Pages

Thursday, October 31, 2013

စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့်လမ်းကြောင်းပေါ်တွင်ရှိသော်လည်း ပိုမိုကောင်း မွန်သည့်စည်းမျဉ်းများပေါ်ပေါက်ရန်လိုအပ်


မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် လမ်းကြောင်းပေါ်တွင် ရှိသော်လည်း ပိုမိုကောင်းမွန်သည့် စည်းမျဉ်း ဥပဒေများပေါ်ပေါက်လာစေရန် ပြုပြင်ပြောင်း လဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းတို့၏ Doing Business အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာသည် ကမ္ဘာ့နိုင်ငံအသီး သီး၏ စီးပွားရေးလုပ်ငန်းများ၊ ဥပေဒေများ၊ လုပ်ထုံး လုပ်နည်းများကိုလေ့လာဆန်းစစ်ထားသည့်အစီရင်ခံစာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ယခုနှစ်တွင် စတင်ထည့်သွင်းလေ့လာဆန်းစစ် ထားခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထုတ်ဝေတဲ့ Doing Business အစီ ရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေတွေကို ပထမ ဦးဆုံးအကြိမ် ထည့်သွင်းဖော်ပြထားတယ်။ မြန်မာဟာ နှစ်ပေါင်းများစွာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ အဆက်ပြတ်နေပြီး အခုမှစတင်ပွင့် လင်းလာတဲ့ နိုင်ငံတစ်ခုဖြစ်တယ်'' ဟု ကမ္ဘာ့ ဘဏ်၏မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာခန်သန်ရှင်ကာက ပြောသည်။

အစီရင်ခံစာ၏ လေ့လာတွေ့ရှိချက်များ တွင် မြန်မာနိုင်ငံအနေဖြင့် သတင်းအချက်အလက် များအရ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန် သော စည်းမျဉ်းဥပဒေများပေါ်ပေါက်လာစေရန်၊ ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ပြီး လက်ရှိအခြေ အနေတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေသော လမ်းကြောင်းပေါ် တွင် ရောက်ရှိနေကြောင်း ၄င်းကပြောသည်။

''စီးပွားရေးလုပ်ငန်းတွေစတင်ဖို့နဲ့ ချဲ့ထွင် နိုင်ဖို့ အခက်အခဲဖြစ်နေရတဲ့ စည်းမျဉ်းဥပဒေတွေ ကိုဖယ်ရှားပေးခြင်းက အစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်စွာဆောင်ရွက်ဖို့လွယ်ကူ အဆင်ပြေတဲ့ အခြေအနေမျိုးပေါ်ပေါက်လာဖို့ အားပေးဆောင်ရွက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုဆောင်ရွက်မှုမျိုးကို ဒေသတွင်းမှာရှိတဲ့ အခြားအစိုးရတွေ ဆောင်ရွက်ခဲ့ကြပါတယ်''ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့်စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သောစည်းမျဉ်းဥပဒေများ၊ အညွှန်းကိန်းများကို ပထမဆုံးအကြိမ်အဖြစ် လေ့လာနိုင်ခြင်းသည် မြန်မာ့စီးပွားရေးကဏ္ဍအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဟုခေါ်ဆိုနိုင်ပြီး Doing Business အစီရင်ခံစာတွင် စတင်ပါဝင်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ၏အကျိုးရလဒ်များကို တိုင်းတာအကဲခတ် နိုင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာဘဏ္ဍာ ရေးကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာချားလ်ရှနိုက်ဒါက ပြော သည်။

''စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကိုဖန်တီး ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း တွေဖန်တီးပေးမယ့် စီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ကအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ် တယ်'' ဟု ၄င်းကထည့်သွင်းပြောသည်။

Doing Business အစီရင်ခံစာသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် စည်းမျဉ်းဥပဒေများကို သိရှိနားလည် ခြင်းဟုအမည်ပေးထားပြီး အစီရင်ခံစာကိုအရှေ့ အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံ ၂၃ နိုင်ငံ အနက် ၂၂ နိုင်ငံတွင် ၂ဝဝ၅ ခုနှစ်မှစတင် ကာ လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံများ၏ စည်းမျဉ်းဥပဒေများကို စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်သည့် အခြေအနေ များဖြစ်ပေါ်လာစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုဒေသခံ စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းဥပဒေများ ကောင်းမွန်အောင်ဆောင် ရွက်သည့်ကာလအတွင်း တရုတ်နိုင်ငံသည် ထိပ်ဆုံးမှရပ်တည်နေပြီး ယခင်နှစ် ကမ္ဘာ့နိုင်ငံ အသီးသီး၏ စီးပွားရေးလုပ်ငန်းများတွင် စည်း မျဉ်းဥပဒေများကို ကောင်းမွန်အောင်ဆောင်ရွက် ရာတွင် တိုးတက်မှုအရှိဆုံး ထိပ်တန်းနိုင်ငံများ တွင် ဖိလစ်ပိုင်နိုင်ငံသည်လည်း ပါဝင်ကာယခု နှစ်တွင် အရှေ့တောင်အာရှနိုင်ငံများထဲမှ စင်ကာပူ နှင့် မလေးရှားနိုင်ငံများသည် ကမ္ဘာ့အကောင်းဆုံး စီးပွားရေးစည်းမျဉ်းဥပဒေများရှိသည့် ထိပ်တန်း၁ဝ နိုင်ငံတွင်ပါဝင်သည်။

Union Daily

အပစ်အခတ်ရပ်စဲရေး မူနှစ်ခုအပေါ် ပြေလည်မှုမရရှိသေး


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံဒုတိယနေ့ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ကျင်းပရာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရဖက်ကတင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး မူနှစ်ဖက်အပေါ် ပြေလည်မှုမရသေးကြောင်း ညီလာ  ခံဖြစ် မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

အစိုးရဖက်က တင်ပြထားတဲ့ အပစ်ခတ်ရပ်စဲရေးမူနဲ့ UNFC မူမှာ ကွာဟချက်တွေ ရှိနေသေးတာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲ အမြင်သဘောထားတစ်ခုတူညီအောင် ဆက်လက်ညှိနှိုင်း ရဦးမှာဖြစ်တယ်လို့ UNFC အထွေထွေအတွင်းရေးမှူးလည်းဖြစ် လိုင်ဇာညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

“ပထမကတော့ UNFC ကတင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာပေါ့ဗျာ၊ UNFC အနေနဲ့ ဘယ်လိုရပ်တည် မယ်ဆိုတဲ့ သဘောထား အဲဒါကိုတင်ပြကြတယ်၊ နောက်ပြီးတော့ အစိုးရဘက်ကတင်ပြတဲ့ ဒီအပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားပေါ့နော်၊ အဲဒီစာတမ်းအပေါ်မှာ ကျနော်တို့ သုံသပ်ကြတယ်၊ အဲဒီလို ကျနော် တို့ သုံးသပ်ပေမယ့် အခုဟာက ဆုံးဖြတ်ချက်တွေ မကျနိုင်သေးဘူးဗျ”

UNFC က တင်ပြထားတဲ့မူထဲမှာ နှစ်ဖက်တပ်နေရာချထားရေးပါရှိပေမယ့် အစိုးရကတင်ပြထားတဲ့မူထဲမှာ အဲဒီအချက်ပါရှိတာ မတွေ့ရဘူးလို့လည်း သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားအမြင်တူညီတဲ့ ဆုံးဖြတ် ချက်တစ်ခုချမှတ်ပြီး အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်မှုကော်မတီဝင်တွေနဲ့ လာမယ့် နိုဝင်ဘာလ ပထမအပတ်ထဲမှာ တွေ့ဆုံဆွေးနွေးသွားဖို့ဖြစ်ပါတယ်။

ညီလာခံကို မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ကနေ မနက်ဖြန် နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်း ပမှာဖြစ်ပြီး မနက်ဖြန်မှာတော့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး ဘုံသဘောတူညီချက်တစ်ခု ချမှတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

RFA Burmese

ပုထိုးလုံးချောင်း(ခေါ်) အလောင်းတော်ကဿဖချောင်းအတွင်း ပွင့်လင်းရာသီတွင် ရွှေမျှောတိုက်မှုများ ပေါများလာမည်ကို ဒေသခံတစ်ချို့ စိုးရိမ်နေ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် တောင်လက်ဒေသ ရှိ ကျေးရွာများကို ဖြတ်သန်းစီး ဆင်းနေလျှက်ရှိသော အလောင်းတော်ကဿဖချောင်း(ခေါ်) ပုထိုးလုံးချောင်း အတွင်းတွင် ယခုလာမည့် မိုးကုန်ပွင့်လင်းရာသီတွင် တရားမ၀င်ရွှေမျှောတိုက်မှုများ ယခင်နှစ်များ ကဲ့သို့ များပြားလာမည်ကို စိုးရိမ် နေလျှက်ရှိကြောင်း အဆိုပါချောင်းဘေးနေ ကျေးရွာဒေသခံများက သလ္လာဝတီတိုင်းမ်ကို ပြောပါတယ်။

" မနှစ်ပိုင်းကတည်း ချောင်းထဲမှာ တရားမ၀င်ရွှေမျှောတိုက်သူတွေ ထုနဲ့ထေး ပေါများခဲ့ပါတယ်။ သူတို့ ရွှေမျှော တိုက်တာကအရေးမကြီးဘူး မိုးရာသီရောက်လာပြီဆိုရင် သူတို့ရဲ့စည်းကမ်းမဲ့စွန့်ပစ်တဲ့ မျှောစာသဲ တွေက ဧရာ မ အိမ်ကြီးလောက်ရှိတဲ့ အပုံကြီးတွေကို ချောင်းရေက တိုက်စားမှုမလုပ်နိုင်တော့ ချောင်းရေ က ဦးတည်ရာကိုစီဆင်းပြီး ချောင်းဘေးကကျေးရွာတွေ လယ်ယာမြေတွေ တိုက်စားတဲ့ဒဏ်ကို ဒေသခံတွေ ရင်ဆည်းပြီးမရှု့မလှခံ စားကြရပါတယ်။
အခုနှစ်မိုးရာသီမှာဆိုရင် မင်းကင်းမြို့နယ်တောင်လက်ဒေသဖြစ်တဲ့ တင်ဘက်ရွာ ၊ ပသေးရွာ ၊ ပွင့်လျှက်ရွာ တွေ ဆိုရင် ချောင်းရေတိုက်စား မှုကြောင့် နေအိမ်တွေ ပြောင်ရွေ့ခဲ့ကြရတယ်။ အထက်စသာရွာ မှာဆိုရင် လယ်ယာမြေဧကပေါင်းများစွာကို ချောင်းရေလွှမ်းမိုးပြီး သဲဖို့သွားလို့ ဆုံးရှုံး ကြခဲ့ရတဲ့တောင်သူတွေ အများကြီးရှိနေပါတယ်" လို့ ပွင့်လျှက်ရွာဒေသခံ ရွာသာတစ်ဦး သလ္လာဝတီတိုင်းမ်ကို ပြောကြားခဲ့ပါတယ်။
အဆိုပါ တရားမ၀င်ရွှေမျှောများတိုက်သူများကို မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိများ ကို တရားမ၀င် လိုင်းကြေားများပေး၍ ပြုလုပ်ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး မျှောပေါင်း(၃၀)ကျော်ရှိတယ်လို့လည်း သိရရှိရပါသည်။
အလောင်းတော်ကဿဖချောင်း(ခေါ်) ပုထိုးလုံးချောင်း သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကနီမြို့နယ်မြို့နယ်အတွင်းရှိကျေးရွာတစ် ချို့ နှင့် ကလေးခရိုင် မင်းကင်းမြို့နယ် တောင်လက် ဒေသရှိကျေး ရွာများဖြစ် ကြသည့် ပသေး ၊လင်းလု ၊ ညောင်းကိုင်း ၊ ဖက်ထုပ် ၊အင်းဒေါင်း ၊ ကူလဲ ၊ တောင်အောက် ၊ အ ထက်စသာ ၊ အောက်စသာ ၊ ပွင့်လျှက် ၊ ထုံးမန်း ၊ လောင်းကျဉ်း ၊ လောင်းတည် အစရှိသော ကျေးရွာ ပေါင်းမြောက်များစွာ ကို ဖြတ်သန်းစီဆင်းပြီး မင်းကင်းမြို့ အောက်ဘက်ရှိ ပုထိုးလုံးရွာ ချောင်း ပေါက်မှ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းမ ကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ


KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာ ခံပြုလုပ်ပြီး၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းနေကြပေမဲ့ ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက်တော့ နေရပ်ပြန်ရေး အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ဒုက္ခသည် တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Dr. Samson Hkalam ဟာ ကချင်ဒုက္ခသည် တွေအရေးနဲ့ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေကို ရှင်းပြဆွေးနွေးဖို့ အခု ၀ါရှင်တန်ဒီစီကို ရောက် နေပါတယ်။ ကချင်ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့ စစ်မက်ဖြစ်နေတဲ့ နှစ်ဘက်စလုံးက အာမခံချက် ခိုင်ခိုင်မာမာ ပေးနိုင်ဖို့ လိုမယ်လို့ Dr. Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။ ကို သားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

“IDP တွေရဲ့ Resettlement Program တွေပေါ့နော်။ Pilot Project ဆိုပြီးတော့မှ ရွာ ၄ ရွာကို ရွေးပြီး ပြန်ခိုင်းမယ့်ကိစ္စတွေမှာ ကျနော်တို့ IDP တွေရဲ့ဆန္ဒမပါဘဲနဲ့ လုပ်လာတာမျိုးဖြစ်ခဲ့လို့ရှိရင် စိုးရိမ်ဖွယ်ရာ ရှိတယ်ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးပါတယ်။”

မေး။ ။ ဆန္ဒမပါဘဲနဲ့ အခုက အတင်းပြန်ပြီးတော့ နေရာတွေ ရွှေ့ခိုင်းနေလို့လား။

ဖြေ။ ။ “အခုတော့ အတင်း မရွှေ့ခိုင်းပေမဲ့လည်း အဲ့လိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့ မြင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့ ဒီ IDP တွေရဲ့ စိတ်နေသဘောထားကို ကျနော်တို့က အသေးစိတ် နားလည်တယ်။ စစ်တပ်တွေက ကျေးရွာတွေမှာ တနေ့ထက်တနေ့ များလာတော့ IDP တွေက ဘယ်လိုမှ ပြန်ဖို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ကျနော်တို့က အဲ့ဒါကို စိုးရိမ်ပြီးမှ အဲ့ဒီကိစ္စနဲ့ လာပြီးမှ ဒီမှာ တွေ့ဆုံပြောဆိုခြင်းဖြစ်ပါတယ်။”

မေး။ ။ အခု ကျနော်တို့ သိရသလောက် ကချင် KIO အဖွဲ့အစည်းနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတာတွေ ရှိပါတယ်ခင်ဗျ။ ဆွေးနွေးနေတဲ့ အလားအလာက ဒီ ကချင်ဒုက္ခသည်တွေဘက်ကရော ဘယ် လိုများ မြင်လဲ။ အခြေအနေကောင်းလာနိုင်လား။ ပြန်ဖို့အတွက် အလားအလာတွေ ရှိနေပြီလား။

ဖြေ။ ။ “ကျနော်ထင်တာတော့ ဒီဆွေးနွေးပွဲက တကယ်လို့ Nationwide Ceasefire ဖြစ်ရင်တောင်မှ IDP တွေ ပြန်ဖို့ကိစ္စကတော့ တော်တော့်ကို ဆွေးနွေးရဦးမယ်လို့ ကျနော် ထင်ပါတယ်။”

မေး။ ။ ဘာတွေ အခက်အခဲဖြစ်နေလို့လဲခင်ဗျ။ ဒုက္ခသည်တွေပြန်ဖို့အတွက် ဘာတွေများ အခက်အ ခဲရှိလို့လဲ။

