Tuesday, July 30, 2013
အဆင့်မြင့်လာသောရိုက်ချက်များနဲ့ မြန်မာဝမ်ဘတ်မင်းသား ဂျက်စ်ဝမ်း
ယခင်မြန်မာ့အက်ရှင်ဇတ်ကားများသည် မင်းသားများ၏နုနယ်မှုကြောင့် ရုပ်လုံးမပီပြင်ခဲ့သော်လည်း 'သွေးနဲ့ရေးသောနှလုံးသား' ဇတ်ကားမှာတော့ တော်တော်လေးကို ရိုက်ချက်တွေက အဆင့်မှီလာပြီဖြစ်ပါ သည်။ နမှုနာလေးကို စမ်းမြည်းကြည့်ပါအုံး..
မြန်မာနိုင်ငံနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ အစိုးရတို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ က သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ''နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုး ရခြင်းမှာ နှစ်နိုင်ငံ အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးတွဲ ကြိုးပမ်းအား ထုတ်မှုများ၏ အထိမ်းအမှတ်အဖြစ် တည်ရှိနေပါတယ်။ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်သည် နှစ် နိုင်ငံ ပိုမိုရင်းနှီးစွာ အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မိမိတို့အား အာမခံချက် ဖြစ်စေပါတယ်။ နှစ်ဖက်စလုံး အနေ ဖြင့် ဖြည့်စွက် သဘောတူညီချက်များမှ တစ်ဆင့် အပြန်အလှန် စိတ်ဝင်စားမှု နယ်ပယ်များတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရနှင့်ဘရာဇီးလ်နိုင်ငံ အစိုးရတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Jose Carlos da Fonseca Junior နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် မြ၀တီတွင် လူသောင်းချီ ရေဘေးသင့်
မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေ လျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ ရေဘေးသင့်နေကြောင်းသိရသည်။ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီ မြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများလည်းပါသည်။
ဇူလိုင် ၂၉ ရက်နံနက်တွင် သောင်ရင်းမြစ်ရေ ပိုမိုမြင့်တက်လာကာ ချစ်ကြည်ရေး တံတားထိပ်နှင့် ဘုရင့်နောင် လမ်းမကြီးအထိ ရေနစ်မြုပ်ပြီး နေထိုင်သွားလာရန် ခက်ခဲနေကြောင်း သိရသည်။ မြ၀တီမြို့တွင် ရပ်ကွက်ငါးခုရှိရာ ယခင်နှစ်က ရပ်ကွက်(၄)ရှိ နေအိမ်များ ရေနစ်မြုပ်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဘုရင့်နောင် လမ်းမဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များ နစ်မြုပ်နေကြောင်း သိရသည်။
''ဇူလိုင် ၂၈ ရက် ညကတည်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြတာပါ။ အရင်နှစ်က ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ နေရာတွေ ရေနစ်နေတယ်။ ဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ကြခတ္တောကျောင်းမှာ နေရာချထားရတယ်။ သံတံတားလမ်းမှာ ရေများနေတဲ့အတွက် အရင်နှစ်က ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့တဲ့ ဖားခြောက်ကောင် ကျောင်းကိုလည်း သွားလို့ မရတော့ပါဘူး'' ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြ၀တီမြို့ ရေလွှမ်းမိုးမှုကြောင့် အချို့အိမ်များ ခေါင်မိုးထိ မြုပ်သွားခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာရှိ လူပေါင်းသောင်းချီ ရေဘေးသင့်လျက်ရှိရာ မြ၀တီခရိုင်၊ မြို့နယ်၊ ရပ်ကွက် တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် မြင့်တက်လာဖွယ် ရှိသည်ဟု မြို့ခံများက ပြောကြားကြသည်။
အင်အားအသင့်အတင့်ရှိ ငလျင် မန္တလေးမြို့တွင် လှုပ်ခတ်
ငလျင်၏ပြင်းအားနှင့် ပတ်သက်ပြီး သိရှိရန်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ဖုန်းနံပါတ် ၆၆၇ ၇၆၆ သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံ ဘူမိဗေဒ၀က် ဘ်ဆိုက် usgs.gov တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်မတွေ့ရ ဘဲ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင်သာ အင်အား ၄ ဒသမ ၅ ၀န်းကျင်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။
Ref..EMG
BOT နိုင်ငံပိုင်လုပ်ငန်းများရယူထားပြီး ပြောသည့်အတိုင်းမလုပ်နိုင်၍ ပြန်အပ်မည်ဆိုပါက BOT စနစ်မူဝါဒအရ နိုင်ငံတော်မှ ငွေပြန်ပေးမည်မဟုတ်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးပြောကြား
လမ်းတံတားများအား BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရန်အတွက် လမ်း ပိုင်းများကို နိုင်ငံတော်ထံမှ ရယူခဲ့ပြီး လုပ်ကိုင်သူများ အနေဖြင့် အဆိုပြုစဉ်က တင်ပြထားသည့် အတိုင်း မလုပ်နိုင်၍ နိုင်ငံတော် အစိုးရသို့ ပြန်အပ်မည် ဆိုပါက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံခဲ့သည့် ငွေများကို မူဝါဒအရ နိုင်ငံတော်မှ ပြန်လည် ပေးချေခြင်း မရှိဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးအောင်ကိုက BOT လမ်းတံတား လုပ်ငန်းရှင်များသို့ နိုင်ငံတော် အစိုးရက ပံ့ပိုးပေးစေလိုသော လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် BOT လုပ်ငန်းရှင်များ အနေဖြင့် ယာဉ်သွားနှုန်းနှင့် လမ်းကြေးဝင်ငွေသည် မျှော်မှန်းထားသည့် အတိုင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း အရင်းကြေရန် မရှိခြင်း၊ အရင်းကျေကာလ နောက်ပိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုး အမြတ်ရရန် အခွင့်အလမ်း နည်းခြင်းများ ရှိလာပါက လုပ်ငန်းပြန်အပ်ခွင့် ပြုပါရန်၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ရင်းနှီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတန်ဖိုးကို နိုင်ငံတော်မှ ပြန်ပေးရန် ရှိမရှိ ထည့်သွင်း မေးမြန်းခဲ့သည်။
BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက်လုပ် ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပေးထား...
အဆိုပါ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က BOT စနစ်ဖြင့် လုပ်ငန်း များအား လုပ်ငန်းရှင်များမှ အဆိုပြုတင်ပြစဉ်ကအတိုင်း မဆောင်ရွက်နိုင်တော့၍ နိုင်ငံတော်သို့ ပြန်လည်အပ်နှံပါက ကျိုးကြောင်းဆီလျော်မှုရှိလျှင် လုပ်ငန်းရှင်များ မနစ်နာစေရန် လုပ်ငန်းအားပြန်လည်အပ်နှံ ခွင့်ပြုကြောင်း၊ သို့သော် BOT ဆောင်ရွက်ခွင့် တင်ပြစဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှု အရင်းကြေကာလ၊ အရှုံးအမြတ် တွက်ချက်မှု၊ ငွေကြေး စီးဆင်းမှုတို့အား တွက်ချက်တင်ပြခဲ့ကြပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း နှစ် ၄၀ အထိ ကနဦးခွင့်ပြုပြီး တစ် ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ခွင့် ပြုထားကြောင်း၊ ယခင်ကလည်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ ပြန်လည်အပ်နှံသည့် BOT လုပ်ငန်းများ ရှိသော်လည်း BOT စနစ် မူဝါဒအရ ရင်းနှီးမြှုပ်နှံငွေများ ပြန်လည် ပေးချေ ခဲ့ခြင်းမရှိဟု ဖြေကြားသွားခဲ့သည်။
BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက် လုပ်ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့် ပေးထားသည့်အပြင် လုပ်ငန်းစတင်သည်မှ ၃ နှစ်ဆက်တိုက် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပြုထား ကြောင်း သိရသည်။
သို့သော် ယာဉ်သွားယာဉ်လာ များပြားပြီး ဖြတ်သန်းခ များစွာရသည့် နေရာများကို ကုမ္ပဏီကြီးများမှ ရယူထားပြီး ကာလ တိုအတွင်း အရင်းပြန်ရမည့် အနေအထား ရှိကြောင်း၊ ပြည်နယ်များအတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ငယ်များမှာမူ ယာဉ်သွားလာမှု နည်းသည့် လမ်းပိုင်းများကိုသာ ရယူလုပ်ကိုင် နေရကြောင်း သိရသည်။
Ref..Eleven
လမ်းတံတားများအား BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရန်အတွက် လမ်း ပိုင်းများကို နိုင်ငံတော်ထံမှ ရယူခဲ့ပြီး လုပ်ကိုင်သူများ အနေဖြင့် အဆိုပြုစဉ်က တင်ပြထားသည့် အတိုင်း မလုပ်နိုင်၍ နိုင်ငံတော် အစိုးရသို့ ပြန်အပ်မည် ဆိုပါက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံခဲ့သည့် ငွေများကို မူဝါဒအရ နိုင်ငံတော်မှ ပြန်လည် ပေးချေခြင်း မရှိဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးအောင်ကိုက BOT လမ်းတံတား လုပ်ငန်းရှင်များသို့ နိုင်ငံတော် အစိုးရက ပံ့ပိုးပေးစေလိုသော လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် BOT လုပ်ငန်းရှင်များ အနေဖြင့် ယာဉ်သွားနှုန်းနှင့် လမ်းကြေးဝင်ငွေသည် မျှော်မှန်းထားသည့် အတိုင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း အရင်းကြေရန် မရှိခြင်း၊ အရင်းကျေကာလ နောက်ပိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုး အမြတ်ရရန် အခွင့်အလမ်း နည်းခြင်းများ ရှိလာပါက လုပ်ငန်းပြန်အပ်ခွင့် ပြုပါရန်၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ရင်းနှီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတန်ဖိုးကို နိုင်ငံတော်မှ ပြန်ပေးရန် ရှိမရှိ ထည့်သွင်း မေးမြန်းခဲ့သည်။
BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက်လုပ် ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပေးထား...
