Pages
Thursday, December 12, 2013
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇)
အောင်ဒင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃)
ဒုတိယပင်လုံညီလာခံ
တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံး ဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်း ဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာ များဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊
Tuesday, December 10, 2013
ကောင်းမှုတော်ဘုရားမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ ဓာတ်ပုံများ
စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အဓိက၀င်ပေါက်ကြီးမှာ တခမ်းတနား ပြသထားတာကတော့ ဓာတ်ပုံကြီးများဖြစ်တာကို  တွေ့ရပါတယ်။  တနင်္ဂနွေနေ့က တွေ့ရတဲ့ အဲဒီဓာတ်ပုံတွေကို ကြည့်လိုက်တော့ ကောင်းမှုတော်ဘုရားရဲ့ အထူးဧည့် သည်ကြီးများ ဖြစ်နေပါတယ်။ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုတို့ ကောင်းမှုတော် ရောက်ခဲ့၊ အလှူဒါန ပြုခဲ့ကြပုံတွေပါ။ ဦးသန်းရွှေကြီး စာဖတ်အနားမယူခင် တိုင်းပြည်တာဝန်တွေနဲ့ အလုပ်များစဉ်က ကောင်းမှုတော်ကို ရောက်ခဲ့တဲ့ပုံတွေ အဲသလို ပြသထားတာ ဘာကြောင့်လဲ။ကောင်းမှုတော် ဘုရား ဂေါပက အဖွဲ့က ဦးသန်းရွှေကြီးကို လေးစားသမှုရှိလို့ တခမ်းတနား ပုံတွေပြထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ 
ဘုရားဖူးလာသူတွေ ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကောင်းမှုတော်ဘုရားဟာ ယခင် က အဖြူရောင်အဆင်း ရှိပါတယ်။ မြန်မာပြည်ကြီး ရွှေရည်စိမ် ဒီမိုကရေစီခေတ် ရောက်ခါနီးမှာ ရွှေရောင် ပြောင်းသွား ပါတယ်။ ဒါဟာ ဦးသန်းရွှေရဲ့ ဆန္ဒလို့ ယူဆသူ မနည်းမနောပါပဲ။ သူ့ပါးစပ်က လွတ်ခနဲ ထွက်သွားတာကို အပြည့်အ၀ အကျိုးဆောင်ပေးသူတွေကြောင့် အရောင်ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။  
ဦးသန်းရွှေက နေပြည်တော်မှာ စာဖတ်နေတယ်လို့ ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ စာဖတ်ရုံတင်မကဘဲ စာရေး နေရင်လည်း ကောင်းတာပါပဲ။ မြန်မာပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ နှစ်ပေါင်းများစွာ ထိပ်ဆုံးကနေ နေခဲ့ရတဲ့ကာလ အတွင်း မည်သို့မည်ပုံ ဆောင်ရွက်ခဲ့တယ် ဆိုတာတွေကို ရေးရင် ပိုကောင်းပါမယ်။ ရေးဖြစ်ရင် ဖတ်မယ့်သူ အများအပြား ရှိမှာပါ။ ရေးဖြစ်ရင် ကောင်းမှုတော်ဘုရား ရွှေရောင်အပြောင်းအလဲဟာ သူနဲ့ ဆိုင်တယ် မဆိုင်ဘူး ဆိုတာကိုလည်း ထည့်ရေးသင့်ပါတယ်။ ကိုယ့်အကြောင်း သူများရေးတာတွေ ရှိသလို ကိုယ်တိုင်ရေးနိုင်ရင် ပိုမို ပြည့်စုံမှာဖြစ်ပါတယ်။    ။
Irrawaddy blog
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိလာသော်လည်း ပုဒ်မ ၁၈ ကြောင့် အသက်ဝင်မှု အားနည်း
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ယခင်ကထက် ပိုမို လွတ်လပ်လာသော်လည်း ပုဒ်မ ၁၈ ရှိနေ သဖြင့် အသက်ဝင်မှု အားနည်းနေဆဲဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် Equality Myanmar လူမှုအဖွဲ့အစည်းမှ Administrative Training Coordinator ဒေါ်နန်းခမ်းယုံက ပြောသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ရှိနေသေးကြောင်း ဒေါ်နန်းခမ်းယုံက ပြောသည်။
နန်းခမ်းယုံက “ဒီ ၁ နှစ်၊ ၂ နှစ် အတွင်းမှာတော့ အရင်ကထက်စာရင် နည်းနည်းလေး ပြောခွင့်ရလာတယ်။ အများ သိအောင် အောက်ခြေလူထု မသိသေးတဲ့လူတွေ သိအောင် စည်းရုံးဖို့ လိုတယ်။ ပြောပြဖို့လိုတယ်။ ကိုယ်တယောက် တည်း သိလို့မဖြစ်ဘူး။ ကိုယ့်အခွင့်အရေး ဘာရှိလဲဆိုတာ လူတိုင်းသိအောင် အများသိအောင် ပြောပြဖို့ လိုတယ်။ ပုဒ်မ ၁၈ ရှိနေသေးတဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ယခုလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အောင်ဓမ္မရိပ်သာလမ်း၊ လှိုင်မင်္ဂလာခန်းမ၊ လှိုင်မြို့နယ်တွင် ကျင်းပပြု လုပ်ခဲ့ရာ သူက ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်းသို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ပုဒ်မ ၁၈ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြဋ္ဌာန်းထားသည့်အတိုင်း အခွင့်အရေးဆိုင်ရာ လှုံ့ဆော်သူများ၊ ငြိမ်းချမ်းရေးအတွက် စီတန်း လှည့်လည် လမ်းလျှောက်သူများနှင့် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်သည့် ကျောင်းသားများကို အမှုဖွင့် အရေးယူခြင်း များ ရှိနေသည်။
လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသည် မြန်မာပြည်တွင် ပထမဆုံး ဆွေးနွေးပွဲဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ပြည်သူလူထု ကြုံတွေ့ ခံစားနေရသော လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများအား ပြည်သူလူထု ကိုယ်တိုင်ပါဝင် အကြံပေး ဆွေးနွေးမှုများ ပြုလုပ်ကာ အစိုးရသိအောင် ထုတ်ပြန်ပေးနိုင်ရန် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြုမှုနေထိုင်သူများ (LGBT Group, Kings & Queens) အဖွဲ့ ကိုယ်စားပြု တက်ရောက်လာသည့် ဦးတင်ကိုကိုက “ကျနော်တို့ကို ဖိနှိပ်ချုပ်ချယ်ထားတဲ့အတွက် ပုဒ်မ ၃၇၇ ကို လုံးဝပယ်ဖျက်ဖို့ တောင်းဆိုသွားမယ်။ လိင်တူချင်း ချစ်ကြိုက် တာဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြောနေကြတဲ့အပေါ် ပြောချင်တာက ကျနော်တို့ ယဉ်ကျေးမှုကို ညစ်နွမ်း အောင် လုပ်တာ မဟုတ်ဘူး။ ယဉ်ကျေးမှုနဲ့ မဆိုင်ဘူး။ ကျနော်တို့ လုပ်နေတာဟာ လူ့အခွင့်အရေး အပြည့်အ၀ ရဖို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကလေးသူငယ် အခွင့်အရေး အခြေအနေ၊ မသန်စွမ်း အခွင့် အရေး အခြေအနေ၊ LGBT အခွင့်အရေး အခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်းခွင့်နှင့် စီတန်းလှည့်လည်ခွင့် အခြေအနေများ၊ အမျိုးသမီး အခွင့်အရေး အခြေအနေ၊ အလုပ်သမားဆိုင်ရာ အခွင့်အရေး အခြေအနေ၊ လယ်သမား ဆိုင်ရာ အခွင့်အရေး အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ အစရှိသည့် ကဏ္ဍ ၈ ခုအား ဦးတည် ဆွေးနွေးခဲ့ကြသည်။
“အလုပ်ရုံ ဆွေးနွေးပွဲရဲ့ အားသာချက်က ပြည်သူလူထု ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ရှိတယ်။ တတ်နိုင်သလောက် အောက်ခြေ အသံကို ရအောင် စုစည်းပြီး အသံတွေကို လွှတ်တော် ကိုယ်စားလှယ်တွေတင် မကဘဲ သမ္မတနဲ့ လူ့အခွင့် အရေး ကော်မရှင်ကို တင်မယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုသည့် အသုံးအနှုန်း ကို ပြောဆိုခြင်းသည်ပင် နိုင်ငံရေးလုပ်သည်ဟု ဆိုကာ လုပ်ဆောင်ခွင့်၊ ဖော်ထုတ် ပြောဆိုခွင့်များကို ကန့်သတ်ခံခဲ့ရ ကြောင်း ဒေါ်နန်းခမ်းယုံက ပြောသည်။
သူက “ဒါဟာနိုင်ငံရေး ဆိုတာထက် လူသားတိုင်းရဲ့အရေး၊ နိုင်ငံရဲ့အရေးလို့ ပြောလို့ရတယ်။ နိုင်ငံတနိုင်ငံကို လူသားတွေ နဲ့ တည်ဆောက်ရမယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ လူ့အခွင့်အရေးကလည်း အရေးကြီးတယ်” ဟု ဆိုသည်။ ထို့ပြင် ကျောင်းသား အခွင့်အရေးများ ဆုံးရှုံးနေခြင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း တက်ရောက်လာသည့် ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ ဒုဥက္ကဌ ကိုဇင်လင်းအောင်က ပြောသည်။ ၄င်းက ဆက်လက်၍ “ကျောင်းသားတွေ အများဆုံး ချိုးဖောက်ခံနေရတာ ကတော့ ရွေးချယ်ပိုင်ခွင့်ပေါ့။ ပညာရေးမှာ ကျနော်တို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ နောက်ပြီး ကျောင်းသားတွေကို ကျောင်းသားလို မဆက်ဆံတဲ့ အတွက် တန်ဖိုးထားမှု၊ ကျောင်းသား ဂုဏ်သိက္ခာ ပျောက်ဆုံးမှု၊ အဲဒီ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်”  ဟု သူ၏ ဆွေးနွေးချက်ကို ရှင်းပြ သည်။
မြန်မာနိုင်ငံတွင် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ပတ်သက်၍ ထင်ရှားသည့် သာဓကမှာ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံး နိုင်ငံပေါင်း ၃၅ နိုင်ငံအနက် အမှတ်စဉ် ၈ နေရာတွင် ရှိသည်။
Irrawadddy
ထားဝယ်မှာ မြေယာအငြင်းပွားမှု များပြား
တနသာင်္ရီတိုင်း ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကြီးတခု ဖွံဖြိုးလာမှုနှင့်အတူ ဒေသခံ အများပိုင် ကုမ္ပဏီများနှင့် ထားဝယ်ဒေသခံများကြား မြေယာပိုင်ဆိုင်မှုများ အငြင်းပွားလာပြီး တိုင်းဒေသကြီးအစိုးရ၊ ကုမ္ပဏီများနှင့် ဒေသခံများကြား ပြဿနာ များစွာ ပေါ်ပေါက်လာနေသည်။ ထားဝယ်ဒေသမှာ မြန်မာနိုင်ငံ မြောက်ဘက် ပိုင်း အက်ဒမန်ပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ကျွန်းစု ၈၀၀ ခန့်တည်ရှိကာ ဖွံ့ဖြိုးလာသော စီးပွားရေးပတ်ဝန်းကျင်နှင့်အတူ မြေယာပြဿနာ အမြောက်အများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ထားဝယ်ဒေသတွင် ပြည်တွင်းကုမ္ပဏီများစွာမှာ ဒေသဖွံဖြိုး ရေးဟု ဆိုကာ မြေယာသိမ်းဆည်မှုများကို ပြုလုပ်လျက်ရှိရာ ဒေသခံများ၏ စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်လျက်ရှိကြောင်း ထားဝယ်ဒေသခံများက ဧရာဝတီသို့ ပြောသည်။
“ဖွံ့ဖြိုးမှုဆိုတဲ့ အသံကြားရင် ကျနော်တို့ ကြောက်နေပြီ။ ကျနော်တို့မှာ စိုက်စရာမြေမရှိတာ့ဘူး။ ယဉ်ကျေး မှုတွေ မရှိတော့ ဘူး။ အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ ချမ်းသာလာတာကို ဒေသဖွံဖြိုးရေးလို့ပြောတာ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး”ဟု ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ ဆရာဇော်သူရက ဧရာဝတီသို့ ပြောသည်။ ထားဝယ်ဒေသ မြေယာသိမ်းဆည်းမှုများ တွင် အများဆုံးပါဝင် ပတ်သက်နေသော “ထားဝယ် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီ”မှာ ဒေသဖွံ့ဖြိုးရေး အကြောင်းပြလျက် ထူထောင်ထားသော ကုမ္ပဏီဖြစ်ပြီး ထားဝယ်သား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အလွန်နီးစပ်မှု ရှိသည်ဟု ဒေသခံများက ယုံကြည်နေကြသည်။
