(ဓါတ်ပုံ- ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ဆွေးနွေးပွဲ အတွင်း အိပ်ပျော်နေစဉ်။)
ဦးသိန်းစိန်ဦးဆောင် သော မြန်မာ အစိုးရ သည် အောက်တိုဘာလ အတွင်း တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆဲရေး( ငြိမ်းချမ်းရေး) လက်မှတ် ရေးပွဲ ကျင်းပနိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ ရှိသည့် အနက် (၁၄) ဖွဲ့ မှာ နိုင်ငံတော် အစိုးရ နှင့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ထို့ ကြောင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည်မှာ KIA, နှင့် TNLA တို့ နှစ်ဖွဲ့ သာ ကျန်ရှိတော့ ကြောင်း ၊သို့ဖြစ်၍့ ပြည်လုံးကျွတ် အပစ်ရပ်ငြိမ်းချမ်းရေးလက် မှတ်ရေးထိုးနိုင် ရေးမှာ KIA, နှင့် အပစ်ရပ်နိုင်ရေးသည် အရေး အကြီးဆုံးဖြစ်သည်ဟု ပြောဆိုနေသော်လည်း အစိုးရ အနေ နှင့် KIA, နှင့် ဆွေးနွေးပွဲ အား ၄င်းတို့ ပြောဆို နေသကဲ့သို့ အလေး ထားခြင်းမရှိသည်မှာ သိသာ ထင်ရှားလှပါသည်။ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေး အတွက် အင်မတန်အရေးကြီးလှသော (အရေးအကြီးဆုံး) ဖြစ်သော အစိုးရ နှင့် KIO တို့ ၏ အောက်တိုဘာလ (၈.၉.၁၀) မြစ်ကြီးနားမြို့တွင် ကျင်းပနေ သော ပြည်ထောင်စုအဆင့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆွေးနွေး တွင်မြန်မာ အစိုးရ ဘက်မှ ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မှ ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် (အောက်တိုဘာလ၊၉ ရက်နေ့ ဆွေးနွေးပွဲဒုတိယနေ့ ပြုလုပ်နေစဉ် စိတ်ဝင်စားမှုမရှီဘဲ ဆွေးနွေးပွဲ အတွင်းလာရောက် အိပ်ပျော်နေ သည်ကို ကြည့် ခြင်းအားဖြင့် စည်းဝေးပွဲ အားအလေးမထား ကြောင်းသိသာ ထင်ရှားလှပါသည်။
Lachid Kachin
0 comments:
Post a Comment