ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကေ အိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုဝင်လာလ ၄ ရက် နေ့ မနက်ပိုင်းက စတင် ကျင်းပနေပါတယ်။
မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခမ်းမမှာ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက် ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့ရဲ့ ဆွေးနွေးပွဲ ဒီ ကနေ့ စတင်ပြုလုပ်နေပါတယ်။ တပြည်လုံးအတိုင်းတာနဲ့ အပစ်ခပ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးချက် တွေကို ဒီ၂ ရက်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အစိုးရဘက်က ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ဦး သိန်းဇော် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နဲ့ ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်ဝန်ကြီးချုပ်တွေ တက် ရောက်သလို တိုင်းရင်းသားခေါင်းဆောင်တွေဘက်က အာစီအက်စ်အက်စ်၊ ကေအန်ယူ၊ ကေအိုင်အို၊ အေအယ်လ်ပီ၊ စသည်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ တက်ရောက်ဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ မူဘောင်တွေ ချမှတ်ရေးဆိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ထဲပါတဲ့ အချက်နဲ့ အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ဖို့ ဆိုတဲ့ အချက် ၂ ချက်ကို နှစ်ဖက် အကျေအလည် ညှိနှိုင်းကြမှာဖြစ်ပါတယ်။
ယခု ဆွေးနွေးပွဲ မနက်ပိုင်း ပြီးသွားလို့ ညနေ၂နာရီမှာ ပြန်စပါတယ်။ စည်းဝေးပွဲမနက်ပိုင်းကိုတော့ မီဒီယာ သမားတွေ စည်းဝေးခန်းထဲဝင်ခွင့်ပေးခဲ့သော်လည်း ညနေပိုင်းကိုတော့ မီဒီယာ သမားတွေကို စည်းဝေး ခန်းမထဲ ၀င်ခွင့် မပေးတော့ဘူးလို့ လည်း ထပ်မံသိရှိရပါတယ်။
Lachid Kachin
0 comments:
Post a Comment