အဆိုပါ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က BOT စနစ်ဖြင့် လုပ်ငန်း များအား လုပ်ငန်းရှင်များမှ အဆိုပြုတင်ပြစဉ်ကအတိုင်း မဆောင်ရွက်နိုင်တော့၍ နိုင်ငံတော်သို့ ပြန်လည်အပ်နှံပါက ကျိုးကြောင်းဆီလျော်မှုရှိလျှင် လုပ်ငန်းရှင်များ မနစ်နာစေရန် လုပ်ငန်းအားပြန်လည်အပ်နှံ ခွင့်ပြုကြောင်း၊ သို့သော် BOT ဆောင်ရွက်ခွင့် တင်ပြစဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှု အရင်းကြေကာလ၊ အရှုံးအမြတ် တွက်ချက်မှု၊ ငွေကြေး စီးဆင်းမှုတို့အား တွက်ချက်တင်ပြခဲ့ကြပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း နှစ် ၄၀ အထိ ကနဦးခွင့်ပြုပြီး တစ် ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ခွင့် ပြုထားကြောင်း၊ ယခင်ကလည်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ ပြန်လည်အပ်နှံသည့် BOT လုပ်ငန်းများ ရှိသော်လည်း BOT စနစ် မူဝါဒအရ ရင်းနှီးမြှုပ်နှံငွေများ ပြန်လည် ပေးချေ ခဲ့ခြင်းမရှိဟု ဖြေကြားသွားခဲ့သည်။
BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက် လုပ်ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့် ပေးထားသည့်အပြင် လုပ်ငန်းစတင်သည်မှ ၃ နှစ်ဆက်တိုက် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပြုထား ကြောင်း သိရသည်။
သို့သော် ယာဉ်သွားယာဉ်လာ များပြားပြီး ဖြတ်သန်းခ များစွာရသည့် နေရာများကို ကုမ္ပဏီကြီးများမှ ရယူထားပြီး ကာလ တိုအတွင်း အရင်းပြန်ရမည့် အနေအထား ရှိကြောင်း၊ ပြည်နယ်များအတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ငယ်များမှာမူ ယာဉ်သွားလာမှု နည်းသည့် လမ်းပိုင်းများကိုသာ ရယူလုပ်ကိုင် နေရကြောင်း သိရသည်။
Ref..Eleven
Thursday, July 25, 2013
မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားစွာရ၍ စင်ကာပူ၊ ထိုင်းလုပ်ငန်းရှင် (နိုင်ငံသားအမည်ခံ) များ ဘဏ်များတွင် ၀င်ကစားနေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ပြောကြား
မြန်မာနိုင်ငံတွင် အပ်ငွေအပေါ်ရသည့် ဘဏ်တိုးနှုန်းမှာ နိုင်ငံတကာ ဘဏ်တိုးနှုန်းထက် မြင့် မားသည့်အတွက် စင်ကာပူ၊ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ အနေဖြင့် (နိုင်ငံသား အမည်ခံများ အပါအ၀င်) ပြည်တွင်းဘဏ်များ၌ ၀င်ရောက်ကစားမှုရှိနေသည်ဟု ကန်ပက်လက်မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ ဇူလိုင် ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ် တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော်ချေးငွေ ရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊မရှိ ဆိုတာကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ မေးမြန်းရာခဲ့အမှုပေါ်တွင် ဗီယက်နမ်အပါအ၀င် အခြား အာဆီယံနိုင်ငံများတွင် အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်း ခြားနားချက်မှာ ရာခိုင်နှုန်းနည်း ပါးကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားသောကြောင့် စင်ကာပူ၊ ထိုင်း စသည်တို့မှ လုပ်ငန်းရှင်များသည် ၎င်းတို့နိုင်ငံဘဏ်များမှ ငွေများချေးယူ၍ မြန်မာနိုင်ငံရှိ ဘဏ်များစွာတွင် အပ်နှံကာ ဘဏ်တိုးနှုန်းမှ အမြတ်အစွန်းရယူ ဈေးကစားနေကြောင်း ပြောကြားသည်။ ဗဟို ဘဏ်အနေဖြင့် နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့် နှိုင်းယှဉ်၍ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းအား သင့်တော်သည့် အချိန်တွင် သင့်တော်သည့် အတိုးနှုန်းသို့ စောင့်ကြည့်ဆောင်ရွက်လျက် ရှိသည် . . . . .
ထိုသို့ ဘဏ်အပ်ငွေ အတိုးနှုန်းအပေါ် အမြတ်ထုတ်ခြင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံရာတွင်လည်း မြန်မာလုပ်ငန်းရှင်များ မရနိုင်သည့် ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိခြင်း၊ ၎င်းတို့ထုတ်ကုန်များမှာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်း အပါအ၀င် အခြားသော အားသာချက်များကြောင့် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ရေ ရှည်တွင် ပြိုလဲသွားနိုင်ကြောင်း၊ ထို့အတွက် ဘဏ်အပ်ငွေ အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်း မှ လေး ရာခိုင်နှုန်းသို့ လျှော့ချရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့မေးမြန်းမှုအပေါ် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြန်လည်ဖြေကြားရာတွင် ဘဏ်တိုးနှုန်း အား ထိုသို့ငွေပမာဏ အုပ်စုအမျိုးမျိုးအတွက် အတိုးနှုန်းအမျိုးမျိုး တွက်ချက်ရန်ခက်ခဲကြောင်း ၊ အပ်ငွေကျပ်သိန်း ၁,၀၀၀ အထက်အား အတိုးလေးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထိ အပ်ငွေအား အတိုးခြောက်ရာခိုင်နှုန်းအထိ ပေးလိုက်မည်ဆိုပါက အတိုးနှုန်း အမြင့်ဆုံးဖြစ် သည့် ရှစ်ရာခိုင်နှုန်း ရရှိရန် ပြည်သူလူထုမှ ကျပ် သိန်း ၅၀၀ အဖြစ်သာ ခွဲ၍ စာရင်းဖွင့်လှစ် အပ်နှံလာနိုင်ရာဘဏ်များတွင် စာရင်းများသာဖောင်းပွလာမည်ဖြစ်ရာ ထူးခြားမှုမရှိနိုင်ကြောင်း ၊ထို့အတွက် မတူညီသည့်အတိုးနှုန်းများ ပေးရန်မသင့်ဘဲ တစ်ပြေးညီ အတိုးနှုန်းကိုသာပေး သင့်ကြောင်းပြောကြားသည်။ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့်နှိုင်းယှဉ် ၍ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းအား သင့်တော်သည့် အချိန်တွင် သင့်တော်သည့် အတိုးနှုန်း သို့ စောင့်ကြည့်ဆောင်ရွက်လျက် ရှိသည်ဟုသာ ဖြေကြားသွားသည်။
Ref...Eleven
ထိုသို့ ဘဏ်အပ်ငွေ အတိုးနှုန်းအပေါ် အမြတ်ထုတ်ခြင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံရာတွင်လည်း မြန်မာလုပ်ငန်းရှင်များ မရနိုင်သည့် ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိခြင်း၊ ၎င်းတို့ထုတ်ကုန်များမှာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်း အပါအ၀င် အခြားသော အားသာချက်များကြောင့် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ရေ ရှည်တွင် ပြိုလဲသွားနိုင်ကြောင်း၊ ထို့အတွက် ဘဏ်အပ်ငွေ အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်း မှ လေး ရာခိုင်နှုန်းသို့ လျှော့ချရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့မေးမြန်းမှုအပေါ် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြန်လည်ဖြေကြားရာတွင် ဘဏ်တိုးနှုန်း အား ထိုသို့ငွေပမာဏ အုပ်စုအမျိုးမျိုးအတွက် အတိုးနှုန်းအမျိုးမျိုး တွက်ချက်ရန်ခက်ခဲကြောင်း ၊ အပ်ငွေကျပ်သိန်း ၁,၀၀၀ အထက်အား အတိုးလေးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထိ အပ်ငွေအား အတိုးခြောက်ရာခိုင်နှုန်းအထိ ပေးလိုက်မည်ဆိုပါက အတိုးနှုန်း အမြင့်ဆုံးဖြစ် သည့် ရှစ်ရာခိုင်နှုန်း ရရှိရန် ပြည်သူလူထုမှ ကျပ် သိန်း ၅၀၀ အဖြစ်သာ ခွဲ၍ စာရင်းဖွင့်လှစ် အပ်နှံလာနိုင်ရာဘဏ်များတွင် စာရင်းများသာဖောင်းပွလာမည်ဖြစ်ရာ ထူးခြားမှုမရှိနိုင်ကြောင်း ၊ထို့အတွက် မတူညီသည့်အတိုးနှုန်းများ ပေးရန်မသင့်ဘဲ တစ်ပြေးညီ အတိုးနှုန်းကိုသာပေး သင့်ကြောင်းပြောကြားသည်။ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့်နှိုင်းယှဉ် ၍ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းအား သင့်တော်သည့် အချိန်တွင် သင့်တော်သည့် အတိုးနှုန်း သို့ စောင့်ကြည့်ဆောင်ရွက်လျက် ရှိသည်ဟုသာ ဖြေကြားသွားသည်။
Ref...Eleven
KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)နယ်မြေ မန်တုံမြို့နယ် ဘန်ကန်း (Bang Kang)နှင့် မန်ဆာ (Mansar) ကြားရှိ ဆိုင်းခေါ်ဘွမ်တွင် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N)၊ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH)၊ KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် ခြေမြန်တပ် ခမရ (၅၀၄) တို့ ယမန်နေ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA တပ်ရင်း (၈) နယ်မြေသို့ အစိုးရတပ်ဘက်မှ အင်အား ၇၀ ကျော် လှုပ်ရှားလာခြင်းကြောင့် KIA ဘက်မှ စတင် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“သူတို့ မုန်ဂျီ (Mungji) ဘက်ကနေ လာတာ။ မနေ့ည မိုးချုပ်တဲ့အထိပစ်ကြတယ်။ ဒီမနက် ကျွန်တော်တို့ပြန်သွားကြည့်တော့ အစိုးရတပ်က သူတို့ဦးထုပ်တွေ ပလပ်စတစ်တွေ ထားခဲ့ပြီးထွက်ပြေးသွားကြတယ်။ မိုးလဲအရမ်းရွာတယ်။ ကျွန်တော်တို့ ဘန် ကန်စခန်းဘက်ကို သူတို့လာခဲ့တဲ့အချိန်မှာ ပစ်လိုက်တာ အရင်တွေ့တော့လည်း အရင်ပစ်တာပေါ့။ အစိုးရဘက်က တော်တော် ။လေးထိခိုက်ဒဏ်ရာရသွားတဲ့ အခြေအနေရှိတယ်။” အစိုးရဘက်မှ ယမန်နေ့ ညနေတိုက်ပွဲဖြစ်ပွားပြီးနောက် ယခုချိန်ထိ
နောက်ဆုတ် ထားဆဲ ဖြစ်ကြောင်းသိရသည်။ ပြင်းထန်သည့် တိုက်ပွဲဖြစ်သည် ဟု
ဆိုသော်လည်း နှစ်ဖက်အကျအဆုံးကို မသိရပေ။ KIA နယ်မြေဘက်သို့ အစိုးရ တပ်များ
လှုပ်ရှားလာလျှင် ပစ်ခတ်ရန် နေရာယူထားကြောင်း သိရသည်။
Ref...kachinnews.com
Wednesday, July 24, 2013
မြစ်ကြီးနားဇာတ်လိုက် ဦးဘရန်ရှောင်၏ ထောင်ထွက်ခန်း ပြည်ထောင်စု ဝန်ကြီး သွားရောက်ကြိုဆို
ကေအိုင်အိုနှင့် အဆက်အသွယ် ရှိသည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချခံရသည့် ဦးဘရန်ရှောင်၏ ယနေ့ လွတ်မြောက် လာမှုကို ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့သည် ။ မြစ်ကြီးနားထောင်၌ ဖမ်းဆီးခံ ထားရသည့် ဦးဘရန်ရှောင်မှာ အစိုးရ ၏ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ တွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၄င်းမှာ မြစ်ကြီးနား ဂျန်မိုင်ကောင်းနှစ်ခြင်း စစ်ရှောင်စခန်းတွင် နေထိုင် စဉ် ကေအိုင်အေနှင့် အဆက်အသွယ်ရှိသည်၊ ကေအိုင်အေ ၏ ဒုဗိုလ်ကြီးဖြစ်သည်ဟုဆိုကာ ၂ဝ၁၁ ခုနှစ် ဇွန် ၁၇ ရက်တွင် စစ်ဘက်ဆိုင်ရာ အထူးစုံစမ်းရေးအဖွဲ့က ဖမ်းဆီး၍ မြစ် ကြီးနားတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ၄င်းကို တရားရုံးက ပြစ်ဒဏ်ချ မှတ်ပြီး ပြီဆိုပါက လွတ်ငြိမ်ချမ်းသာခွင့် ထဲတွင် ပါအောင်လုပ်ပေးမည်ဟု ကတိ ပြုထားပြီးနောက်ပိုင်း ထောင်ဒဏ် ချ မှတ်ခံရပြီး ရက်ပိုင်းအကြာတွင် ထိုသို့ လွတ်မြောက်မှုထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဦးအောင်မင်း က ''မြစ်ကြီး နားမှာတော့ ဇာတ်လိုက် ဦးဘရန်ရှောင် ပါလာတာပေါ့''ဟု ပြောသည်။
နိုင်ငံတော်သမ္မတက ယခုနှစ်ကုန် တွင် နိုင်ငံရေး အကျဉ်းသားများ တစ်ယောက်မကျန် လွှတ်ပေးမည် ဟု ပြည်ပခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုအပြီးနောက် ယနေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေး ခဲ့ကြောင်းကြေ ညာခဲ့သည်။ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ''၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးကြောင်း သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးကို ထုတ်ပြန်ခဲ့ပါတယ်''ဟု ပြောသည်။ ထို့နောက် မြစ်ကြီးနား အကျဉ်း ထောင်စခန်းမှ လွတ်မြောက်လာသူ ၁၆ ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့က တွေ့ဆုံ ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့က မြစ်ကြီး နား ထောင်အပါအဝင် မန္တလေး၊ သာယာ ဝတီ၊ ရွှေဘို၊ ဟင်္သာတ၊ မြင်းခြံ၊ မော်လမြိုင်၊ ကျိုင်းတုံ၊ သရက်၊ ဗန်းမော်၊ အင်းစိန်၊ လှေ လှော်အင်းနှင့် ကျောက်ဖြူအကျဉ်းထောင် တို့မှ ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ သည်။
မင်းသုအောင်၊ ဝေယံမိုးမြင့်
နိုင်ငံတော်သမ္မတက ယခုနှစ်ကုန် တွင် နိုင်ငံရေး အကျဉ်းသားများ တစ်ယောက်မကျန် လွှတ်ပေးမည် ဟု ပြည်ပခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုအပြီးနောက် ယနေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေး ခဲ့ကြောင်းကြေ ညာခဲ့သည်။ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ''၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးကြောင်း သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးကို ထုတ်ပြန်ခဲ့ပါတယ်''ဟု ပြောသည်။ ထို့နောက် မြစ်ကြီးနား အကျဉ်း ထောင်စခန်းမှ လွတ်မြောက်လာသူ ၁၆ ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့က တွေ့ဆုံ ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့က မြစ်ကြီး နား ထောင်အပါအဝင် မန္တလေး၊ သာယာ ဝတီ၊ ရွှေဘို၊ ဟင်္သာတ၊ မြင်းခြံ၊ မော်လမြိုင်၊ ကျိုင်းတုံ၊ သရက်၊ ဗန်းမော်၊ အင်းစိန်၊ လှေ လှော်အင်းနှင့် ကျောက်ဖြူအကျဉ်းထောင် တို့မှ ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ သည်။
မင်းသုအောင်၊ ဝေယံမိုးမြင့်
ကစားမှာလား စားရမှာလား
ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် နတ်တလင်းမြို့နယ် သက်ငယ်ပြင်ကျေးရွာအုပ်စု သနပ်ကွင်းရွာ နွားစားကျက်မြေကို 1996ခုနှစ်တွင်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်စုမှ ယခင်အာဏာ ပိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဥပဒေမဲ့ အဓမ္မသိမ်းယူ ကာဂေါက်ကွင်းပြုလုပ်ထားပါသည်။ ထို့ကြောင့် လယ်ယာလုပ်ငန်းတွင် အဓိကထား အားကိုးနေရသောကျွဲ နွား များ အတွက်အစာ နှစ်စဉ် အခက်အခဲဖြင့် ရင်ဆိုင်နေရပါသည်။ ၄င်းအပြင်ကျေးရွာအားကစားကွင်းနှင့် သုသန်မြေများကိုလည်းရွားသားများ၏ ဆန္ဒကိုမရယယူဘဲ ဖျက်သိမ်းခြင်းပြုလုပ်ခဲ့ပါသည်။ ဂေါက်ကွင်း လက်ရှိအနေအထားမှာ သနပ်ကွင်းပေါက် တုံး ရွာခြင်းဆက်သည့် ကျေးလက်ဆက်သွယ်ရေးလမ်းကို ခွပြီးပြုလုပ်ထားပါသဖြင့် နေ့စဉ် သွားလာနေ ကျသောရဟန်း သံဃာများစိတ်အနှောက်အယှက်များစွာဖြစ်နေရပါသည်။ရွာသူ ရွာသားများကိုလည်း ယခင်အာဏာပိုင် အဖွဲ့အစည်းများ၏ သြဇာအရှိန်အ၀ါကိုယူပြီး ခြိမ်းခြောက်ခြင်း ရဲစခန်းတိုင်ပြီး အနိင် ကျင့်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ပါသည်။ကျေနပ်မူမရှိလို့ အကြိမ်ကြိမ်တိုင်းကြားသော်လည်း အရေးယူပေးမည့် သူများမရှိခဲ့ပါ။ ရွာသူရွာသားများ မခံမရပ်နိင်သည့်အတွက် (၁၇.၁.၂၀၁၃) နေ့တွင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ တင်ပြတိုင်းကြားခဲ့သည့်အတွက် နတ်တလင်းမြို့နယ် မြေစာ ရင်းဦးစီးဌာနမှ ရွာသူရွာသား(၇၇)ဦးအား(၂၉.၁.၂၀၁၃)နေ့တွင် နတ်တလင်းမြို့သို့ ခေါ်ယူစီစစ်မေးမြန်း မူများပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း (၂၃.၃.၂၀၁၃)ရက်နေ့အထိ တိကျသောအဖြေတစုံတရာဖြင့် အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ။ ကျေးရွာသားများ၏ ခိုင်းကျွဲ နွား များအစားအစာမှီခို အားထားနေ ရသည့် နွားစားကျက်မြေအား လူတစ်စု အပန်းဖြေစရာအဖြစ် အသုံးပြုနေသည့် ဂေါက်ကွင်းအား ပယ် ဖျက်ပြီး နွားစားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးစေချင်လိုပါသည်။
Ref...Modern Rock(facebook)
အခုထိ စစ်အစိုးရလက်ထက်ကအတိုင်း အာဏာရှင်ဆန်ဆန် ကျင့်သုံးနေတုန်းပါပဲ
ခေတ်ပြောင်းလာလို့ အတော်အတန် စနစ်ပြောင်းပီထင်နေတာ မဟုတ်သေးဘူးဗျို့.....................................................
အခုထိ စစ်အစိုးရလက်ထက်ကအတိုင်း အာဏာရှင်ဆန်ဆန် ကျင့်သုံးနေတုန်းပဲဗျ.................
အထက်မိန့်ဆိုတာနဲ့ ကိုင်ပေါက်နေတုန်းပဲဆိုတာ ပြောချင်တာပါ............
