Pages

Thursday, November 7, 2013

အာဏာရှင်ပုံစံအမျိုးမျိုး နောက်တစ်ကြိမ်ပေါ်ပေါက် လာခြင်းမရှိဖို့ ညီညွတ်စွာပိတ်ဆို့ဟန့်တားသွားကြရမယ်လို့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌမှဆို


၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုကြားမှာ ချပြပြီး လူထုသဘောထားရယူပွဲများကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျင်းပ လျက်ရှိရာ ဒီကနေ့အထိ ရယူပြီး လူထု သဘောထားက ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ရေးအတွက် သ ဘောထားပေးသူ ရာခိုင်နှုန်း ပိုမို များပြားနေတာကိုလည်း တွေ့ရပါ တယ်။ အသစ်ပြန်လည်ရေးဆွဲဖို့ အတွက် သဘောထားပေးသူဟာ ရာခိုင်နှုန်းအတော်နည်းတာကိုလည်း တွေ့ရတယ်လို့သိရှိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းနဲ့ပတ်သက် လို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကတော့ 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ရေးဆွဲအတည်ပြု ထား တာ မကြာသေးဘူးပေါ့။ တကယ် လို့ အများက နေပြီးတော့မှ ပြင်ဆင် သင့်တဲ့အခြေအနေတွေရှိတယ်။ အားလုံးပြင်ဆင်မယ်ဆိုရင်လည်းပြင် ရမှာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲကအရေးကြီး တဲ့အချက်ကို ပြင်ရမယ်ဆိုရင် တိုင်း ရင်းသား ညီညွတ်ရေးကိုပိုပြီးကောင်း မွန်စေတဲ့အချက်မျိုးပေါ့။ ဒီလိုဟာ မျိုးကိုပဲ စိတ်ဝင်စားပါတယ်လို့ ဦးဌေး ဦးကပြောကြားခဲ့ကြောင်းလည်း သိရှိရ ပါတယ်။ ဆက်လက်ပြီး ဦးဌေးဦးက အခုလက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်နေတဲ့အပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အောင်မြင်မှုရနိုင် မလားဆိုတဲ့ နေရာမှာလည်း ကျွန်တော့် အမြင်အရ နှစ်ဖက်လုံး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် တကယ်ငြိမ်း ချမ်းရေးလိုချင်စိတ်ရှိမှလည်းဖြစ်မယ်။ ငြိမ်းချမ်းမှုကို တကယ်လိုချင်မှလည်း ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဆိုတာ အခုမှပေါ်တာ။ အရင် ၇၄ အခြေခံ ဥပဒေတုန်းက လည်းငြိမ်းချမ်းရေးရခဲ့ တာတွေရှိတာပဲ။ ငြိမ်းချမ်းရေးတည် ဆောက်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တော့ ကျွန်တော့်အမြင်အရပြောရရင် ဆိုင်တော့ဆိုင်တယ်။ဒါပေမယ့် တိုက် ရိုက်ကြီးတော့မဟုတ်ဘူး လို့ထင်တယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျမှ ငြိမ်း ချမ်းရေးရမယ်ဆိုရင် အရင်တုန်းက ရခဲ့ဖူးတာတွေလည်း ရှိတယ်ဆိုတာ ပါပဲလို့ မှတ်ချက်ပေးပြောကြားတာ ကိုလည်း သိရှိရပါတယ်။
တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး ခေါင်းဆောင်များ ကွန်ဖရင့်မှာညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လ ကတော့ဒီကနေ့အထိ တိုင်းရင်း သားလူမျိုးအပါအ၀င် ပြည်ထောင်စု သားအားလုံးဟာ ဂုဏ်သိက္ခာမဲ့စွာ၊ မျက်နှာငယ်စွာနဲ့ နိုင်ငံတကာမှာ ရော ပြည်တွင်းမှာပါ နေထိုင်လာခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ တိုင်းရင်း သားများရဲ့ တန်းတူအခွင့်အ ရေးကို ချေဖျက်ခဲ့ရုံသာမက ပြည်သူတစ်ရပ် လုံးရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပါ ချိုးဖောက်ခဲ့တဲ့ အာဏာရှင် အပါ အ၀င်စစ်အာဏာရှင်ပုံစံအမျိုးမျိုးထပ်မံ ပေါ်ပေါက်လာခြင်းမရှိဖို့အတွက် ပြည် သူတစ်ရပ်လုံးနဲ့အတူ ညီညီညွတ် ညွတ်ဝိုင်းဝန်းပိတ်ဆို့ဟန့်တားကြရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ကျော် တိုက်ကြခိုက်ကြတာတွေဟာ တော် လောက်ပါပြီ။ စစ်အာဏာရှင်စနစ် ကြီးစိုးရေး တော်လောက်ပါပြီ။ ပြီး တော့ပြည်ထောင်စုဖက်ဒရယ်မူဆိုတာ နဲ့ ခွဲထွက်ရေးဖြစ်တယ်၊ တိုင်းပြည်ကို အစိတ်စိတ် အမြွာမြွာဖြစ်အောင်လုပ် တယ်ဆိုတဲ့မဟုတ်မဟတ်အကြောင်း ပြချက်တွေနဲ့ ပြည်သူတွေရဲ့ အခွင့် အရေးကိုချိုးဖောက်မယ့် အာဏာရှင် စနစ်ကျွန်တော်တို့ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းမှာ ထပ်မံပေါ်ပေါက် မလာဖို့အတွက် ပိတ်ဆို့ဟန့်တားသွား ကြရမှာလည်းဖြစ်ပါတယ်လို့ အဆိုပါ ကွန်ဖရင့်မှာ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။
နိုင်ငံရေးပြဿနာကို ဖြေ ရှင်းရေးဟာ အဓိကဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေက ပြုလုပ်ခဲ့ကြ တဲ့ ဘယ်ကိုမှ ခရီးမရောက်ခဲ့တဲ့ အပစ် အခတ်ရပ်စဲရေးနဲ့ပဲ လမ်းဆုံးခဲ့တဲ့ သင် ခန်းစာတွေကို မမေ့ဖို့ သတိပေးလို ပါတယ်။ အပေါ်ယံဟန်ပြအပြောင်း အလဲတွေပြုလုပ်ပြီးနိုင်ငံတော်နဲ့ နိုင်ငံ သားတွေဖွံ့ဖြိုးတိုးတက် လာလိမ့် မယ် ဆိုတဲ့အယူအဆဟာ မှားနေတယ်ဆို တာကိုလည်း ကျွန်တော့်အနေနဲ့ ရဲရဲ ထောက်ပြလိုပါတယ်လို့ တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက်္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင် ဘန်လက လိုင်ဇာတိုင်းရင်း သား လက်နက်ကိုင်ခေါင်းဆောင်များကွန် ဖရင့်မှာ အခုလိုပြောကြားခဲ့ကြောင်း လည်း သိရှိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေးသာ အဓိက၊ ဖွဲ့စည်းပုံပြင်ဆင် ခြင်းသည်သာ ပြည်တွင်းငြိမ်းချမ်း ရေး အတွက် အဓိကလို့ တစ်စိုက် မတ်မတ်ပြောကြားခဲ့တဲ့ကရင်အမျိုး သားအစည်းအရုံးအနေနဲ့ ဒုတိယ အကြိမ်ကွန်ဖရင့်ကိုလက်ခံကျင်းပ ဖို့လည်း သဘောတူခဲ့တယ်လို့ သိရ ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအသီးသီးက ခေါင်း ဆောင်များ တက်ရောက်ကြမယ့် ဒုတိယအကြိမ်ကျင်းပမယ့် ညီလာခံ ကိုတော့ KNU အဖွဲ့က ဒီဇင်ဘာလ တွင် တာဝန်ယူကျင်းပသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

The First Media Group ·

0 comments:

Post a Comment