အစိုးရအာဏာပိုင်များနှင့် နီးစပ်မှုရှိကြောင်း ထားဝယ်ဖွံဖြိုးမှု အများပိုင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်နိုင်က ၀န်ခံ သော်လည်း ကုမ္ပဏီမှာ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဏ္ဏ၀ါ လွှမ်းကုမ္ပဏီ ပိုင်ရှင် ဦးခင်စိုး၏ လမ်းညွှန် ချက်နှင့် အညီ ထူထောင်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ “၀န်ကြီးချုပ်ကလည်း ပြော တယ်။ မင်းမြေလာတောင်းရင် ငါမပေးရဲဘူးတဲ့။ မင်းတို့အများပိုင် ကုမ္ပဏီကတော့ ထားဝယ်ဒေသကြီးတခုလုံးကို ကိုယ်စား ပြုတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငါပေးရဲတယ်တဲ့။ ဒီအချိန်မှာ မင်းတို့ကို မပေးရင် ငါဘယ်သူ့ကို သွားပေးရမလဲတဲ့” ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။ ထားဝယ်ဖွံဖြိုးမှု အများပိုင် ကုမ္ပဏီအနေဖြင့် ထားဝယ်ဒေသတွင် လေကြောင်းလိုင်း၊ 3 Star ၊ 4 Star ဟိုတယ် ၊ သတ္တုတွင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ ၊ နိုင်ငံတကာ အဆင့်မီ Shopping Mall ၊ ဂေါက်ကွင်း ၊ မောင်းမကန် ကမ်းခြေအပန်းဖြေ ဘန်ဂလိုများ ၊ စိုက်ပျိုးရေး လုပ်ငန်းများကို အမေရိကန် ဒေါ်လာ သန်းချီ ရင်းနှီးမြှုပ်နှံ၍ စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဟု ထားဝယ်ဖွံဖြိုးမှု အများပိုင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်နိုင် က ပြောသည်။
“ ဂေါက်ကွင်းဆိုရင် ပြီးနေပြီ။ မဖွင့်ရသေးဘူး။ ကမြောကင်းတံတားထိပ်မှာ Shopping Mall ကြီးတခု စဆောက်နေ ပါတယ်။ လာမယ့်နှစ် ၈ လပိုင်းလောက်မှာ ဖွင့်နိုင်အောင် ကြိုးစားနေတယ်။ အမေရိကန် ဒေါ်လာ ၃ သန်းရင်းနှီးမြှပ်နှံ ထားတယ်။ မောင်းမကန်မှာတော့ ဘန်ဂလိုတွေ စဆောက်ပြီးသွားပြီ။ 3 star ၊ 4 star က Plan ပြီးသွားပြီ။ ခန့်မှန်းဧည့် သည် ၂၀၀ တည်းနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဇန်န၀ါရီလဆန်း လောက်မှာ ပန္နက် စရိုက်မှာပါ။ ဘန်ဂလိုလေးကတော့ လူ ၅၀ လောက်တည်းလို့ ရနိုင်တယ်။ ကျနော်တို့က ရေနက်ဆိပ်ကမ်း အခြေအနေလေးကြည့်ပြီး လှုပ်ရှားနေရတာ။ အခု ကျနော်တို့က မြေနေရာတွေယူထားပြီး ဘာလို့ လုပ်ငန်းမစသေးတာလဲဆိုတဲ့ ဝေဖန်မှုတွေရှိတယ်။ တချို့ Plan တွေက လုပ်ပြီးပြီ။ ဒေသ အခြေအနေကို ကြည့်ပြီး မဖွင့်ဘဲ စောင့်နေရတာမျိုးတွေလည်း ရှိတယ်”ဟု ဦးရဲထွဋ်နိုင်က ပြောသည်။ 
ထားဝယ် ဖွံဖြိုးမှု အများပိုင်ကုမ္ပဏီ တည်ထောင်သူလည်းဖြစ် အဏ္ဏ၀ါလွှမ်းကုမ္ပဏီပိုင်ရှင် ဦးခင်စိုးမှာ ထားဝယ်သားတဦး ဖြစ်ပြီး ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးနှင့် ပူးပေါင်းပြီး စီးပွားရှာဖွေခဲ့သော ငါးဖမ်းလှေများစွာ ပိုင်ဆိုင်သော “ခရိုနီ”တဦး ဖြစ်ကြောင်း၊ ထို့နောက် ထားဝယ်ဒေသသို့ လာရောက်ကာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ တခုထောင်ကာ မြေယာ သိမ်းဆည်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း ထားဝယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူ ဒေါက်တာသန်းဝင်းက ဧရာဝတီသို့ ပြောသည်။ “ဦးခင်စိုးနဲ့ ဒီကလူတွေ အရင်က အဆက် အစပ် သိပ်မရှိလှဘူး။ ဒီမြို့ပေါ်က သူဌေးတွေ ဖြစ်တဲ့ ဦးရဲထွဋ်နိုင်၊ ဦးယုစိန်၊ ဦးဇော်လင်း၊ ဦးသန်းစိန် တို့က အများပိုင် ကုမ္ပဏီဆိုတော့ အများအကျိုးလုပ်ရမယ်ဆိုပြီး အဟုတ်မှတ်လို့ ၀င်သွားကြတယ်။ လယ်သမားတွေက သူတို့မြေတွေ ပြန်ပေးဖို့တောင်းဆိုတော့ ထားဝယ်က သူဌေးတွေ တော်တော်စိတ်ထိခိုက် သွားကြတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်ကုန်တယ်”ဟု ဒေါက်တာ သန်းဝင်းက ပြောသည်။
ထားဝယ်ဖွံဖြိုးမှု အများပိုင်ကုမ္ပဏီက မောင်းမကန်ကမ်းခြေအနီးတွင် သစ်တောကြိုးဝိုင်း အပါအ၀င် မြေဧက ၃၂၀ ကျော်ကို ဒေသ ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် သစ်တောဦးစီးဌာနသို့ ကျပ်သိန်း ၂၀၀ ကျော်သွင်း၍ လုပ်ပိုင်ခွင့်ရရှိခဲ့ ကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းပိုင်မြေများမှာ အခမဲ့ လုပ်ပိုင်ခွင့်ရှိထားကြောင်း သိရသည်။ ယင်း သစ်တောကြိုးဝိုင်း ဒီရေတောကို အားပြု၍ စားဝတ်နေရေး ဖန်တီးနေရသော ကြိုးဝိုင်းအနီးရှိ မောင်းမကန်ရွာနှင့် ကဗွီးနှစ်ပင်ရွာတို့မှ ဒေသခံ များ၏ လူမှုစီးပွားရေးဘ၀များကို လွန်စွာထိခိုက် ပြောင်းလဲသွားစေကြောင်း မောင်းမကန်ရွာသား ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။ “အရင်က ဒီတောထဲမှာ သီဟိုသီးခူး၊ ထင်းရှာ၊ သားငါး၊ ဖား ၊ ပုဇွန် အကုန်ဝင်ရှာလို့ ရတယ်။  အခုကုမ္ပဏီက ခြံစည်းရိုးအပြည့်ခတ်လိုက်တော့ ရွာသားတွေက ၀င်မရှာ ရဲတော့ဘူး။ ဒေသအာဏာပိုင်တွေကလည်း ကုမ္ပဏီဘက်ကို ပါတယ်လို့ ကျနော်တို့က ယုံကြည်တယ်”ဟု ဦးထွန်းကြည်က ဆိုသည်။ ယင်းသစ်တောကြိုးဝိုင်းနှင့် ကပ်လျက်ရှိသော မောင်းမကန်ဒေသအပိုင် ကဗွီးနှစ်ပင်ရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး လူ ၃၀၀ ခန့်နေထိုင်လျက်ရှိရာ ယင်းရွာသို့ ဧရာဝတီ သတင်းဌာနက သွားရောက်သတင်းရယူခဲ့ရာ ရွာသားများ စုဝေးစဉ် မောင်းမကန်ကျေးရွာ အုပ်ချုပ် ရေးမှူးက အများနှင့် ဆိုင်သော ဘုရားဝတ်ပြုသည့် နေရာကိုခွင့်မပြုခဲ့သောကြောင့် အနီးရှိ မြေကွက် လပ်တွင် ပြုလုပ်ခဲ့ရ သည်။
ယင်းနေရာသို့ ဒေသခံအာဏာပိုင်တချို့အပါအ၀င် အရပ်ဝတ်ရဲများပါရောက်ရှိလာပြီး စောင့်ကြည့် မေးမြန်းမှုများ ပြုလုပ် ခဲ့ပြီး နောက်အကြိမ်များတွင် သတင်းရယူလိုပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးရန် မောင်းမကန်နယ်ထိန်းက လာရောက်ပြောဆိုသည်။ “ကျနော်တို့ရွာသားတွေ အားလုံး ဒီရေတောလေးကို အမှီပြုနေရတာ။  ကုမ္ပဏီက ရွာမှာ ဆရာမ နှစ်ယောက် လာငှားပေးထား တာက လွဲရင် ဘာအကူအညီမှ မပေးပါဘူး။ ကုမ္ပဏီကို သွားပြောတော့ ရွာလူကြီးတွေကို သိန်း ၂၀၀ ကျော်အပ်ထားတယ်ပြောတယ်။ ကျနော်တို့ တပြားမှ မရပါဘူး”ဟု ကဗွီးနှစ်ပင်ရွာသား ကိုလှဝင်းက ပြော သည်။ “ကုမ္ပဏီက ကျမတို့ကို တဲအသစ်ဆောက်တာမျိုး ခွင့်မပြုတော့ဘူး။ ဘယ်တော့ ဖယ်ခိုင်းမလဲတော့ မသိသေးဘူး။ ဒီမှာနေလို့မရရင်တော့ နေစရာရော၊ စားစရာပါ မရှိတော့ဘူး။ အခုတော့ ကနန်းလေး ပုဇွန်လေး ဖမ်းရောင်းနေတာ စားလောက်တယ်”ဟု သစ်တော်ကြိုးဝိုင်း ဒီရေတောထဲတွင် ၁၀ နှစ်ခန့်နေ ထိုင်ခဲ့သူ ကလေး ၅ ယောက်အမေ ဒေါ်စန်းဌေးက ပြောသည်။ မောင်းမကန်ဒေသတွင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများအတွက် ကျပ်သိန်း ၆၀၀ ကျော် ပံ့ပိုးပေးထားပြီး  ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါက ဒေသခံများကို ဦးစားပေးမည် ဖြစ် ကြောင်း ဦးရဲထွဋ်နိုင်က ပြော သည်။
 “ထားဝယ်လူမျိုးက သစ်ပင်စားပင်စိုက်ပြီးတော့ ရိုးရိုးသားသားနေလာကြတယ်။ သို့သော် စီးပွားရေးအပြောင်းအလဲ ဖြစ်တဲ့အခါမှာ ခေတ်သစ်စီးပွားရေးနဲ့ နီးစပ်တဲ့လူငယ်တွေက ဒီအပြောင်းအလဲကို ၀င်ချင်တယ်။ ကျနော်တို့ မ၀င်လဲ ပြည်မက စီးပွားရေးသမားတွေ။ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာမှာပဲ။ အခုဒေသခံတွေ ဖားရှာ ငါးရှာပြီး ဆင်းရဲနေကြတယ်။ ခေတ်ပြောင်းသွားတဲ့အခါမှာ ဖားရှာ ငါးရှာပြီး ကျန်ခဲ့လို့မရတော့ဘူး။ ကျနော်တို့က သူတို့ကို ဆင်းရဲတွင်း ဆွဲတင်နေတာကို မြင့်တယ်ဆိုပြီး ခုန်ချနေကြတာ။ ကျနော်တို့ ထားဝယ်ပြဿနာက ဘာနဲ့တူ လဲဆိုရင် အရမ်းချမ်းသာတဲ့ သူဌေးကြီးနဲ့ သူ့ညီမ ထမိန်လျှော်တဲ့ သူဆင်းရဲမ ဇာတ်လမ်းလိုပဲ။ သူဌေးကြီးက အရမ်းချမ်း သာပေမဲ့ သူ့ညီမက ထမိန်လျော်နေတော့ ဘယ်လိုမှ မသင့်တော့ဘူး။ ညီမဖြစ်သူကလည်း တနေ့လုပ် တနေ့စား ရတာကို ပျော်မွေ့နေပြီ။ ထားဝယ်ပြဿနာက ဒါပဲ”ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။
ထားဝယ်ဒေသအရှေ့ဘက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသများတွင် ကုမ္ပဏီများစွာက နေပြည်တော် အစိုးရထံမှ ထောက်ခံချက်များဖြင့် မြေပိုင်ဆိုင်ကြောင်း လာရောက်ရယူမှု များပြားလာသည့်အတွက် မြေယာရောင်းဝယ်ခွင့် လုံးဝခွင့်မပြုတော့ဘဲ မြေယာအရောင်းအ၀ယ်များကို KNU က ထိန်းချုပ်ထားသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ ဗိုလ်ကြီးတဦးက ဧရာဝတီသို့ ပြောသည်။
“ နေပြည်တော် ခွင့်ပြုချက်ပါတယ်ဆိုပြီး ထောက်ခံစာမျိုးစုံနဲ့ မြေယူဖို့ ရောက်လာတဲ့သူတွေ အများကြီးပဲ။ ဒီမှာ စီးပွားရှာ ချင်နေကြတယ်။  အဲဒီမှာ ဒေသခံတွေနဲ့ ပြဿနာတွေ တက်လာတော့ ကျနော်တို့မြေအရောင်းအ၀ယ် မလုပ်ခိုင်းတော့ဘူး။ သူတို့တွေ စီးပွားရေး လာလုပ်မှ ကျနော်တို့ ဒေသခံတွေ ပိုဆင်းရဲလာတယ်”ဟု ယင်းပုဂ္ဂိုလ်က ပြောသည်။
Irrawaddy
မိကျောင်းကန် သပိတ်စခန်းကိစ္စ လိုအပ်ပါက နိုင်ငံတော်ကို တရားစွဲဆိုမည် ဟုဆို
မိကျောင်း ကန်သပိတ်စခန်းနှင့် ပတ်သက်ပြီး လိုအပ်ပါက နိုင်ငံတော် ကို တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးသီး ဇွန်က ထုတ်ဖော်ပြောကြားလိုက် သည်။ မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ် ထားမှု ၁၃ရက်မြောက် နေ့ကိုရောက်ရှိလာသည့် ၁၉၉၁ခု နှစ်က ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူ ထားသည်ဆိုသော ယခင် မိကျောင်းကန်အပိုင်း (၁)၊ (၂)၊ (၃)မှ နေထိုင်သူများကို ဦးမိုးသီး ဇွန်က ဒီဇင်ဘာ ၈ရက်တွင် လာ ရောက်တွေ့ဆုံခဲ့ပြီးနောက် ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မိကျောင်းကန်သပိတ်စ ခန်းဖွင့်လှစ်ထားမှုအပေါ် အစိုး ရအနေဖြင့် ဥပဒေဘောင်အတွင်း မှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန်ပြောဆိုသွားမည်ဖြစ် ကြောင်း သိရသည်။ 
ဦးမိုးသီးဇွန်က ''ဒီကိစ္စက မတရားမှုဆိုတာကို အားလုံးသိ အောင်ပြောမယ်။ အစိုးရအနေ နဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းဖို့ ပြောဆိုသွားမယ်''ဟုပြောသည်။ ယင်းကဆက်လက်ပြီး လူ ထုကိုမြေနေရာများ ပြန်လည် ပေး အပ်ရန်အတွက်လည်း တာဝန်ရှိ သူများထံ တောင်းဆိုပေးသွား မည်ဟု သိရသည်။ မိကျောင်းကန်သပိတ်စခန်း မှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ဇော်ထွန်းက ''ကျွန်တော်တို့ကို မ နက်ဖြန်အထိပဲ အချိန်ပေးထား တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မှာ ဒီနေ့တစ်ညပဲ အချိန်ရတော့ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က မေတ္တာဘာဝနာပဲ ပွားများနေ ပါတယ်'' ဟုပြောသည်။ 
တိုင်းပြည်တွင် မြေသိမ်းမှုများသည် နေရာအနှံ့ဖြစ်ပေါ် နေကြောင်း၊ တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ အစိုးရအ လုပ်မှာ အကြမ်းဖက်ရမည်မ ဟုတ်ဘဲ မြေနေရာများ ပြန်ပေးရ မည်ဖြစ်ကြောင်း ဦးမိုးသီးဇွန်က အကြံပြုပြောကြားသည်။