ဖြေ။ ။ “ဒီ ကြောက်စိတ်တွေပေါ့ဗျာ။ လွန်ခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ ပစ်ခတ်မှုတွေ၊ သေကြေမှုတွေ၊ ရက် စက်မှုတွေ၊ နောက် ခံရတဲ့ ဒီအတွေ့အကြုံလေးတွေက အဲ့ဒီဒုက္ခသည်စခန်းမှာရှိတဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒါကတော့ အမြဲတမ်း ကျန်ရစ်နေကြတယ်။ ဒါကြောင့်မို့လို့ Nationwide Ceasefire ဖြစ်လာရင်တောင်မှ စစ်တပ်ရဲ့ တပ်ဆုတ်မှုပေါ့နော် မူလဒေသရင်းကို ပြန်ပြီးမှ မသွားရင်တော့ ရွာကလူတွေကတော့ ပြန်ရဲမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ အဲ့လိုပဲ ထင်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အခုက ကချင်ဒုက္ခသည်တွေ အခုလိုမျိုး စိုးရိမ်စိတ်ဖြစ်နေတာတွေ၊ ကြောက်ရွံ့မှု ဖြစ်နေတာတွေ၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ရော KIO ကရော ဘယ်လိုများ ဖြေရှင်းပေးနိုင်မလဲ။ KIO က လာတွေ့ပြီးတော့ စကားပြောတာ ရှိပါသလား။

ဖြေ။ ။ “KIO ကတော့ မြစ်ကြီးနားကို ရောက်တဲ့အချိန်မှာတော့ Government Control Area မှာရှိတဲ့ Camp တွေကို သူတို့လာပြီးမှ ပြောပြတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော် ထင်ပါတယ်။ KIA က ပြောပြပေမဲ့လည်း ခုနပြောတဲ့အတိုင်း ယုံကြည် စိတ်ချလောက်တဲ့ မျက်မြင်သက်သေပေါ့ IDP တွေ မတွေ့သ၍ကတော့ သူတို့ရဲ့စိတ် လုံခြုံမှု ရမယ်လို့တော့ ကျနော် မထင်ဘူး။”

မေး။ ။ ဟုတ်ကဲ့ မျက်မြင်ကိုယ်တွေ့ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ပြောတာလဲခင်ဗျ။
ဖြေ။ ။ “ဥပမာ - ကိုယ်ပြန်မယ့်ရွာမှာ တပ်စခန်းတွေ မရှိတော့ဘူးဆိုတဲ့ ဒါ မျက်မြင်သက်သေပေါ့ဗျာ။”

မေး။ ။ တပ်စခန်းဆိုတာက မြန်မာတပ်စခန်းပြောတာလား။ KIA ဘက်က တပ်စခန်းကို ပြောတာလား။

ဖြေ။ ။ “အဲ ဟုတ်တယ်။ မြန်မာတပ်စခန်းရော၊ ဒီ KIA တပ်စခန်းရောပေါ့။”

မေး။ ။ အခု ဒီ ဒုက္ခသည်တွေက ဘယ်လောက်လောက်ရှိပါသလဲခင်ဗျ။

ဖြေ။ ။ “အစိုးရ Control Area မှာ ၃ သောင်းနီးပါးရှိပါတယ်။ နယ်စပ်ဒေသတလျှောက်မှာတော့ ၆ သောင်း ကျော် ၇ သောင်းနီးပါးရှိပြီးမှ တောထဲတောင်တွေထဲမှာ ရောက်နေတဲ့သူကတော့ ၂ ထောင်ကျော် ၃ ထောင်နီးပါးရှိပါတယ်။”

Jade Land

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့တိုက်ပွဲဖြစ်


သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲ တနာရီခန့်ဖြစ် ပွားကာ နှစ်ဘက်ဆုံးရှုံးမှုရှိကြောင်းဒေသခံများကပြောသည်။

အောက်တိုဘာ ၂၈ ရက် ၂၀၁၃ ခု မွန်းတည့်ချိန် တွင် ဟိုပန်မြို့အခြေစိုက် အစိုးရတပ်ရင်း ခလရ ၁၄၃ အင်အား ၆၀ ကျော် က မိုင်းယုမြို့နယ်ခွဲအတွင်းရှိ တအာင်း( TNLA ပလောင်) နှင့် သျှမ်း (SSPP/SSA) တို့ ပူးပေါင်းတပ်အား တနာရီကျော် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက မိုင်းယု အနောက်ဘက် ၈ မိုင်ကျော်လောက်ဝေးတယ်။ စလန်းတောင်ကုန်းဆိုတဲ့နေရာမှာပေါ့။ ပလောင်ရွာ နားမှာဖြစ်တာ။ ဗမာတပ်ဘက် ၃ ယောက်ကျသွားတယ်။ ၈ ယောက်ဒဏ်ရာရတယ်။ သူများ နေတဲ့ နေရာ သွားတိုက်တာကိုး” - ဟု ဒေသခံ ပြည်သူ့စစ်တပ်သားတဦးဖြစ်သည့် မာနော က ပြောသည်။

တိုက်ပွဲကြောင့် TNLA နှင့် SSA (SSPP) တို့ဘက်က ကျဆုံးမှု မရှိသော်လည်း သုံးယောက်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသအတွင်းလှုပ်ရှားသည့် သျှမ်းတပ်အရာရှိတဦးက ဆက်၍ ပြောသည်။

“တိုက်ပွဲဖြစ်ပွားပြီးတော့ သူတို့လူကို မိုင်းယုဘက် သယ်ပြီးတပ်ဆုတ်သွားတယ်။ ဒါပေမယ့် တဖွဲ့ တဖွဲ့မှာ အင်အား ၅၀-၆၀ လောက်ရှိတဲ့အဖွဲ့တွေ နမ့်ဖတ်ကာ အုပ်စုဘက်မှာ နှစ်ဖွဲ့သုံးဖွဲ့ရှိနေတုန်းဘဲ။ နမ့်ဖတ်ကာ အနောက် ဘက် ဝမ့်နုတ်ခုံ့ရွာ မှာတော့ ၆၀ ကျော်တယ်၊ ကျနော်တို့ရဲ့ သတင်း သူတို့ရရင်တော့ ထပ်လာ တိုက် ဦးမယ် ထင်တာဘဲ” - ဟု ဆို၏။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မိမိဌာနချုပ်မှ လွဲ၍ အခြားဒေသအတွင်း လှုပ်ရှားတပ်များ တပ်စခန်း အခိုင်အမာ တည်ဆောက် အခြေချနေထိုင်ခြင်း၊ ရွာအတွင်း ရက်ရှည်နေထိုင်ခြင်း၊ စစ်အင် အားဖြင့် နယ် လှည့်လှုပ်ရှားခြင်းများ မရှိစေ ချင်ကြောင်း၊ သတင်းရလျှင် နယ်မြေရှင်းလင်းရေးပေါ်လစီ ဖြင့် လိုက်လံတိုက် ခိုက်နေကြောင်း - တပ်မတော် အသိုင်း အဝိုင်း က ပြောသည်။ 

“ကျနော်တို့ ဗမာပြည်မှာ သွားလှုပ်ရှားတာမှမဟုတ်တာဗျာ။ ဒါကျနော်တို့ဇာတိ၊ ကျနော်တို့မွေးရပ်မြေမှာ တန်းတူ အခွင့် အရေးမရသရွေ့၊ ကျနော်တို့ကို အခုလိုချယ်လှယ်နေသရွေ့တော့ စစ်ရေးလှုပ်ရှား နေရမှာ ဘဲ၊ တပ်အင်အားတိုးမြင့် နေရ မှာဘဲ” - ဟု SSPP ဌာနချုပ်အရာရှိတဦးက တုန့်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များသည် တတိုင်းပြည်လုံး အပစ်ခတ်ရပ် စဲရေး မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ရောက်ရှိရန် မိမိလိုအပ်သည့် အချက်အလက်များ စုပေါင်းတောင်း ဆိုရန် ကေအိုင် အိုဌာနချုပ် လိုင်ဇာမြို့၌ (၃၀/၁၀/၂၀၁၃ - ၁/ ၁၁/၂၀၁၃) သုံးရက်ကြာ တွေ့ဆုံဆွေး နေကြသည်။

သျှမ်းပြည်တပ်မတော်သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားပြီး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကမူ အပစ်ရပ်ရေးအတွက် အစိုးရနှင့်ဆွေးနွေး ထားဆဲတပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြည်တွင်းစစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ဖြစ်မည် ဟု တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်


ပထမဆုံးအကြိမ်အဖြစ် လိုင်ဇာ တွင်ကျင်းပမည့် ပြည်တွင်းတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင် သည့် အပစ်အခတ်ရပ်စဲေ ရးဆွေးနွေးပွဲမှ ဆုံးဖြတ်ချမှတ် မည့် အချက်အလက်များ သည်တိုင်းပြည် ၏နာ တာရှည် ပြည်တွင်း စစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ ပေး လိမ့်မည်ဟု ငြိမ်းချမ်း‌ရေး အကျိုး‌ ဆောင် အုပ်စု (PCG)မှ ဦးလမိုင်ခွန်ဂျာ က သုံးသပ်လိုက်သည်။

”ဒါက ပထမဆုံးအကြိမ်တိုင်းရင်း သားလက်နက်ကိုင်‌‌တွေ ပြည်တွင်း မှာ ‌တွေ့ဆုံကြတဲ့ သမိုင်းဝင်ပွဲလို့‌ တောင်‌ပြော လို့ရတယ်” ဟု ၄င်းက ဆိုသည်။

လက်ရှိအနေအထားအရ အောက် တိုဘာ ၂၉ ရက်တွင် မြန်မာအစိုးရက အဆိုပြုထား‌သော တစ်ပြည် လုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲ‌ရေး မူအား ‌ဆွေး‌နွေးရန် အတွက် ၁၆ ဖွဲ့ထက်မနည်း‌ သော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ထိပ်သီး‌ခေါင်း‌ဆောင် များ ကချင်ပြည် နယ် လိုင်ဇာမြို့သို့ ‌ရောက်ရှိ လာကြပြီး ယခု‌ဆွေး‌နွေးပွဲမှ တိုင်းပြည်၏ ကာလရှည်ကြာ ပြည်တွင်း စစ်ကြီး အဆုံးသတ်နိုင်‌‌ရေး အတွက် အပြုသ‌ဘော‌ဆောင်‌‌သော ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ‌မျှော်လင့်‌ ထားကြသည် ဟု ဆိုကြသည်။

” ကျွန်တော်တို့ဒီကို‌ရောက်‌‌နေတာ ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့‌ တွေမှာ ဘယ်‌‌လောက်အထိ ငြိမ်းချမ်း‌ ရေးကို လိုလားသလဲဆိုတာ ကို ပြသ‌နေ သလိုပါပဲ။ ကျွန်တော်တို့သာ ငြိမ်းချမ်း‌ ရေးကို မလိုလား ဘူး ဆိုရင်ဘာမှ ဒါ‌တွေ ‌ဆွေး‌နွေး‌နေစရာ မလိုဘူး။ လက်မှတ် ထိုးဆို ထိုးလိုက်ရုံ ပဲ။ ဒါဆို အချိန်တန်‌ ပြန် ပျက်သွားမှာပဲ။ အဲ့ဒီလို မဖြစ်ချင် လို့ကို ‌သေ‌သေချာ ချာ တိုင်ပင်ကြမလို့ပါ” ဟု လိုင်ဇာမြို့သို့ ‌ရောက် ရှိ‌နေ‌သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ‌စောမူတူး‌ဆေးဖိုးက ‌ပြောသည်။

တိုင်းရင်းသားများသည် တန်းတူ ညီမျှ အခွင့်‌အ‌ရေးအတွက်သာ လက် နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်း‌ရေး‌ ဖော်‌‌ဆောင်မှု လုပ်ငန်းစဉ်များ‌ကြောင့်‌ လတ်တ‌လော လက်နက်ကိုင် တိုက်စရာ မလို‌သောအ‌ခြေအ‌နေ ဖြစ်‌‌သော် လည်း နိုင်ငံ‌ရေး အရ အာမခံချက် မရှိလျှင် တည်တံ့‌သော ငြိမ်းချမ်း‌ရေးကို အားလုံး ရရှိခံစားကြရမည်မဟုတ်ဟု ကချင် လွတ်‌‌မြောက်‌‌ရေးတပ်မ‌တော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်‌‌မော် က ဆိုသည်။

”ကျွန်တော်တို့ အရင်က ‌ပြောခဲ့သ လိုပါပဲ။တိုင်းရင်းသား‌တွေရဲ့ တန်းတူအ ခွင့်‌အ‌ရေးကို အာမခံချက် မ‌ပေးနိုင်‌‌သေး သရွေ့ ဘာလက်မှတ်ပဲ ထိုးထိုး ပျက်‌ ပြယ်သွားမှာပဲ” ဟု ၄င်းက သုံးသပ် သည်။

ထို့အတူ RCSS/SSA ‌ ပြော‌ရေး ဆိုခွင့်‌ရှိသူ ဗိုလ်မှူး စိုင်းလကလည်း အပစ်ရပ်လက်မှတ်‌‌ရေးထိုးပြီး‌နောက် ဆက်သွားမည့်‌ နိုင်ငံ‌ရေးဖြစ်စဉ်သည် တိုင်းရင်းသား အားလုံးက လက်ခံနိုင်‌‌ သော အ‌နေအထားဖြစ်‌‌ရေး အတွက် ဤညီလာခံက ပုံ‌ဖော်ပေးနိုင်လိမ့်‌မည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ သည်‌ လိုင်ဇာမြို့တွင်‌ ‌အောက်တိုဘာ ၃ဝ ရက်‌‌နေ့မှ နိုဝင်ဘာ ၁ ရက်‌‌နေ့ အထိ ‌တွေ့ဆုံကြ မည်‌ ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်ထိပ်သီး ‌ဆွေး‌နွေးပွဲသို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၇ ဖွဲ့ကို ဖိတ်ကြားထားပြီး လက်ရှိတွင် ၁၆ ဖွဲ့ရောက်ရှိ‌နေ ကာ ‌ဆွေး‌နွေးပွဲသို့ တက်ေ ရာက်မည် မဟုတ် ဟု သတင်းများထွက်‌‌ပေါ်‌နေေ သာ ‘ဝ’ ‌သွေးစည်းညီညွတ်‌‌ရေး တပ်မ‌တော် (UWSA) ကိုယ်စားလှယ် လည်း ‌ရောက် ရှိ‌နေပြီဟု သိရသည်။

ကျော်ရဲလင်း

Popular Myanmar News Journal

ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော်လက်နက်သယ်ဆောင်မှုဖြင့် စစ်ဆေးနေ


ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော်သယ် ဆောင် လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ လက်နက်ကိုင်ဆောင်သူကိုချုပ်ရက်ရမန်ယူပြီး စစ်ဆေးနေပါတယ်။ သူ့သေနတ်က တရား ၀င်ခွင့်ပြုချက်နဲ့ သယ်ဆောင်လာခြင်း ဟုတ်၊မဟုတ်နဲ့ သူ့ဘက်က ဘာအထောက်အထားပြလာမလဲ ဆိုတာ ကို စစ်ဆေးနေတာပါ” ဟုလည်း အမှုစစ်ဖြစ်သည့် ၎င်းကရှင်းပြခဲ့သည်။

အမှုမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က လှိုင်သာယာအမှတ် (၁)ရပ်ကွက်အတွင်း လူတစ် ဦးက သေနတ်ကိုင်ပြီး အခြားလူတစ်ဦးအားချိန်ရွယ်မှု ပြုလုပ်နေကြောင်း သတင်းအရမြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ထို့ကြောင့် သေနတ်ကိုင်ဆောင်လာသူမှာ ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းနေ၊ ပြည်သူ့စစ်(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသည့် စောနေလင်း (၂၉)နှစ်၊ ကိုယ်ပိုင်အမှတ် သမင/၀၉ (ဘ)ဦးစောမြင့်ကျော် ဖြစ် သည် ဟု မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

သို့သော် ကရင်ပြည်နယ် သံတောင်မြောက်ပိုင်း အထူးဒေသ ပြည်သူ့စစ် (ဌာနေ)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးဖိုးစီက “သူက ကျွန်တော်တို့ အဖွဲ့က မဟုတ်ဘူး၊ ကျွန်တော်တို့ အဖွဲ့နဲ့ နေပြည်တော်သွားရတဲ့ ကိစ္စ တွေမှာဆိုရင်တော့ အတူသွားအတူလာတော့ ရှိပါတယ်။ အမှန်က သူက ဒီကေဘီအေကလိုထူးဖော အဖွဲ့ ကပါ၊ အဖွဲ့ချင်းက သက်ဆိုင်မှုရှိလို့သာ တွဲသွားတွဲလာတာပဲရှိပါတယ်၊ အလုပ်ကိစ္စကတော့ ကျွန်တော်တို့နဲ့ ပါက်သက်မှုမရှိပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၎င်းသည် လှိုင်သာယာ အမှတ် (၁) ရပ်ကွက်ရှိ ယောက္ခမဖြစ်သူ နေအိမ်သို့သွားရောက်စဉ် ဦးဥတ္တလမ်း အရောက် ထွန်းထွန်းဝင်းဆိုသူက လမ်းမဖယ်သည့် ကိစ္စနှင့် စကားများစဉ် အသင့်ယူလာသော ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ ၎င်းသည်နယ်ကျော်ကာ ရပ်ကွက်အတွင်းသို့ တရားဝင်ကိုင် ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်ကို ကိုင်ဆောင်ခဲ့ကြောင်း ကနဦးအနေဖြင့် စစ်ဆေးတွေ့ရှိထားသည် ဟု ရဲစခန်းက ဆိုသည်။