ဒီကနေ့ မိကျောင်းကန်ပြည်သူများ ဘိုးဘွားလက်ထက် ကိုးကွယ်ခဲ့တဲ့ မတရားအသိမ်းဆည်းခံ မြစံရာဘုရားကို ဓမ္မစကြာရွတ်ဖို့သွားခဲ့ရာ အထက်အမိန့်ရဆိုပီး ဘုရားဝင်းကို သော့ခတ်ပိတ်ထားပါတယ်..ဖွင့်ပေးဖ
ဒါနဲ့ပဲ လမ်းပေါ်မှာပဲ ရွတ်ဖတ်ပူဇော်ခဲ့ကြရပါတယ်...
အတော်စိတ်မကောင်းဖြစ်မိတယ်..
ဟုတ်ကဲ့ ...
အထက်ဆိုတာ ဘယ်အထက်ကို ပြောတာလဲ ..သက်ဆိုင်ရာ အဖွဲ့အစည်းမျာကို သတ္တိရှိရှိ မေးခွန်းထုတ်လိုက်ပါတယ်.ဖြေကြား
အစိုးရအဖွဲ့ အကြီးဆုံးဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန်လား.....
တပ်မတော်အကြီးကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြင့်ဆွေလား.....
ရှင်းလင်းလင်း သိချင်ပါတယ်.....
အရင် အာဏာရှင် စနစ်အတိုင်း ဘယ်ကမှန်းမသိတဲ့ အထက်နဲ့ ကိုင်ပေါက်နေတာမျိုးကို ပြည်သူများက လုံးဝ လုံးဝ လက်မခံနိုင်ပါ.....
မိကျောင်းကန် ၁..၂. ၃. ရပ်ကွက်ကို တပ်မတော်ကပိုင်ဆိုင်သလား...အစို
Ref...ဦးကုမုဒ
ပဓာနနာယက၊ ကျောင်းအုပ်ဆရာတော်
ယခင် မိကျောင်းကန်အပိုင်း ( ၁ ) မတရားဖျက်သိမ်းခံ စိန်ပန်းကျောင်း
ယခု..မင်္ဂလာစိန်ပန်းဘုန်းတော်ကြီ
ပုဂံလမ်း၊ အမှတ် ( ၅၆ ) ရပ်ကွက်
ဒဂုံမြို့သစ်တောင်ပိုင်း
ရန်ကုန်...
ကြီးလေးကြီး ဓာတ်ပုံများ ချိတ်ဆွဲထားရှိရေး
တပ်မတော်(ကြည်း/ရေ/လေ) ကာကွယ်ရးဦးချုပ်ရုံး၊ တိုင်း၊ တပ်မ၊ ဌာနချုပ်၊ တပ်စခန်းများ နှင့် စစ်ကျောင်းကြီးများရှိ သတ်မှတ်ထားသော ရုံးခန်း နှင့် ခန်းမများ တွင် တပ်မတော် အကြီးအကဲ များ၏ ဓာတ်ပုံများအား စနစ်တကျ ချိတ်ဆွဲထားရှိရေးနှင့် ပတ်သက်ပြီး စစ်ရေးချုပ်ရုံး၏ ၁၁-၇-၂၀၁၃ ရက်စွဲပါ စာအမှတ် ၊ ၁ / ၄၂၇ / ရေး၂ (ခ) ဖြင့် ထုတ်ပြန် ညွှန်ကြားထားကြောင်း သိရပါသည်။
ထိုသို့ထားရှိရာတွင် ဗဟိုကင်းများတွင် သတ်မှတ်ထားသော (၂၀×၂၄) လက်မ (သို့) (၁၄×၁၇) လက်မ အရွယ်အစားရှိ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံအား ချိတ်ဆွဲထားရှိရန် နှင့် ရုံးခန်း နှင့်ခန်းမများတွင် သတ်မှတ်အရွယ်အစားအလိုက် ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားရှိရန် ညွှန်ကြားထားသည်။
Ref..Seaman Nayminthu
ထိုသို့ထားရှိရာတွင် ဗဟိုကင်းများတွင် သတ်မှတ်ထားသော (၂၀×၂၄) လက်မ (သို့) (၁၄×၁၇) လက်မ အရွယ်အစားရှိ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံအား ချိတ်ဆွဲထားရှိရန် နှင့် ရုံးခန်း နှင့်ခန်းမများတွင် သတ်မှတ်အရွယ်အစားအလိုက် ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားရှိရန် ညွှန်ကြားထားသည်။
Ref..Seaman Nayminthu
ပြန်လွတ်တဲ့ နိုင်ကျဉ်းတွေထဲ တိုင်းရင်းသား အများစု ပါဝင်
အကျဉ်းထောင်က ပြန်လွတ်လာသူ မရမ်နော်ဆိုင်း Marang Naw Hseng
တိုင်းရင်းသားနိုင်ငံရေး အကျဉ်းသား အများစုပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်ကို ဇူလိုင်လ၂၃ ရက် အင်္ဂါနေ့က ပြန်လွတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာကြသူတွေထဲမှာ ဗိုလ်မှုးကြီးယွက်စစ်ခေါင်းဆောင်တဲ့ SSNA အဖွဲ့က သေဒဏ်ကျခံခဲ့ကြရတဲ့ တပ်သားတွေနဲ့ ကေအိုင်အိုတပ်သားတွလေည်း ပါဝင်ကြတယ်လို့ နိုင်ငံရေး အကျဉ်သားများ ကွန်ရက်ပြောပါတယ်။ ဆက်စပ်သတင်းနဲ့အစီအစဉ်များ မန္တလေး တိုင်းဒေသ ကြီးရှိအိုးဖိုထောင်က ပြန်လွတ်လာတဲ့ SSNA အဖွဲ့က တပ်သားတွေကတော့ အခုလွတ်ပေးမှုဟာ သူတို့ ရဲ့ခေါင်းဆောင်နဲ့ အစိုးရတို့နေပြည်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့မှုမှရရှိသောရလဒ်လို့ ဘီဘီစီကို .ပြောပါတယ်။ ပြီးခဲ့တဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရ ကြား ဆွေးနွေးမှုမှာ ကေအိုင်အို ဘက် ကရပ်တည် ပါဝင်ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီက ဗိုလ်မှုးကြီး ဦးခွန်ဥက်ကာကတော့ သမ္မတ ဦးသိန်းစိန်က ဥရောပ ခရီးစဉ် အတွင်းမှာ တပြည်လုံး အတိုင်း အတာနဲ့ အ ပစ်အခတ် ရပ်စဲရေးလုပ်မယ်လို့ ပြောခဲ့အပြီး အဲဒီထဲမှာ ကေအိုင်အို ကလည်း ပါဝင်စေချင်လို့ အချိန်ကိုက် လွှတ်ပေးတာလို့ ပြောပါတယ်။ အခုလို ကချင်အကျဉ်းသားတွေ လွတ်လာတာဟာ ကေအိုင်အိုအဖွဲ့က လိုလားတောင်းဆိုမှု အများအပြားထဲက နိုင်ငံရေးနဲ့တိုက်ရိုက်မဆိုင်တဲ့ ကိစ္စတွေရလာတာလို့ပြောရင် ရနိုင်ကြောင်း၊ ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆိုင်တာတွေတော့ မရသေးတာ တွေ့နေရတယ်လို့ ဗိုလ်မှုးကြီး ဦးခွန်ဥက်ကာက ပြောပါတယ်။ ဥပမာ အားဖြင့် ရှေ့တန်းမှာ အစိုးရစစ်တပ်ရဲ့ စစ်စခန်းတွေ ကေအိုင်အေ စစ်စခန်း နီးကပ်နေတာကြောင့် ပဋိပက္ခဖြစ်ဖို့လွယ်ကူစေတဲ့အတွက် အစိုးရတပ်ဘက်က နေရာရွှေ့ပေးဖို့ ကို ကေအိုင်အိုက တောင်းဆိုထားတာ အခုထိ မလုပ် သေးတဲ့ကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုတွေ အတွက် ခိုင်ခိုင်မာမာ အာမခံပေးတာ မတွေ့ရသေးတဲ့ ကိစ္စတို့ ဖြစ်တယ်လို့ သူကပြောပါတယ်။
Ref..BBC
Ref..BBC
Tuesday, July 23, 2013
လပွတ္တာမြို့၊ အနိုင်ကျင့်ခံရသော မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရ
လပွတ္တာမြို့တွင် ယ္ခုလ (၁၅)ရက်နေ့က အလုပ်သမားခေါင်း ကိုရှဖီး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော အလုပ်သမလေး မိငယ်(ခ)မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရကြောင်းနှင့် အကူအညီလိုအပ်နေကြောင်း၊ အမျိုးသမီးချင်း စာနာတတ်သူများ၊ လူသားချင်း စာနာတတ်သူများမှ အကူအညီပေးစေလိုကြောင်း၊ အင်းစိန်ရွာမ ဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်း ထောက်ပံ့မှု ရှိခဲ့သော်လည်း များစွာလိုအပ်နေသေးကြောင်း သိရပါသည်။လပွတ္တာမြို့မှ ပေးပို့သော ဌေးဌေးမြိုင် သတင်းကို ပူးတွဲ ဖော်ပြလိုက်ပါသည်။
သို့
ဆရာတော်
လပွတ္တာမြို့နယ်တွင် (15-7-2013)နေ့တွင် ဖြစ်ပွားခဲ့သောမြန်မာဗုဒ္ဒဘာသာဝင်အမျိုးသမီး မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား အစ္စလာမ်ဘာသာဝင်ရှလ်ဖီး(စ်) (ခေါ်) မောင်သက်ပိုင်စိုး မှ အဓမ္မပြုကျင့်ခဲ့ပါသည်။ ထို့အတွက်ကြောင့် မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား လပွတ္တာခရိုင်၊(3)မိုင်မြို့သစ်သို့ ဆေးကုမှုခံယူခဲ့ပါသည်။ (18-7-2013)နေ့တွင်ဆရာဝန်များမှ ဒဏ်ရာသက်သာသည်ဟုဆိုကာ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါသည်။
(19-7-2013)နေ့တွင်ကိုဇော်တိုးနှင့်အဖွဲ့မှမိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်အားထောက်ပံ့ငွေများကျေးရွာလူကြီးများ ရှေ့မှောက်တွင် သွားရောက်ပံ့ပိုးခဲ့ပါသည်။ (21-7-2013)ရက်နေ့တွင်မိုးများသည်းထန်စွာရွာသွန်းသဖြင့်မိ ငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်တို့ကျေးရွာတွင်နေအိမ်များရေနစ်မြှုပ်လျက်ရှိပါသည်။မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် နေအိမ် လည်းရေများနစ်မြှုပ်လျက်ရှိပါသည်။ (22-7-2013)နေ့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးမှကျွန်တော် ကိုဇော်တိုးအားဖုန်းဆက်အကြောင်းကြားကာ ရေကြီးနေမှန်းသိရပါသည်။