ဦးမိုးသီးဇွန်က ''ဒီမြေတွေ ကို ပြန်ပေးလိုက်မယ်ဆိုရင် အစိုးရက ပြည်သူကိုပျော်ရွှင်အောင် လုပ်ပေးလိုက်တာပဲ'' ဟုပြော သည်။ ဆန္ဒထုတ်ဖော်သူများအနေ ဖြင့်လည်း မိမိလိုလားချက်ကိုငြိမ်း ချမ်းစွာတောင်းဆိုရန်နှင့် အစိုးရ အနေဖြင့်လည်း ယခုကိစ္စရပ်များ သည် သူပုန်ထနေခြင်းမဟုတ်သည့် အတွက် အကြမ်းဖက်မှုများမလုပ် သင့်ကြောင်း မေတ္တာရပ်ခံခဲ့သည်။ ယင်းအနေဖြင့် အစိုးရမ ဟုတ်သည့်အတွက် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် သူများကို မည်သို့မျှမလုပ်ပေး နိုင်ဘဲ တစ်ကမ္ဘာလုံးသိစေရန် ပြောဆိုသွားမည်ဖြစ်ကြောင်း ဦး မိုးသီးဇွန်က ပြောသည်။ မိကျောင်းကန်သပိတ်စ ခန်းဖွင့် လှစ်ထား သည်မှာ ယနေ့ ဆိုလျှင် ၁၃ရက်မြောက်ရှိနေပြီ ဖြစ်သည်။ ဒီဇင်ဘာ ရရက်က တပ်မတော်စည်ပင်(မင်္ဂလာဒုံ)မှ ဝန်ထမ်းများက ဘုရားခြံစည်းရိုး ဝင်ရောက်ခတ်ရာမှ ပဋိပက္ခဖြစ် ခဲ့ပြီး အမျိုးသမီးကိုးဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
Yangon Media Group
ရှမ်းပြည်နယ်မြောက်ပိုင်း ပါဂျောင်လူသတ်မှု တရားခံအဖြစ် စွပ်စွဲခံရသူ ဦးသံချောင်းအား နိုင်ကျဉ်းအဖြစ် သတ်မှတ်ရန် စိစစ်နေ
ရှမ်းပြည် မြောက်ပိုင်း ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုကိစ္စတွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရ သူဦးသံချောင်း အား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ပေးရန်စိစစ်လျက်ရှိကြောင်း လက် ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်များက ပြောသည်။ ယခုလက်ရှိတွင် ဦးသံချောင်း အမှုများနှင့်ပတ်သက်၍ သေ ချာစွာစိစစ်လျက် ရှိကြောင်း ကို ဒီဇင်ဘာ ရရက်က မြန်မာ့ငြိမ်း ချမ်းရေးစင်တာ၌ကျင်းပသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေး အပြီးတွင် AAPP အဖွဲ့မှ ဦးဘို ကြည်က ပြောသည်။ 
''ကိုသံချောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးဘက်က လဲ စဉ်းစားမယ်။ ပြီးတော့ သူ့ ကြောင့် ဘယ်သူတွေ ဘယ်လောက် အထိ နစ်နာမှုရှိလဲဆိုတာတွေလဲ ထည့်စဉ်းစားမယ်။ သူ့မှာက နှစ်ဘဝရှိတယ်။ ABSDF ပါဂျောင်မှာဖြစ်ခဲ့တဲ့ကိစ္စရောပေါ့'' ဟု ဦးဘိုကြည်က ပြောသည်။ ဆက်လက်၍ ''ကျွန်တော့် တစ်ဦးတည်းအမြင် ပြောရမယ်ဆို ရင် သူ့ကို အပြင် မှာ ဖြေရှင်း ခွင့် ပေးဖို့အတွက် သူလွတ်ဖို့လိုတယ်။ အဲဒီတော့မှ သူဖြေရှင်းလို့ရမယ်။ ထောင်ထဲမှာရှိနေမယ်ဆိုရင် တော့ သူဖြေရှင်းလို့ရ မှာမဟုတ် ဘူး။ သူလုပ်ခဲ့တဲ့ကိစ္စအတွက် သူ တာဝန်ယူရမယ်''ဟု ယင်း၏အ မြင်ကိုပြောသည်။ ဦးသံချောင်းကို ၎င်း၏ဌာန ချုပ်ဖြစ်သော SSA, RCSS/SSA နှင့် SNLD တို့မှ နိုင်ငံရေး အကျဉ်းသားအဖြစ် ထောက်ခံ ချက်ပေးထားခြင်းဖြစ်ပြီး လက် ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးရှုထောင့် မှကြည့်မြင်၍ နိုင်ငံရေးအကျဉ်း သားဟုတ် မဟုတ်ကို စိစစ်နေ ခြင်းဖြစ်သည်။ 
SNLD မှ ဦးစိုင်းညွန့်လွင် က ''သူ(သံချောင်း)က လက်နက် ချပြီးအလင်းဝင် လာတာ။ ပြီး တော့ အဖမ်းခံရတယ်။ သူအဖမ်း ခံရတာကလဲ နိုင်ငံရေးပုဒ်မ ပါ တယ်။ ဒါကြောင့် ကျွန်တော်က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်''ဟုပြောသည်။ ဦးသံချောင်း၏ဖြစ်စဉ်များ နှင့် ပတ်သက်၍လည်း ခွဲခြားရှု မြင်ရန်လိုကြောင်း၊ ယခုကိစ္စသည် ပါဂျောင်ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိဘဲ RCSS နှင့်သက် ဆိုင်သော ကိစ္စသာဖြစ်ပြီး သမ္မတအနေဖြင့် လည်း အမျိုးသားပြန်လည် သင့် မြတ်ရေး ဦးတည်ချက်ဖြင့် သာ မြင်စေလိုကြောင်း ယင်းက သုံး သပ်ပြောသည်။ ဦးသံချောင်းသည် ပုဒ်မ ၁၂၂/၁၊၃၀၂ စသည့်အမှုများ ဖြင့် ထောင်ဒဏ် တစ်သက်တစ် ကျွန်းများ၊ သေဒဏ်များချမှတ် ခံထားရခြင်းဖြစ် သည်။ ဦးစိုင်းညွန့်လွင်က ''အခု လို သူ ထောင်ထဲမှာပဲရှိနေတော့ သူ့ကိုစွပ်စွဲထားတဲ့ကိစ္စကို ပြန် ဖြေရှင်းနိုင်ဖို့ အခွင့်အရေးမရှိ ဘူးဖြစ်နေ တယ်''ဟုသုံးသပ်ပြော သည်။ ယခုအချိန်တွင် ပါဂျောင် လူသတ်မှုကိစ္စနှင့်ပတ်သက်၍ CID အဖွဲ့မှလိုက်လံ စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Media Group
ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်နှစ်ဦး - သမ္မတဦးသိန်းစိန် (မြန်မာ) နှင့် ဥက္ကဋ္ဌ ငုယင်ဗင်လင့် (ဗီယက်နမ်)
တိုင်းပြည်ကြီး ပျက်စီးယိုယွင်း လာသည်ကို ပြုပြင် ပြောင်းလဲလိုသူ များက ၁၉၈၆ ကွန်မြူနစ်ပါတီ ကွန်ဂရက်ကြီးတွင် အစိုးရ အဟောင်းကို အသစ်နှင့် အစားထိုးလိုက်သည်။ အသက် ၇၁ နှစ် အရွယ်ရှိသော ငုယင်ဗင်လင့်ဆိုသူ ပါတီအကြီးအကဲ ဖြစ်လာပါသည်။ ထိုမှစပြီး အရှေ့တောင်အာရှ နိုင်ငံမှ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု များဖြင့် ဒီမိုကရေစီ စနစ်ကို လုပ်ဆောင်ခဲ့သည်။
Doi Moi အင်္ဂလိပ် စကားလုံး Renovation ဟု အဓိပ္ပာယ်ရှိသည့် ပြုပြင် ပြောင်းလဲမှုတွင် လေးနှစ်အတွင်း ဥရောပါ၊ အမေရိ ကတို့နှင့် ဆက်ဆံရေး ပြန်လည် ရရှိခဲ့သည်။ စက်မှုလယ်ယာ၊ ကုန်ထုတ်လုပ်ငန်း အများတွင် တစ်ဟုန်ထိုး တိုးတက်ခဲ့ သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုး စွဲနေသော အကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေး သွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက် ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွား ပြန်လည် တိုးတက် လာသော်လည်း မှန်းသလောက် ဖြစ်မလာသေးပါ။
ငုယင်ဗင်လင့် ၁၉၉၁ မှာ ကျန်းမာရေးအရ အနားယူသွားပြီး ဗီယက်နမ်ရဲ့ ပြုပြင်ပြောင်းလဲမှု ပြဿနာများကို ဆက်လက် ပြောဆို ရေးသားခဲ့သည်။ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာခြားလွန်းခြင်း၊ အမေရိကန် ကုမ္ပဏီများက ဗီယက်နမ်များကို နည်းပညာ မပေးဘဲ၊ အမေရိကန် ရောင်းမကုန်ပစ္စည်း တွေပဲ လာပုံချ သွားခြင်းများကို အပြစ်တင် ရေးသားခဲ့သည်။ ဗီယက် နမ် ခေါင်းဆောင်များ ကြားတွင် ခြစားမှု၊ အာဏာ အလွဲသုံးမှုများ ဖြစ်လာပြန်သည်ကို ခေါင်းဆောင်ဟောင်းကြီးက ထောက်ပြခဲ့သည်။
Nguyen Van Linh (ငုယင်ဗင်လင့်) ကို ယခုမြန်မာနိုင်ငံ အစိုးရသစ်၏ သမ္မတဦးသိန်းစိန်နှင့် ခိုင်းနှိုင်း လိုပါသည်။ ၁၉၈၆ တွင် ဗီယက်နမ်တွင် ဆင်းရဲမွဲတေလှမှုကြောင့် ပြုပြင် ပြောင်းလဲရန် ပြည်သူနှင့် ကွန်မြူနစ်ပါတီက တွန်းအားပေးလာသည်။ သမားရိုးကျ ကွန်မြူနစ် ခေါင်းဆောင် Truong Chinh မှာ အသက် ၈၀ တွင် အနားယူသွားပြီး ခေါင်းဆောင်သစ် Nguyen Van Linh (ငုယင်ဗင်လင့်) ၇၁ နှစ် ပြုပြင် ပြောင်းလဲမှုကို ခေါင်းဆောင်ခဲ့သည်။ ယခု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လုပ်ဆောင်သကဲ့သို့ အရှေ့၊ အနောက်၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံ အားလုံးနှင့် ပြန်လည် ဆက်ဆံနိုင်ခဲ့သည်။ ပြည်သူပိုင်များကို ပုဂ္ဂလိကပိုင် ပြောင်းလဲသည်။ ငွေကြေးစနစ် တည်ထောင်သည်။ မှောင်ခို ငွေမည်း ဈေးကွက်ကို ဖျက်သိမ်းနိုင်သည်။ အထူးခြားဆုံးမှာ ငြိမ်းချမ်းရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က ဗီယက်နမ်သည် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် စစ်တပ် စေလွှတ် ထိန်းချုပ်ထားသည့် အတွက် စစ်စရိတ် အလွန်ကြီးလှသည်။ ထိုနှစ်နိုင်ငံမှ ဗီယက်နမ် စစ်တပ်ကို ပြန်လည် ရုပ်သိမ်းနိုင်ခဲ့သည်။ ဗီယက်နမ် လူမျိုးကြီး ဝါဒီများက မကျေနပ်ကြပါ။ ထိုလူစုသည် လက်ရှိ ကွန်ဂရက်တွင်လည်း ကြီးမားသော အတိုက်အခံအုပ်စု ဖြစ်နေပါသည်။ ငုယင်ဗင်လင့်သည် သမ္မတဦးသိန်းစိန် ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုဥပဒေ၊ ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ဥပဒေများကို ဗီယက်နမ် ကွန်ဂရက်တွင် ပြဋ္ဌာန်း အတည်ပြု အကောင်အထည် ဖော်ခဲ့သည်။
သို့သော် ခေါင်းဆောင် ငုယင်ဗင်လင့်သည် သန့်ရှင်းသော အစိုးရ ဖြစ်အောင်၊ ခြစားမှုများ၊ အာဏာ အလွဲသုံးစားမှုများ လုပ်နေသော သမားရိုးကျ အရိုးစွဲနေသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အပြစ်တင် တိုက်ခိုက်မှု များစွာ ကို ပြုလုပ်ခဲ့သည်။ ထိုအုပ်စုကလည်း ငုယင်ဗင်လင့်၏ ပေါ်လစီများကို နည်းမျိုးစုံနှင့် တိုက်ခိုက်ကြသည်။ သို့သော် ငုယင် ဗင်လင့်သည် ပန်းပန်လျက်ပင် ဖြစ်သည်။ အတိုက်အခံ ခေါင်းမာသူ၊ သမားရိုးစွဲ အုပ်စုကလည်း ကွန်ဂရက်တွင် ဆက်လက် ရှိနေသည်။ ယခု မြန်မာပြည်တွင် ဖြစ်သကဲ့သို့ အာဏာနှင့်ငွေရှိသော ခရိုနီများနှင့် နိုင်ငံခြား ငွေကြေး ရှိသူများက နိုင်ငံရေး ခေါင်းဆောင်ဘဝမှ စီးပွားရေး သူဌေးကြီးများ ဘဝသို့ ပြောင်းလဲကြသည်။ ဗီယက်နမ်တွင် နိုင်ငံခြား ကုမ္ပဏီများစွာ လာရောက် ရင်းနှီးမြှုပ်နှံကြရာတွင် ယခု မြန်မာပြည်တွင် ဖြစ်နေသကဲ့သို့ အာဏာပိုင်များနှင့် ပေါင်းပြီး ဝန်ထမ်းများ ခြစားမှု အကြီးအကျယ် ဖြစ်ပေါ်လာသည်။
ခေါင်းဆောင် ငုယင်ဗင်လင့်၏ ရိုးသား ဖြောင့်မတ်မှုဖြင့် ပေါ်လစီများကို အကောင်းဆုံး ဖြစ်အောင် ချပေးထားသည်။ ၁၉၉၀ ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို နောက်ထပ် သက်တမ်း ခေါင်းဆောင် မလုပ်တော့ဘူးဟု ကြေညာခဲ့သည်။ ပြောသည့်အတိုင်း ခေါင်းဆောင်ရွေးပွဲ တွင် သူမပါဘဲ ခေါင်းဆောင်သစ်ကို ကွန်ဂရက်မှ လွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ ၁၉၉၁ ကွန်ဂရက်က ပြုပြင် ပြောင်းလဲမှု ဘက်တော်သား Đỗ Mười ကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခဲ့သည်။ ငုယင်ဗင်လင့်သည် ၁၉၉၇ ခုအထိ ပါတီ ဗဟိုကော်မတီ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၇ အရှေ့တောင်အာရှ စီးပွားကပ်ကာလ သူ့နောက် တက်လာသော Đỗ Mười သည်လည်း ပြုပြင် ပြောင်းလဲရေး သမားပင် ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး များလည်း နှေးကွေးသွားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံကဲ့သို့ အတိုက်အခံများကို ကွန်ဂရက်ပါတီတွင် ပါဝင်စေသည့် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို အာဏာကိုင်စွဲသူ ကွန်မြူနစ် များက ခွင့်မပြုခဲ့။ နိုင်ငံရေး အတိုက်အခံများ ပြည်တွင်း၊ ပြည်ပအားလုံးကို နှိပ်ကွပ်မှု ဆက်လက် လုပ်ဆောင်ခဲ့သည်။ သို့သော် သတင်းစာ လွတ်လပ်ခွင့်၊ မီဒီယာနှင့် ဝေဖန်ပြောဆို၊ ရေးသားမှုများကို ခွင့်ပြုကြသည်။ မြန်မာပြည်တွင်လည်း ၁၉၉၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ စသည်တို့ဖြင့် တိုင်းပြည် စီးပွားမော့လာခဲ့သည်။ သို့သော် ၁၉၉၈ တွင် အရှေ့တောင် အာရှစီးပွားကပ် နှင့်အတူ မြန်မာပြည် အာဏာရှင် စနစ်ဟောင်းသို့ ပြန်ရောက် သွားခဲ့သည်။ ၁၂ နှစ်တိုင် အောင် အဆင်းရဲဆုံးနှင့် အခက်ခဲဆုံး စစ်အာဏာရှင် စနစ်အောက် အမှောင်ထု ဆက်လက် လွှမ်းမိုးခံရသည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၉၉၈ ခုနှစ် အရှေ့တောင်အာရှ စီးပွားကပ် နောက်ပိုင်းတွင် ဗီယက်နမ် ပြုပြင်ပြောင်းလဲမှု တစ်ဟုန်ထိုး လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရောက် ဗီယက်နမ်များ ပြန်လာရေး အတွက် ပေါ်လစီများ ချမှတ် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ငုယင်ဗင်လင့် အကြံပေး အရာရှိအဖြစ်မှ အငြိမ်းစား ယူသည့် ၁၉၉၇ မှ သူကွယ်လွန်သည့် ၁၉၉၈ ဧပြီအထိ ခေါင်းဆောင်ဟောင်းကြီး မကျေနပ်မှုများကို ရင်ဖွင့်ခဲ့သည်။ (၈) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ဆိုးများကို ပွင့်လင်းစွာ ဝေဖန် ပြောကြားခဲ့သည်။ လွတ်လပ် နေပြီ ဖြစ်သော ဗီယက်နမ် မီဒီယာ၊ သတင်းစာများတွင် စိတ်ဓာတ် မြင့်မြတ်မှု လိုအပ် ကြောင်း ဆောင်းပါးများ အဆက် မပြတ် ရေးသားခဲ့သည်။ ရေဒီယို၊ တီဗီ၊ စာစောင် များတွင် ခုတ်ရာတခြား၊ ရှရာတခြား၊ မိမိတို့ရေးခဲ့သည့် ပေါ်လစီများမှာ လက်တွေ့ မအောင်မြင်ဟု ပြောခဲ့သည်။ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင် ခြစားသူများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ငွေရှင်များ ပူးပေါင်း လုပ်စားမှုများကို ‘Things That Must Be Done Immediately’ ဟု အခန်းကဏ္ဍတစ်ခု ဖွင့်ကာ သေသည့်တိုင်အောင် ဆောင်းပါးများ ရေးသားသွားခဲ့သည်။ (တရုတ် ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် ... တိန့်ရှောင်ဖိန်မှာ အောင်မြင်ခဲ့သည်။ ချက်ကိုစလိုဗက်က ဗားကလပ်ဟာဗဲလည်း အောင်မြင်ခဲ့သည်။ ကိုးရီးယားသမ္မတ ပတ်ချုံဟီးလည်း လုပ်ကြံ ခံခဲ့ရသော်လည်း ပြုပြင် ပြောင်းလဲမှုများ အောင်မြင်ခဲ့သည်)။
ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ငုယင်ဗင်လင့် ကွယ်လွန်ခဲ့ပြီ။ သူကွယ်လွန်ပြီးချိန်တွင် တရုတ်ပြည်ကြီးသည် တစ်ဟုန်ထိုး ထိုးတက်လာပြီး တရုတ်စီးပွားရေး သမားများနှင့် ဗီယက်နမ် ခရိုနီ၊ မိုနိုပိုလီ၊ အာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ မြစ်ဆုံ စီမံကိန်း၊ မြန်မာ လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ ပရောဂျက် များစွာကို (ပွင့်လင်းမြင်သာမှု မရှိဘဲ) လုပ်ခဲ့ကြသဖြင့် တိုင်းပြည်များစွာ နစ်နာခဲ့သည်။ မြန်မာပြည် ကဲ့သို့ပင် တရုတ်လက်နက် များစွာကို ဝယ်ယူခဲ့ပြီး ကြာကြာမခံ၊ သင်ခန်းစာများစွာ ရခဲ့သည်။ ယခုအခါ ဗီယက်နမ် ပြည်သူများသည် တရုတ် လုပ်ငန်းရှင်များကို အထူး သတိထား၊ ဆန့်ကျင်သော်လည်း ဗီယက်နမ် အစိုးရကမူ မလွန်ဆန်နိုင်ဆဲပင် ဖြစ်သည်။ ဗီယက်နမ်တွင် စက်မှု၊ စားကုန်လုပ်ငန်းများ တည်ထောင်ခဲ့သည့် ထိုင်းလုပ်ငန်းရှင် များစွာ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမျိုးသမီး များစွာရှိသော ဗီယက်နမ် လူဦးရေ သန်း ၁၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။ ဗီယက်နမ်သည် တရုတ်နှင့် စစ်ရေး ပူးတွဲ လုပ်ဆောင်မှုများ မရှိသကဲ့သို့ အမေရိကန်နှင့် ပြင်သစ် ကိုလိုနီများကိုလည်း အတိတ်ကြောင့် မယုံပါ။ သယံဇာတ ကြွယ်ဝလှသော (မြန်မာပြည်ထက် နှစ်ဆကြီးမားသည့်) ကမ်းလွန်ရေနံ၊ ဓာတ်ငွေ့လုပ်ငန်း များကို ရုရှားနှင့် အများဆုံး ပူးပေါင်း စီးပွားလုပ်ကိုင်သည်။ အထူးသဖြင့် ဗီယက်နမ် စစ်တပ်နှင့် စက်မှုလုပ်ငန်း ပညာတော်သင် ၉၀ ရာခိုင် နှုန်းမှာ ရုရှားပြည်သို့ သွားရောက် ဆည်းပူးနေသည်အထိ ရုရှား-ဗီယက်နမ် ချစ်ကြည်ရေး ကောင်းလှနေပါသည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်လည်း သူ့သက်တမ်း လေးနှစ်တွင် ပေါ်လစီများကို အကောင်းဆုံး ချပေးထားပြီဟု ဂုဏ်ယူ စွာဖြင့် မိန့်ခွန်းများ ပြောပါသည်။ နောက် သမ္မတ အစိုးရ သက်တမ်းကို မည်သူရမည် မသိနိုင်သေးသော်လည်း၊ နောက် သက်တမ်းတွင် ဗီယက်နမ်ကဲ့သို့ အရိုးစွဲနေသော နောက်ကြောင်း ပြန်လှည့်လိုသည့် စီးပွားရေး ခရိုနီအုပ်စုကို မဖယ်ထုတ် နိုင်သေးလျှင် ခက်မည်။
၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး ငုယင်ဗင်လင့် ကဲ့သို့ သတင်းစာများတွင် မကျေမနပ်နှင့် ဆောင်းပါးများ ရေးနေပါလိမ့်မည်။ သမ္မတဦးသိန်းစိန် ရေးခဲ့သမျှ ဥပဒေ အားလုံးလည်း ဗီယက်နမ် နိုင်ငံကဲ့သို့ ခရိုနီများက တလွဲအသုံးချ သွားပါလိမ့်မည်။ ဗီယက်နမ်ကို နမူနာယူပါ။ ထိုသို့ ခရိုနီများ ကြီးစိုးမည့် အရေးကို ကာကွယ်လိုပါက ၂၀၁၅ မတိုင်မီ ယခုကတည်းက NLD လွှတ်တော် အမတ်ကို ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ခန့်ထားရန် လိုပါသည်။ ကြံ့ခိုင်ရေးပါတီ ကြီးစိုးမှုကို အင်ဒိုနီးရှားစတိုင် ပါတီများ လွတ်လပ်စွာ ပြိုင်ခွင့်ပေးပါကလည်း မဆိုးလှပါ။ နေရာမပေးလျှင် နောက်ကြောင်း ပြန်ဆွဲလိုသူများ ကြီးစိုးနေဦးမည်။
ဗီယက်နမ် ခေါင်းဆောင်သစ်သည် ၁၉၈၆ တွင် ဆင်းရဲမွဲတေမှုမှ လွတ်အောင် ယခုဦးသိန်းစိန် လုပ်နေသည်နှင့် တစ်ပုံစံ တည်း ပြုပြင် ပြောင်းလဲမှု လုပ်ပါသည်။ လေးနှစ်ပြည့်သောအခါ ဥပဒေအားလုံး ပြုစုခဲ့ပြီဟု ဆိုကာ နောက် ပြုပြင် ပြောင်းလဲမှု ထောက်ခံသူ (ဥပမာ-ဦးရွှေမန်းလို လူကို) အာဏာလွှဲပေး လိုက်ပါသည်။ နောက်တက်သည့်လူက နောက် ကြောင်း ပြန်ဆွဲလိုသူများကို မကာကွယ်နိုင်သောကြောင့် ထင်သလို ဖြစ်မလာပေ။ အလားတူ ဦးသိန်းစိန် အနေနှင့် NLD ကို ဝန်ကြီး တစ်နေရာမျှပင် မပေးနိုင်ပါက ၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ခေါင်းဆောင် ဟောင်း ငုယင်ဗန်လင့် ကဲ့သို့ အငြိမ်းစားဘဝမှ သတင်းစာ၊ တီဗီတွေများတွင် မကျေမနပ်ဖြင့် ဆောင်းပါးများ အဆက် မပြတ် ရေးရင်း ဘဝ နောက်ဆုံးအချိန်များ ကုန်လွန်သွားမည်ကို မြင်ယောင်မိပါသည်။ ဒေါ်စုကို ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ထဲလည်း မထည့်နိုင်၊ ငြိမ်းချမ်းရေး ကော်မတီထဲလည်း မထည့်နိုင်၊ အာဏာရှိစဉ် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မြန် သုံးစေလိုသည်။ လက်ရှိတွင်မူ ခရိုနီများကို အကာအကွယ် ပေးလိုသူဟု မှတ်ချတ်ပြုခံရသူ ဦးရွှေမန်းက ကောင်းစွာ အသုံးချနေပေပြီ။
The Voice
KNPP ၏ သုံးလပါတ် ပြန်လည် သုံးသပ်သည့် အစည်းအဝေးသည် ထူးမခြားနားသော အခြေအနေဖြင့် ပြီးဆုံး
ယမာန်နေ့ ဒီဇင်ဘာ (၉)ရက်နေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၏ (၃)ရက်တာ ကျင်းပသော (၃) လပါတ်လုပ် ငန်းသုံးချက် အစည်း အဝေးပြီးဆုံးသွား ခဲ့ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ခူဦးရယ်မှ ဆိုပါသည်။
“ အထူးသဖြင့် အစိုးရနဲ့ပါတ် သက်တဲ့ကိစ္စတွေ၊ ပြီးတော့ လူထုအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် တဲ့ကိစ္စ တွေကို အကောင်အထည် ဖေါ်ထားတာ ရှိပါတယ်။ အဲဒါတွေ ကိုပြန်လည် သုံးသပ်တဲ့ အစည်းအဝေးပါ” ဟုဆိုပါသည်။ 
မူးရစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၏ အခြေအနေများ၊ အခက်အခဲ များကို ဆွေးနွေးပြီး ရှေ့လုပ်ငန်း စဉ်များကို ဆုံးဖြတ်ကြပါ သည်။ အထူး သဖြင့် ပြည်နယ်အစိုးရ ထိမ်းချုပ်သော အရပ်ဒေသများတွင် ပင်မူးရစ်ဆေး ၀ါးပြသနာထူပြော သောကြောင့် အစိုးရနှင့်မည်သို့ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်း လမ်းများ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများ အပါဝင် လူထု ပါဝင်နိုင်သော အခန်းကဏ္ဍများ ကို သုံးသပ် ဆုံး ဖြတ် ကြခြင်း ဖြစ်ပါသည်။
အလားတူ ဒေသဖွံ့ဖြိုး ရေး ဆောင်ရွက်သည့် နေရာတွင်လည်း အစိုးရ ပါဝင်သည့် အခန်း ကဏ္ဍများတွင် နှောင့်နှေး ကြန့် ကြာမှုများပြီး အကူအညီ အားနည်မှုများ ရှိကြောင်း၊ လူထုသည် နေရာတကာ၌ ပါဝင်နိုင်ခြင်း မရှိသော်လည်း အထိရောက်ဆုံး ကိစ္စများတွင် ကိုယ်ထူ ကိုယ်ထ ပါဝင်မှု များဖြင့်သာ ဆောင် ရွက်နေ ရသည်ဟု ကရင်နီ လူမှုရေး အဖွဲ့အ စည်း တဖွဲ့မှ အတွင်းရေး မှူး တဦးက ဆိုပါသည်။
“ ဒေသဖွံ့ဖြိုး ရေးဟာ နာမည်ကောင်း ဟစ်တာဘဲ ရှိတယ်။ အစိုးရလည်း ဘာမှမပေးပါဘူး။ သူတို့ကိစ္စ လောက်ဘဲ လမ်းတံတား တွေလုပ်ပြီးတော့ ဒေသဖွံ့ဖြိုး ရေးကို အတာချတယ်။ လူထု တကယ်လိုတဲ့ အရာတွေကိုတော့ တခု လောက်ပြပါ သူတို့ ပေးတာရှိလားလို့” ဟု ဆိုခဲ့ပါသည်။
KNPP သည် ပညာရေး ကျန်းမာရေး ကိစ္စများတွင် ပြန်လည် သုံးသပ်ခဲ့ပါသည်။ ကျေးရွာတိုင်း၌ ပညာသင်နိုင်ကြားရေး အတွက် လိုအပ်ချက်များ ကိုမည်သို့ ပံ့ပိုးရမည်ကို စဉ်းစား သုံးသပ်ပြီး နည်းလမ်းများ ဆုံးဖြတ်ကြပါသည်။
ကျန်းမာရေး ကဏ္ဍတွင် အစိုးရလက်လှမ်း မမှီသော နေရာများမှ လူထုများအတွက် ဆေးပေးခန်းများ ဖွင့်လှစ်မှု။ ပုံမှန် လို အပ်သည့် ဆေးဝါးများ နှင့် အရေးတကြီး ဆေးဝါး  ရရှိမှုများ၊ ကူစက်ရောဂါ အချိန်မှီ သိရှိနိုင်မှုများ မည်သို့ ဆောင် ရွက်ကြ ရမည်ကို ဆုံးဖြတ်ခဲ့ပါသည်။
KNPP နှင့် အစိုးရ တို့သည် ဒေသဖွံ့ဖြိုးရေး အစီစဉ်များ အတွက်  သဘောတူ ဆုံးဖြတ်ထား သော်လည်း အကောင်အ ထည်ဖေါ် ဆောင်ရွက်ခြင်း မရှိဟု ဆိုပါသည်။  အထူးသဖြင့် KNPP နှင့် လူထု များကသာ ကိုယ်ထူ ကိုယ်ထ လိုက်လံ ဆောင်ရွက်နေကြခြင်းသာ ရှိကြောင်း လူမှုအဖွဲ့အစည်းများမှ ဆိုပါသည်။
ယင်းအစည်း အဝေးသို့ KNPP ဌာနဆိုင်ရာများသာ တက်ရောက်ကြပြီး KNPP ဌာနချုပ် နာမိုစခန်းတွင် ကျင်းပခဲ့ကြ ပါသည်။ နက်ဖြန်တွင် ပါတီရေးရာ သုံးသပ်ဆွေးနွေး ပွဲ ရှိသည့် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်း သားများ၏ ဒုတိယအကြိမ် ညီလာခံသို့ ကိုယ်စား လှယ်ကို ရွေးချယ်ကြ မည်ဖြစ် ပါသည်။
တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) ၏ KNPP အဖွဲ့ဝင် ကိုယ်စားလှယ်သည် အ တွင်းရေးမှူး (၂) ဖြစ်သူ ဦး ရွှေမျိုးသန့် ဖြစ်ပြီး ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် များမှာ ပါတီထိပ်ပိုင်း ခေါင်း ဆောင်များ ဖြစ်ပါသည်။
KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ် အခတ်ရပ်စဲ နိုင်ခဲ့ပြီး သဘောတူညီချက် အမျိုးမျိုး လက်မှတ် ထိုးထားခဲ့ သော်လည်း ယနေ့အထိ အကောင်အထည်ဖေါ် ခြင်းမရှိဟု သုံးသပ်ကြပါသည်။
 ရွှေဟင်္သာ သတင်းဌာန
THEIN SEIN HTE MINN AUNG HLAING YEN A MASING
Ndai ten hta myen asuya atik anang tsun shadut taw nga ai mungdan ting gap hkat jahkring masing gaw CHYINGHKA PAT TAWN NNA GWI SHACHYUT ABYEN AI BAW MASING RAI NGA MALU AI.