၎င်းကိုင်ဆောင်သော သေနတ်မှာ f CZ 75 B CAL 9 Luger နံပါတ်ပါ (၉ မမ) ပစ္စတိုတစ်လက်ဖြစ်ပြီး ပစ္စ တိုကျည်အိမ်တစ်ခု၊ ၉ မမကျည် ၁၄ တောင့်တို့ကို သက်သေခံအဖြစ် သိမ်းဆည်းထားသည်ဟုသိရ သည်။

“ သူက အထူးဒေသပြည်သူ့စစ် (ဌာနေ)အဖွဲ့ကပါ၊ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတဲ့အဖွဲ့ပါ၊ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟုလည်း ရဲအုပ်ဌေးဝင်းက ရှင်းပြခဲ့သည်။

လက်ရှိတွင် ၎င်းကို ရဲစခန်းက (ပ) ၁၂၅၃/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး နယ်ကျော်လက်နက် သယ် ဆောင်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အရေးယူသွားမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

၂၀၁၃ သြဂုတ်လ ၂၀ ရက်ကလည်း သန်လျင်မြို့နယ်အတွင်း ယာဉ်မောင်းနှင့် စပါယ်ယာတစ်ဦးကို သေ နတ်ဖြင့်ချိန်ရွယ်ချိန်းခြောက်ခဲ့သည့် ကလိုထူးဖော်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအား နယ်ကျော်လက်နက် ကိုင် ဆောင်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ဖူးသည်။

mizzima

ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်


ကရင်ပြည်နယ် ဇွဲကပင်တောင် Cable Car စီမံကိန်း ရန်ပုံငွေ ပွဲမှာ Iron Cross (IC) အဖွဲ့၊ မဟာရန်ကုန် စံပြသဘင် အဖွဲ့နဲ့ အတူ ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်တွေ ပူးပေါင်းပါဝင် ဖျော်ဖြေမယ်လို့ သိရပါ တယ်။

ဇွဲကပင်တောင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတွင် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များ စွာ ပူးပေါင်းပါဝင် ဖျော်ဖြေမယ့်ကိစ္စ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က မဟာသန္တိ သုခ ကျောင်းတော်ကြီး နတ်ချောင်း ရပ်ကွက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ည ၉ နာရီခွဲကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ရန်ပုံငွေပွဲမှာ Iron Cross အဖွဲ့က ၂ ညတိုင်တိုင် ဖျော်ဖြေမှာဖြစ်ပြီး မဟာရန်ကုန် စံပြဇာတ်သဘင် အဖွဲ့နဲ့ ရုပ်ရှင် အနုပညာရှင်တွေ၊ ဂီတ အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးယဉ်ထွေး ဆွေက “ဒီပွဲကြီး ဖြစ်မြောက်ဖို့အတွက် လွန်ခဲ့တဲ့ သုံးလကျော် လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီပွဲ ဖြစ်မြောက်ဖို့အတွက် ရုပ်ရှင်၊ သဘင်၊ဂီတ အနုပညာရှင်တွေ ကလည်း အများကြီး ကူညီပေးပါတယ်။ Iron Cross တေးဂီတ အဖွဲ့ကလည်း နှစ်ရက် လာဖျော်ဖြေမှာပါ။ ဇွဲကပင်တောင် ဖျော်ဖြေရေးမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ လုံခြုံရေးအပိုင်းကို စိတ်ပူစရာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီပွဲ လုံခြုံရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့တွေရော၊ တခြားအဖွဲ့တွေ အားလုံးကပါ သေသေချာချာ ကျကျနန စီစဉ်ထားတဲ့အတွက် အစစအရာရာ ဘာမှစိတ်ပူစရာ မလိုဘူးလို့ သူကဆက်ပြောပါတယ်။

ဇွဲကပင်တောင် Cable Car ဖြစ်မြောက်ရေးအတွက် Premier Coffee ကလည်း Sponsor အနေနဲ့ ပါဝင်ကူ ညီပေးထားပြီး အလှူငွေ အနေနဲ့ မြန်မာငွေ သိန်း ၅၀ နဲ့ ဒေါ်လာ ၅၀၀၀ လှူထားတယ်လို့ သိရပါတယ်။

“အဲဒီ အလှူအတွက်လည်း ဆရာတော် ဘုရားကြီးတွေနဲ့ ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး အဖွဲ့ရဲ့ကိုယ်စား အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် လေးလငါးလ အတွင်းမှာလည်း ရန်ကုန်က အမျိုးသားဇာတ်ရုံမှာ ရန်ပုံငွေပွဲကြီး တပွဲ လုပ်ဖို့ စဉ်းစားထားပါတယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ တခါမှ ဖက်ရှင်ရှိုး မလုပ်ဖူးဘူး ဟြေပါတယ်၊ အားလုံး တိုင်ပင်ပြီးတော့ ဒီပွဲတွေ ပြီးရင် ကရင်ပြည်နယ်မှာ ဖက်ရှင် ရှိုးတခုလည်း လုပ်ချင်ပါတယ်။ ဒီနေ့ပွဲမှာ အနုပညာရှင် ကြီးတွေလည်း တက်ရောက်ပေးတဲ့ အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဒီရန်ပုံငွေပွဲကို အဓိက လုပ်ရတာက ဇွဲကပင်တောင် Cable Car ကြီး ဖြစ်မြောက်ရေးအတွက်ပါ။ ကျနော်တို့ ဒီစီမံကိန်းကြီး ပြီးသွားရင် Cable Car ကို စီးပြီး ဇွဲကပင် တောင် ပေါ်က ဆံတော်ရှင် စေတီကို အတူတူ ဖူးမျှော်ရအောင်ပါ” လို့ ဦးယဉ်ထွေးဆွေက စာနယ်ဇင်း ရှင်းလင်း ပွဲမှာ ဟြေခဲ့ပါတယ်။

စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ၃၊ အနုပညာကိစ္စ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးမိုးဝင်း ကိုယ်စား မဟာရန်ကုန် စံပြသဘင်က ဦးမိုးမင်းကလည်း အနုပညာ ရန်ပုံငွေပွဲနဲ့ ပတ်သက်လို့ စာနယ်ဇင်း ပွဲမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။

“ကျနော်ကတော့ ကျနော့်အစ်ကို ဦးမိုးဝင်းရဲ့ ကိုယ်စား တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကိုမိုးဝင်းက ရန်ပုံငွေ ရရှိရေးအတွက် တာဝန်ယူမှု အပိုင်းမှာ ပါဝင်တဲ့အတွက် ကျနော် ရောက်ရှိလာတာပါ။ ဖျော်ဖြေမှု အပိုင်းနဲ့ ပတ်သက်ပြီး သူက သူ့ရဲ့ စံပြသဘင်ကို နောက်ခံထားပြီး တာဝန်ယူ ကျင်းပပြုလုပ်တာပါ။ ကျနော်တို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ ပေါင်းစည်းပြီး ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုး ဖြစ်စေမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car စီမံကိန်းကြီး အဆင်ပြေ ချောမွေ့စေအောင် အားလုံးက ကူညီတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နိုဝင်ဘာ ၇ ရက်ကနေ ၁၀ ရက် အတွင်းကို ဦးမိုးဝင်း တည်ထောင်တဲ့ မဟာရန်ကုန် စံပြသဘင် အဖွဲ့က နောက်ခံထားပြီး အနုပညာရှင်တွေရဲ့ ပေါင်းစည်း ဖျော်ဖြေ တင်ဆက်မှုကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဆိုပါတယ်။

၁၀ ရက်နေ့မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ ပြဇာတ်ကို အထူးတင်ဆက် ကပြမှာ ဖြစ်ပြီး၊ ၉ ရက်နေ့မှာတော့ ဦးမိုးမင်းကို ကပြဖျော်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။ ဇာတ်သဘင် ဖျော်ဖြေကပြ တင်ဆက်မှုမှာ တခြား အနုပညာရှင် တွေလည်း ပါဝင် ကပြမှာပါ။

ရုံဝင်ကြေးကို ၂၅၀၀ ကျပ် လို့သတ်မှတ်ထားပြီး ဖျာလက်မှတ်တွေ ကိုတော့ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားပါတယ်။

“ဈေးနှုန်းက ပွဲတော်ကြီး တခုရဲ့ သာမန်ပုံစံလောက်ပဲ ရှိပါတယ်။ အနုပညာရှင်တွေ အများကြီးရဲ့ ဖျော် ဖြေမှုကိုလည်း ကြည့်ရှု ရမှာ ဖြစ်ပါတယ်။ ဦးမိုးဝင်းက စစ်ကိုင်းမှာ ဖျော်ဖြေရေးနဲ့ ရိုက်ကူးရေး ရှိနေတဲ့အတွက် ကျနော်ရရှိတဲ့ အချက်အလက် တွေကို တင်ပြခြင်း ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဟြေ ပြပါတယ်။

ဧရာဝတီ

အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ရမယ်လို့ ယုံကြည်တယ်ဆြိုပီး ခွန်ဥက္ကာပြောကြား


တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်ကို ဒီ ညနေပိုင်းမှာ ထွက်ရှိမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ကွန်ဖရင့် ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။ 

တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ပဒန်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ ကွန်ဖရင့် ကျင်းပနေတာ ဖြစ်ပါတယ်။ လိုင်ဇာမြို့ကို ရောက်ရှိ သတင်းရယူနေတဲ့ ဦးအေးနိုင်က အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်း ကွန်ဖရင့် မစတင်ခင်မှာ ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးမြန်းထားပါတယ်။

DVB

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်


ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်း စု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ် စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအ၀င် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍  ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ် ပြန်ထားပြီးဖြစ်သည့်  မူကြမ်း ၃ခု ပေါင်း၍  ဘုံမူဝါဒ သဘောထား တရပ် ရေးဆွဲ မည်ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“မူကြမ်း ၃ ခု ထဲက ကောင်းတာယူ ၊ မကောင်းတာဖယ်ပြီး အသစ် ရေးဆွဲသွားမှာပါ။ တပ်ပေါင်းစု သဘော တူညီချက် အချော ရေးဆွဲဖို့ ကော်မတီတခု ဖွဲ့စည်းထားပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

တိုင်းရင်းသား တပ်ပေါင်းစု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက်နေ့ တိုင်းရင်း သားညီလာခံတွင်  ထုတ်ပြန်သွားရန် ရှိပြီး တပ်ပေါင်းစု အပစ်ရပ်ရေး သဘောတူညီချက် ရေးဆွဲရေး ကော် မတီ တရပ်ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီတွင်  တိုင်းရင်းသား အဖွဲ့တခု ဆီမှ အဖွဲ့ဝင် တဦးစီဖြင့် ပါ ဝင် ဖွဲ့စည်းထားပြီး ချင်းအမျိုးသား တပ်ဦး (CNF)မှ ဒေါက်တာ ဆလိုင်း လန်မုန်း( Dr. Salai Lian Hmung Sakhong) က ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရ သည်။

လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင်  အပစ်ခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်မည်၊ နိုင်ငံရေး ဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မည် ဟူ၍ သဘောထားကွဲလွဲမှုများရှိနေသည့်အတွက် တိုင်းရင်းသားများ ပြန်လည် ညိနှိုင်း နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ထုတ်ပြန်ပြီးပါက  အဆိုပါဘုံသဘောထားကို အကောင်အထည် ဖော်မည့် လုပ်ငန်း အဖွဲ့ကိုဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ယင်းအဖွဲ့က အပစ် ရပ် ရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာ အစိုးရ နှင့်ဆက်လက်  ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လိုင်ဇာဆွေး နွေးပွဲသို့ မတက်ရောက်သည့် `၀´ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလား အဖွဲ့ (NDAA) တို့က လိုင်ဇာညီလာခံမှ ထွက်ပေါ်လာမည့် ဘုံသဘောတူညီချက်ကို လက်ခံ၊ လက်မခံ ဆိုသည် ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်က “ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျနော် တို့ တိုင်းရင်းသား တွေ အများကြီး အသက်ပေးခဲ့ရတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဆွေးနွေးမှု တွေရှိပါတယ်။ ဒီမူကိုဖယ်လို့ တော့ မရဘူး။ အဲဒီ အချက်ကိုတော့ ပြောပြထားတယ်”ဟု ပြောသည်။

လတ်တလော အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းကို တိုင်းရင်းသား အများစုက လက်မခံဘဲ  အဓိကမှာ ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ လုပ်ဆောင် မည်ဟု ဆိုသော်လည်း ဖက်ဒရယ်မူကို အခြေခံမည်ဆိုသော  အချက် ပါဝင်ခြင်း မရှိမှုကြောင့် ဖြစ်ကြောင်း၊ အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်း သည် ရှည်လျား လွန်းပြီး တိုင်းရင်းသားအဖွဲ့များ အလွယ်တကူ နား မလည်နိုင်ဟု လိုင်ဇာညီလာခံတွင် သုံးသပ် ပြောဆိုမှု များ ရှိနေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား


တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည် အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့်နေရာတွင် ပါဝင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင် မြှောက် သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည် ဖြစ်သည် 

“အသက်  ၆၀ ပြည့်သွားရင် ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းကြည့်နေကြတာပေါ့။ ကာယကံရှင် လုပ်မယ်၊ မလုပ်ဘူး ဆိုတာလည်း ဒါမျိုးတွေလည်း ပါဦးမှာပေါ့။ တွက်ရင်တော့ မှန်းလို့ရပါတယ်။ လူကြီးတွေ အားလုံး က အလုပ်ကို ကြိုးစားကြတဲ့သူတွေ ဆိုတော့၊ တိုင်းပြည်အတွက် အသက်ငယ်တုန်းမှာ အထောက် အကူပြုတဲ့နေရာမှာ ကြိုးစားကြမယ့် သူတွေဆိုရင်တော့ သူလည်းပါမယ်” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဆိုသည်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ် ၁၉ ကျောင်းဆင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော လက်ရှိ အာဏာရ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အနိုင်ရရှိရေး အသည်းအသန် ကြိုးပမ်းရဦးမည်ဖြစ်ပြီး ယခု ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး အာဏာ ပြိုင်ဆိုင်မှု နှင့် အကွဲအပြဲများကြောင့် နိုင်ငံရေး ရှုပ်ထွေးနိုင် ကြောင်း နိုင်ငံရေးစောင့်ကြည့် သုံးသပ်သူများက ယူဆနေကြသည်။

လတ်တလော အနေအထားတွင်ပင် မဲဆန္ဒရှင် ပြည်သူများအကြား အသိအမှတ်ပြုခံလာနေရသည့် သမ္မတ ဦးသိန်းစိန် ဆက်လက်တာဝန်ထမ်းဆောင်မည် မထမ်းဆောင်မည်မှာ မရေရာသေးဘဲ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သော သူရဦးရွှေမန်းကလည်း သမ္မတ ရာထူး ထမ်းရွက်ချင်သည်ကို လူသိရှင်ကြား ဗြောင်ထုတ်ပြောထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက လုံလောက်သော အမတ်နေရာများ အနိုင်ရရှိလျှင်သော်မျှ မည်သူ ဒု သမ္မတရာ ထူးအတွက် အမည်စာရင်းတင်သွင်းခံရမည်မှာ မသေချာပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာအများစုတွင် အနိုင်ရရှိနိုင်မည်ဟု ထင်မြင်ယူဆရပြီး သမ္မတရာထူးကို ယှဉ်ပြိုင်ရွေးချယ်ခံရန် ဒု သမ္မတရာထူးအတွက် မဲဆန္ဒရှင်အများ အပြား က ထောက်ခံနှစ်သက်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း တင်သွင်းနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိသားစုအတွင်း နိုင်ငံခြားသား ခံယူထားသူများ နိုင်ငံတော်အကြီးအကဲ ဖြစ်ပိုင်ခွင့်မရှိဟု ပြဌာန်း ထားသောကြောင့် နိုင်ငံခြားသား သား ၂ ဦး၏ မိခင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ မသေချာပေ။

