ့သည့် ကျောင်းသား ၏ ဖခင်က ပြောသည်။

တိုင်ကြားခံရသည့် န၀မတန်းပြဆရာမသည် ၄င်း၏နေအိမ်၌ ကျောင်းပိတ်ရက်များတွင် ဘောဂဗေဒ ဘာသာ ရပ်အား ကျုရှင်အဖြစ် ကျောင်းသားများက မဖြစ်မနေသင်ကြားရပြီး၊ ကျုရှင်ပြီးချိန်များ၌ လည်းဆရာမ၏ အိမ်မှု ကိစ္စများအား ကူညီပေးရကြောင်း၊ ထိုသို့ လုပ်ဆောင်ရသည့်အတွက် ကျောင်းသား များက ကျူရှင် မတက်လိုကြောင်း ပြောဆိုခဲ့ခြင်းမှ စတင်ကာ ကျောင်းသားများအား ခွဲခြားဆက်ဆံခဲ့ခြင်း ဖြစ်သည်။

“အတန်းထဲမှာ ဆရာမကျူရှင်တက်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကျွန်တော့်ကို အပေါင်းအ သင်းမလုပ်ခိုင်းဘူး ပြီးတော့စာမေးပွဲဖြေတဲ့အခါဆိုရင် ဆရာမကျူရှင်မှာနေတဲ့ ကျောင်းသားကျောင်းသူက စာနည်းနည်းပဲဖြေရတယ်” ဟု ခွဲခြားခံရသည့် ကျောင်းသားက ပြောသည်။

တိုင်ကြားချက်အရ ဒု-ပညာရေးမှူး ဦးဆန်းဦး၊ လက်ထောက်ပညာရေးမှူး ဦးစိုးလွင်၊ အ.ထ.က စစ်တလူမှ ကျောင်းအုပ်ကြီး ဦးအံ့စိုး၊ ကျွန်စုမြို့နယ် အ.ထ.က ကျောင်းအုပ်ကြီး ဒေါ်မြခင်တို့က ကျောင်းဆရာမအား ခေါ်ယူမေးမြန်ရာ ၄င်းက ပြုလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုကြောင်း၊ ကျောင်းအုပ်ကလည်း မသိရှိကြောင်း ငြင်းဆိုခဲ့သည်ဟု စစ်ဆေးခဲ့သူများထံမှ သိရှိရသည်။

ကျောင်းဆရာမနှင့် အဆင်မပြေမှုကြောင့် ခွဲခြားခံရသည့် ကျောင်းသားသည် ကျွန်းစုမြို့နယ် နန်းကြီးကျေး ရွာ အ.ထ.က ကျောင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း၊ တိုင်ကြားခံရသည့် ဆရာမသည် လက်ရှိ ကျောင်းတွင်သာ ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

Myit Ma Kha Media Group

0 comments:

Post a Comment