(1) Mungmasa hte hpa nseng ai gap hkat jahkring hpe lu hkra galaw mayu ai lam grai dandawng ai.
(2) Mungdan ting gap hkat jahkring lu na matu Rawt Malan Wuhpung ni hpe sa ya ai frame work hpe yu yang mungmasa chyinghka hpaw ya ai frame work nre, pat shingdang ai frame work she re.
(3) Rawt Malan Wuhpung ni a laknak ni hpe dawm kau ya lu na matu aten galu masing hte nmai byin jang mara tam, hpaila tam nna laknak hpe laknak hte hparan kau na ngu ai masing rai nga malu ai.
Thein Sein gumsan magam shara la lu ai lam hte Minn Aung Hlaing Dap Awn Daju shara la lu ai lam a shingdu labau hpe yu yang shan lahkawng a yaw shada ai lam hpe hpyen gumshem daju Than Shwe wa grai ra sharawng ai majaw lit jaw shatsam da ai re lam chye lu ai.
THAN SHWE WA THEIN HPE RA SHARAWNG AI LAM
Hpyen asuya Than Shwe a lakhtak hta mungdan hkringmang madu lit gun taw nga ai Thein Sein tsun ai, anhte myanmar asuya ni sinpraw dingda asian tingnyang up hkap la lu ai shani sinpraw dingda asian mungdan shagu kaw laknak lang Rawt Malan taw nga ai Wuhpung ni yawng KIO/KIA ni hpe yu nna laknak nlang gwi mat hkra shakrip dan na nga nna myit makun tawn da ai wa re. Dai majaw Than Shwe wa gaw Thein Sein hpe gumsan magam shara la na matu jau jau kawn lata shatsam da ai wa re.
THAN SHWE WA MINN AWNG HLAING HPE RA SHARAWNG AI LAM
Hpyen asuya Than Shwe a lakhtak hta sinpraw ginwang ginjaw Dap Awn Daju lit gun nga ai Minn Aung Hlaing gaw grai tsaw ai bum langai mi kaw tsap nna Wa Mungdaw (UWSP/UWSA) hpe lata layung ladawn tawn let tsun ai ga gaw, Anhte Myanmar asuya ni American asuya hte lata hkindun lu ai shani Wa Mungdaw (UWSP/UWSA) hpe wan’wu byin mat hkra shakrip kau na nga nna myit makun tawn ai wa re. Dai majaw Than Shwe gaw Minn Awng Hlaing hpe Mungdan ting a dap awn daju shara la na matu jau jau kawn lit jaw shatsam tawn ai wa re.
Dai re majaw daini na myen asuya gumsan magam Thein Sein hte dap awn daju Minn Aung Hlaing yen a yaw shada ai gap masat (target) masing gaw, laknak lang Rawt Malan Wuhpung ni yawng hta grau n-gun kaba ai UWSP/UWSA hte KIO/KIA ni hpe rai nga ai. Myen asuya a hpyen masa shamu shamawt shajin tawn magang wa ai lam ni hpe yu timung UWSP/UWSA hte KIO/KIA hpe ahkyak madung tawn nga ai lam asan sha mu mada lu nga ai. Raitim Rawt wuhpung wuhpawng ni yawng ngu na daram gahkyin gumdin mat wa ai hpe mu mada ai majaw myen asuya hku nna hpyen masa lam yan hku n-gajawng tim mungmasa lam yan hku gaw grai gajawng taw nga ai ten mung rai nga ai.
DAI MAJAW THEIN SEIN HTE MINN AWNG HLAING YEN JAHKRAT TAWN AI MASING GAW
Mungdan ting gap hkat jahkring sign htu lamang hpe masu nna mi rai rai, Dip shagyeng nna mi rai ai, lu hkra shawng galaw na.
Dai hpang, chyinghka pat kau sana. Rawt Malan Wuhpung ni shamu shamawt gayin gaye nlu hkra pat shingdang ai lam hpe ja ja galaw mat wa na. Rawt Malan Wuhpung ni hpa mung nmai galaw mat ai majaw n-gun kya mat wa na.
Dai hpang..mara tam bang wa sana.myen asuya gaw galoi raitim Rawt Malan Wuhpung ni hpe shanhte tim gasat mayu jang mara tam nna ga’baw amyu myu hte htim gasat ai ni re. Dai hpang, Laknak lang manghkang hpe laknak hte hparan kau na ngu ai ga’baw hte fire game hte ginchyum dat kau na masing rai nga malu ai.
Bai nna ndai ten hta mungdan a daru magam ahkaw ahkang hpe 2008 constitution hte jumtek tawn ai Minn Aung Hlaing hte 2014 hta asean tingnyang up galai la na gumsan magam Thein Sein ndai yen a masing hpe maram yu yang Anhte Rawt Malan Wuhpung Wuhpawng ni yawng gahkyin gumdin ai lam lu hkra grai lawan ai hku galaw ra sai. Hpa majaw nga yang, lama na mungdan ting gap hkat jahkring sign htu na rai yang byin pru wa na akyu gaw machyi hkrum wa na lam grau kaba ai hpe mung mu mada tawn ra nga ai. Lachyum gaw mungdan ting gap hkat jahkring sign htu lamang hpe nlu galaw dingsa Anhte Rawt Malan wuhpung ni hpe majan kaba hpaw na matu mara tam nmai nga malu ai.
Dai re majaw daini myen asuya a kata kaw dip gamyet hkrum sha nga ai Anhte laga amyu bawsang ni yawng gaw laknak lang Rawt Malan taw nga ai Wuhpung Wuhpawng ni hte mungmasa hpyenmasa lam langai hta sha shang tsap nna mungdaw state (7) jawm pawng nga Federal munghpawm hpe madaw gawgap na dawdan ra sai.
Mungdaw langai hte langai tsan hkat tim hpa ntsang ra ai. Ahkyak madung gaw Anhte myit mada ai federal munghpawm hkrang hpe myen asuya chye na hkra shawng galaw dan ra ai. Dai shaloi she Anhte ra sharawng ai munghpawm hkrang hpe shanhte myen ni nhkap la lu jang gaw Anhte laga amyu bawsang ni laga laksan mungdan langai hpe gawgap mat wa lu na rai nga ai.
Sau Nan Du
မိချောင်းကန်မြေ ကုမ္မဏီပိုင်ပါက ၄င်းကိုယ်တိုင်ဆန္ဒပြမည်ဟု ဦးအောင်သိန်းလင်းပြော
မိချောင်းကန်အပိုင်း ၁၊ ၂၊ ၃ ရှိမြေများမှာ လက်ရှိအချိန်ထိ တပ်မတော်ပိုင်မြေများဖြစ်ပြီး ကုမ္ပဏီများက ပိုင်ဆိုင်မှုမ ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက အဆိုပါ သပိတ်စခန်း၌ ပြောကြားခဲ့သည်။ မိချောင်း ကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ (၆း၀၀)နာရီ နောက်ဆုံး ထား၍ သပိတ်စခန်း ဖျက်သိမ်းပေးရန်နှင့် ဖျက်သိမ်းမပေးပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အမိန့်ပေးစာလာရောက် ကပ် သွားခဲ့ပြီးနောက် ဒီဇင်ဘာ (၁၀)ရက် နေ့နံနက်ပိုင်းတွင် ဦးအောင်သိန်းလင်းမှ ယခုကဲ့သို့ လာရောက်ပြောကြား ခဲ့ခြင်းဖြစ် သည်။ 
“ဒီမြေတွေကို ဘယ်ကုမ္ပဏီကမှ မပိုင်ပါဘူး။ တကယ်လို့ ကုမ္ပဏီတွေက ပိုင်ဆိုင်တယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် မိချောင်းကန်ပြည်သူတွေနဲ့ အတူလာပြီးဆန္ဒပြမယ်။”ဟု ဦးအောင်သိန်းလင်းက ပြောသည်။  ၄င်းအနေဖြင့် မိချောင်းကန် မြေပြဿနာနှင့် ပတ်သက်၍ လာမည့်လွှတ်တော်အစည်းဝေးများတွင် တရားဝင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှ ဖြိုခွဲမှုများပြုလုပ်သွားမည်ကို စိုးရိမ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ (၂၆) နေ့ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်မြောက်နေ့ ဖြစ်သည့် ဒီဇင်ဘာလ (၇)ရက်နေ့တွင် ယခုကဲ့သို့ ဒီဇင် ဘာ (၉) ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။ 
သက်ဆိုင်ရာမှ သပိတ်စခန်းအား ဖြိုခွင်းမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ကူညီ ဆောင်ရွက် သူများနှင့် အနီးပတ်ဝန်ကျင်ရှိပြည်သူများကလည်း စိုးရိမ်ပူပန်လျက်ရှိကြကာ သပိတ်စခန်းသို့ လာရောက် ၀န်းရံမှုများပြုလုပ်လျက်ရှိ သည်။ “ကျွန်တော် အရမ်းစိုးရိမ်တယ်။ ဒီမှာက သက်ကြီးရွယ်အို အမေရွယ် အဖွားအရွယ်တွေချည်းပဲ။ တကယ်လို့ အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင် အားလုံးအထိနာကုန်ကြလိမ့်မယ်”ဟု လာရောက်ကူညီသူတစ်ဦး က ဆိုသည်။ ဆန္ဒပြပြည်သူ များအနေဖြင့် သရဏဂုံတင်ထားပြီးဖြစ်သည့်အပြင် အကြမ်းဖက်ဖြိုခွင်းခြင်း ပြုလုပ်မည်၊ မလုပ်မည်မှာ အစိုးရ၏ ပြည်သူ့ အပေါ်ထားသည့် သဘောထား သာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုသည်။
myitmakhamediagroup
မြောက်​ဦး​ပ​ဋိ​ပ​က္ခ​တွင် ​ပါဝင်​သူ​များ​ကို ​ထောင်​ဒဏ် ၁၀ ​နှစ် ​ချ​မှတ်
ရ​ခိုင်​ပြည်​နယ်၊ ​မြောက်​ဦး​မြို့​နယ်​အ​တွင်း ​ပြီး​ခဲ့​တဲ့​နှစ်​က ​ဖြစ်​ပွား​ခဲ့​တဲ့ ​ပ​ဋိ​ပ​က္ခ​တွေ​မှာ ​ပါဝင်​ပတ်​သက်​ခဲ့​သူ ၂ ​ဦး​ကို ​လူ​သတ်​မှု​နဲ့​  ​အ​လုပ်​ကြမ်း​နဲ့ ​ထောင်​ဒဏ် ၁၀ ​နှစ်​စီ ​ချ​မှတ်​လိုက်​ပါ​တယ်။
ဖမ်း​ဆီး​တ​ရား​စွဲ​ဆို​ခံ​ထား​ရ​တဲ့ ​ရ​ခိုင်​တိုင်း​ရင်း​သား​တွေ​ကို ​ဒီ​ဇင်​ဘာ ၉ ​ရက်​မှာ ​စစ်​တွေ ​ခ​ရိုင်​တ​ရား​ရုံး​က   ​အ​ခု​လို  ​ပြစ်​ဒဏ်​ချ​မှတ်​လိုက်​တာ​လို့ ​တ​ရား​စွဲ​ခံ​ရ​သူေ
တွ​ဘက်​က ​အ​မှု​ကို ​လိုက်​ပါ​ဆောင်​ရွက်​ပေး​နေ​တဲ့​  ​တ​ရား​လွှတ်​တော်ေ​ရှ့​နေ ​ဒေါ်​အေး​နု​စိန်​က  ​ပြော​ပါ​တယ်။
“​မောင်​သန်း​လွင်​နဲ့ ​မောင်​ကျော်​လှိုင်​ကို​က ​ထောင်​ဒဏ် ၁၀ ​နှစ် ​ချ​မှတ်​တယ်။ ​နောက် ​စော​ဖြူ​ကို ​ရုန်း​ရင်း​ဆန်​ခတ်​မှု​မှာ ​ပါဝင်​တဲ့​အ​တွက် ​ထောင်​ဒဏ် ၂ ​နှစ်​ချ​မှတ်​တယ်။ ​အ​ခု ​အ​မှု​ရင်​ဆိုင်​ရ​တာ​က ၇ ​ယောက် ​အ​သုတ်​နဲ့ ၈ ​ယောက် ​အ​သုတ်။ ၇ ​ယောက် ​အ​သုတ်​မှာ ၅ ​ယောက်​က ​လွတ်​သွား​တယ်။ ၂ ​ယောက်​က ၁၀ ​နှစ်​ဆီ ​ထောင်​ဒဏ်​ကျ​တယ်။ ၈ ​ယောက်​အ​မှု​မှာ​ကျ​တော့ ၇ ​ယောက်​က ​လွတ်​သွား​တယ် ​စော​ဖြူ​ကို​တော့ ​ရုန်း​ရင်း​ဆန်​ခတ်​မှု​မှာ ​ပါဝင်​တဲ့​အ​တွက် ​ထောင် ၂ ​နှစ်​ချ​မှတ်​လိုက်​တယ်။”
ပြစ်​ဒဏ်​ကျ​ခံ​ရ​သူ​တွေ​အ​တွက်  ​အ​ယူ​ခံဝင်​သွား​မယ်​လို့​လည်း ​ပြော​ပါ​တယ်။