ထို့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ မှာ သမ္မတဖြစ်နိုင်ခြေ အများဆုံးဖြစ်နေသောကြောင့် အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆန္ဒရှိပြီး လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရွေးကောက်တင်မြှောက်မခံရဘဲ အလိုအလျောက် နေရာရပြီးဖြစ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းမည်ဆိုပါက အကောင်းဆုံးအ ခြေအနေဖြစ်နေသည်ဟု တပ်တွင်းအသိုင်းအဝိုင်းက ယူဆနေကြကြောင်း ဧရာဝတီက မေးမြန်းပြောဆိုခဲ့ သောသူများ အရ သိရှိရသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း အထက်ပါ သုံးသပ်ချက်ကို သဘောတူ သည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်မတော်ဘက်က တင်မယ်ဆိုရင်တော့ သမ္မတဖြစ်နိုင်ခြေ များတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး၊ တပ်မတော်က တင်မယ့် ဒုတိယသမ္မတက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ အလားအလာ အများဆုံးပဲ။ သူက သမ္မတဖြစ်ဖို့ ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းက အလိုအလျောက်ရထားပြီးသား´´ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တပ်မတော်အရာရှိဟောင်းလည်းဖြစ်သူ ဦးလှဆွေကမူ အငြိမ်းစား တပ်မတော်အရာရှိများ သမ္မတ၊ ၀န်ကြီးကဲ့သို့သော နိုင်ငံရေးရာထူးရယူမည့်  အစဉ်အလာတ ရပ် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကတင်မြှောက်မယ့် ဒုတိယသမ္မတဖြစ်ဖို့ အလားအလာ မြင်နေရ တယ်။ ကျနော့်အမြင်ကတော့ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ၊ လေချုပ်တွေ၊ ရေချုပ်တွေကို ပြည်ထဲရေး၊ ကာကွယ်ရေးတို့လောက်ပဲ ကောင်းတယ်။ ကျန်တာတွေက အရပ်သားပညာရှင်တွေကို ခန့်သင့်တယ်။ ပေးသင့်တယ်။ အဲလိုမြင်တယ်။ တပ်မတော်ဘက်က ဒုတိယသမ္မတကိုယ်စားလှယ် တယောက်အဆို ပြုခွင့်ရှိနေတယ်။ တဖက်မှာလည်း သမ္မတကလည်း တပ်မတော်ဘက် အရာရှိတွေကို ၀န်ကြီးတွေအဖြစ် ခန့်ခွင့်ရှိတယ်။ ကျနော် အဲဒါကို သဘောမကျဘူး” ဟု ဦးလှဆွေက ဆိုသည်။

ဧရာဝတီ

Wednesday, October 30, 2013

လိုင်ဇာတွင် ဆွေးနွေးပွဲပြုလုပ်နေချိန် မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နောက် ဘုရားကျောင်းသို့ထိန်းသိမ်းထားသော ရွာသား ၅၀၀ ကျော်သည် ဗန်းမော် ဖန်းခါးကုန်း စစ်ပြေးဒုက္ခသည်စခန်းဘက်သို့ ထွက်ပြေးတိမ်းသွားနေကြပြီဖြစ်ကြောင်း ရွာသားများမှသိရသည်။

မုန်းဒိန်ပါရွာသားများသည် အစိုးရတပ်များအနီးဝန်းကျင်တွင် တပ်ဆုတ်ထားချိန် KIO ဖက်မှ လုံခြုံရေး ယူကာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါ (Mung Ding Pa) မှ ဒေသခံ ဆရာဇယ် ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူတို့က ကျနော်တို့ ဘုရားကျောင်းမှာဘဲမနေတာ ကျန်တဲ့နေရာအားလုံး အစိုးရစစ်သားတွေဘဲ ရွာ အောက်ဘက်မှာလည်း အပြည့် သူတို့ဘဲနေနေတော့ KIA နဲ့ အစိုးရတပ်ကလည်း နီးနီးကပ်ကပ်မှာ ဘဲရှိ နေကြတော့ နေလို့မရတော့ဘူး ရွာသားတွေနေဖို့ ခက်လာတယ် စိုးရိမ်တယ် ဒါကြောင့် တရွာလုံး ထွက်လာတာ”

ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသူ/ ကျောင်းသားများ၊ အသက်ကြီး လမ်းမလျှောက်နိုင်သူများဖြစ်ပြီး တောလမ်းခရီးဖြင့် မိုးရွာသွန်းမှု ကြောင့်လမ်းခရီးခက်ခဲကြမ်းတမ်းချိန် သွားလာရန်ခက်ခဲမှုရှိပြီး ၁ နာရီတွင် ၁ မိုင် နှုန်းပင် မသွားနိုင် ကြောင်းသိရသည်။

မုန်းဒိန်ပါ (Mung Ding Pa) ရွာသားများသည် ရွာမှ ၅ မိုင်ကွာသည့် ခဒန်ပါ (Hkadan Pa) လယ်ကွင်းတွင် တစ်ညအိပ်စက်ပြီး မန်တာ (Man Ta) ရွာသို့ ရောက်ရှိနေပြီး ဗန်းမော် မန်စီမှ ကားများနှင့် မန်တာရွာမှ လည်း ဖန်းခါးကုန်းဒုက္ခသည်စခန်း သို့ပို့မည် ဖြစ်ကြောင်းသိရသည်။

ဖုန်းခါးကုန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန် အိမ်ခြေ ၂၈ ရှိသောရွာဖြစ်ပြီး စခန်းတွင် ဒုက္ခသည်ပေါင်း ၂၁၉ ယောက်ရှိရာ ဒုက္ခသည်များ ထပ်မံရောက်ရှိလာမည်ဖြစ်သောကြောင့် ပြင်ဆင်နေဆဲဖြစ်သော်လည်း လိုအပ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း ဖုန်းခါးကုန်းဒုက္ခသည်စခန်း တာဝန်ခံ ဒူဝါ လထော် ဇော်ဘောက် (Duwa Lahtaw Zau Bawk) KNG ကချင်သတင်းဌာန သို့ပြောသည်။

“လောလောဆယ်ရောက်လာသူများကို ဒီမှာထားမယ် တချို့ကို မန်ဂျေမှာထားမယ် ထွယ်ဆန် (Htoi San) နှစ်ခြင်း ဘုရားမှာတချို့ထားမယ်။ ကျောင်းတက်နေတဲ့ကလေးမိဘတွေကို ဒီမှာထားမယ် ယာယီအဆောင် လုပ်ပြီး ဒီမှာစာသင်မယ်လုပ်ယာထားတယ် ၁၅၀ ယောက်လောက်နေမယ်လို့တွက်ထားတယ်”

ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စားဝတ်နေရေးအတွက် ရေ၊ မီး၊ ထင်းများအတွက် ကူညီမှု လိုအပ်နေ ဆဲဖြစ်ကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

အစိုးရစစ်ကြောင်းများသည် မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူ၊ ကောင်ဂျာများတွင် အစိုးရတပ်များ ဆက်လက် လှုပ်ရှားနေသောကြောင့် ရွာသားများသည် တောတောင်များနှင့် ဒုက္ခသည်စခန်းအသီးသီးသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

(KNG)

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်



ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။

From: Planet Myanmar Network

နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ အစိုးရလျှပ်စစ်မီး မသုံးဘဲ မီးစက်သာ သုံးမည်


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမ ဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) ဖွင့်ပွဲ အခမ်းအနား ကို ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြုဖွင့်လှစ်မည်ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက်ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန် ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြော သည်။

“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင် တယ်လေ။ မီးစက်ပဲ သုံးမယ်။  ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်း အနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။

အလားတူ ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားတွင်လည်း အစိုးရဓာတ်အားစနစ်ကို အသုံးမပြုဘဲ မီးစက်များ ကိုသာ အသုံးပြုပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရေးကော်မတီနာယက  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆီးဂိမ်းပြိုင်ပွဲ အဆင်ပြေ ချောမွေ့ရေး သက်ဆိုင်သော ၀န်ကြီးဌာန အားလုံး တာဝန်ကျေအောင် ဆောင် ရွက်ရန်နှင့် အမှားအယွင်း တခုခုဖြစ်ပေါ်၍ တိုင်းပြည် ဂုဏ်သိက္ခာကျ အရှက်ရစေပါက ၀န်ကြီးဌာနမှ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် အပါအ၀င် အရာရှိများကို အလုပ် ထုတ်သည် အထိ အရေးယူမည်ဖြစ်ဟု ညွှန်ကြား ချက်ပေးထားကြောင်း သိရှိရသည်။

“ဆီးဂိမ်းမှာ တိုင်းပြည် ဂုဏ်သိက္ခာ မကျဆင်းအောင် လုပ်ဖို့ ဒုသမ္မတကိုယ်တိုင် ညွှန်ကြားထားတယ်။ အမှားအယွင်း ဖြစ်ခဲ့ရင် တာဝန်ယူ ထားတဲ့ ၀န်ကြီးဌာနတွေက   ၀န်ကြီးတွေ တန်းစီပြီး ပြုတ်မှာ။ သူတို့က ပိုပြီးတော့ ဘ၀နဲ့ ရင်းရမှာ´´ ဟု အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် ရက်ပိုင်းအလို တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပြတ်တောက် မှုများ မကြာခဏ ဆိုသလို ဖြစ်ပွား လျက်ရှိကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲကာလ ယင်းသို့ မီးပြတ်တောက်မှု များဖြစ်ပေါ်ခဲ့လျှင် နိုင်ငံဂုဏ်သိက္ခာ ကျနိုင်သည် ဆိုသော သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။

အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် တနာရီကျော်ကြာ ဓာတ်အား ပြတ်တောက်မှု တခု ဖြစ်ပွားခဲ့ပြီး  အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုသည် ပြည်မြို့အနီးရှိ ရွှေ တောင်နှင့်မြောင်းတကာသို့ သွယ်တန်း ထားသော  မဟာဓာတ်အားလိုင်းကြိုး ချို့ယွင်းပြတ်တောက်မှု ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ဆိုသည်။

အစိုးရက အားနည်းချက်များစွာရှိနေသည့် လျှပ်စစ်အားပေးစနစ်ကို ယုံကြည် စိတ်ချမှုမရှိသဖြင့်  ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် ငွေဆောင်ဒေသ တို့တွင် မီးစက်များစွာ အရန်သင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။

နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဖွင့်ပွဲမှာက မီးအရမ်းသုံးရမှာ။ Animation တွေရော၊ မီးစလိုက်တွေရော သုံးမှာ ဆိုတော့ ၀န်အား မနိုင်တာတွေ ဖြစ်သွား လိမ့် မယ်။ အများကြီး သုံးမှာဆိုတော့ မီးဆိုင်း ၅ ခု ကို မီးစက် တလုံး ပေးထားမယ် ဆိုတာမျိုးတွေ ပါတယ်။ အကုန်လုံး ချောချော မွေ့မွေ့ပြီးသွားအောင် ဘာအနှောင့် အယှက် မှ မရှိအောင် လို့  မီးစက်တွေ သုံးမှာ။ နေပြည်တော် တမြို့လုံးလည်း ထိန်နေမှာပဲ။ အကုန်လုံးကို မီးစက်တွေနဲ့ လုပ်မယ်လို့ သိထားတယ်´´ဟု ဧရာဝတီသို့ ရှင်းပြသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဍကွင်း ၊ သိမ်ဖြူကွင်း၊ ဒဂုံမြောက်ပိုင်း ရှိ သေနတ်ပစ်ကွင်း နေရာများတွင် မီးမှန်စေရန် ဦးစားပေးဆောင်ရွက်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လျှင် အလို အလျှောက် မောင်းနှင်ပေးမည့် မီးစက်များဖြင့် အသင့်ပြင်ထားကြောင်း၊ ဆီးဂိမ်းကာလ ဓာတ်အားမပြတ်တောက်ရန် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

“ဆီးဂိမ်းကာလ ရန်ကုန်မှာ မီးပျက်သွားခဲ့ရင် Generator တွေက အလိုအလျောက် ၀င်မောင်းမှာ။ မီးစက် တွေလည်း အဆင်သင့် ပြင်ထားတယ်။ ဆီးဂိမ်းကာလ မှာ သစ်ပင်ခုတ်ဖို့ မီးဖြတ်တာမျိုး၊ မီးလိုင်း ချိန်းတာ မျိုးတွေ လုံးဝ မလုပ်ဘူး´´ ဟု အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

မြန်မာနိုင်ငံ ဟော်ကီအားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းက “ ပြီးခဲ့တဲ့ရက်က ဟော်ကီပြိုင်ပွဲလုပ်တာ မီးပျက် သွားတယ်။ မီးစက်မောင်းပေမယ့် ၅ မိနစ်လောက်ကြာမှ မီးပြန်လာတော့ ဟော်ကီကို Score Board မပေါ်ဘဲ ကစားလိုက် ရတယ်။ တတ်နိုင်ရင် မီးပျက်ပြီး  ၂ မိနစ်လောက်အတွင်း မီးစက်နှိုး မီးလာ အောင် စီစဉ်ထားရမယ်´´ ဟု  ဆိုသည်။

မြန်မာနိုင်ငံတွင်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

irrawaddy

ဝန်ထမ်းအချင်ချင်းမပြေလည်မှုကြောင့် ဆိုင်ခန်းများဖျက်ခိုင်းနေဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်သူ့ဆောက် လုပ်ရေးလုပ် ငန်း၊ မြို့နယ် အင်ဂျင်နီယာ ရုံးဝန်း အတွင်းရှိ ဆိုင်ခန်းများအား ဝန်ထမ်းအချင်းချင်း မပြေလည်မှုများကြောင့် ဖျက်ခိုင်းနေမှုအား ဆိုင်ခန်း ပိုင်ရှင်များက ကျေနပ်မှု မရှိဘဲ သမ္မတရုံးသို့ တိုင်စာပို့ထားကြကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ အရာရှိ တစ်ဦးက မြန်မာ့ခေတ်သို့ ပြောသည်။
အဆိုပါ နေရာတွင် ဆိုင်ခန်းအရေအတွက် တိုးလာခြင်း၊ ဆိုင်ခန်းလစာများ အထက်ဌာနသို့ တင်သွင်းမှု ကွာဟနေခြင်း၊  အရာရှိငယ်နှစ်ဦး ပြောင်းလာချိန်တွင် နေစရာမရှိခြင်း၊ လက်ရှိဆိုင်ခန်းနှင့် ခရိုင်သို့ တင်ပြ ထားသော ဆိုင်ခန်းအရေအတွက် ကွာခြားနေမှုမှ စတင်ကာ ခရိုင်အင်ဂျင်နီယာမှူး၏ ဖိအားပေးမှုကြောင့် ဆိုင်းခန်းအားလုံး ရွှေ့ပြောင်းရမည့် အနေအထားသို့ ဖြစ်လာကြောင်း ၎င်းဝန်းအတွင်းရှိ အရာရှိ အချို့က သုံးသပ်နေကြသည်။
အရာတော်မြို့နယ် လက်ထောက်အင်ဂျင်နီယာ ဦးလွင်မျိုးသန့်၏ အကြောင်းကြားစာတွင် စစ်ကိုင်း တိုင်းဒေသကြီး အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာမှူး(ရေသန့်) ဒေါ်နှင်းဆီ၊ မုံရွာခရိုင်အင်ဂျင်နီယာမှူး ဒေါ်ခင် မျိုးကြည်နှင့် အရာတော် မြို့နယ် အင်ဂျင်နီယာ ဦးမြတ်ကျော်တို့ အဖွဲ့မှ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အပြီး သတ် ဖယ်ရှားပေးရေး ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဆိုင်ခန်းရှင်များမှ ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ဝန်ခံဂတိ လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း ယခုအချိန်ထိ ဖယ်ရှားပေးခြင်း မရှိသေးသည်ကို တွေ့ရသည်။ ယခု အခါ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက်  အမြန်ဖယ်ရှားပေးရန် ညွှန်ကြားလာသောကြောင့် ယခု လ (၂၇)ရက်နေ့ ဖယ်ရှားပေးရမည်ဟု ဖော်ပြထားသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်များမှ ဖယ်ရှားမည်ဟု လက်မှတ်လုံးဝ ထိုးပေးထားခြင်း အရှိ သေးကြောင်း ပြောကြသည်။ ယခင်စာရင်းရှိ ဆိုင်ခန်းအားလုံးမှာ (၂၈)ခန်းဖြစ်သည်။၎င်းအင်ဂျင်နီယာ ဝန်း အတွင်း ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မည် ဆိုခြင်းသည် အစီအစဉ်သာ ရှိသေးကြောင်း အမည်အဖော် လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းအပြင် အဆိုပါပိုင်နက် လမ်းပေါ်ရှိ ရွှေဆိုင်သည်လည်း ဖျက်သိမ်းပေးရန် ယခင်နှစ် ကတည်းက ကျထားပြီး ယခုအချိန်ထိ ဖျက်သိမ်းခြင်း မရှိသေးကြောင်း၊ ရဲစခန်း တိုက်တန်း များတွင်လည်း ယင်းကဲ့သို့ ငှားရမ်းထားသော ဆိုင်ခန်းပေါင်း ငါးဆယ်ကျော်ရှိကြောင်းလည်း ဆက်လက် သိရသည်။

