ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် မြို့နယ် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ် ကြီး ( ကျောက်တော်ကြီး ဘုရား ) အနီးတွင် ရှိသော မင်းဓမ္မ ဆင်ဖြူတော် ဝင်းတွင် ထားရှိ သည့် စွယ်စုံ ဆင်ဖြူတော် က စိတ်ရိုင်း ဝင်ကာ အစွယ်ဖြင့် ထိုးခဲ့သော ကြောင့် ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး ခဲ့မှု နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွား ခဲ့ကြောင်း မင်းဓမ္မ ဆင်ဖြူတော် ဝင်းမှ တာဝန်ခံ အရာရှိ တစ်ဦး က ပြောကြားသည်။
မင်းဓမ္မ ဆင်ဖြုတော်ဝင်း တွင် ရာဇဂဟ သီရိပစ္စယ ဂဇ ရာဇာ အမည် ရှိ စွယ်စုံ ဆင်ဖြူတော် အထီးတစ် ကောင်နှင့် အမ နှစ်ကောင် ရှိပြီး ၎င်း တို့ကို နံနက်ပိုင်း ၆ နာရီခွဲမှ ၇ နာရီခွဲ အထိ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲ မှ ၅ နာရီခွဲ အထိ တစ်ကြိမ် လမ်းလျှောက် လေ့ကျင့် ပေးကြောင်း၊ ၎င်းတို့ လျှောက်လမ်း တွင် လမ်းလျှောက် ၍ တစ်ပတ် ပြည့်တိုင်း ကြံတစ်ချောင်း စီ ကျွေးလေ့ ရှိကြောင်း၊ အဆိုပါ စွယ်စုံ ဆင်ဖြူတော် အထီးမှာ လမ်းလျှောက် ပြီး နာရီဝက်ခန့် အကြာ တွင် စိတ်ရိုင်း ဝင်ကာ ၎င်းကိုအစာ ကျွေးနေ သည့် အသက် ၅၆ နှစ် အရွယ်ရှိ ဆင် ဦးစီး ဦးသိန်းစိန် ကို အစွယ်ဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
“လမ်းလျှောက် လေ့ကျင့်တဲ့ အခါတိုင်း ဆင်တွေ ပေါ်မှာ ဆင်ဦး စီးတွေပါ ပါတယ်။ အစာကျွေး နေတဲ့ အချိန် အစွယ်နဲ့ လှမ်းပက် လိုက်တာ ဘယ်ဘက် ရင်အုံ ထိသွား တယ်။ ပေါက် မသွားပေမယ့် သူအား နဲ့ ဆိုတော့ ကလိစာတွေ ထိသွား တယ် ထင်တယ်။ ဆေးရုံ ပို့ရင်း လမ်းမှာ တင် ဆုံးသွား တာပါ” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ စွယ်စုံ ဆင်ဖြူတော် မှာ နိုဝင်ဘာလ တွင် နှစ်စဉ် မုန်ယို တတ် သည့် အလေ့ အထ ရှိသော် လည်း အခင်း ဖြစ်ပွား ချိန်ထိ မုန်ယို သည့် လက္ခဏာ ကို မတွေ့ ရှိရ သေးကြောင်း၊ ဆင်ဖြူတော် မှာ မူလ စိတ် အခြေအနေ သို့ ပြန်လည် ရောက်ရှိ ပြီး ဖြစ်သော်လည်း နောင် ယင်း ကဲ့သို့ အပြုအမူမျိုး မပြုလုပ် စေရန် ၎င်းကို ကြိုးများ ပတ်၍ ချည်နှောင် ကာ ပြစ်ဒဏ် ပေးထား ကြောင်း၊ ကျွမ်းကျင် ဆရာဝန် များနှင့် ပြသရန် စီစဉ် လျက် ရှိကြောင်း မင်းဓမ္မ ဆင်ဖြုတော်ဝင်း အတွင်းမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဆင်စွယ် ဖြင့် အထိုးခံ ရ၍ ဆင်ဦးစီး သေဆုံးမှုကို အင်းစိန် မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ( ၇၄ / ၂၀၁၃ ) ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေး လျက် ရှိကြောင်း အင်းစိန် မြို့မ ရဲစခန်း ထံမှ စုံစမ်း သိရှိ ရသည်။ အဆိုပါ အသက် ၁၉ နှစ် အရွယ်ခန့် ရှိသည့် ရာဇအဂ္ဂ သီရိ ပစ္စယဂရောဇာ စွယ်စုံ ဆင်ဖြူတော် ကို ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် အထက် နန်းရာ ကျေးရွာ အုပ်စုတွင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ က ရန်ကုန်မြို့သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ တွင် ဆင်ဖြူတော် အထီး နှစ်ကောင်နှင့် အမ ခြောက်ကောင် ပိုင်ဆိုင် ထားပြီး ရန်ကုန် မြို့ မင်းဓမ္မ ဆင်ဖြူတော် ဝင်း တွင် အထီး တစ်ကောင်၊ အမ နှစ်ကောင်နှင့် နေပြည်တော် ဥပ္ပသန္တိတ စေတီတော် ဆင်ဖြူတော် ဝင်း တွင် အထီး တစ်ကောင် အမ လေးကောင် ထားရှိ သည်။
The Voice Daily
0 comments:
Post a Comment