ပြစ်​ဒဏ်​ချ​မှတ်​ခံ​ရ​သူ​တွေ​ဟာ ​ပြီး​ခဲ့​တဲ့​နှစ် ​အောက်​တို​ဘာ​လ​အ​တွင်း ​မြောက်​ဦး​မြို့​နယ်၊ ​ယိုင်​သည်​ကျေး​ရွာ​မှာ ​ဖြစ်​ပွား​ခဲ့​တဲ့ ​ပ​ဋိ​ပ​က္ခ​မှာ ​ပါဝင်​ပတ်​သက်​ခဲ့​သူ​တွေ​ဖြစ်​ပါ​တယ်။ ​ဒီ​ပ​ဋိ​ပ​က္ခ​ဟာ ​ရ​ခိုင်​ပြည်​နယ်​အ​တွင်း ​ဒု​တိ​ယ​အ​ကြိမ် ​ဖြစ်​ပွား​တဲ့ ​ပ​ဋိ​ပ​က္ခ​တွေ​ထဲ​က ​လူ​သေ​ဆုံး​မှု ​အ​များ​ဆုံး​ဖြစ်​ပြီး ၅၂ ​ဦး ​သေ​ဆုံး​ခဲ့​တာ​ပါ။
၂၀၁၂ ​ခု​နှစ် ​ဇွန်​လ​ဆန်း​က ​စ​တင်​ဖြစ်​ပွား​ခဲ့​တဲ့ ​ရ​ခိုင်​ပြည်​နယ်​တွင်း ​ဆူ​ပူ​အ​ကြမ်း​ဖက်​မှု ​ဖြစ်​စ​ဉ်​တွေ​ကြောင့်​  ၂၁၁ ​ဦး ​သေ​ဆုံး​ပြီး ၂၇၀ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ပါ​တယ်။
ဖြစ်​စ​ဉ်​တွေ​မှာ ​ပါ​ဝင်​ကျူး​လွန်​ကြ​သူ​တွေ​ကို  ​အ​မှု ၂၇၉ ​မှု​တ​ရား​စွဲ​တင်​ပြီး ​တ​ရား​ခံ ၁၁၈၉ ​ဦး​နဲ့ ​တူ​မီး​လက်​နက် ၉၇၇ ​လက်​တို့​ကို  ​ဖော်​ထုတ်​အ​ရေး​ယူ​ခဲ့​ကြောင်း​၊ ​အဲ​ဒီ​အ​မှု​တွေ​ထဲ​က ​အ​မှု ၁၉၅ ​မှု​နဲ့ ​တ​ရား​ခံ ၅၀၇ ​ဦး​ကို ​ပြစ်​ဒဏ်​ချ​မှတ်​နိုင်​ခဲ့​တယ်​လို့ ၂၀၁၃ ​ခု​နှစ် ​ဖူ​လိုင်​လ​အ​တွင်း ​အ​စိုး​ရ​ရဲ့ ​တ​ရား​၀င်​သ​တင်း​ထုတ်​ပြန်​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။
DVB
ဒုတိယအကြိမ် ညီလာခံ သို့လည်း ၀ နှင့် မိုင်းလား အဖွဲ့ တက်ရောက်ရန် အဆင်သင့် မဖြစ်သေးဟု ဆို
အထက်ပါနှစ်ဖွဲ့ တက်ရောက်ရန် မရှိသေး ကြောင်းလက်နက်ကိုင် တိုင်းရင်းသားများ၏ ဒုတိယအကြိမ် ညီလာခံကျင်းပရေးအစီစဉ်ညှိနှိုင်းပွဲတွင်  တင်ပြကြသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ အတွင်းမှူး (၂) ဖြစ် သူ ခွန် ဥက္ကာမှ ဆိုပါသည်။
ယင်းညှိနှိုင်းပွဲကို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)နှင့်ကရင် အမျိုးသားအစည်းအရုံးတို့သည်ထိုင်းနိုင်ငံနိုင်မဲဆောက်မြို့၌ ယမာန်နေ့၌ ညှိနှိုင်း ခဲ့ကြပါသည်။
 “ ဖိတ်ကြားတဲ့အခါ သိထားရအောင်လေ။ ညီလာခံကို အဖွဲ့ပေါင်း (၁၈)ဖွဲ့ထက် မနဲတော့ ဖိတ်မှာပါ။ NCCT အဖွဲ့ အပြင် UNFC တဖွဲ့ချင်း မှာ ပါတဲ့ လူတွေ ကို မကြာခင် KNU ဖက်က ဖိတ်ကြားလွှာ ပို့တော့မှာပါ။”ဟု ဆိုပါသည်။
ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် နယ်စပ်ရှိ လေးဝါးခေါ် လောခီးလား စခန်းတွင် ကျင်းပမည် ဖြစ်ပါသည်။ ယင်းညီလာခံသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် မှ ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တိုင်းရင်းသား များ၏ တ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)အဖွဲ့ဝင်များ၊ UNFC အဖွဲ့ဝင်များမှ တဖွဲ့ချင်း ဆီမှ ကိုယ်စားလှယ် များနှင့် UNFC အဖွဲ့ဝင် မဟုတ် သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု KNU အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
“ ABSDF ကိုတော့ လေ့လာသူ အဖြစ် ဖိတ်မယ်။ UNFC ၁၂ ဖွဲ့ကတော့ တဖွဲ့ချင်းကို (၃)ယောက်နှုန်း နဲ့ ဖိတ်မှာပါ။ NCCT ကတော့ ပါပြီးသားလေ။ အားလုံး အဖွဲ့ (၁၈)ဖွဲ့ လောက် လိုင်ဇာကို တက်တဲ့အဖွဲ့ အားလုံး ပါမယ်။ ကိုယ်စား လှယ်ကတော့ အနည်းဆုံး (၇၀)ကျော်လိမ့် မယ်ထင်တယ်” ဟု ဆိုပါသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ကျင်းပရန်ရှိသည့် ညီလာခံ သို့ တက် ရောက်ပါရန် ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) အဖွဲ့နှင့် မိုင်းလားအဖွဲ့ တို့အား ဖိတ်ကြား ထား သော်လည်း အဆင်သင့် မဖြစ်သေး၍ တက်ရောက်နိုင်မည် မဟုတ်ပါကြောင်း အကြောင်း ပြန်ထားသည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။
UNFC သည်  အစိုးရနှင့် အပစ်အခတ်ရပ်ရေး စောင့်ကြည့်ရေး အဖွဲ့ကို အကောင်းဆုံး မည်သို့ ဖွဲ့စည်း ရမည်ကို ပြီးခဲ့ သည့် ဒီဇင်ဘာ (၆) ရက်နေ့တွင်  နိုင်ငံခြားပညာရှင်များနှင့် နှစ်ရက်တာ ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။ ရရှိထားသော အချက် အလက်များ ကိုလည်း လာမည့် ဒုတိယအကြိမ် ညီလာခံတွင် တင်ပြ မည်ဖြစ်ပါသည်။
၎င်းအချက် အလက်၌ အစိုးရနှင့် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရာ တွင် အထူးသဖြင့် တရုတ်နိုင်ငံ အပါဝင် အာဆီယံ နိုင်ငံများမှ ကိုယ်စား လှယ်များလည်း ပါဝင်သင့်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။  
အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေး ပဋိပက္ခ ပြသနာ ဖြေရှင်းရေး နမူနာကို အခြေခံဆွေးနွေး ခဲ့ကြပါသည်။ NCCT အဖွဲ့သည် KNU မှ ညီလာခံ အခန်းအနား ပြင်ဆင်ရေး အချိန်တွင် ဒီဇင်ဘာ (၁၅)ရက်နေ့ အတော အတွင်း ၀န်ကြီး ဦး အောင်မင်း ခေါင်းဆောင်သော အစိုးရ MPC အဖွဲ့ နှင့် Tachnical Team အရ တွေ့ဆုံ ညှိနှိုင်းရန် ရှိသည်ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဆိုပါသည်။
KNU နယ်ထဲတွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ်မြောက် သမိုင်းဝင် ညီလာခံ သည် ဒီဇင်ဘာ (၁၈) မှ (၂၀)အထိ (၃)ရက်တာ ကျင်းပရန်ရှိပါသည်။ ညီလာခံပြီးပါက အစိုးရ ကိုယ်စား လှယ်များနှင့် ကရင်ပြည်နယ် ဖါးအံမြို့၌ ဆက်လက် ဆွေးနွေးမည်ဟု သတ်မှတ်ထားခဲ့ပါသည်။
ရွှေဟင်္သာ 
က​ချင်​ပြည်​နယ် ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​လူ​ထု ​ထောင်​ချီ​တက်
ဒီ​နေ့​ကျ​ရောက်​တဲ့ ၆၅ ​နှစ်​မြောက် ​အ​ပြည်​ပြည်​ဆိုင်​ရာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ခမ်း​အ​နား​ကို ​က​ချင်​ပြည်​နယ် ​မြစ်​ကြီး​နား​မြို့​မှာ ​ကျင်း​ပ​ခဲ့​ပြီး ​လူ​ပေါင်း​ထောင်​ချီ ​တက်​ရောက် ​ခဲ့​ပါ​တယ်။
နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​တွေ​ကို ​ရန်​ကုန်​အ​ပါ​အ၀င် ​မြို့​ကြီး​အ​တော်​များ​များ ​ကျင်း​ပ​နေ​ပြီး ​က​ချင်​ပြည်​နယ် ​မြစ်​ကြီး​နား​မြို့​မှာ​တော့ ​နောင်​နန်း ​ကျမ်း​စာ​သင်​ကျောင်း​ရှိ ​အေ​ဒီ ၂၀၀၀ ​ခန်း​မ​မှာ ​ကျင်း​ပ​ခဲ့​တာ​ဖြစ်​ပါ​တယ်။
သ​မ္မ​တ ​ဦး​သိန်း​စိန် ​အ​စိုး​ရ​သစ် ​တက်​လာ​ပြီး​နောက် ​မြန်​မာ​တ​နိုင်​ငံ​လုံး​မှာ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​ရ​မှု ​အ​မြင့်​ဆုံး​ဖြစ်​နေ​တဲ့ ​က​ချင်​ပြည်​နယ်​မှာ ​ဒီ​ပွဲ​ဟာ ​ဒု​တိ​ယ​အ​ကြိမ် ​လူ့​အ​ခွင့်​အ​ရေး ​နေ့ ​ကျင်း​ပ​တာ​လို့ ​ဦး​ဆောင်​ပါဝင်​သူ ​တ​ဦး​ဖြစ်​တဲ့ ​ကို​မုန်​ဒန်​က ​ပြော​ပါ​တယ်။
“​ပွဲ​ကျင်း​ပ​ရ​ခြင်း​ရဲ့ ​ရည်​ရွယ်​ချက် ၃ ​ချက်​ရှိ​ပါ​တယ်။ ​တ​ခု​က​တော့ ​လူ့​အ​ခွင့်​အ​ရေး​နဲ့ ​ပတ်​သက်​ပြီး ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​အ​ခု​အ​ချိန်​အ​ထိ ​နှောင့်​ယှက်​မှု​တွေ ​ရှိ​သေး​တယ်။ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ပြော​ဆို​ဆွေး​နွေး​တာ​ဟာ ​ဥ​ပ​ဒေ ​ချိုး​ဖောက်​တာ​မ​ဟုတ်​ဘူး​။ ​ကိုယ်​နဲ့ ​သက်​ဆိုင်​တဲ့​ဟာ ​ပြော​ဆို​ခွင့်​ရှိ​တယ်​ဆို​တာ​ကို ​သိ​ရှိ​နား​လည်​ဖို့​၊ ​နောက်​တ​ချက်​က​တော့ ​က​ချင်​ပြည်​နယ်​မှာ ​ရှိ​တဲ့ ​လူ့​အ​ခွင့်​အ​ရေး​နဲ့ ​သက်​ဆိုင်​လှုပ်​ရှား​မှု​တွေ​မှာ ​ကျွမ်း​ကျင်​ဖို့​ရယ်၊ ​ကာ​ကွယ်​ဖို့ ​အ​ပိုင်း​တွေ​မှာ ​က​ချင်​ပြည်​နယ်​မှာ​ရှိ​တဲ့ ​အာ​ဏာ​ပိုင်​တွေ​နဲ့ ​လူ​ထု​အ​ခြေ​ပြု​အ​ဖွဲ့​တွေ​ကြား ​အ​ချင်း​ချင်း​နား​လည်​မှု​တွေ ​တိုး​လာ​အောင်​ရယ်။ ​အ​ခု​လို ​အ​ခမ်း​အ​နား​လုပ်​တဲ့ ​အ​ခါ​ကျ​တော့ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ရေး​လာ​မယ်။ ​လူ့​အ​ခွင့်​အ​ရေး​ကို ​သိ​မြင်​လာ​မယ်။ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ပို​ပြီး​ယုံ​ကြည်​လာ​မယ်။ ​ယုံ​ကြည်​လာ​ရင် ​ကိုယ့်​အ​ခွင့်​အ​ရေး​ကို ​ကိုယ်​တိုင် ​ကာ​ကွယ်​လာ​နိုင်​မယ် ​ထင်​တဲ့​အ​တွက် ​ဒီ​အ​ခမ်း​အ​နား​ကို ​ကျင်း​ပ​ရ​ခြင်း​ဖြစ်​ပါ​တယ်။”
ဒီ​အ​ခမ်း​အ​နား​ကို ​က​ချင်​ပြည်​နယ်​ရှိ ​လူ​မှု​အ​ဖွဲ့​အ​စည်း ၁၂ ​ဖွဲ့​က ​ပူး​ပေါင်း ​လုပ်​ဆောင်​တာ​ဖြစ်​ပြီး ​က​ချင်​ပြည်​နယ် ​လမ်း​ပန်း​ဆက်​သွယ်​ရေး​၀န်​ကြီး ​ဦး​က​မန်း​ဒူ​နော်၊  ​မြန်​မာ​နိုင်​ငံ​လူ့ ​အ​ခွင့်​အ​ရေး​ကော်​မ​ရှင်​က ​လ​ဖိုင်​ဇော်​ဂွမ်း​နဲ့ ၈၈ ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း​က ​ဦး​မြ​အေး​တို့ ​တက်​ရောက်​ပြီး ​မိန့်​ခွန်း ​ပြော​ကြား​ခဲ့​ပါ​တယ်။
၈၈ ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း​က ​ကို​မြ​အေး​က​တော့ ​က​ချင်​ပြည်​နယ်​အ​တွင်း​က ​လူ့​အ​ခွင့်​ရေး ​ချိုး​ဖောက်​မှု​တွေ​နဲ့ ​ပတ်​သက်​ပြီး ​အ​လို ဝေ​ဖန်​ပြော​ဆို​ပါ​တယ်။
“​က​ချင်​ပြည်​နယ်​မှာ​က ​စစ်​ရှိ​နေ​တော့ ​စစ်​ဘေး​ဒု​က္ခ​သည်​တွေ​ကိုယ်​တိုင်​က ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​နေ​ရ​တာ​ပဲ​လေ။ ​ဖမ်း​ချင်​တိုင်း ​ဖမ်း​တယ်။ ​ထောင်​ထဲ​ကို ​ထည့်​ချင်​တိုင်း ​ထည့်​တယ်။ ​ကမ်​ဖဲ​ရွာ​ဆို​ရင်​လည်း ​အောင်​မြင်​သာ​ဘက်​ကို ​ပြောင်း​ပေ​မယ့်​လည်း ​ဘယ်​လို​မှ ​အ​ခြေ​ပြု​လို့​မ​ရ​တဲ့ ​အ​ခြေ​အ​နေ​တွေ၊ ​လက်​ရှိ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​က ​ကြိမ်း​မောင်း ​အော်​ဟစ်​နေ​တဲ့​ဟာ​တွေ ​အ​ကုန်​လုံး ​ကြား​နေ​ရ​တာ​ပဲ။ ​တ​ပြည်​လုံး​အ​တိုင်း​အ​တာ​နဲ့ ​ပြော​မယ်​ဆို​ရင် ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​နေ​ရ​တဲ့ ​ပြည်​နယ်​တွေ​ထဲ​မှာ ​တ​ခု ​ပါ​နေ​တာ​ပေါ့​ဗျာ။ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​ဆို​တဲ့​ဟာ​က ​ကျ​နော်​တို့ ​နိုင်​ငံ​မှာ​က ​တောက်​လျှောက်​ရှိ​နေ​တာ​ပဲ။ ​အ​ထူး​သ​ဖြင့် ​စစ်​ဖြစ်​တဲ့ ​ဒေ​သ​တွေ​မှာ ​ပို​ဆိုး​တယ်။ ​လူ​သား​အ​ချင်း​ချင်း​မှာ ​လက်​နက်​ရှိ​သူ​နဲ့ ​လက်​နက်​မဲ့​သူ ​ကြား​မှာ ​လက်​နက်​ရှိ​တာ​တ​ခု​တည်း​နဲ့ ​ဗိုလ်​ကျ​စိုး​မိုး​တဲ့ ​ကိ​စ္စ​တွေ ​ရှိ​နေ​သ​မျှ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​တွေ ​ရှိ​နေ​ဦး​မှာ​ပဲ၊ ​မ​တ​ရား ​ဖိ​နှိပ်​မှု​ဆို​တာ​လည်း ​ရှိ​နေ​မှာ​ပဲ။ ​အဲ​ဒါ​တွေ ​ပျောက်​သွား​ဖို့​က ​စစ်​တွေ ​ချုပ်​ငြိမ်း​ဖို့ ​လို​မယ်။ ​စစ်​ကို ​ချုပ်​ငြိမ်း​အောင် ​ဘယ်​လို ​နည်း​လမ်း​ရှာ​ကြ​မ​လဲ။ ​တိုင်း​ရင်း​သား​တွေ​ရဲ့ ​တန်း​တူ​အ​ခွင့်​အ​ရေး​ကို ​ဖော်​ဆောင်​ပေး​ဖို့​လို​မယ်။ ​အဲ​ဒီ​နည်း​လမ်း​တွေ​ကို ၀ိုင်း​၀န်း​ရှာ​ဖို့​ပဲ ​ကျ​နော်​တို့ ​ကြိုး​စား​ချင်​တယ်​လို့ ​ပြော​ချင်​ပါ​တယ်။”