မြန်မာ့ခေတ်

အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် တစ်ပတ်အတွင်းဖယ်ရှားပေးရန်အမိန့်ထုတ်


မကွေးတိုင်းဒေသကြီးသရက်ခရိုင် အထက် မင်းလှမြို့အတွင်းရှိ ထန်းကိုင်းရေနံမှော်အား တစ်ပတ်အတွင်း ဖယ်ရှားပေးကြရန် စက်တင်ဘာ ၉ ရက်တွင် သရက်ခရိုင် ရဲမှူးကြီး၏အမိန့်အရ အသံချဲ့စက်ဖြင့် လည်းကောင်း၊ စာများဖြန့်ဝေ၍ လည်းကောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ကြေညာချက်တွင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတွင်းတူးသူများ၊ ရေနံခပ်သူများ၊ ရေနံစိမ်းရောင်းဝယ်သူများနှင့် ဈေးဆိုင်ဖွင့်သူများ တစ်ပတ်အတွင်း အပြီး ဖယ်ရှားပေးရန် ဖော်ပြထား သည်။

စက်တင်ဘာ ၉ ရက်တွင် ခရိုင်ရဲမှူး ကြီး၏ စာကိုပြ၍ လုပ်ငန်းလုပ်ကိုင်သူအဖွဲ့ ခေါင်းဆောင်များအား ခေါ်ယူသတိပေးခဲ့သည် ဟုသိရသည်။ စာတွင် ဈေးဆိုင်ခန်းရောင်းချသူ များအနေဖြင့် ငါးရက်အတွင်း ဖယ်ရှားပေးရန်၊ ရေနံတွင်းတူးသူများ၊ ရေနံခပ်သူများ၊ ရေနံရောင်း ချသူများ၊ ဝယ်ရောင်းသယ်ပို့သူများ ခုနစ်ရက် အတွင်း အပြီးဖယ်ရှားပေးရမည်ဟုဖော်ပြထား သည်။ 

ယခုအခါထန်းကိုင်းရေနံမှော်အတွင်းသို့ ရဲအင်အား ၁၅ဝ ခန့်ရောက်ရှိလာပြီဟု ဒေသခံ တစ်ဦးထံ မှသိရ သည်။

''အမိန့်စာကို ဘယ်သူထုတ်မှန်းမသိရဘူး။ လက်မှတ်လည်းမပါဘူး။ ဆီးလ်တံဆိပ်လည်း မတွေ့ရဘူး''ဟု စာလက်ခံရရှိသော ဒေသခံ ရွာသားတစ်ဦးကပြောသည်။

အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် ကို ၂ဝဝ၇ ခုနှစ်ကစ၍ ၂၉-၄-၂ဝ၁၃ အထိ မြန်မာ့ရေနံ (MOGE)ကကုမ္ပဏီများနှင့်နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့်တူးဖော်ခဲ့ကြောင်း သိရ သည်။ ရေနံမှော် အတွင်း စိုက်ပျိုးရေးလုပ်ကိုင် ကြသောတောင်သူများသည် စိုက်ပျိုး၍မရတော့ သည့်ယာမြေများကို လက်ယက်တွင်းများပြုလုပ် ၍ ရေနံတူးဖော်ခဲ့ရာမှ ယခုကဲ့သို့ တစ်စတစ်စ ကြီးထွားလာပြီး ရေနံဖြင့်ဝင်ငွေ ကောင်းလာခဲ့ ကြောင်းသိရသည်။ 

ယခင်နှစ်နှစ်ခန့်က အညာ တွင် မိုးခေါင်ခဲ့၍ စိုက်ပျိုးရေးအဆင်မပြေခဲ့ကြ သဖြင့် ထန်းကိုင်းရေနံမှော်သို့ ရောက်ရှိလာသူ အညာဒေသမှ တောင်သူတစ်ဦးက-

''ကျွန်တော်တို့ဆီမှာ မိုးမကောင်းလို့ ဒီမှာ ရေနံပုံးလာရွက်တာပါ။ တစ်ခေါက်ကျပ် ၅ဝဝ ရပါတယ်''ဟုရေနံပုံးရွက်သူတစ်ဦးကပြောသည်။
အများနည်းတူ ရေနံလာရောက်တူးသူများ မှာလည်း ရှိစုမဲ့စုကလေးများရောင်းချပြီးစွန့်စား လာရောက်သူများလည်းတွေ့ရသည်။ 

ဆင်ပေါင် ဝဲမြို့နယ်အတွင်းမှ ဈေးလာရောင်းသူတစ်ဦးက မိမိမှာဈေးရောင်းကြောင်း၊ ဆေးလိပ်၊ ကွမ်းယာ၊ ရေခဲချောင်း၊ မုန့်ပဲသရေစာများဖြစ်ကြောင်း၊ တစ်နေ့စားပြီးသောက်ပြီး ကျပ် ၁၅ဝဝဝ လောက် အမြတ် ငွေရကြောင်း၊ ယခင်က အကြွေးများ လည်း ထိုက်သင့်သလောက်ဆပ်ပြီးကြောင်း၊ ပင်တော့ပင်ပန်းကြောင်း၊ သို့သော် မိသားစု စား ဝတ်နေရေးချောင်လည်လာကြောင်း'' ရင်ဖွင့် ပြောဆို သည်။
ထန်းကိုင်းရေနံမှော်နေရာကို မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့(MOGE) က ပိုင်ဆိုင်ပြီး ရေနံ တူးခြင်း ရပ်နားချိန်တွင် တောင်သူများလုပ်ကိုင် စားသောက်ရန်ပေးထားခြင်းဖြစ်ကာ တရားမဝင် ရေနံ တူးခြင်းများကို တားမြစ်ပေးရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံခြင်းဖြစ် ကြောင်း သိရသည်။ စာထုတ်ဝေခြင်းမှာ မိမိတို့ နှင့်မသက်ဆိုင်ကြောင်း၊ ယခင်သရက်ခရိုင်ရဲမှူး ကြီး၏အစီအစဉ်နှင့် ထပ်မံဖယ်ရှားခိုင်းခြင်းဖြစ် ကြောင်း ထန်းကိုင်းရေနံမြေ (MOGE) မှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ယင်းသတင်းနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းရာ စာထုတ်ပြန်ခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံ သတိပေး အော်ဟစ်ခြင်းများမှာ မှန်သော် လည်း ဖြန့်ဝေသောစာတွင် တာဝန်ရှိသူ၏ လက်မှတ်နှင့် မည်သည့်အဖွဲ့ အစည်းဆိုတာ မပါရှိ သောစာများဖြစ်နေသည်ဟု သိရသည်။ ထို့ကြောင့် ရေနံလုပ်ကိုင်သူများအနေဖြင့် ဖယ်ရှားပေးမည်မဟုတ် ဘဲလက်မှတ်များစုဆောင်း ကောက်ယူ၍ နိုင်ငံတော်သမ္မတထံ ဆက်လက် လုပ် ကိုင်ခွင့်ရရေး အသနားခံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

The Union Daily

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှု ၁၁ လပြည့် ဒေသခံများ ဆန္ဒထုတ်ဖော်


လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှု ၁၁ လပြည့်မြောက်သည့် အောက်တိုဘာလ၂၉ ရက်နေ့ ညနေပိုင်းက လက်ပံတောင်းဒေသခံများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရားခံများကို ဖော်ထုတ် အရေးယူပေးရေး စသော တောင်းဆိုချက် ခုနစ်ချက်ကို ဆန္ဒထုတ် ဖော် ခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။

တောင်းဆိုခဲ့သည့် အချက်ခုနစ်ချက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မီး လောင်ဗုံး တရားခံများကို ဖော်ထုတ် အရေးယူပေးရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ရုပ်သိမ်းပေးရေး၊ ဥပဒေမဲ့ အကြမ်းဖက်ကာ မြေယာနှင့် သီးနှံများ ဖျက်ဆီးနေမှုကို အရေးယူပေးရေး၊စုံစမ်းစစ်ဆေးရေး ကော် မရှင် အစီရင်ခံစာပါ အချက်များကို ကျော်လွန်၍ လုပ်ဆောင်နေမှုများ ချက်ချင်းရပ်၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်း အကြမ်းဖက်သည့် တရားခံများ ဖော်ထုတ် အရေးယူပေးနှင့် ဒေသခံများ လွှတ်တော်နှင့် သမ္မတကို လိမ်လည် ပြုလုပ်နေသော အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အလိုမရှိ စသည့် အချက်များကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း လက်ပံတောင်းဒေသခံ တစ်ဦးက ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို တုံရွာထိပ်မှ စတင်ထွက်ခွာခဲ့ပြီး၊ တုံ၊ ဆည်တည်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ အင်အား ၂၀၀ နီးပါးခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကာ ဆည်တည်းဇီး တောရွာသစ် ရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ တစ်နာရီ ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ယခု ဆန္ဒထုတ်ဖော်မှုမှာ တရားဝင် ခွင့်ပြုမိန့်တင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး လက်ပံတောင်း ဒေသတွင် ဆန္ဒထုတ်ဖော်မှုပေါင်း ရာကျော်ခန့် ရှိနေပြီ ဖြစ်ကြောင်း တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်


အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာန မှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပ ဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေး ဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ် ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့ သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြု ကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း
 Popular Myanmar News Journal 

အိန္ဒိယတွင် ဘတ်စ်ကားမီးလောင် လူ ၄၀ သေ


ကားအက်ဆီးဒန့်ကြောင့် လူသေမှု အများဆုံး နိုင်ငံ စာရင်းထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း သိရပါ တယ်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်အချိန်က ဘတ်စ်ကား မီးလောင်မှု တစ်ခုဖြစ်ပြီး လူ ၄၀ သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း Mahbubnagar ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Bangalore မှ Hyderabad သို့ သွားရောက်စဉ်တွင် ဖြစ်သည်။ ပိုက်လိုင်း တစ်ခုသို့ ဝင်တိုက်မိပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ကာ ကားပေါ်မှ လ ၄၀ ဦး မီးလောင်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ခရီးသည် ၁၀ ဦးမှာ လွတ်မြောက်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ခရီးဝေး သွားလာခြင်းအတွက် အသုံးပြုသည့် ဘတ်စ်ကားများသည် ဟောင်းနွမ်းနေပြီး လဲလှယ်မှုပြုလုပ်ရန် နှောင့်နှေးနေ ဆဲ ဖြစ်သည်။ ဘတ်စ်ကား အဟောင်းဖြင့် ခရီးဝေး သွားလာခြင်းကြောင့် အက်ဆီးဒန့်များ ပေါက်ကွဲမှုများ နှစ်စဉ် ဖြစ် ပွားပြီး သေဆုံးသည့် ဦးရေ ရာဂဏန်းအထိ မြင့်တက်လျက် ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ စာရင်းသို့ ပါဝင်လာသော်လည်း လူတန်းစား ကွာဟခြင်းနှင့် အခြေခံ လူတန်းစားတို့ လိုအပ်သော ပို့ဆောင်ဆက်သွယ်ရေး အတွက် အစိုးရတို့ ဖြည့်ဆည်း ဖန်တီးပေးနိုင်မှု နည်းပါးနေသေး ကြောင်း သိရသည်။

Aung Kham ( ရိုးရာလေး )

ငါကစစ်သားကွဆိုပြိး နေပြည်တော် ပျဉ်းမနားမြို့ The Voice လွှတ်တော်သတင်းထောက် ရိုက်နှက်



အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားမြို့တွင် လွှတ်တော်အစည်းအဝေးများကို တက်ရောက် သတင်းရယူနေသူ The Voice သတင်းစာနှင့် အပတ်စဉ်ထုတ် စာစောင်၏ သတင်းထောက် ဦးအောင် ထက်ကို အမျိုးသားနှစ်ဦးက အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ထိုးကြိတ် ရိုက်နှက်ခဲ့ ကြောင်း ကာယကံရှင်က ပြောကြားသည်။

crime_nptpmn-voiceဦးအောင်ထက်သည် အဆိုပါမြို့နယ် မင်္ဂလာရပ်ကွက် အမှတ်(၂) သံလမ်းဂိတ်အနီး ထမင်းဆိုင်တွင် ထမင်းစားပြီးနောက် The Voice ရုံးခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့ဦးရပ်ကွက် ဗိုလ်တောက်ထိန်လမ်းထောင့် အောင်ချမ်းသာဘုရား အနီးတွင် ၄င်းရှေ့၌ စက်ဘီးတစ်စီး ယိုင်နဲ့ကာ စီးနင်းလာသောကြောင့် ၄င်းက ဆိုင်ကယ်အရှိန်လျှော့၍ ရှောင်ကွင်းကာ မောင်းနှင်ခဲ့ကြောင်း၊ ယင်းနောက် စက်ဘီးမှာ လမ်းမလယ်သို့ ရောက်နေသဖြင့် ဆိုင်ကယ်ကို လမ်းဘေးချကာ မြေသားလမ်းတွင် မောင်းနှင် လာစဉ် စက်ဘီးသည် ဆိုင်ကယ်ဘက်သို့ လဲကျခဲ့သောကြောင့် ဆိုင်ကယ် မောင်းနှင်သူ ၄င်းက သွားရောက်တောင်းပန်စဉ် စက်ဘီးစီးလာသူ နှစ်ဦးက ထိုးကြိတ်ခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် စက်ဘီးချိတ်မိရာတွင် သတင်းထောက် စီးနင်းလာသော ဆိုင်ကယ်တွင် တပ်ဆင် ထားသော နောက်ကြည့်မှန်ကို ထိခိုက်ခဲ့ပြီး စက်ဘီးစီးနင်းလာသူ နှစ်ဦးကို ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
“သူတို့က ဘယ်အလုပ်လုပ်လဲ မေးလို့ Voice က သတင်းထောက်ပါလို့ ဖြေတာကို ဒီရဲတွေကို မင်းဘယ် လောက် ပိုင်လဲလို့ မေးပြီး ငါကစစ်သားကွ၊ ဒီကရဲတွေ အကုန်ပိုင်တယ် ဆိုပြီး သူတို့ထဲက တစ်ယောက်က ဝင်ထိုးတယ်။ ရဲတွေကို ဆဲပြီး ကျွန်တော့်ကိုလည်း ထမရအောင် ဝိုင်းထိုးကြတာ။ ထပြေးဖို့ အချိန်တောင်မ ရဘူး” ဟု ၄င်းကဆိုသည်။

သတင်းထောက် ဦးအောင်ထက်ကို ကန်ကျောက် ထိုးကြိတ်ပြီးနောက် အဆိုပါလူနှစ်ဦးက ၄င်းတို့ စီးနင်းလာသော မိန်းမစီး စက်ဘီးကို ကိုယ်တိုင် ဖျက်ဆီးခဲ့ကြောင်း၊ အသက် ၂၀ ကျော်အရွယ် အခြား အမျိုးသား တစ်ဦးက လျော်ကြေးတစ်သိန်းခန့် ပေးရန် ဝင်ပြောသဖြင့် ၄င်းက ပိုက်ဆံ ပါမလာသဖြင့် ရုံးသို့ လိုက်ယူရန် ပြောကြားခဲ့ရာ ထပ်မံ ကန်ကျောက်ခဲ့ပြီး ဆိုင်ကယ်ပေါ်တင်ကာ လမ်းကြားတစ်ခုထဲသို့ မောင်းနှင်ရာ ဦးအောင်ထက်က မလိုက်ရဲကြောင်း ပြောဆို၍ ဆိုင်ကယ်ပေါ်မှ ခုန်ချစဉ် ထပ်မံ ကန်ကျောက် ခဲ့ကြောင်း၊ စတင်ဖြစ်ပွားချိန်မှ စ၍ ၄၅ မိနစ်အကြာတွင် အရပ်ဝတ်ဖြင့် ယာဉ်ထိန်းတစ်ဦး ရောက်လာချိန်မှ သက်သာရာရခဲ့ပြီး ထိုးကြိတ်သူ များက ထွက်ပြေးခဲ့ကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

“တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီး တောင်းတယ်။ ပေးမယ်လို့ ပြောတော့လည်း ထပ်ထိုးတယ်။ စစ်ထွက်တွေလို့ ပြောတယ်။ သူပုန်တွေတောင် သတ်လာတာ မင်းတို့လို ကောင်မျိုးကတော့ ဆိုပြီး ပြောဆိုပြီး ရိုက်နှက်ကြ တယ်” ဟု ဦးအောင်ထက်က ဆိုသည်။

အဆိုပါ ရိုက်နှက်သူကို ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ တရုတ်ကြီးသည် The Voice ရုံးခန်းဖွင့်လှစ်ရာ မြို့ဦးရပ် ကွက် တောင်သာအုပ်စု ပျဉ်းမနားမြို့နယ်တွင် နေထိုင်ပြီး ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲသာ ဖြစ်ပြီး အောင်ချမ်းသာရပ်ကွက် ကင်ပွန်းတန်း အုပ်စု ပျဉ်းမနားမြို့နယ်တွင် နေထိုင်ကြောင်း ပျဉ်းမနားမြို့နယ် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထိုးကြိတ်ခံရမှုကို ( ပ ) ၆၄၉/၂၀၁၃၊ ပြစ်မှုပုဒ်မ – ၃၂၃၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် ညစ်ညမ်းသော သီချင်း၊ ကဗျာ၊ သီဆိုခြင်း၊ စကားပြောဆိုခြင်း ပြစ်မှုပုဒ်မ – ၂၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်တွင် ယင်းကိစ္စ ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးယူပေးရန် လိုအပ်ပြီး ယင်းကိစ္စသည် တရားဥပဒေ စိုးမိုးရေးကိစ္စ ဖြစ်သောကြောင့် အရေးယူပေးခြင်း မရှိပါက တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဝင် အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနေနှင့် သတင်းထောက်တစ်ဦး ထိုးကြိတ်ခံရမှုကို ပျဉ်းမနား မြို့ရှိ ရဲဌာနထံ မေးမြန်းစုံစမ်းသွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောကြားသည်။

The Voice

တိုင်းပြည်နယ်နိမိတ် တည်တံ့ရေး လိုင်ဇာညီလာခံသို့ အစိုးရ တောင်းဆို


လတ်တလော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပနေသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီ လာခံသို့ နေပြည်တော် အစိုးရမှ လျှို့ဝှက်အနေဖြင့် ပေးပို့ထားသော နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အဆိုပြု ချက်များတွင် “တိုင်းပြည်နယ်နမိတ် တည်တံ့ရေးအတွက် ပတ်သက်သည့်တာဝန်ကို ပူးတွဲထမ်းဆောင်ရန်”ဟု ရေးသားပါရှိသည်။

ဧရာဝတီက ဖတ်ရှုခွင့်ရသည့် ယင်းအဆိုပြုချက် ၁၅ ချက်တွင် “ပင်လုံ စိတ်ဓာတ်”ဖြင့် ပူးပေါင်းလုပ် ဆောင်ကြရန် တိုက်တွန်းရေးသားထားသော်လည်း တိုင်းရင်းသားအဖွဲ့များက ပြောကြားတောင်းဆိုနေသည့် “ဖယ်ဒရယ်” ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စ ပါဝင်ခြင်း မရှိပေ။

အစိုးရ၏ အဆိုပြုချက်များမှာ  ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ချမှတ်ရေး၊ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးဆိုင်သည့် လမ်းညွှန်စည်းမျဉ်းများ၊ နှစ်ဘက်တပ်များ ထိတွေ့မှုမရှိစေရန် ပြန်လည်နေရာ ချထားရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ဆက်ဆံရေးရုံးများ ဖွင့်ခွင့်၊ လူသားချင်း စာနာထောက်ထားမှု အကူ အညီများပေးရန် အခွင့်အလမ်း၊

လူ့အခွင့်အရေးများ ကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ ဖွဲ့ရေး၊ ပူးတွဲအပစ်အခတ် ရပ်စဲရေးကော်မတီ၊ ပူးတွဲငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ၊

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှုတည်ဆောက်ရန် ဆောင်ရွက်မည့်အချက်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နောက်ဆက်တွဲ ပါဝင်လက်မှတ်ရေးထိုးခွင့်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များ ဖြစ်သည်။

အစိုးရဘက်က တိုင်းရင်းသားများနှင့် နိုင်ငံရေး ဆွေးနွေးမည့် အခြေခံမူဘောင်ကို တပ်မတော်နှင့်အတူ ရေးဆွဲထားပြီးဖြစ်သည်ဟု အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဧရာဝတီသို့ ပြောကြားထားသောကြောင့် ယခု အဆိုပြုချက်များသည် တပ်မတော်မှ အတည်ပြုပြီးဖြစ် သည်ဟု ယူဆရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဦးဇောင်းဟရားက လိုင်ဇာမြို့တွင် မနေ့က ပြုလုပ်သည့် တိုင်းရင်း သားခေါင်းဆောင်များ ကြိုဆို နှုတ်ဆက်ပွဲတွင် “အဖိနှိပ်ခံ အမျိုးသားများ စုပေါင်းလက်တွဲပြီး ရရှိနိုင်မည့် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုရန်” ယခုဆွေးနွေးပွဲကို တိုင်းရင်းသား အကြို ညီလာခံအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။

လိုင်ဇာဆွေးနွေးပွဲ မစမီ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ပူးတွဲ သဘောထား ထုတ်ပြန်ရာ “နိုင်ငံတ၀န်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန်” တို့ကို တောင်းဆိုထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ လွှတ်တော် အမတ် များ၊ မြန်မာ့တပ်မတော်နှင့် အစိုးရ ပါဝင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲကို ပူးတွဲ စီခံခန့်ခွဲရေး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးရေး အာမခံချက်ရှိရေး၊ နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံ ဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ၀င်ငွေ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု စသည့် အရေးကြီးသော အချက်များ ပါဝင်သင့်ကြောင်း ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် နိုဝင်ဘာလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် သဘောတူလက်မှတ်ထိုးရန် ရည်မှန်းထားသည်။

လေ့လာသူများအနေဖြင့်မူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို ထောက်ပြပြီး အပစ်အခတ်ရပ် စဲရေးကို အောက်ခြေအဆင့်ထိရောက်ရှိရန် မည်သို့အကောင်အထည် ဖော်မည်၊ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအတွင်းရှိ လူထု၏ အကျိုးစီးပွားကို မည်မျှအကျိုးသက်ရောက်မည်တို့မှာ မရှင်းလင်းလှသေးကြောင်း ပြောဆိုကြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တာနာက ကုလသမဂ္ဂ၏ IRIN သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် “ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မယ့် ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ကျနော်တို့ မမြင်ရသေးဘူး။ ဥပမာ ထိုင်းက ဒုက္ခသည်တွေ ဘာဖြစ်မလဲဆိုတာမျိုးပေါ့။ ခင်ဗျား ဒုက္ခသည်တစ်ယောက်ဆို ခင်ဗျား ပြန်ချင်သလား။ ရှင်းရှင်းလင်းလင်း မရှိဘူး။ အစီအစဉ်တကျ မဖြစ်ဘူး။ မြေသိမ်းမှု ပြဿနာတွေ၊ မြေမြှုပ်ဗုံး ပြဿနာတွေအကြောင်းလည်း ဘယ်သူမှ ဘာမှ မသိရဘူး” ဟု ပြောကြားခဲ့သည်။


လိုင်ဇာညီလာခံကို ဝနဲ့ မိုင်းလားအဖွဲ့တွေ တက်မှာမဟုတ်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NS AA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့စတင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကို တက်ရောက်နိုင်ခြင်းမရှိဖူးလို့ KIO အရာ ရှိတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဝ တပ်ဖွဲ့ရဲ့ ဝိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ဝတပ်ဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကို တက်ရောက်မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

“အေး ကျနော်လည်း သိပ်မရှင်းဘူး၊ သူတို့ ပထမပြောတာတော့ သွားမယ်လို့ပြောတာ၊ အယ် သွားတဲ့အ ချိန်ကျ သူတို့မသွားဖြစ်ဘူး ဖြစ်နေတယ်၊ သူတို့မသွားဖြစ်တာ ဘာကိစ္စနဲ့လည်း မသိဘူး၊ မေးကြည့်တာ တော့ မသွားဘူးတဲ့၊ မိန်းလားနဲ့ ကျနော်တို့ ၀ က မသွားဘူးတဲ့၊ ဒါကတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ ကျန်းမာရေးတော့ မဖြစ်ဘူး၊ ဒါပေမယ့် တခုခုတော့ ဖြစ်မယ်ထင်တယ်၊ အရင်တစ်ခေါက်လည်း မသွားဘူးလေ၊ အေး ဒီတစ်ခေါက်လည်း မသွားဘူး”

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ဝင် ကျိုင်းတုံဆက်ဆံရေးရုံး အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘာကြောင့် မတက်ရောက်နိုင်သလဲဆိုတာ မိမိမှာပြော ခွင့် မရှိဖူးလို့ ဖြေကြားပါတယ်။

အဲဒီမိုင်းလားနဲ့ ဝတပ်ဖွဲ့တွေနဲ့ အနေနီးစပ်သူဖြစ်တဲ့ တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့ လာသူ ဦးအောင်ကျော်ဇော်ကတော့ ဝ တပ်ဖွဲ့အနေနဲ့ ယခင်ချမှတ်ထားခဲ့တဲ့ မူဝါဒကြောင့် မတက်ရောက် တာဖြစ်နိုင်တယ်လို့ အာဖက်အေကို ပြောပါတယ်။

“ကျနော်တို့လည်း မေးကြည့်ပြီးပြီ သူတို့က ဘာမှအတိအကျ ဖြေတာမရှိပါဘူး၊ သူတို့ပြောတာက ၀သပ က မသွားဘူး၊ သူတို့လည်း မသွားဘူး ၀သပ နဲ့ သူတို့က ညီနောင်ပါတီ အဖွဲ့အစည်းဖြစ်တာကိုး၊ မသွားကြဘူး အဲ့ဒါပါပဲ၊ တဖက်ကလည်း စဉ်းစားစရာရှိတာပေါ့၊ သူတို့စောစောကြိုပြောထားတာရှိတယ်၊ ၀သပ အနေနဲ့ ဒီနေရှင်းနယ်ပီစ် စေ့ဖားရားအကုတ်ကို လက်မှတ်ထိုးစရာ မလိုဘူးပေါ့၊ အရင်တုန်းကလည်း ထိုးဖူး တယ်ပေါ့၊ ပြောဖူးတာကိုး၊ အယ်အဲ့အတွက်ကြောင့် မလိုအပ်လို့ ဒီအစည်းအဝေးက အဲ့မှာထိုးမထိုးဆိုတာကို ဆုံးဖြတ်ကြမှာကိုး၊ အဲ့ဒါကြောင့် မသွားတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့၊ အခြားအကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အိမ်နီးနားချင်း တရုတ်ပြည်ရဲ့ ဖိအားလားပေါ့၊ ဒါမှမဟုတ်လည်း တခြားဗမာအစိုးရက ပါဝင်မှာမကြိုက်လို့ မသွားတာလားပေါ့ ဒီလိုလည်း စဉ်းစားနိုင်ပါတယ်”

KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ ပတ်သက်တဲ့ မူဘောင်တွေ ချမှတ်ရေးအတွက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

RFA

တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်


အစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ စုဝေးပြီးတပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသေဘာထားတရပ် ရရှိဖို့အတွက် ၃ ရက်ကြာဆွေးနွေး ပွဲ ကို ဒီနေ့ စတင်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လာမယ့် နိုဝင်ဘာလကျရင် သေဘာတူ လက်မှတ် ထိုးဖို့ ကမ်းလှမ်းထားချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ဘုံသေဘာထားရဖို့ ဖြစ်ပါ တယ်။

ဒီ ကွန်ဖရင့်ရဲ့ အကျိုးဆောင်လည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ အေထွေထွအတွင်းရေးမှူး နိုင်ဟံသာက ဖတ်ကြားတဲ့ ဆွေးနွေးပွဲ အစီအစဉ်ထဲမှာ “တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ် သက်လို့ အဖွဲ့လိုက် အြမင်သေဘာထား သုံးသပ်တင်ပြခင်း၊ ယူအန်အက်ဖ်စီက ချမှတ်ထားတဲ့ ဘုံသေဘာ ထားကို ရှင်းလင်းတင်ပြ ချမှတ်ခြင်း၊ အစိုးရက ပေးပို့ထားတဲ့ လက်မှတ်ရေးထိုးရန် သေဘာထားစာ တမ်းမူကြမ်းကို သုံးသပ်ခြင်း၊ သေဘာထား ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ နိုင်ငံရေးဆွေးနွေးရေး မူဘောင် ကိစ္စကို ကေအန်ယူ၊ အာရ်စီအက်စ်အက်စ်နဲ့အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့အေပါ် ရှင်းလင်းတင်ပြခင်း” စတာတွေ ပါရှိပါတယ်။

ဒီ ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းခရားက နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အတွက် ဒီကွန်ဖရင့်ကို ကျင်းပတာပါလို့ သဘာပတိမိန့်ခွန်းမှာ ပြောပါတယ်။

“ကွန်ဖရင့် ကျင်းပရြခင်း ရည်ရွယ်ချက်ဟာ နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပနိုင်ရန် အစြပုသည့် လုပ်ငန်း စဉ်များ ချမှတ်နိုင်ရန် ဖြစ်ပါတယ်။ ဒီနေ့ စတင်ကျင်းပေသာကွန်ဖရင့်တွင် တိုင်းရင်းသားများရဲ့ လိုလား ချက်များနဲ့ အြမင်သေဘာထားများကို စုစည်းကာဆွေးနွေးခြင်းဖြင့် တူညီသော သေဘာတူညီချက်များ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှာ အေတွ့အြကုံပေါင်းများစွာ ရရှိပြီးဖြစ်သည်သာမက သက်ဆိုင်ရာ တိုင်းရင်းသားများရဲ့ ဆန္ဒသေဘာထားများကိုလည်း အစဉ်မြပတ် ထိတွေ့ လက်ခံရရှိနေသည် ဖြစ်သောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ဒါကြောင့် ကွန်ဖရင့်တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းအပ်ပါတယ်။”

DVB

ကာတွန်း ဦးအောင်ရှိန် အသက် ( ၈၆ )နှစ် ကွယ်လွန်

ဦးကပ်စေး၊ ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးလူပေါ၊ဦးစိတ်တို နှင့် မျောက်ညို စသောထင်ရှားသည့် ကာတွန်း ဇာတ် ကောင်များ ဖန်တီးသူ ကာတွန်း ဦးအောင်ရှိန် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရ သည်။

ကွယ်လွန်သူ ၏ ရုပ်အလောင်းကို ရေဝေး အအေးတိုက်တွင် ထားရှိမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် သဂြိုလ်သွားမည်ဟု သိရသည်။

Popular Myanmar News Journal 

ကချင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စောင့်နေဆဲ


တရုတ် မြန်မာ နယ်စပ်မှာ ဒုက္ခသည် စခန်း ၁၀ ခုရှိတဲ့အထဲက ဂျီရန်း ဒုက္ခသည် စခန်းမှာ ကချင် စစ်ပြေး ဒု က္ခသည် ၈၀ဝ၀ ကျော် ခိုလှုံနေကြ ပြီး လက်ရှိမှာ ငြိမ်းချမ်းရေး အတွက် အာမခံချက် မရှိသေးတာကြောင့် အိမ်မပြန် နိုင်သေးဘဲ ရှိပါတယ်။