ထို့အတွက်ကြောင့်လိုအပ်သည့် ပံ့ပိုးမှုများပေးရန်ကျေးရွာသို့အမြန်ဆုံးသွားရောက်ခဲ့ပါသည်။ရွာသို့ရောက် သောအခါ မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်၏ ဒဏ်ရာမှာမသက်သာဘဲသွေးများပြန်ဆင်းနေသဖြင့် လပွတ္တာ(3)မိုင်ဆေးရုံသို့အမြန်ဆုံးပြန်လည်ပို့ဆောင်ရန်အတွက် နေ့လည်(1)နာရီတွင်နှလုံးသား(အခမဲ့)မော်တော် ယာဉ်ဖြင့် သွားရောက်ပို့ဆောင်ပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးလည်းကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည် . . . .။
ကိုဇော်တိုး
ဆက်သွယ်ရန်- 09.422484102 (ကိုဇော်တိုး)
အမေရိကန် ဘောစတွန်မှာ ဗုံးပေါက်တယ်။ လူတွေ သေကြေဒဏ်ရာရတယ်။
အိုဘားမားနဲ့ အာဏာပိုင်တွေက ချက်ခြင်းပြောတယ် .. ဗုံးခွဲသူ ဘယ်သူ ဘယ်ဝါမှန်း မသိသေးဘဲ ရမ်းသမ်း စွပ်ဆွဲတာ မလုပ်ဖို့နဲ့ အမုန်းပွားတာတွေ မလုပ်ဖို့။ အစိုးရက ဗုံးခွဲသူ တရားခံကို အမြန်ဆုံး ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုပြီး ကြေငြာတယ်။
ဗုဒ္ဓဂါယာမှာ ဗုံးကွဲတယ်။ အိန္ဒိယအစိုးရက တရားခံ မသိခင် မစွပ်ဆွဲဖို့နဲ့ ..... ဗုံးကျွမ်းကျင်သူတွေနဲ့ CCTV ကင်မရာတွေကနေ သေချာလေ့လာပြီး သံသယရှိသူတွေကို အမြန်ဆုံး ထုတ်ဖေါ်ဖို့ လုပ်ကိုင်တာကို တွေ့ရတယ်။
မြန်မာပြည်မှာ မန္တလေးမှာ ဗုံးကွဲတယ်ဆိုတဲ့ ဖြစ်ရပ်ကြောင့် လူတချို့ ဒဏ်ရာရတယ်ဆိုတယ်။ တရားခံ ဘယ်သူလည်း မသိသေးခင် .. ရမ်းသမ်း စွပ်ဆွဲတဲ့ သတင်းတွေ တက်လာတယ်။ တချို့ဆို သတင်းခေါင်းစဉ်ကနေ စပြီး စွပ်ဆွဲရေးသားတာတွေ လုပ်လာပါတယ်။ မြင်ရ ဖတ်ရတာမှာ စိတ်မသက်မသာ ခံစားရပါတယ်။
တကယ် ဗုံးခွဲခဲ့တာမှန်ရင် ခွဲသူ တရားခံ အစစ်အမှန်ကို ဖေါ်ထုတ် ဖမ်းဆီး အရေးယူဖို့ လိုကို လိုအပ်ပါတယ်။ အရေးလည်း ယူရပါမယ်။ ဒါပေမယ့် စိတ်မှန်းနဲ့ ရမ်းသမ်းပြီး အရပ်စကား စွပ်ဆွဲပြီး အမုန်းပွားတာမျိုးက မသင့်တော်ပါ။ ဘယ်သူမှလည်း အကျိုးမရှိပါ။ အကျိုးသာ ယုတ်စေပါတယ်။
တာဝန်ရှိသူတွေကလည်း ပြဿနာတွေ အဆပွား ဖြစ်မလာစေဖို့အတွက် အနည်းဆုံး တစ်စုံ တစ်ခုခု ပြောဆို ထုတ်ပြန်သင့်ပေမယ့် ... အခုအထိ ဘာသံမှ မကြားရသေးဘူး။
Ref: ကိုထိုက်
Monday, July 22, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ရဲ့ လှုပ်ရှားနယ်မြေ ၄ ခုမှာ အစိုးရစစ်တပ်က တပ်ရင်း ၃၀ ကျော် တပ်စွဲထားလိုက်တဲ့အတွက် မိုးကုန်လို့ ပွင့်လင်း ရာသီရောက်လာရင် ရင်ဆိုင်တိုက်ပွဲ တွေ ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောပါတယ်။အစိုးရစစ်တပ်နဲ့ TNLA တပ်တွေဟာ မကြာခဏ တိုက်ပွဲတွေ ဖြစ်တာလည်း ရှိပါတယ်။
မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်နဲ့ ကျောက်မဲ မြို့နယ်တွေက TNLA ရှေ့တန်း တပ်ရင်းတွေအနီးမှာ အစိုးရစစ်တပ်တွေက မျက်နှာချင်း ဆိုင်အနေအထား တပ်စွဲထားကြောင်း သိရပါတယ်။ အဲဒီတပ်တွေဟာ အရင် ကချင်ပြည်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တပ်တွဖြစ်ပြီး အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ(KIO) တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် TNLA ဘက်ကို ဦးလှည့် ချထား တာလို့ ဆိုပါတယ်။
TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန် က “အခုမိုးကာလတော့ သူတို့က ဒီတိုင်းပဲ ထိုး(တပ်စွဲ)ထားတယ်၊ ဆောင်းတွင်း ကာလမှာတော့ စစ်ပွဲကြီးကြီးမားမား ဖြစ်လာနိုင်မယ်လို့ မြင်တယ်”လို့ ဧရာဝတီနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုပြီး ထိုးထားတဲ့ အစိုးရ စစ်တပ်တွေရဲ့ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
ကချင် လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်တုန်းက ဒီနယ်မြေတွေမှာ အစိုးရ စစ်ကြောင်းတွေ လှုပ်ရှားမှု ရှိပေမယ့် အခုလို တပ်စွဲ အထိုင်ချတာတွေ မရှိတဲ့အကြောင်း၊ စစ်ကြောင်းလှုပ်ရှားချိန်မှာ ၆၀ မမ၊ ၇၅ မမ လက်နက်တွေကို အမြင့်ဆုံးအဖြစ် ကိုင်ဆောင် အသုံးပြုတာကိုတွေ့ရပေမယ့် အခုလက်ရှိ အထိုင်ချ တပ်စွဲထားတဲ့ တပ်တွေမှာ တာဝေးပစ် အမြောက် ၁၂၀ မမ လက်နက်ကြီးတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၁၀ ဖွဲ့ လောက်နဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေးလုပ်ထားပြီး ဖြစ်ပေမယ့် TNLA ဘက်က တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကမ်းလှမ်း ထားတာကိုတော့ အစိုးရဘက်က အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က KIA ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့နဲ့ စစ်ရေးအရ လက်တွဲပူးပေါင်းပြီး အစိုးရကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်၊ TNLA က KIA နဲ့ ထာဝရ မဟာမိတ်ဖွဲ့ထားတာဖြစ်သလို SSPP/SSA နဲ့လည်း မိတ်ဆွေဖွဲ့ပြီး လက်တွဲ တိုက်ပွဲဝင်နေတာပါ။
KIA က မကြာသေးခင်ကပဲ အစိုးရနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး SSPP/SSA ကတော့ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ တကယ်လို့ KIA နဲ့ SSPP/SSA တို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ခိုင်ခိုင်မာမာ ပြုလုပ် နိုင်ခဲ့မယ်ဆိုရင် TNLA ဟာ တဖွဲ့တည်း ကျန်ရှိနေရမယ့် အခြေအနေပါ။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ပလောင်(တအာင်း) လူမျိုးခေါင်းဆောင်တွေက စစ်မှန်သော ဖက် ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ၁၉၆၃ ခုနှစ်မှာ ပလောင် အမျိုးသား တပ်ဖွဲ့ (PNF) တည်ထောင်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်(PSLA) အဖြစ်ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ် တာခွန် သောင်း ဦးဆောင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး စစ်အစိုးရရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင်တဲ့ PSLA ဟာ ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရထံ လက်နက် အပြီးအပိုင် အပ်နှံခဲ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ) အဖွဲ့ဝင် ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ PSLA အဖွဲ့ဝင်အချို့က စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည်မရှိဆိုပြီး မိခင်အဖွဲ့အစည်းကို မပြန်တော့ဘဲ မာနယ်ပလောမှာ ကရင် အမျိုးသား အစည်းအရုံး(KNU) နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အကူအညီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF) ကို ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ TNLA တပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပလောင်(တအာင်း)ဒေသ အတွင်းမှာ စစ် ဆင်ရေး စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး အချိန်တိုအတွင်းမှာ အင်အား ၁၃၀၀ ကျော်တဲ့ တပ်မတော် တခု ပြန်ဖြစ်လာခဲ့ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ (မိုင်းငေါ့)၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်တွေမှာ TNLA တပ်ရင်း ၇ ခုဖြစ်တဲ့ ၁၀၁၊ ၁၁၂၊ ၂၅၆၊ ၃၆၇၊ ၄၇၈၊ ၅၂၇ နဲ့ ၇၁၇ တို့ လှုပ်ရှားနေပါတယ်။