ပြီး​ခဲ့​တဲ့​နှစ် ၂၀၁၂ ​ခု​နှစ် ​နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့​ကို ​မြစ်​ကြီး​နား​မြို့ ​မ​နော​ကွင်း​ရှိ ​မ​ဂျွယ်​ခန်း​မ​မှာ ​ကျင်း​ပ​ခဲ့​ပ​ပါ​တယ်။ ​ဒီ​နှစ်​မှာ​လည်း​မ​နော​ကွင်း​ရှိ ​မ​ဂျွယ်​ခန်း​မ​မှာ ​ကျင်း​ပ​ဖို့ ​စီ​စ​ဉ်​ခဲ့​ပေ​မယ့် ​က​ချင်​ပြည်​နယ် ​အ​စိုး​ရ​က ​ခွင့်​မ​ပြေု​တဲ့​အ​တွက် ​နောင်​နန်း ​ကျမ်း​စာ​သင် ​ကျောင်း​ရှိ ​အေ​ဒီ ၂၀၀၀ ​ခန်း​မ ​ဆောင်​မှာ ​ကျင်း​ပ​တာ​လို့ ​ပွဲ​စီ​စ​ဉ်​သူ​က ​ပြော​ပါ​တယ်။
အ​လား​တူ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ထိမ်း​အ​မှတ် ​ဟော​ပြော​ပွဲ​တွေ ​ဆွေး​နွေး​ပွဲ​တွေ​ကို ​ရန်​ကုန်၊  ​မ​ကွေး​၊ ​က​သာ၊ ​လွိုင်​ကော်၊ ​သာ​ဂ​ရ၊ ​ဥ​သျှစ်၊ ​ပေါင်၊ ​က​လေး ​စ​တဲ့​မြို့​တွေ​မှာ​လည်း ​လူ့​အ​ခွင့်​အ​ရေး​လှုပ်​ရှား​သူ​တွေ ​နဲ့ ​အ​ရပ်​ဘက်​အ​ဖွဲ့​အ​စည်း​တွေ​က ​ပူး​ပေါင်း ​ကျင်း​ပ​သွား​ပါ​တယ်။
ကု​လ​သ​မ​ဂ္ဂ​က ​သတ်​မှတ်​ထား​တဲ့ ၂၀၁၃ ​ခု​နှစ် ​နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​ဆောင်​ပုဒ်​က​တော့​   “20 Years WORKING FOR YOUR RIGHTS” ​သင့်​အ​ခွင့်​အ​ရေး​အ​တွက် ​ကြိုး​ပမ်း​လုပ်​ဆောင်​ပါ ​ဆို​တာ ​ဖြစ်​ပါ​တယ်။
Friday, December 6, 2013
မြစ်ဆုံစီမံကိန်း ပြန်စလိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ရှိနေ
အများပြည်သူ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ခြင်းများမပြုရန် တားမြစ် ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယင်းကာလနောက်ပိုင်း ပြန်လည်အသက်သွင်းလိုသူများ လွှတ်တော်အတွင်း၌ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးရက်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ နိုဝင်ဘာ ၄ ရက် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘောထားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တွေ့ဆုံမှုတွင် ရပ်တန့်ထားသည့် မြစ်ဆုံစီမံကိန်းကို ပြန်စရန် နည်းလမ်းများ ရှိသည်ဟု မြန်မာလွှတ် တော်ကော်မတီ တာဝန်ရှိသူတစ်ဦး ဆွေးနွေးခဲ့သည်ကို အခြားကော်မတီဝင်သုံးဦးက မဇ္ဈိမသို့ ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်ကော်မတီအဖွဲ့ကို ခေါင်းဆောင်လာသူမှာ မစ္စတာလူဟောင် ဖြစ်ပြီး ယင်းအပေါ် ပြန်လည်ဆွေး နွေးခြင်းမပြုခဲ့ဟု ၎င်းတို့က ဆိုသည်။
“ကျွန်တော်တို့ကော်မတီဥက္ကဋ္ဌက ကော်မတီဝင်တွေရှေ့မှာပဲ မြစ်ဆုံကိစ္စကိုထည့်ပြောလိုက်တာ တရုတ် ဧည့်သည်တွေဘက်က ဒါကိုမျှော်လင့်ပြီး လာတာမဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စ တာလူဟောင်က အေးအေးဆေးဆေးပဲ။ ဒီကိစ္စကို စိတ်ဝင်တစားနဲ့ ပြန်ပြီး ဆွေးနွေးတာမျိုး မရှိဘူး”ဟု ကော်မတီအတွင်းရေးမှူး၊ ချောက် မဲဆန္ဒနယ် ကိုယ်စားလှယ်ဦးသိန်းလွင်က ဆိုသည်။
ထိုသို့ ဆွေးနွေးခဲ့ခြင်းကို အတည်ပြုခဲ့သူတစ်ဦးဖြစ်သည့် ထန်းတပင်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်း ရီကမူ “သူပြောတဲ့အထဲမှာ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတကာနဲ့ ဘေးက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရပ်ခဲ့ရတာဖြစ်တယ်။ ပြန်စချင်ရင် ဒီစီမံကိန်း တကယ်အကျိုးရှိမရှိ၊ သဘာဝပတ်ဝန်းကျင်ကို တကယ်ထိ ခိုက်မှုရှိမရှိ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာလည်းရှိတဲ့ တတိယအဖွဲ့တစ်ခုကို ငှားပြီးမှ စစ်တမ်းတွေ၊ စာတမ်းတွေ ရယူလိုက်ရင် ပြန်စဖို့ ဖြစ်နိုင်ပါတယ်လို့ ပါပါတယ်။ တကယ်လုပ်သင့်တဲ့ အလုပ်ဖြစ်နေရင် နိုင်ငံအတွက်လည်း အကျိုးရှိ နှစ်နိုင်ငံလည်း မိတ်မပျက်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာပါ” ဟု ဆိုသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦလွန်းသီနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသိန်းရီ၊ ဦးသန်းနွယ်၊ ဦးစိုင်းထွန်း အေးနှင့် ဦးရဲထွဋ်ဦး စသူတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ ပြောဆိုခဲ့ခြင်းကို ဥတ္တရသီရိ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမင်းသူကလည်း အတည်ပြုခဲ့ပြီး “ကော် မတီဥက္ကဋ္ဌက လက်ရှိ သမ္မတလက်ထက်မှာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြန်စနိုင်တဲ့ နည်းလမ်းတွေ ရှိပါ တယ်။ မြစ်ဆုံကိစ္စဆိုရင် ပူးပေါင်းဆောင်ရွက်သွားရင် ဖြစ်နိုင်ပါတယ်”ဟု ပြောခဲ့သည်ဟု ဆိုသည်။
တွေ့ဆုံပွဲသည် သဘာဝတ်ပတ်ဝန်းကျင်နှင့် ရှားပါးသည့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဟူသော ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည် ၂၀၀၆ ခုနှစ်တွင် အမှတ်(၁) လျှပ်စစ်ဝန် ကြီးဌာနနှင့် တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် သုံးနှစ်အကြာတွင် လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းကာလ (၁၉၉၇-၂၀၁၁ ခုနှစ်အထိ) ယခု လွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးလွန်းသီက စွမ်းအင် ၀န်ကြီးဌာန၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
အဆိုပါစီမံကိန်းကို သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ၎င်း၏ အစိုးရသက်တမ်း ကုန်ဆုံးချိန်အထိ ရပ် ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ အကြောင်းကြားခဲ့သည်။
Mizzima - News in Burmese
Thursday, December 5, 2013
နံနက်အရုဏ်ဦးတွင် နမ့်လိတ်တောင်တိုက်ပွဲ သတင်း
၎ ရက်နေ့ ဒီဇင်ဘာလ နေ့လည်ခင်းနှင့် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအဆက်အဖြစ် ယနေ့ ၅ ရက်နေ့ နံနက်စောစော ၀၆း၃၀ နာရီတွင်လည်း မြန်မာတပ်ဖွဲ့များက လက်နက်ကြီး ၂ လုံးပစ်ကာ နမ့်လိတ် တောင်သို့ အပြင်းထိုးစစ်တက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအိပ်ပျော်နေမည်ဟု အလစ်အငိုက်ဖမ်းကာ တက်လာသော မြန်မာ တပ်ဖွဲ့တို့သည် တအန်းနှင့်ကချင်တို့ထောင်ထားသည့် ရှေ့ထွက်မိုင်းများ ပေါက်ကွဲကာ မိုးမလင်းသေးမီ အသေအပျောက်အများအပြားနှင့် ဆက်တိုက်ရင်ဆိုင်နေကြရသည်။
ယမန်နေ့ နေ့ခင်း ၁၂း၃၀ ခန့်တွင် နမ့်လိတ်တောင်ကို စတင်ထိုးစစ်ဆင်ရာ အထိနာသဖြင့် ခေတ္တရပ် နားခဲ့ကြသည်။
ထိုနောက် တအန်းနှင့် ကချင်ရှိရာ စခန်းကို ၁၆း၀၀ နာရီခန့်မှစသည့် တိုက်ပွဲမှာ မိုးချုပ် ၁၈း၀၀ နာရီခန့်တွင် ပစ်ခတ်သံများ ပြန်လည်ငြိမ်သက်ခဲ့သည်။ မြန်မာတပ်ဖက်က အထိနာသဖြင့် တောင်ပေါ်သို့ ဆက်မတက်ပဲ နောက်ဆုတ်အနားယူခဲ့သည်။
၎ ရက်နှင့် ၅ ရက်နေ့ ဒီဇင်ဘာလ နမ့်လိတ်တိုက်ပွဲအတွင်း မြန်မာတပ် ၃၀ ခန့် ကျဆုံးပြီး ၂၀ ကျော်ထိ ခိုက်ဒါဏ်ရာ ရရှိမည်ဟု ခန့်မှန်းရပါသည်။ နမ့်လိတ်တောင်၏ ယနေ့အရုဏ်ဦးတိုက်ပွဲမှာ မပြီးသေးပဲ သေနတ်သံ၊ လက်နက်ကြီးသံများ ဆူညံနေဆဲရှိသည်။
ရရှိသည့် တိုက်ပွဲ Update သတင်းများကို ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Invitation to Press Conference: မီဒီယာများအား ဖိတ်ကြားခြင်း
ချစ်ခင်လေးစားရပါသော စာနယ်ဇင်း၊ သတင်းမီဒီယာမှ ညီအစ်ကို မောင်နှမများရှင့်/ခင်ဗျာ
၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသတွင် အခြေစိုက်၍ စစ်ဘေးဒုက္ခသည်များ၏ အရေးကို လပေါင်း ၃၀ကြာ ဆောင်ရွက်ပြီ ဖြစ်သော ၀န်ပေါင်နိမ်ထွဲ (Wunpawng Ninghtoi- WPN) ခေါ် အရပ်ဖက်လူ့အဖွဲ့အစည်းမှ ယခုလတ်တလော ဖြစ်ပေါ်နေသော ကချင်ပြည်နယ်၊ မန်စီမြို.နယ်အတွင်းမှ ပြင်းထန်သောတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စာနယ်ဇင်း၊ သတင်းမီဒီယာများအား အသိပေး တင်ပြလိုပါသဖြင့် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်သတင်း ယူနိုင်ပါရန် ခင်မင်ရင်း နှီးစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (စနေနေ့)
အချိန်။ ။ နံနက် ၀၉၀၀ နာရီ
နေရာ။ ။ အခန်း (၈/စီ)၊ ၈ လွှာ၊ မြေနီကုန်းပလာဇာ၊ မြေနီကုန်းဒဂုံစင်တာနှင့်
ဂမုန်းပွင့်ကြား
စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးအတွက်
ကချင်ငြိမ်းချမ်းရေးကွန်ရက်
တိုက်ပွဲပြင်းထန်သဖြင့် နမ့်လိတ်တောင်မှ (TNLA ) နှင့် (KIA) တပ်ပေါင်းများ ဆုတ်ခွာ
ယမာန်နေ့ ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။
“ တိုက်ပွဲက ပြင်းထန်တယ်။ နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။ တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့” ဟုဆိုပါသည်။
တိုက်ပွဲသည်ခေတ္တ နားနေဟန်ရှိပါသည်။ အစိုးရတပ်များက ကျဆုံး ဒါဏ်ရရသော သူများကို သယ်ထုတ်နေခဲ့ ကြောင်း၊ ဤအချိန်တွင် (TNLA ) နှင့် (KIA) ပူးပေါင်းတပ် များလည်း စခန်းမှ ဆုတ်ခွာခဲ့ပြီး နေရာရွှေ့လိုက်ကြောင်းဆိုပါ သည်။
အစိုးရတပ် များသည် ဆုတ်ပေးခဲ့သော နေရာသို့ တက်ရောက် သိမ်းပိုက်ခြင်း မရှိသေးကြောင်း မိုင်းအန္တရာယ် စိုးရိမ်နေပုံ ရကြောင်း တာဖုန်းကျော်က သုံးသပ်ခဲ့ပါသည်။
အရန်တပ်ကို စနစ်တကျ နေရာယူခိုင်းပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ တိုက်ပွဲများတွင် အကျအဆုံးများ သဖြင့်ရပ် တန့်နေခြင်း ဖြစ်ပါသည်။ ယခုလည်း လူနာများနှင့် အသေ အပျောက်များ ရှင်းထုတ်နေ သဖြင့်တိုက်ပွဲကို ခေတ္တရပ်ထား တာမျိုးဟု ဆိုပါသည်။
(TNLA) ပူးပေါင်းတပ်များသည် ထပ်မံထိုးစစ် ဆင်လာသော အစိုးရ တပ်များကို ချေမှုန်းရန် ပြင်ဆင် ထားပါသည်။ အစိုးရ တပ်များသည် နှစ်ရက်ဆက်တိုက် စစ်ဆင် နေခြင်းဖြစ်သည်။ ဤနှစ်ရက် တိုက်ပွဲသည် အစိုးရဖက်မှ (၃၀)ခန့် ကျဆုံးနိုင်ပြီး (၂၀)ကျော်ဒါဏ်ရာရဖွယ် ရှိကြောင်း အထမ်းသမားများ သတင်းအရ သိရကြောင်း ဆိုပါသည်။
