ပူတာအိုခရိုင်၊ နောင်ခိုင်ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းစစ်ရှောင်စခန်းသို့ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်မျိုး မှပေးပို့သောဆန် အိတ်တွင် ကျောက်ခဲ၊ ဘိလပ်မြေ မှုန့်များ ရောနှောထား၍ စားမရကြောင်းကြားသိရသည်။
ယင်းစစ်ရှောင်စခန်းတွင် အင်ခါးဂါးဒေသမှ စစ်ဘေးဒုက္ခသည်များ (၆၀) ယောက် ခန့်နေထိုင်ကြပြီး ၃၀.၉. ၂၀၁၃ ရက်နေ့တွင် ခ.ရ.က မှ ဆန်အိတ်တစ်အိတ် လာရောက်ထောက် ပံ့ ပေးကြ ကြောင်း၊ ၄င်းဆန် အိတ်ကို ၁.၁၀.၁၃ ရက်နေ့ ဒုက္ခသည်များအားခွဲ ဝေ ပေးရန်ဖွင့် လိုက်သောအခါ ကျောက်ခဲ၊ သဲ၊ ဘိလပ် မြေမှုန်များမြောက်များစွာ ပါဝင်နေ ကြောင်း တွေ့ရသည်။
၎င်းဖြစ်ရပ်ကိုတာဝန်ရှိသူများကို ပြန်လည် ပြောပြသော အခါပေးပို့သောအဖွဲ့ ၀င်တစ်ယောက်က မပေးမှီ တွင်သူလည်းတွေ့ထားကြောင်း၊ ဖိတ်စင် သိမ်းကျုံးထားသောဆန်ဖြစ်၍ စားမရကြောင်း တင်ပြသော်လည်း အရာရှိမှ “ဒီအတိုင်း သွားပေးပါ” ဟုညွန်ကြားလာကြောင်း သိရသည်။
၎င်းစစ်ရှောင်စခန်းသို့ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးမှ ဆန် (၁) အိတ် (တစ်အိတ်) ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရမ ဆန် (၆) အိတ်လာရောက် ကူညီ ကြကြောင်း သိရသည်။
ဆက်လက်၍ မချမ်းဘောမြို့နယ် ဆရာဝန် မှ ရက်လွန်ဆေးများလာရောက် ကူညီကြောင်း၊ ဆေးဝါးပေါ်ရေး ထိုးထားသောရက်စွဲများအရ ရက်လွန်နေ ပြီဖြစ်ကြောင်းတင်ပြသောအခါ “ဘာမှမဖြစ်ဘူး၊ ဒီတိုင်းစားပါ” ဟုပြောခဲ့ ကြောင်းသိရသည်။
မြန်မာအစိုးရတာဝန်မဲ့ဝန်ထမ်းများ၏ အကြင်နာမဲ့ပြုမူ ဆက်ဆံခြင်းများ၊ လုပ်ရပ်များကို ခါးစည်းခံနေ ရသော စစ်ရှောင်စခန်းရှိတောသူ၊ တောင်သားအညတြများ၏ ဘ၀ကိုမြင်တွေ့ ရ၍ စိတ်မချမ်းမြေ့မှု ကိုဖော်ပြလိုက်ရပါသည်။
မချမ်းမြေ- ဒီးဆာရ် (ဂျိန်းဖော့ကဆာ)
0 comments:
Post a Comment