စခန်းမှာရောက်နေတာ ၂ နှစ်ရှိနေပြီဖြစ်တဲ့ ဒုက္ခသည် ဦးဘရန်ခွန်းက “လောလောဆယ် အိမ်ပြန်နိုင်မယ့် အခြေအနေ သိပ်မမြင်သေးဘူး” လို့ ဆိုရင်း သူတို့ရွာကလူတွေ အများစုဟာ ဒီဒုက္ခသည် စခန်းမှာဘဲ ရှိနေ ကြတယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ဇွန်လ ကတည်းက ဖွင့်ထား တဲ့ ဒီစခန်းမှာ ဗန်းမော်ခရိုင် မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ်တွေက ထွက်ပြေးလာသူ များတယ်လို့ စခန်းတာဝန်ခံ ဦးဘရန်ရှောင်က ဘီဘီစီ ကိုပြောပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လှူဒါန်းတဲ့ အဖွဲ့အစည်း တွေက ဆန်၊ ဆီနဲ့ ငွေကြေး အနည်းငယ်ကို ထောက်ပံ့ ပေးနေတာ ရှိတယ်လို့သူက ပြောပြပါတယ်။သွပ်မိုးပြီး အထပ်သားကာထားတဲ့ တန်းလျားတွေကို ယာယီအဆောက်အဦ အဖြစ်အသုံးပြုနေကြပြီး ဝါးတိုင် တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒုက္ခသည် အများစုကတော့ နေရပ်ကို ပြန်ချင်နေကြပြီး သူတို့အိမ်ပြန် နိုင်ရေးဟာ အစိုးရနဲ့ ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတဲ့အပေါ်မှာ အများကြီး မူတည် နေတယ် လို့ ဒုက္ခသည် တွေကပြောပါတယ်။

myanmarnewshub

မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်


သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီး လမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက် ဆက် တိုက်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ များပြောပြချက်အရသိရပါသည်။

အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ်ဟဲဆိုင်ရွာနှင့် ဟန်နားကျေးရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံးယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေကြောင်း၊ ဗင် ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက် ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။

အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ခွဲခန့် ဓါးပြတိုက်ခံရသည့် မိုင်းရှူးဒေသခံ တဦးကလည်း ဓါးပြ များသည် ကားပေါ် ရှိစား သောက် ဖွယ်ရာများပင်ယူဆောင်သွား ကြောင်း၊ ၎င်းတို့ဖိုးဝှီးကားပေါ်ပါရှိသူများ ကျပ်ငွေရှစ်သိန်းကျော်နှင့်အတူ (ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား ဆွဲတီးတလုံး၊ ဆွဲပြားတခု၊ လက်စွပ် တကွင်း) ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသည့် လက်ဝတ် ရတနာများလည်းပါသွား ကြောင်းပြောသည်။

“ကျနော်ကလေးကို ကျောင်းသွားပို့ပြီး ပြန်လာတာ။ ပိုက်ဆံမ ကျန်တော့ လို့ သောင်းဂဏန်း လောက်ပဲပါ သွားတာ။အဲဒီဓါးပြကခြုံထဲ မှာတော့ ရှိသေးလားမသိဘူး၊ လမ်းပေါ်မှာတော့ သုံးယောက်ဘဲတွေ့တယ်။ တူမီးသေနတ်တွေနဲ့ဘဲ။ နှစ်လုံးပြူး တူမီးသေနတ် အမျိုးအစားလဲပါတယ်။” - မိုင်းရှူးမြို့ခံစိုင်းအေးက ပြောသည်။

ထို့အတူ ကျေးသီးခရီးသည် လဲချားဒေသခံ နန်းမြဆိုသူကလည်း - ဓါးပြတိုက်ခံရပြီးနောက် လမ်းပြင်ကား အပြာစီးနင်းလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၈-၉ ဦးခန့်တွေ့ဆုံကြောင်း၊ အက်စ်ကွေ့တွင် ဓါးပြတိုက် မှုဖြစ်နေ သည့်အကြောင်း ပြောပြရာတွင် ရဲများကခရီးမဆက်တော့ ဘဲ နောက်ကြောင်းပြန်လှည့် သွားကြောင်း - ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ ရှိ နာမည်ကြီး အက်စ် (S) ကွေ့ တွင် ဓါးပြတိုက် မှု မကြာခဏ ဖြစ်ပွါး ခဲ့ပါသည်။ ယမန်နှစ် ကလည်း မြန်မာ စစ်ကြောင်းနှင့် ဓါးပြအဖွဲ့တိုးမိသောကြောင့် ရင်ဆိုင်တိုက် ခိုက်မှုဖြစ်ပွားခဲ့ရာမြန်မာစစ်အရာရှိ တဦးသေ ဆုံးပြီး ရဲဘော်တဦးဒဏ်ရာ ရှိခဲ့ဖူးပါသည်။

ဓါးပြတိုက်မှု မကြာခဏ ဖြစ်ပွားတတ်သည့်အက်စ်ကွေ့ သည် ကျေးသီး အခြေစိုက် ခလရ ၉ နှင့် နီးသကဲ့သို့ မိုင်းနောင်မြို့နယ်ခွဲ အခြေ စိုက် အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ် နှင့်လည်း ၁၀ မိုင်ခန့်သာဝေးေ ကြာင်းဒေသခံများကပြောသည်။

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးရပြီး ၄၊ ၅ နှစ်အတွင်း ကချင်ပြည်နယ်အခြေစိုက် မြန်မာအစိုးရတပ်ရင်း ယခင်က (၂၆) ရင်းသာ ရှိရာမှ (၄၁) ရင်းထိ တိုးချဲ့ လာ


ယနေ့ ကချင်ပြည်နယ်အတွင်း၌ အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၄၄ ရင်း အမြဲတမ်း အခြေချ တပ် စွဲထားသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ - ၁၅ ၊ မြစ်ကြီးနားတွင် ခလရ - ၂၁၊ ၂၉၊ ၃၇၊ ပူတာအိုတွင် ခလရ - ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ - ၅၈၊ မိုးကောင်းတွင် ခလရ - ၇၄၊ ဆားမှော်တွင် ခလရ - ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ - ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ - ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ - ၁၄၂၊ ဗန်းမော်တွင် ခလရ - ၂၃၆၊ မယန်းတွင် ခလရ - ၂၆၀၊ တနိုင်းတွင် ခမရ - ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ - ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ - ၄၃၇၊ ပင်းဘောတွင် ခမရ - ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ - ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ - ၂၉၇၊ ဒေါင်ဘန်း၌ ခလရ - ၂၉၈ တို့ တပ်စွဲထားသည်။ တပ်မတပ်များအဖြစ် ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်စိုက်ထားပြီး လက်အောက်ခံတပ်များမှာ ဗန်းမော်တွင် ခလရ -၄၇၊ ၂၃၇၊ ရွှေဂူတွင် ခလရ - ၅၆၊ ခမရ - ၆၀၂၊ မြို့သစ်တွင် ခမရ - ၃၂၀၊ ၃၈၇၊ ၄၃၈၊ မန်စီတွင် ခမရ - ၆၀၂ အခြေပြုထားသည်။ မိုးကောင်းတွင် စကခ-၃ အခြေစိုက်ထား၍ လက်အောက်ခံတပ်များမှာ ဟိုပင်တွင် ခလရ - ၄၀၊ ခမရ - ၃၈၈၊ ၃၈၉၊ မိုးကောင်းတွင် ခမရ - ၃၈၁၊ ၃၈၂၊ ဆားမှော်တွင် ခမရ - ၃၈၃၊ ၃၈၄၊ နမ်မားတွင် ခမရ - ၃၈၅၊ ၃၈၆၊ နမ္မတီးတွင် ခမရ - ၃၉၀ တပ်စွဲထားသည်။

၁၉၆၂ ခုနှစ်အကုန်က ကချင်ပြည်နယ် တစ်ခုလုံးတွင် ခလရ - ၁၅၊ ၂၁၊ ၂၉၊ ၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၅၆၊ ၅၈ ဟူ၍ တပ်ရင်း ၉ ရင်းသာ ရှိခဲ့သည်။

အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ ကိုလည်း မိုးညှင်း၌ ယခုတပ်စွဲထား သည်။ ဗန်းမော်၊ မိုးညှင်း၊ မြို့သစ်၊ မရမ်း၊ မိုးမောက် စသည့်နေရာများတွင် အမြောက်တပ်ရင်း ၈ ရင်းထက်မနည်း ချထားသည်။ မိုးညှင်းတွင် ဒုံးပျံတပ်ရင်း ၆၀၃ ကိုလည်း တပ်စွဲထားသည်။ ဗန်းမော်နှင့် မိုးညှင်းတွင် သံချပ်ကာ တပ်ရင်းများလည်း အခြေပြုထားသည်။

ယခုအခါ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကြိုးပမ်းချက်ကို အထက်ပါ မပခ လက်အောက်ခံ ၂၂ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၆ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၁၀ ရင်းတို့က နှိပ်ကွပ် တိုက်ခိုက်နေသည့်အပြင် ကျောက်မဲအခြေစိုက် စကခ-၁ နှင့် ၁၀ ရင်း၊ သိန္နီအ ခြေစိုက် စကခ-၁၆ နှင့် ၁၀ ရင်း၊ မိတ္ထီလာအခြေစိုက် တပ်မ- ၉၉ မှ ၇ ရင်း၊ မကွေးအခြေစိုက် တပ်မ- ၈၈ နှင့် ၁၀ ရင်း၊ ကလောအခြေစိုက် တပ်မ -၅၅ နှင့် ၁၀ ရင်း၊ ကလေးအခြေစိုက် စကခ-၁၀ နှင့် ၁၀ ရင်း စသည်ဖြင့် စုစုပေါင်းတပ်ရင်း ၁၀၀ ကျော်နှင့် အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။

 KDNG

လူသိနည်းတယ်ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာ ဘာဝ ၁၀ မျိုး


တိရစ္ဆာန် တစ္ဆေ္ဆများတချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်းသွားစေရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာ ဘာဝ ၁၀ မျိုးကို ဖတ်ကြည့် ပါဦး။

အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကို ကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင် မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။

Crowded Demon

သရဲတွေက လူပြတ်တဲ့ နေရာမှာ ပိုပြီး ခြောက်လှန့်လေ့ ရှိတာမို့လို့ လူအုပ်ထဲက မိစ္ဆာတွေဟာ ထူးခြား ဖြစ်စဉ် တစ်ခုပါ။ ဒီမိစ္ဆာတွေက တစ် နေရာ ထဲမှာ များစွာ ထွက်ပေါ်လာ စေခြင်းဖြင့် သူတို့ အကြောင်း ပြောကြတဲ့၊ လာကြည့် ကြတဲ့ လူစုလူဝေး ဖြစ်အောင် လှုံဆော် ပေးပါ တယ်။ ဘာလို့ သူတို့က လူတွေ လာ စေချင်၊ သိစေချင် နေတာလဲ ဆိုတာ ကတော့ ရေရာတဲ့ အဖြေ မရှိသေး ပါဘူး။ သီအိုရီ တွေက တော့ အဲ့ဒီ နေရာ ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှတ် တာမို့၊ လူတွေ ဓါတ်ပုံ ဆရာတွေ စိတ်ဝင်စား အောင်လို့ စ သည်ဖြင့် အမျိုးမျိုး တွေးတော ယူဆနေ ကြပါတယ်။ နေရာ တစ်ခုမှာ သာမန် နာနာဘာဝ တွေက ဖလင် တွေထဲမှာ တစ်ခါ လောက်ပဲ ပါလာပေမဲ့ ဒီ crowd demon တွေက နှစ် ကောင်၊ သုံးကောင် လောက် ခန ခန ပေါ်လာ တတ်ပါတယ်။ ဒီလိုဖလင် တွေမှာ ပါလာ ရင်လဲ သူတို့က ပုံစံတွေ အမျိုးမျိုး ပြောင်းနေ ပါသေး တယ်။ တစ်ခါ တစ်လေ လူသာမန် မျက်စိနဲ့ တောင် မမှတ်မိ နိုင်အောင် ပြောင်းလဲ သွားတာပါ။ ဓါတ်ပုံ တစ် ခု မှာတော့ လူ တစ်ယောက်ကို ကိုက်တော့ မလို လုပ်နေတဲ့ မြွေသဏ္ဍန် အသွင်ကို မြင်ရပြီး အဲ့ဒီ ဓါတ်ပုံရဲ့ နောက် တစ်နေရာ မှာတော့ ပွဲကြည့်နေတဲ့ သက်ရှိ လူတွေ ကြား ကွဲပြားနေတဲ့ လူသဏ္ဍန်၊ အရိပ်မည်းမည်း ကိုလဲ မြင်တွေ့ရ ပါတယ်။ ဒီပုံရဲ့ နောက် တစ်နေရာ မှာပဲ ကင်မရာကို ပြန်လှည့် ကြည့်နေတဲ့ မျက်နှာ သဏ္ဍာန်တစ်ခု ကိုလဲ မြင်နိုင်ပါ သေးတယ်။ လူတွေကြားထဲ ပေါ်လာရ ခြင်းဟာ သူတို့ အနေနဲ့ လူတွေရဲ့ ဂရု စိုက်မှုကို လိုချင်တာ မျိုးလဲ ဖြစ်နိုင် ပါသလား။





တိရစ္ဆာန် တွေဟာ အသက်ရှိ စဉ်က မိသားစု အချစ်တော် လေးတွေ ဖြစ်နေပေမဲ့ သေသွား ရင်တော့ လျစ် လျူခြင်း ခံလိုက် ရပါတယ်။ သရဲ လိုက် ကျွမ်းကျင် သူတွေရဲ့ အဆို အရ သူတို့ ကလေး တွေကို တွေ့ရ ပေမဲ့ လို့ ဘယ်သူမှ အရေးလုပ် မနေကြပါဘူး လို့ ဆိုပါတယ်။ သူတို့ကို တွေ့ရတဲ့ ဖြစ်စဉ် အများ အပြား ရှိ ပေမဲ့ လို့ လူတွေက ကျော်လွား သွားနေ ကြပါတယ်။ 1800 ခုနစ် အစောပိုင်းက John William Bell မိ သားစုရဲ့ စုန်းလိုက် တိုက်ပွဲမှာ ငှက်သရဲ တွေ ပျောက်ကွယ် သွားတဲ့ ခွေးတွေ အကြောင်း မှတ်တမ်း ပြုထား ပါတယ်။ ဒီမှတ်တမ်းအရ ပြောမယ် ဆိုရင် တိရစ္ဆာန် သရဲ လေးတွေ ဟာ သရဲကြီး တွေရဲ့ အဆင် တန်ဆာ တစ်ခု လောက် ပါပဲ။ တိရစ္ဆာန် သရဲတွေက သူတို့ ရှိကြောင်း ပြတဲ့ အခါ အနံ့ တွေ အသံတွေ သာမက ပုံရိပ်တွေ အဖြစ်လဲ ထွက်ပေါ် လာတတ် ပါတယ်။ ဒါကြောင့် အခြောက်ခံ ရသူတွေ ဟာ မမြင်နိုင်တဲ့ တိရစ္ဆာန် တွေရဲ့ ပျော်ရွှင်သံ ညည်းသံ တွေ နံရံနဲ့ တံခါးကို ကုတ်ခြစ် သံတွေကို ကြားရ ပါတယ်။



Vortex

vortex တွေက သာမန် လူတွေမသိနိုင် နားမလည်နိုင်တဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်း တစ်မျိုးပါ။ သူ့ကို မျက် လုံး နဲ့ မမြင် ရပဲ ရုပ်သေ ဓါတ်ပုံ တွေမှာ ပဲ တွေ့ရလေ့ ရှိပါတယ်။ ဒီ Vortex ဟာ ရှည်လျားတဲ့ ဆေးပြင်း လိပ်လို သံချောင်းလို ပုံစံ ရှိပြီး ဆံချည်မျှင်လို သွယ်တန်း နေပါတယ်။ သူတို့ဟာ လေပေါ်မှာ အလင်းတန်း လိုပေါ်လာ တတ်ပါတယ်။ အပူချိန် ကို ပြောင်းလဲ စေလို့ သူတို့ ရှိနေတဲ့ အခါ အခန်းဟာ အေးစက်စက် လေ ထုနဲ့ လွမ်းမိုး သွားပါတယ်။ ဒီဟာတွေကို သာမန် orbs ရေငွေ့ စက်လေး တွေနဲ့ မှားနိုင်ပါသေးတယ်။ နှစ်ခု လုံးက လေထု ထဲမှာ ပေါ်လာ တာ မို့လို့ပါ။ ဒါပေမဲ့ vortex က အလုံ ပိတ်ထား တဲ့ အခန်းထဲမှာ တောင်ဖြစ် ပေါ် တာပါ။ သူတို့ကို အိမ်တွေ ထဲမှာ ပဲတွေ့ရလေ့ ရှိတာမို့ အရင် ပိုင်ရှင်တွေ များလားလို့ တွေးစရာပါ။ နောက် တစ်ခုက တခြား ၀ိညာဉ် တွေကို သယ်ဆောင် လာပြီး ကွဲပြားတဲ့ လောက နှစ်ခု ကို ဆက်စပ် ပေး သူ တွေလဲ ဖြစ်နိုင် ပါသေးတယ်။