TNLA တပ်ဖွဲ့ထဲမှာတော့ PSLA စစ်အရာရှိဟောင်းတွေ၊ စစ်သားဟောင်းတွေ၊ ဖွဲ့စည်းပြီးနောက် စည်းရုံး စုဆောင်းထားတဲ့ တပ်သား သစ်တွေနဲ့ ပလောင်(တအာင်း) ခေတ်ပညာတတ် လူငယ်တွေ တွေ့ရပြီး TNLA က စစ်သင်တန်းပေးတာတွေ၊ KIA က အထူး သင်တန်း ခေါ်ယူပေးတာတွေရှိတယ်လို့ ပြောပါတယ်။
အစိုးရ စစ်တပ် တပ်ရင်းတွေ သူတို့နယ်မြေထဲကို အခြေချ တပ်စွဲမှုတွေ၊ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ လူအင်အား ဖြည့်တင်းမှုတွေ ရှိလာပြီးတဲ့ နောက်မှာTNLA ဘက်ကလည်း အစိုးရ တပ်တွေရဲ့လှုပ်ရှားမှုတွေကို မျက်ခြည် မပြတ်စောင့်ကြည့်မှုတွေ ပြုလုပ် နေသလို ပွင့်လင်းရာသီအတွက် အဘက်ဘက်က ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
PSLA လက်ထက်တုန်းက အရာရှိငယ်ဘဝနဲ့ အထက်လူကြီးတွေ ဆုံးဖြတ်ချက်အတိုင်း လက်နက်ချခဲ့ရတယ်ဆိုတဲ့ ဗိုလ်ကြီး တာစိုးယမ် ကလည်း PSLA ငြိမ်းချမ်းရေးယူပြီးတဲ့နောက် ပလောင်(တအာင်း)ဒေသ အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ရသလို ဒေသခံတွေလည်း ဘိန်းနဲ့ မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်ကုန်ကြောင်း၊ TNLA အနေနဲ့ ဒီကိစ္စတွေကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ TNLA နဲ့ပူးပေါင်းခြင်းဖြစ်ကြောင်း စစ်ပွဲတွေကို မလိုလားပေမယ့် နယ်မြေအတွင်း ကျူးကျော်လာရင်တော့ ပြန်လည် ခုခံဖို့ရှိတယ်လို့ ဆိုပါတယ်။
“ဒါက ကျနော်တို့ ဒေသ၊ ကျနော်တို့ရွာ၊ ကျနော်တို့ လူမျိုးကို ကျနော်တို့ နေနေတာ သူတို့ ဘာမလိုလားစရာ အကြောင်းရှိလဲ၊ ခင်ဗျားမိသားစုကို ကျနော်သွားမနှောင့်ယှက်ဘူး၊ ကျနော့်မိသားစုကို ခင်ဗျားနှောင့်ယှက်မှာ ကျနော်စိုးရိမ်တယ်၊ ဒီသဘောမျိုးပဲ၊ ကျနော့်မိသားစုကို ကျနော်က ခင်ဗျားထက်ပိုချစ်တယ်၊ ခင်ဗျားမိသားစုကို ခင်ဗျားက ကျနော့်ထက်ပိုချစ်တယ်၊ ကျနော့် ပလောင်လူမျိုးကို ကျနော်က ပလောင်မို့လို့ ကျနော်က ခင်ဗျားထက်ပိုချစ်တယ်၊ ကျနော့် ပလောင်ကို ကျနော် ကာကွယ်ချင်တဲ့ စိတ်ဓာတ်ရှိတယ်” ဆိုပြီး ဗိုလ်ကြီး တာစိုးယမ် က ပြောပြပါတယ်။
TNLA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒေသခံတွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါး လှိုက်စားခံနေရတဲ့ သူတို့ရွာတွေကို TNLA ရောက်လာမှ ပပျောက်လု နီးနီးဖြစ်သွားတဲ့အပေါ်မှာ ထောက်ခံကြသလို TNLA ဟာ သူတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည် နေကြပါတယ်။
“ကိုယ့်အမျိုးမဟုတ်တဲ့လူတွေ အုပ်ချုပ်ခံရတာကိုတော့ စိတ်ထဲမှာ ကျေနပ်မှုမရှိဘူး၊ အခု ကိုယ့်အမျိုး အုပ်ချုပ်တဲ့အတွက် ဝမ်းသာတယ်၊ TNLA ရောက်လာတဲ့အတွက် နွေးထွေး၊ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်”လို့ အသက် ၄၀ ကျော် မန်ပူးရွာသူ တဦးက ပြောပြပါတယ်။ ဒါပေမယ့် စစ်ပွဲတွေဖြစ်လာရင်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုမျိုးတော့ သူတို့မှာ ဘာမှမရှိကြသေးပါဘူး။
သူတို့ကျေးရွာတွေထဲကို အရင်က အစိုးရ စစ်တပ်တွေ တခါ တရံ ဝင်လာတတ်ပြီး ဒေသခံရွာသူတွေကို အဓမ္မ ပြုကျင့်တာ တချို့ ရှိခဲ့သလို ကျေးရွာအတွင်းက ကြက်၊ ဝက်နဲ့ အိမ်မွေး တိရစ္ဆာန်တချို့ကို အဓမ္မယူငင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ပွဲတွေဖြစ်မှာကို စိုးရိမ်ပေမယ့် တကယ်လို့ မလွဲမရှောင်သာဖြစ်လာခဲ့ရင် TNLA ဘက်က တတ်နိုင်တဲ့ နေရာကနေ ကူညီ ပံ့ပိုးသွားမယ်လို့ မန်ပူး ရွာသူက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ငေါ့ငါး ကျေးရွာခံ အဘိုးအိုတဦးက“အစိုးရနဲ့ ပလောင်(တအာင်း)တပ်တွေ တိုက်ပွဲမဖြစ်စေချင်ဘူး၊ ငြိမ်းချမ်း ရေးယူကြ စေချင်တယ်၊ ဒီရွာမှာ အရင်က ဘိန်းစား ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်၊ ပလောင်(တအာင်း)တပ်တွေ ရောက်လာပြီး တိုက်ဖျက်ရေးဆင်းလိုက်တာ တနှစ်ကျော် အတွင်းမှာ သုံးချိုး ၂ ချိုးလောက် ဘိန်းပြတ်သွားကြတယ်၊ အရင်က ဒီရွာဘက် မှာ အစိုးရတပ်တွေ ဝင်ထွက်တာတွေရှိပေမယ့် ဘိန်းရောင်းတဲ့လူတွေရော၊ ဘိန်းစားတွေကိုရော အရေးယူတာမရှိဘူး”လို့ ပြော ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်မှာ ငေါ့ငါးကျေးရွာအနီးမှာ ကွတ်ခိုင်ဗျူဟာ လက်အောက်ခံတပ်တွေနဲ့ TNLA အထူးတပ်ရင်း ၁၁၂ တို့ဟာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေလို့ နယ်မြေ မတည်မငြိမ်ဖြစ်နေတဲ့ အတွက် ဒေသခံတွေမှာလည်း သူတို့ရဲ့ အသက် အိုးအိမ် စည်းဇိမ် အတွက် စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။
TNLA တပ်မတော်အနေနဲ့ တပ်အင်အားတွေ တိုးချလာတဲ့ အစိုးရစစ်တပ်တွေကို မျက်ခြည် မပြတ် စောင့်ကြည့်နေရသလို ဒေသ တွင်းမှာ ရှိနေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုလည်း အလားတူ စောင့်ကြည့်နေရပါသေးတယ်။
ဒီနှစ်ဘိန်းစိုက်ရာသီမှာ TNLA က ဒေသတွင်းက ဘိန်းခင်း ၃၀၀၀ လောက်ကို ဖျက်ဆီးခဲ့သလို ဒေသတွင်းမှာ ပျံ့နှံ့နေတဲ့ ဘိန်းဖြူ၊ ဘိန်းမည်း နဲ့ အခြားမူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု၊ သုံးစွဲမှုတွေကို ဦးစားပေးတိုက်ဖျက်ကြောင်း TNLA ခေါင်းဆောင် တွေနဲ့ ဒေသခံတွေဆီက ကြားသိရပါတယ်။
သူတို့ ထိန်းချုပ်နယ်မြေအတွင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ကင်းစင် စေရမယ်လို့ မူဝါဒ ချ ဦးစားပေး လုပ်ဆောင်နေပြီး လာမယ့် ဘိန်းစိုက်ရာသီမှာ ဘိန်းစိုက်ခင်းတွေကို နှစ်ဆတိုး ဖျက်ဆီးဖို့ စီမံချက်တွေ ရေးဆွဲထားတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောပါတယ်။တကယ်လို့ အစိုးရစစ်တပ်၊ ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့တွေနဲ့ TNLA တို့ တိုက်ပွဲတွေ ထိပ်တိုက် ဖြစ်ပွားခဲ့ရင်တော့ မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးဘက်မှာ အားလျော့သွားမှာ အသေအချာပါပဲ။
မကြာသေးခင်က KIA ဗိုလ်လောင်းသင်တန်း ကဆင်းလာတဲ့ ဒုဗိုလ် မိုင်းကျော်ငြိမ်း ကလည်း လက်ရှိ TNLA ထိန်းချုပ် နယ်မြေတွေမှာ တပ်အင်အားတွေ လာပြီးတိုးချဲ့လာတဲ့အတွက် စစ်ဖြစ်မယ့် အရိပ်လက္ခဏာတွေ သူတို့လည်း ရိပ်စားမိတဲ့ အကြောင်း နဲ့ အထက်လူကြီး အမိန့်ပေးလာရင် အမိန့်အတိုင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောဆိုပါတယ်။
“စစ်အစိုးရနဲ့ပဲဖြစ်ဖြစ် ပြည်သူ့စစ်နဲ့ပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက်တော့ ကျနော်တို့မှာ အဆင်သင့်ရှိပြီးသား၊ ခွန်အား လည်း အပြည့်အဝရှိတယ်၊ ကိုယ့်နယ် ကိုယ့်ဒေသ ဖြစ်တဲ့အတွက်ကြောင့် မထိန်းသိမ်းဘူးဆိုရင် ဘယ်သူက သွားလုပ်မလဲဆိုတဲ့ ဟာမျိုး၊ ကိုယ့်နယ် ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့က အစိုးရ၊ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့အတွက်တော့ အင်အား အဆင်သင့်ရှိပါတယ်”လို့ မိုင်းကျော်ငြိမ်း က ပြောပါတယ်။
စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန် က “KIA ကလည်း အပစ်အခတ် ရပ်စဲရေးလုပ်သွားမယ်ဆိုရင်၊ SSA က အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အပိုင်းတွေလည်း ရှိတယ်၊ တကယ်လို့ ပလောင်(တအာင်း)ဒေသမှာ အစိုးရက စစ်မျက်နှာ လာဖွင့်မယ် ဆိုလို့ရှိရင် ကျနော်တို့ ရှိတဲ့အင်အား၊ ရှိတဲ့ အရည်အချင်းနဲ့ပဲ ရင်ဆိုင်ရမှာပဲ”လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပါတယ်။
