Pages

Thursday, November 7, 2013

ရခိုင်အမျိုးသမီးအသတ်ခံရမှုတွင်ပါဝင်ခဲ့သူများအနက်တစ်ဦးဖမ်းဆီးရမိ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ရခိုင်အမျိုးသမီးတစ်ဦး အသတ်ခံ ရမှုတွင်ပါဝင်ခဲ့သည်ဟုယူဆရသူ ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည့် နော်ရော်ဟော်ဘီကိုဖမ်းဆီးရမိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ယနေ့သတင်းထုတ်ပြန် ချက်အရသိရသည်။

နိုဝင်ဘာ ၄ရက် ည ၈ နာရီက ငှက်ချောင်း (ဘင်္ဂါလီကျေးရွာ) ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ပေါက်တောမြို့နယ် နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။ 

ယခုလ ၂ရက်က ရခိုင်ပြည် နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာ တွင် ရခိုင်အမျိုးသမီး ၂ဝခန့် ခုံးကောက်နေသည့်နေရာသို့ ဘင်္ဂါလီ လူမျိုးသုံးဦး တုတ်၊ ဓား၊ လှံလက်နက် များကိုင်ဆောင်၍ ရောက်ရှိ လာပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်အမျိုးသမီး မလှခင်(ဘ) ဦးကျော်သိန်းမောင်မှာ ဓားဒဏ်ရာ များဖြင့်သေဆုံးခဲ့ပြီး မဟန်နုဖြူ၊ မဖြူဖြူဝင်းတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟုယူဆရသူများကို ပေါက်တော မြို့နယ် မြို့မရဲစခန်းက (ပ)၁၃၃/၂ဝ၁၃၊ ပုဒ်မ-၃ဝ၂/ ၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး အမှုမှတရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး၏ကြီးကြပ်မှုအရ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်များ အရသိရသည်။

နုနုနွေ(ဓညဝတီ) 

0 comments:

Post a Comment