Inanimate Ghosts

တစ္ဆေ သဘောင်္ လို့ ခေါ်တဲ့ the Flying Dutchman ဟာ သက်မဲ့ တစ္ဆေတွေ ရဲ့ အကြောင်းပါပဲ။ ဒီ သ ဘောင်္ဟာ ၁၇ ရာစုမှာ ပင်လယ်ပျော် တွေကို ထိတ်လန့် ခြောက်ချား စေခဲ့ပါတယ်။ ဒါကို သဘောင်္ သား တော်တော် များများရဲ့ ယုံတမ်း စကားလို ကျော်ကြား ခဲ့ပြီး နောက်ပိုင်းမှာ လူတွေက မေ့ပျောက် သွားခဲ့ ပါ တယ်။ ဒီ သက်မဲ့ တစ္ဆေတွေက သဘောင်္ တင်မက ကား ရထား ဒါမှမဟုတ် မီးအိမ် ငယ်လေး တစ်ခု တောင် ဖြစ်နိုင် ပါသေးတယ်။ ဒီ တစ္ဆေတွေက အချိန် တစ်ခုထဲ မှာ အေးခဲ ကျန်နေခဲ့ပြီး တစ်နေရာ ထဲမှာ ထပ်ခါ တလဲလဲ မြင်တွေ့ နေရ ပါတယ်။



Doppelgänger

“Doppelgänger” တွေက တော့ တခြားနဲ့ မတူ တမူထူး ပါတယ်။ ဒီ “Doppelgänger” ဆိုတာ German စကား “double goer” လို့ ခေါ်ပါတယ်။ ဒီ တစ္ဆေမျိုး တွေက တစ်နေရာ ထဲမှာ နှစ်ခု နှစ်ကိုယ်ခွဲ တာမို့ ဒီလို ခေါ်တာ ဖြစ်ပါတယ်။ ကြားဖူး သိဖူး ခဲ့သမျှ ထဲမှာတော့ ဒီလို တစ္ဆေမျိုး အစွမ်းမျိုးက သူတို့ တစ်မျိုးမှာပဲ ရှိ တယ် ဆိုပါတယ်။ နောက် ထူးဆန်းတာက ဒီ “Doppelgänger” တစ်စုံ က တစ်ယောက် က အသက်ရှင် နေသူ ဖြစ်နေ တာပါပဲ။ ကိုယ်ပွား တစ္ဆေ ပေါ်တယ်လို့ ပြောရ မှာပေါ့။ ဖြစ်နိုင် တာက ချစ်ခင်ရသူ တစ် ယောက် ကို ရုတ်တရက် တွေ့လိုက်သလို ဖြစ်တတ် တာ မျိုးပါ။ ဖြစ်တတ်တဲ့ တစ်မျိုးက အဲ့ဒီ ရုတ် တရက် တွေ့မိလိုက် သလို ဖြစ်သူဟာ တခြား နေရာမှာ သေလု မျောပါး ဒါမှ မဟုတ် သေဆုံးပြီးစ အချိန် ဖြစ်နေ တတ် ပါတယ်။ တစ်ခါ မှာတော့ အမေရိကန် သမ္မတ လင်ကွန်းဟာ လုပ်ကြံ မခံရမှီ သူ့ ပုံစံတူ Doppelgänger ကို မှန်ထဲမှာ တွေ့ခဲ့ ရတယ် ဆိုပါတယ်။ ကဗျာ ဆရာ Percy Bysshe Shelley ကလဲ သူ့ Doppelgänger ကို အိပ်မက်ထဲ မှာမြင်တွေ့ တယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ သီအိုရီ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ သဘာဝ လွန်နယ်ပယ် ရဲ့ထုံးစံ အတိုင်း အဖြေ ကတော့ တိတိ ကျကျ မရှိ ပါဘူး။ Doppelgänger တွေဟာ လူတွေရဲ့ ကိုယ်စောင့် နတ် ဒါမှ မဟုတ် အနုစား ရုပ်ခန္ဓာ တစ်မျိုး ဖြစ်ပြီး လူတွေရဲ့ အရေးကြီး တဲ့အချိန်မှာ ထွက်ခွာ သတိပေး တာဖြစ်နိုင် ပါတယ်။



Kobold

ဂျာမန် တစ်ယောက် သာမဟုတ် ခဲ့ရင် “Kobold” ဆိုတာ ဘာလဲ သိမှာ မဟုတ်ပါဘူး။ ဒါက နာနာဘ၀ပါပဲ။ “Kobold” ဆိုတာ မြန်မာလို မှင်စာလို့ ပြောရမလား မသိ။ ပျော်တတ် နောက်တတ် တဲ့ ၀ိညာဉ် သေးသေး လေးတွေ ကိုခေါ်တာပါ။ သူတို့ နေရာကို ရောက်လာ သူတွေကို အခြေတကျ နေလို့ မရအောင် နှောင့်တတ် ပါတယ်။ သူတို့ဟာ စိတ်ကောင်း ရှိတဲ့ သူမျိုး ရှိသလို စိတ်ပုပ် သူမျိုး လဲရှိ ပါသတဲ့။ အခြေ အနေ ပေါ်မူတည် တတ်ပါ တယ်။ သူတို့ဟာ တိရစ္ဆာန် အသွင် ဒါမှ မဟုတ် မီးလို အရာဝတ္တု အသွင် ရှိပါတယ်။ တစ်ခါတော့ Gef လို့ခေါ်တဲ့ မြွေပါ သဏ္ဍန် အကောင် လေးက ကျော်ကြား ပါတယ်။ ပုံပြင်က ၁၉၃၁ Dalby မြို့ နားမှာ စပါတယ်။ အဲ့နှစ် September လ တုန်းက Irvings မိသားစု ဟာ သူတို့ရဲ့ လယ်တော အိမ်အနောက် နံရံကို အကောင်လေး တစ်ကောင် ခြစ်နေသံ ကြားပါတယ်။ အဲ့ကနေ တစ်ခါ တစ်ခါ အကောင်သံ လိုလို တစ်ခါ တစ်ခါ ကလေး ငိုသံ လိုလို ကြားရ တတ်တယ် လို့ဆိုပါတယ်။ မကြာခင် မှာပဲ အဲ့အကောင်က သူက gef လို့ခေါ်တဲ့ မြွေပါ တစ်ကောင် လို့ မိတ်ဆက် ပါသတဲ့။ ဒီအကောင်က မြေက မွေးတဲ့ ၀ိညာဉ် ပါလို့ သူ့ကို မြင်ရတဲ့ တစ်ဦးတည်း သောသူ ဖြစ်တဲ့ ၁၃နှစ် သမီးလေး Voirrey ကပြောပြ ပါတယ်။ သူမက Gef က ကြွက်ဝါလို အသွင်နဲ့ အမြီး ဖွားဖွား ရှိတယ် ဆိုပါတယ်။ Gef က Irvings မိသားစု နဲ့ ရင်းနှီးပေမဲ့ ဧည့်သည် တွေကို မကြိုက် ပါဘူး။ သူက လူတွေ ကိုပစ္စည်း တွေနဲ့ ပစ်ပေါက်တာ အိမ်နီးချင်း တွေကို လိုက်ချောင်း တာမျိုး တွေလုပ် ပါတယ်။ ဒီကိစ္စကို အဲ့အချိန် တုန်းက မဖြေရှင်း နိုင်ခဲ့ ပါဘူး။



Lemurs

Lemurs တွေရဲ့ မူလ အစက ရောမ တွေဆီ ကပါ။ ဒီသရဲ တွေက ရောမတွေ အတွက် အလွန် အရေးပါ ပါ တယ်။ သူတို့ဟာ အမုန်းတွေကို သယ်ဆောင်လို့ လှည့်လည် လျှောက်သွား နေတယ် ဆိုပါတယ်။ အထူး သဖြင့် ရုတ်တရက် သေဆုံးလို့ ကောင်းကောင်း သဂြိုလ်တာ မခံရ သူတွေက lemurs တွေ ဖြစ်လာ ပါ တယ်။ နောက် တစ်မျိုးက မိသားစုက သူတို့ သေဆုံးမှု ကနေ အကျိုး တစ်စုံ တစ်ရာ မရခဲ့ရင်လဲ ဖြစ်ပါ တယ်တဲ့။ သူတို့ဟာ ဒေါသ တွေနဲ့ လေလွင့် နေတဲ့ ၀ိညာဉ်တွေ ဖြစ်ပါတယ်။ အမှောင်နဲ့ မကောင်း တာတွေ ကို သယ်ဆောင် လာတယ်လို့ ပြောရမှာပါ။ သူတို့ကို ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောက် တရားက ကြီးမား လှပါတယ်။ ဒါကြောင့် ရောမတွေက မေလ ထဲက တစ်ရက်ကို သတ်မှတ်လို့ သူတို့ကို ပွဲလေး လုပ်ပေး ပါတယ်။ ဒါကို Lemuralia လို့ခေါ်ပါတယ်။ အခုတော့ ရောမ ခေတ် ယုံကြည်မှု တွေကို စွန့်ပယ် လိုက်ကြ ပြီ မို့ ကျွန်တော် တို့ စိတ်ထဲက နေသူတို့ တစ်ဖြေးဖြေး ပျောက်ကွယ် သွားပါပြီ။




Etheric Revenants

ကျွန်တော် တို့ဟာ သရဲခြောက်တဲ့ နေရာ တွေကို ရောက်တဲ့ အခါ ပျော့ညံ့ အားနည်း သွားတတ် တယ် ဆိုတာ ကိုစာအုပ် တွေမှာ ဖတ်ဖူး မှာပါ။ ဒါက အီသာ အစုအဝေး ကြောင့် ဖြစ်နိုင် ပါတယ်။ ဒီ သရဲ အမျိုး အစားက တွေ့ရဖို့ ခဲယဉ်း ပါတယ်။ သူတို့မှာ သူများကို ၀င်ပူး နိုင်စွမ်း ရှိပြီး သာမန် နာနာ ဘ၀ တွေနဲ့ မတူ ပါဘူး။ သူတို့ ဟာ အရိပ် တစ္ဆေ အမျိုး အစား ပုံစံ မျိုးပါ။ ဒါပေမဲ့ သူတို့မှာ ၀င်ပူးခါနီး လူတစ်ယောက် ရဲ့စွမ်းအင် ကို ထုတ်ပစ် လိုက်ပြီး မှ အထဲကို ၀င်သွားပါတယ်။ victim ရဲ့ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံးကို အသုံးချ တတ်တာမို့ သူတို့ကို အလွန် အန္တရာယ် ကြီးတဲ့ အမျိုး အစားလို့ သတ်မှတ် ထားပါ တယ်။ ဒါ ကြောင့် သင်တို့ဟာ အမြဲတစေ ရုပ်သံလိုင်း တွေပေါ်မှာ သူတို့ရဲ့ ဖြစ်ရပ် မှန် ကိုမတွေ့နိုင်ပါဘူး။



Residual Historical Haunting

အလွန် ရှားပါးတဲ့ အမျိုး အစားပါ။ လူတော်တော် များများ ကြုံဖူး လောက် စရာ မရှိပါဘူး။ သူက အခွေ တစ် ခုကို ထပ်ကာ တလဲလဲ ပြန်ဖွင့် နေတာနဲ့ တူပါတယ်။ ဖြစ်နေကြ အတိုင်း နေရာ တစ်ခုထဲမှာ ထပ်ကာ ထပ် ကာ ဖြစ်နေတာ မျိုးပါ။ ဒီလို သရဲ ခြောက်ခံ ရတဲ့ အခါ ရှေး သမိုင်း ဟာ အဲ့ဒီနေ့ တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း ပြန်ဖြစ်နေ တတ်ပါ တယ်။ အဲ့ဒါနဲ့ ပတ်သက် လို့ ကျော်ကြား ထင်ရှားတဲ့ အဖြစ် ကတော့ “Versailles Time Slip.” လို့ နံမည်ပေး ထားပါတယ်။ ၁၉၀၁ ခုနစ် သြဂုတ်လ မှာ Charlotte Anne Moberly နဲ့ Eleanor Jourdain နှစ်ဦးသား Versailles ကို သွားလည် စဉ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ ရုတ်တရက်မှာ သူတို့ နှစ် ယောက် လုံးဟာ 18 ရာစု ပါရီက လူတွေ အကြား ရောက်နေတာ ကို အံသြ စရာတွေ့ လိုက်ရတာပါ။ Moberly ဆိုရင် Marie Antoinette က မြက်ခင်း ပေါ်မှာ ထိုင်လို့ ပုံဆွဲ နေတာ ကိုတောင် တွေ့လိုက် ပါသေး သတဲ့။ အဲ့ဒါဟာ အလျင် အမြန် ပေါ်လာပြီး အလျင် အမြန် ပဲပျောက် သွားပါ တော့တယ်။




Artificial Ghost

artificial ghost ကတော့ ၀ိညာဉ် ကမ္ဘာမှာ အရှားပါးဆုံး ကိစ္စပါ။ ဒါက သရဲကို လူတွေက ဖန်တီး တာမျိုးပါ။ သဘော ကတော့ ကလေး တွေဂိမ်း ကစားရင် သူတို့ ကြိုက်တဲ့ ဇာတ်ကောင်နဲ့ ကစား သလို မျိုးပါ။ လူအုပ်စု တစ်စု ဟာ တူတူ စုဝေးကြ သရဲကို ဖန်တီးကြ နံမည်ပေးကြ စကား ပြောကြ စတာတွေ လုပ်ပါတယ်။ ပြီးတဲ့ အခါ သူတို့ရဲ့ စိတ်ဆိုင်ရာ ၀ိညာဉ် ဆိုင်ရာ စွမ်းအင်တွေ စုပေါင်း လိုက်ပါ တယ်။ တစ်ခါ တစ်လေ တော့ သရဲခေါ် ကတ်ပြားလို ပစ္စည်း မျိုးတွေ လိုတတ် ပါတယ်။ အဲ့လို မျိုးနဲ့ ခင်ဗျားတို့ ကိုယ်ပိုင် သရဲ တစ်ကောင် ရသွားပါ တော့တယ်။ အခုလို ပြောနေတဲ့ အခါ နောက် နေတာ လို့ထင်ချင် ထင်ပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်ပဲ research တွေနဲ့ စမ်းသပ်မှု တွေ လုပ်ထား ပါတယ်။ တစ်ခုသော research ကတော့ Toronto Society အတွက် Psychical Research ပါ။ Conjuring Up Philip: An Adventure in Psychokineses ဆိုပြီး စာအုပ် ထုပ်ဝေ ခဲ့ပါတယ်။ အဲ့ဒီမှာ ဖိလစ် သရဲကို ဘယ်လို ပြုလုပ်ခဲ့ သလဲ ဆိုတာ အတိ အကျ ပါပါတယ်။ ရလဒ် ကတော့ အံ့သြ စရာပါ။ သူတို့ဟာ ဖိလစ်ကို ဖန်တီး နိုင်ရုံ သာမက သရဲ အသစ်တွေ နဲ့ ဘယ်လို ဆက်သွယ် မလဲ ဆိုတဲ့ နည်းလမ်း တွေနဲ့ လေထဲမှာ ဘယ်လို ဈန်ကြွ မလဲ ဆိုတာ တွေကိုတောင် တွေ့ရှိခဲ့ ပါတယ်။ Well— that’s what they said. နောက်ပိုင်း မှာ Lilith ကနေဒီ စပိုင် သရဲနဲ့ Sebastian ဆိုတဲ့ အလယ် ခေတ် အဂ္ဂိရတ် ပညာရှင် ကို ဖန်တီးခဲ့ ပါသေးတယ်။



Images from www.dailymail.co.uk , ghoststory, listverse, Source -Listverse
Myanmar Youth Media Club