TNLA တပ်ထဲမှာ ရှိနေတဲ့ အသက် ၂၀ ဝန်းကျင် တပ်သားငယ် တချို့ကတော့ သူတို့ မိုးရွာရွာထဲ ရွှံ့တောထဲမှာ စစ်တိုက်နေရ တာကို စိတ်ကုန်နေပြီလို့ ပြောတာတွေလည်းရှိပါတယ်၊ ဘယ်တပ်တွေနဲ့မှ ရန်သူလိုမဖြစ်ချင်ဘဲ ငြိမ်းချမ်းရေးယူပြီး လွတ်လွတ် လပ်လပ် သွားလာချင်ကြောင်းနဲ့ သူတို့ဖြစ်ချင်တာတွေကိုလည်း ပြောပြကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာTNLA၊ KIA၊ SSPP/SSA စတဲ့ တိုင်းရင်းသား တပ်တွေနဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ရာနဲ့ ချီတဲ့ ဒေသခံတွေ ထွက်ပြေး ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ တကယ်လို့ ပွင့်လင်း ရာသီမှာ စစ်ပွဲတွေ ထပ်ဖြစ်လာခဲ့ရင်တော့ ဒေသခံတွေရဲ့ အသက်အိုးအိမ် စည်းဇိမ်တွေအတွက် စိုးရိမ်စရာတွေ ထပ်ဖြစ်လာ ဦး မှာ မလွဲ ဧကန်ပါပဲ။ ။
Ref: ဧရာဝတီ
၈ လေးလုံး ငွေရတုအကြို အနုပညာပြပွဲကျင်းပ
၈ လေးလုံး ငွေရတုအကြို ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာနှင့် ကာတွန်းပြပွဲကို ဒီနေ့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ ယုဒသန်ခန်းမမှာ ပြုလုပ်နေပါတယ်။
Ref: RFA
Ref: RFA
အာဇာနည်နေ့ ကားဟွန်းတီးတာကို အရေးယူမယ်ဆိုတာ တကယ်ဆိုရင်တော့
ဒါဟာ ပြည်သူလူထုကြီးကို သာမက အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးမျာကိုပါ စော်ကားတာလို့ သတ်မှတ်တယ်တိုင်းဖျက် ပြည်ဖျက် ဆူပူ မီးရှို့ အကြမ်းဖက်တာတွေကိုတော့ လွှတ်ပေးထားပြီး အာဇာနည်ခေါင်းဆောင်များကို အာဇာနည်နေ့မှာ အချိန် နှစ်မိနစ်လောက် ကားဟွန်းတီးတာကို အရေးယူမယ်ဆိုရင်တော့ အစိုးရအာဏာပိုင်ဆိုတာတွေကို မေးခွန်းထုတ်ရလိမ့်မယ်ဒီမိုကရေစီကို အားပေးတာလား၊ လူသတ်အကြမ်းဖတ်ဝါဒကို အားပေးတာလား ???
Lin Thurein
အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ
အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေနေ့ညနေက မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခုကို မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး ကFNG ကို အတည် ပြုပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦးက ”တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိမလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွားပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲဟုFNGသို့ ပြောသည်။ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယားဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများက သံသယ ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်းသည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်းဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် ကစင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ်ချမှတ်ခံရသည်။
တင်ကျော်ကျော်စိုး (FNG) မှကူးယူဖော်ပြသည်။
Saturday, July 20, 2013
လွန်ခဲ့တဲ့ ၆၆ နှစ်ကျော်ကတည်းက အခုစကားနဲ့ပြောရရင် ဒဲ့ ဆဲခဲ့တာတွေက အခုချိန်ထိ ဒဲ့ မှန်နေဆဲပါလား...။
လှေလှော်ပွဲအတွေ့အကြုံ ၊ ဘောလုံးပွဲအတွေ့အကြုံ နဲ့ နှိုင်းပြီးပြောသွားလိုက်တာ“ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်ဘာညာ၊တလွှဲဆံပင်ကောင်းနေတယ်၊ဗမာတွေရဲ့ စိတ်ဓါတ်က မဟုတ်တဲ့ နေရာတွေ မှာဆိုသွားတော်နေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး...။ ဗမာပြည်လွတ်လပ်ရေး ရဖို့နေရာမှာ အသုံးမချချင်ဘူး၊ ဗမာပြည်ပြန်လည် ထူထောင်ရေးလုပ်တဲ့နေရာတွေမှာ အသုံးမချချင်ဘူး....၊ ဗမာ ဗမာချင်း ချဖို့ပဲလုပ်ချင်တယ်...။ ဟုတ်လား...၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်...။ ဒါမျိုးတွေလုပ်ချင်လို တစ်ပြားမှ အကျိုးမရှိဘူး...။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး...။ အဲ့ဒီတော့က ကျနော်တို့ အဲ့ဒီစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဖို့လိုတယ်...။ နိုင်ငံရေးသမားတွေ တချို့ခြေထိုး တာကို ခင်ဗျားတို့ ယုံမှားလို့ အင်မတန်ဖရိုဖရဲ ဖြစ်ကြရင်...ဒီတိုင်းပြည်လွတ်လပ်ရေး ရမှာမဟုတ်ဘူး”ဒဲ့ ဆဲတာဗျာ...။ အဆဲခံရတဲ့ အောက်က လူတွေကလည်း ကျေကျေနပ်နပ်ကြီးကို အဆဲခံတာဗျ...။ အဆဲခံပြီးတဲ့နောက်တောင်မှ.... လက်ခုပ်တွေတီး... လက်ခေါက်တွေမှုတ်... တရွှီးရွှီး တဖြောင်းဖြောင်း နဲ့
Ref: FB
စစ်တပ်ကြီးဟာ ပြည်သူတပ်မတော် မဖြစ်ခဲ့တာကြာပြီပေါ့ ဒီလိုပဲပြည်သူတွေကခံစားရတယ် ပြည်သူတွေကမြင်တယ်
ဒီနေရာမှာဘယ်သူ့ကြောင့်လဲဆိုတော့ အမျိုးမျိုးယူဆကြမှာပေါ့ တစ်ချို့က စစ်သားကောင်း တွေလည်း ရှိတယ် မကောင်းတဲ့သူတွေလည်းရှိတယ်ဒီအယူအဆမမှားဘူး ဒါပေမဲ့မပြည့်စုံဘူး တစ်ချို့ကတော့ ခံစားရတာများတော့ စစ်တပ်စစ်သားဆိုတာလုံးဝမကောင်းဘူးပေါ့ ဒီအယူအဆက စစ်တပ် တစ်ခုလုံးကထွက်လာတဲ့ရလဒ်ကိုကြည့်ပြီး ခြုံငုံကြည့်တဲ့အယူအဆ ဒါလည်းမမျှတ ဘူး တစ်ချို့ကခေါင်း ဆောင်ပိုင်းမကောင်းလို့ဒါလည်းလုံးလုံးမမှန်ဘူး မကောင်းတဲ့ငယ်သားတွေလည်းတစ်ပုံကြီး ဒီနေရာမှာကျနော်ပြောချင်တာက စစ်တပ်ကြီးဒီလိုဖြစ်သွားတာ"စစ်သားအားလုံးမကောင်းတာမဟုတ် ဒါပေမဲ့ စစ်သားအားလုံးမှာတာဝန်ရှိတယ်"ဒီထက်ပြင်းပြင်းထန်ထန်ဝေဖန်ရရင် စစ်သားတွေညံ့ကြတယ် ထက်မြက်တဲ့ အာဇာနည်စစ်သားတွေမပေါ်ပေါက်ခဲ့ဘူး မကောင်းတဲ့သူတွေက ခေါင်းဆောင် တက်ဖြစ်ကြတာဆိုတော့ ကောင်းတဲ့စစ်သားတွေကညံ့လို့ပေါ့ဗျာ မဟုတ်ဘူးလား
Ref: Thetdwe Aung
အခြေခံဥပဒေပြင်ပြီး အာဇာနည်ကြီးများကို ကျေးဇူးဆပ်ရန် NLD တိုက်တွန်း
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး ကျေးဇူးဆပ်သင့်ကြောင်း ဇူလိုင်လ ၁၉ရက်(အာဇာနည်) နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ကြေညာသည်။
အမျိုးသားသွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
“ဒီမိုကရေစီသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်၊ ငြိမ်းချမ်းရေးကို အားပေးတယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ဆိုသည်။NDL ပါတီသည် အာဇာနည် ခေါင်းဆောင်များ၏ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ရေးနှင့်တန်းတူ အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဦးတင်ဦးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်း အကြောင်းအရင်းမှာ အကြမ်းဖက်ဝါဒ ဆိုးကြောင့်ဖြစ်ပြီး ယင်းဝါဒကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်းထန်စွာ ရှုတ်ချ ကြောင်း၊ အဆိုပါအကြမ်းဖက် အစဉ်အလာဆိုးများ ပျောက်ကွယ်ရန် ပြည်သူလူထုနှင့် အတူ ပူးပေါင်းကြိုးပမ်းမည် ဖြစ်ကြောင်း NDL ကထုတ်ပြန်သည်။
အာဇာနည်နေ့သည် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သော်လည်း ထိုသို့သော ခေါင်းဆောင်များ ရှိခဲ့သည်ကို ဂုဏ်ယူရမည့် နေ့တစ်နေ့ ဖြစ်ကြောင်း (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အခြေခံဥပဒေကို ပြင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NDLပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းသမ္မတအဖြစ် ရွေးချယ်ခံရခွင့်ရရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရ မည် ဖြစ်ကြောင်း အာဇာနည်နေ့မတိုင်မီ တစ်ရက်အလိုတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
Ref: voiceFriday, July 19, 2013
"ဦးဝီရသူထံ ဟော်လန် TV သတင်းဌာန လာရောက် အင်တာဗျူး"
18.7.2013မနက် 8:30နာရီ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းမှာ လက်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။(၈၈)အဖွဲ့မှ ပဏ္ဍိဏ်ထွန်းက ဘာသာပြန်ပေးခဲ့ခြင်း ဖြစ်သည်။"အမျိုးစောင့် ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိရေး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစု နေထိုင်ရာ ဖြစ်ပေမယ့် မြန်မာသမီးပျိုလေးတွေ မူဆလင်နဲ့ညားတဲ့အခါ ဗုဒ္ဓဘာသာကို မစွန့်လွှတ်နိုင်ရင် နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခံရတာတွေ များလာလို့ မူဆလင်တွေဟာ လွှတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပယ်ပယ်နယ်နယ် ချိုးဖောက်နေကြလို့ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။"
Ref: Wira Thu
ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေပြီး အာဟာရ ချို့တဲ့မှုနှင့် ဆေးဝါး အခက်အခဲကြောင့် ယခင်နှစ်များထက် သေဆုံးသူ များပြားနေ
ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ မိုးတွင်းကာလ ဖြစ်သောကြောင့် ၀မ်းရော ဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အာဟာရချို့တဲ့မှုနှင့် ဆေးဝါးအခက်အခဲကြောင့် သေဆုံးသူ များမှာလည်း ယခင်နှစ်များထက် များပြားနေကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
''ကချင်မှာ အခုလို မိုးတွင်းဘက်ဆို ငှက်ဖျားရောဂါတွေ ဖြစ်တတ်ပါတယ်။ ကချင်စစ်ဘေး ဒုက္ခသည် စခန်းတွေမှာဆိုရင် ခုချိန်မှာ ငှက်ဖျားရော ၀မ်းရောဂါရော အဖြစ်များ နေပါတယ်။ ဥပမာ-ခုချိန်က ခြင်တအားများတော့ ငှက်ဖျားဖြစ်တယ်။ နောက်တစ်ခုက ယင်ကောင်လည်းများတော့ ၀မ်းရောဂါတွေ ဖြစ်တယ်။ ပြီးတော့ ခုချိန်က ခါတိုင်းထက် ပိုစွတ်စိုတော့ အစားအသောက်တွေက ပုပ်တာတို့ နံတာတို့ ဖြစ်တာပေါ့။ နောက်တစ်ခုက ကလေးတွေက မိုးတွင်းက နွေထက်ပို ညစ်ပတ်တာပေါ့။ အဲဒီအခါကျတော့ မိုးတွင်းဘက်က နွေရာသီနဲ့စာရင် ရောဂါပိုပြီး ဖြစ်လွယ်တာပေါ့။ မြန်မာပြည်မှာလည်း ဒါတွေ ဖြစ်တတ်ကြ ပါတယ်။ ဒါပေမယ့် ဟိုမှာက ပိုဆိုးတာပေါ့''ဟုလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
ဝမ်းရောဂါတွေဖြစ်တယ်။ ငှက်ဖျားဖြစ်တယ်။ ခါတိုင်းနှစ်တွေလည်း သေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က Camp တွေမှာ လူပိုကြပ်နေတော့ ခါတိုင်းထက်ကို သေတဲ့သူတွေ ပိုများနေတယ်။ ရာခိုင်နှုန်းနဲ့ ပြောဖို့တော့ ခက်ပါတယ်။ ၀မ်းရောဂါတွေကြောင့် သေတာပိုများတယ်...
အလားတူ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစားအသောက် အာဟာရနှင့် ဆေးဝါးလှူဒါန်းမှုများမှာလည်း ယခင်နှစ်များထက် နည်းပါးနေကြောင်းလည်း သိရှိရသည်။''၀မ်းရောဂါတွေဖြစ်တယ်။ ငှက်ဖျားဖြစ်တယ်။ ခါတိုင်းနှစ်တွေလည်း သေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က Camp တွေမှာ လူပိုကြပ်နေတော့ ခါတိုင်းထက်ကို သေတဲ့သူတွေ ပိုများနေတယ်။ ရာခိုင်နှုန်းနဲ့ ပြောဖို့တော့ ခက်ပါတယ်။ ၀မ်းရောဂါတွေကြောင့် သေတာပိုများတယ်။ အဓိကက ကလေးတွေမှာ ၀မ်းရောဂါ ဖြစ်တာကို မိဘတွေ သိလိုက်တဲ့ အချိန်မှာ နောက်ကျနေပြီ။ စခန်းတွေမှာ အကြောဆေး ချက်ချင်းသွင်း နိုင်ဖို့က အခက်အခဲရှိတယ်။ စခန်းတိုင်းမှာ ဖြစ်နေပါတယ်။ လူနည်းတဲ့ စခန်းက အရေအတွက် နည်းတယ် လူများတဲ့ စခန်းက အရေအတွက် ပိုများတယ်။ ဖြစ်တာကတော့ ခါတိုင်းနှစ်လည်း ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ခံအား မကောင်းတော့ ခါတိုင်းနှစ်တွေထက် ပိုခံရတာပေါ့။ အရင်တွေနဲ့ စာရင် အသေအပျောက် များတဲ့အကြောင်းကတော့ အာဟာရ ချို့တဲ့တာနဲ့ ဆေးဝါးမရ နိုင်တာတွေကြောင့် ပိုဖြစ်နေရတာ''ဟုလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာကပြောကြားသည်။
ယခင်နှစ်များက ကချင်စစ်ဘေး ဒုက္ခသည်စခန်းများသို့ ဆေးဝါးနှင့် အစားအသောက် လာရောက် လှူဒါန်းမှုများ များပြားခဲ့သော်လည်း ယခုနှစ်အတွင်း နည်းပါးနေကာ လှူဒါန်းမည့်သူပင် မရှိသလောက် ဖြစ်နေကြောင်း၊ ပန်းရဲ့လမ်းအဖွဲ့နှင့် အဖြူရောင် တွဲလက်များကဲ့သို့ အဖွဲ့များမှ လာရောက်လှူဒါန်းမှုသာ ရှိနေကြောင်းလည်း သိရှိရသည်။
Ref: EMG
သူမရှိတော့တာ ၆၆နှစ်။
မျိုးဆက်နှစ်ဆက်ဒါမှမဟုတ်သုံးဆက်ဆိုတဲ့အချိန်တွေဆုံးရှုံးသွားခဲ့ရပြီးပြီ။သူကြိုးစားပြီးအသက်အသေခံ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ဘယ်မျိုးဆက်ကမှ တန်ဖိုးရှိအောင် မသုံးစွဲကြသေးဘူး။အချင်းချင်းချဖို့နဲ့ တိုင်းပြည်ကို လက်ညိုးထိုးရောင်းချဖို့ပဲ လုပ်ခဲ့ကြတယ်။ ဆက်လုပ်နေကြသေးတယ်။ အထူးသဖြင့် သူစတင်ခဲ့တဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးက တပ်မတော်ရဲ့ ဖခင်လို့ဆိုရမယ့် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ကို ဘယ်လောက်အထိ လေးစားပြီး လိုက်နာကျင့်သုံးနေ ပါသလဲဆိုတာကို ၆၆နှစ်မြောက် အာဇာနည်နေ့မှာ မေးခွန်းထုတ်လိုက် ချင်ပါတယ်။ ။
-------------------------------
-------------------------------
သခင်အောင်ဆန်း
ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ
အဖရေ။ ။
ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ
အဖရေ။ ။
Ref: FB
အတွေးလေးတစ်စ
၁၉-၇-၂၀၁၃ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ မြန်မာနိုင်ငံတဝှမ်းမှာ ဝမ်းနည်းကြေကွဲမှုအထိမ်း အမှတ်တွေ လုပ်နေကြတာတွေကို အင်တာနက်စာမျက်နှာ အထူးသဖြင့် (facebook) မှာတင်နေကြတာ တွေ့မိတော့ တစ်ခုသတိထားမိတာဘာလဲဆိုတော့ ။ ဗိုလ်ချုပ်မျိုးစေ့ချပေးခဲ့တဲ့ မြန်မာ့တပ်မတော်က အကြီးအကဲတွေရဲ့ အာဇာနည်နေ့ဂုဏ်ပြုလှုပ်ရှားမှုပုံရိပ်တွေပျောက်နေတယ်ဆိုတာကိုပါ။ ဘာ့ကြောင့် သူတို့တတွေဟာ ဗိုလ်ချုပ် အစပြုပျိုးထောင်ပေးခဲ့လို့ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်က အမှုထမ်း တွေဖြစ်နေကြပြီး ဒီလိုခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာစတေးပြီး နိုင်ငံအတွက်လွတ်လပ်ရေးရဖို့ စွန့်လွှတ်ကြိုးပမ်းသွားခဲ့တဲ့နေ့ကို အလေးဂရုမပြု တန်ဖိုးမထားကြရတာလဲ ဆိုတာကိုတွေးနေမိပါတယ်....။
Credit by အိမ်ဝေးသူ
၆၆နှစ်မြောက်အာဇာနည်နေ့ မှတ်တမ်းပုံအချို့
စွန့်လွှတ်ဝံ့သူဖခင်ရဲ့ကျေးဇူးတွေအောင်းမေ့ကန်တော့နေတဲ့ စွန့်စားရဲ့သူသမီး
ဦးဘဝင်း၏မိသားစုဝင်များလာရောက်ဂါရဝပြုစဉ်
ဦးဘချို၏မိသားစုဝင်များလာရောက်ဂါရဝပြုစဉ်
သခင်မြ၏မိသားစုဝင်များလာရောက်ဂါရဝပြုစဉ်
Ref: Asian Fame Media Group
Subscribe to:
Posts (Atom)