နမ့်လိတ်တောင်သည် မတ်စောင့်သည့် အပြင် တက်ရောက် စစ်ဆင်ရန် ခက်ခဲသည်။ ဤတိုက်ပွဲသည် အမိန့်အရ မလွန်ဆန်နိုင် သောကြောင့် မတိုက်သင့်သော အနေအထားတွင် ရှိသော်လည်း အစိုးရတပ်များ မဖြစ်မနေ စစ်ဆင် တိုက်ခိုက် နေရသဖြင့် အကျအဆုံးများဖွယ် ရှိနေပါသည်။ နယ်မြေအသာစီး ရထားသည့် (KIA) တပ်ရင်း(၈) တပ်ဖွဲ့နှင့် (TNLA) တပ် ရင်း(၁၂) တပ်ဖွဲ့တို့သည် နောက်ထပ် စစ်ဆင်မည့် အစိုးရတပ်ကို နေရာကောင်း ယူပြီးချေမှုန်းရန် ပြင်ဆင်ထား သည် ဟု ဆိုပါသည်။
ယမာန်နေ့တိုက် ပွဲတွင်လည်း မနက်ပိုင်းတွင် အထိနာခဲ့သဖြင့် ညနေပိုင်း တိုက်ခိုက်မှုတွင် အားမပါသလို ဖြစ်လာခဲ့ပါသည်။ ယနေ့မနက်ပိုင်း တိုက်ပွဲသည် အရန်တပ်ဖွဲ့ဖြင့် အင်အား ဖြည့်တင်းပြီး (၄)နာရီခန့် ပြင်းပြင်းထန်ထန် တိုက်ခိုက် လာခဲ့ပြန်ပါသည်။
လေးဖက်လေးတန်မှ စစ်ဆင်လာပါသည်။ အကျအဆုံးများ သဖြင့် ပြန်လည် ငြိမ်ကျသွား ပြန်ပါသည်။ လက်နက်ကြီး ဒါဏ်ကြောင့် ပစ်ကွင်းများ ပျက်စီးခဲ့သဖြင့် (TNLA ) တပ်ပေါင်းများသည် အခိုင်အခန့်ရှိ သောနေရာသို့ ရွှေ့ပြီး ထပ်မံစစ်ဆင် လာမှုကို စောင့်နေကြသဖြင့် ထပ်မံ တိုက်ပွဲဖြစ်ရန် အလားအလာ ရှိပါသည်။
ပလောင်ဒေသ၌ တိုက်ပွဲ ပြင်းထန်နေခြင်းနှင့် ပါတ်သက်၍ ၄င်းတို့ မသိရပါကြောင်း အစိုးရ (၊MPC) အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။ (TNLA) အတွင်းရေးမှူး ကမူ ဤစစ်ဆင်ရေး သည် အစိုးရ၏ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့မှ တိုက်ရိုက် ကွပ်ကဲသော စီမံချက်များဟု ဆိုပါသည်။
တိုက်ပွဲသည် တခြားနေရာ သို့လည်း ပြန့်နှံ့နိုင်ပါသည်။ အစိုးရတပ်များ၏ နောက်ကြောင်းကို စစ်ဆင်လာဖွယ် ရှိလာ မည်ဟု ခန့်မှန်းရပါသည်။
ရွှေဟင်္သာ သတင်းဌာန
ကချင်လွတ်လပ်ရေးတပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဦးတေဇနဲ့ ဘာကြောင့်တွေ့သလဲ
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လုပ်ဆောင်နေသည့် ဦးတေဇအား ဒေသခံ လူထုအကျိုး၊ က ချင်ပြည်နယ်အကျိုးများနှင့်ပါတ်သက်၍ စေတနာ ထားလုပ်ဆောင်ခြင်းများ ရှိ၊ မရှိ KIA က စောင့်ကြည့်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြော
ဆိုလိုက်သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန် အစိုးရစစ်တပ်အား ငွေကြေးနှင့် အခြားလှူဒါန်းမှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုများ လုပ်ဆောင်ခဲ့ခြင်းအပေါ် မနှစ်သက်ကြောင်း ရန်ကုန် ခရီးစဉ်အတွင်း ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်ဟု သိရသည်။
“သူ့အနေနဲ့ အစိုးရက တာဝန်ပေးလို့ မြန်မာ့တပ်မတော်ကို တစုံတရာ နည်းပညာတို့ လက်နက်တို့ ရှာပေးတာ ကိစ္စက နိုင်ငံတော်တခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ ဒါက ကျနော်တို့ဘက်က နားလည်နိုင်တယ်။ သို့သော်လည်းပဲ ကချင်ပြည်နယ်ကို တက်လာတဲ့ စစ်ကြောင်းတွေကို တိုက်ရိုက် အကူအညီပေးတာမျိုးတော့ ကျနော်တို့ လက်မခံနိုင်ဘူးလို့ ဒါ အတိအကျ ကျနော် ဒီလိုပဲ ပြောထားပြီး ဖြစ်ပါတယ်” ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။
ဗိုလ်ချုပ် ဂွမ်မော်က ဦးတေဇနှင့် ရန်ကုန်ခရီးစဉ်အတွင်းတွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ ကချင်ပြည် နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်သည့် လုပ်ငန်းရှင်တဦးအား KIA မှ ကချင်ပြည်နယ်သားများ၏ အကျိုးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဦးတေဇထံမှ ကချင်ပြည်နယ်တွင်း မည်သည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည်ကို အချက်အလက်များ တောင်းဆိုထားခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီကို ရှင်းပြသည်။
“ကျနော်တို့က လူထုအကျိုးမှာ ဘယ်လောက်ထိ ထိခိုက်မလဲ၊ ပြီးရင် ကျနော်တို့က ဘာတွေ ပြောသင့်သလဲ ဆိုတာ ဆက်ပြီး သူနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ လုပ်ငန်းရှင် တယောက်အနေနဲ့ လူထုရဲ့ အကျိုး၊ ပြည်နယ်ရဲ့ အကျိုးကို တကယ် စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်များဆိုရင် ကျနော်တို့က ဖိတ်ခေါ်မယ်။ အားပေးမယ်။ သို့သော်လည်းပဲ လူထုရဲ့ အကျိုးကို ထိခိုက်မယ်ဆိုရင် ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက်ပြီး “ကျနော်တို့ ကြားသိရတဲ့ တချို့ သတင်းတွေကလည်း ဥပမာ ပူတာအိုဒေသမှာ သူက နေရာတွေ အများကြီး ယူထားတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ တကယ် သူ ယူထားသလား၊ မယူထား ဘူးလား ဆိုတာ ကျနော်တို့က ကာယကံရှင်ကို မေးဖို့ လိုပါတယ်”ဟု ဆိုသည်။
ပူတာအိုဒေသအပါအ၀င် ကချင်ပြည်နယ်တွင်း ဦးတေဇသည် ရွှေ၊ ကြေးနီ အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ Resort အပါအ၀င် နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်သည့် အခြား လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးနှင့် သယံဇာတ လုပ်ငန်းတချို့ကိုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
၎င်း၏ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းမျိုး မရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးကြီးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။
“ဒီဒေသမှာ ရှိတဲ့ လူထုနဲ့ အတူလက်တွဲပြီး လုပ်ရမှာပါ။ တကယ်ပဲ သူ လူထုအကျိုးအတွက် ပြည်နယ် အကျိုးအတွက် တကယ် စေတနာမှန်မှန်နဲ့ လုပ်မယ်၊ လက်ခံလို့ရတဲ့အချိန်ရောက်ရင် ပြည်သူကလည်း လက်ခံမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ မမှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်မယ်ဆိုရင်တော့ လူထုက လက်ခံမှာ မဟုတ်ဘူး”ဟု ဆိုသည်။
ဆက်လက်ပြီး သူက “တကယ်ပဲ ပူတာအို လူထု တခုလုံးနဲ့ ကချင်တိုင်းရင်းသားအားလုံး အတွက်လား၊ မဟုတ်ရင် သူ့ရဲ့ ကိုယ်ကျိုး စီးပွားလား၊ မဟုတ်ရင် လူတစုကိုပဲ ဖဲ့ပြီး စည်းရုံးနေသလားဆိုတာ KIO ကတော့ အမြဲတမ်း စောင့်ကြည့် နေတာဖြစ်ပါတယ်”ဟု ပြောသည်။
“သူ သတ္တု တူးဖော်ရေးတွေလို လုပ်နေတာရှိတယ်။ ရွှေတူးတာရှိတယ်။ ပြီးတော့ ကြေးနီမိုင်းလေးတွေ အသေးစား ပေါ့။ ကြေးနီးကတော့ သိပ်များ များတော့ မဟုတ်ဘူး။ အဲဒါလုပ်တယ်။ နောက် သစ်တောလုပ်ငန်းတွေ လုပ်တယ်။ ပြီးရင် အခု သူပြောတာကတော့ အခု ပူတာအိုဒေသမှာသူက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သူလုပ်မယ်လို့ ပြောတယ်။ အဲတော့ သူပြောတဲ့ ဟာနဲ့ လုပ်တဲ့ဟာ ကိုက်ညီမှု ရှိ၊ မရှိ ကျနော်တို့ သိဖို့ လိုအပ်တယ်”ဟုလည်း ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
သို့သော် အမည်မဖော်လိုသူ KIO အကြီးတန်း အရာရှိတဦးက ဦးတေဇ၏ ကချင်ပြည်နယ်တွင်း စီးပွားရေး လုပ် ငန်းများသည် ကချင်ပြည်နယ် ဒေသခံများ၏ အကျိုး စီးပွားအတွက် မဟုတ်ပဲ ကိုယ်ကျိုးနှင့် မြန်မာ စစ်ခေါင်းဆောင် တချို့ ၏ အကျိုးအတွက်လုပ်ဆောင်နေသူဖြစ်၍ “ရန်သူတော်”အဖြစ် သတ်မှတ်ကြောင်း ပြောဆိုထားသည်။
KIO အနေဖြင့် ကချင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်မှုကိစ္စနှင့် ပတ်သက်ပြီး ယခင်က မြစ်ဆုံစီမံကိန်း လုပ်ဆောင်ခဲ့သည့် တရုတ်နိုင်ငံကိုပင် ကန့်ကွက်စာပို့ခဲ့ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီကို ပြောသည်။
“မြစ်ဆုံကိစ္စက မြစ်ဆုံစီမံကိန်း စပြီး သတင်းစာမှာ ပါလာကတည်းက ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီကို ဦးတည်ပြီး စာရေးထားသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဆီကိုလည်း ကျနော်တို့က စာရေးထားပြီးသား ဖြစ် တယ်။ ဒီ မြစ်ဆုံဒေသဟာ သမိုင်းကြောင်း အရရော လူထုရဲ့ စိတ်ထဲမှာရော စွဲမြဲနေတဲ့ကိစ္စ၊ ဖျောက်ဖျက်လို့ မရတဲ့ ကိစ္စ ဖြစ်တယ်။ ပြီးရင် တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့်မို့လို့ မြစ်ဆုံဒေသမှာ ဒီဆည် မလုပ်ဖို့ ကျနော်တို့က ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဒီကနေ့ထိလည်း ဒီ အယူအဆက ဆက်ပြီး ကျနော်တို့က ထားနေတုန်း ပါ ပဲ”ဟု ပြောသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်မြေဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သကဲ့သို့ ၄င်း၏ အကျိုး စီးပွားအတွက် မြန်မာအစိုးရစစ်တပ်နှင့် KIA တို့အကြားတိုက်ပွဲများ ဖြစ်ပွားနေမှုကို ရပ်တန့်စေရေး ပြောဆိုတိုက်တွန်း မှုများ ရှိကြောင်းလည်း သိရသည်။
“သူ့ရဲ့ နယ်စပ်ပြဿနာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကေအိုင်အိုကို တိုက်ပွဲတွေ ချုပ်ငြိမ်းအောင်လုပ်ဖို့ တိုက်တွန်းသ လို မြန်မာအစိုးရကိုလည်း တိုက်တွန်းတာ ရှိတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပြောဆိုမှုများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခြင်းလည်း ရှိနေသည်။
“ဒီဟာကတော့ တရုတ်နိုင်ငံရဲ့ Interest ပေါ့။ အရေးကြီးပါတယ်။ ဥပမာ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ဆက်စပ် နေတယ်။ အခု အများအားဖြင့် တိုက်ပွဲတွေ ဖြစ်နေတာက တရုတ်နယ်စပ်မှာ ဖြစ်နေတယ်။ အဲတော့ ကျနော်တို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ရှိရင် သူတို့ဘက်ကိုလည်း ပြဿနာတွေအများကြီး ရောက်တယ်”ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်။
ဧရာဝတီ
SHAR HTAIK BUM MYEN POST HPE LU ZING LA
Wunpawng Mungdan Shanglawt Asuya Dap Ba (1) Up hkang Ginra rai nga ai Pangwa Jinghpaw Mung hte Miwa mung jarit shadaw masat (5 hte 6) lapran Shar Htaik Bum na myen hpyen dap hpe KIA myu tsaw share ninghkring ni December (2) ya shani lu zing madu la kau sai lam shiga na chye lu ai. Myen hpyen hpung ni gaw tat kau ai shanhte a hpyen dap hpe bai lu la na matu ya ten hta laja lana matut manoi htim gasat nga ai lam shiga na chye lu ai. N dai gasat poi hta mung myen maga na ahkyak ai du kaba langai hkrat wa sai lam, hkrat sum mat ai myen hpyen du kaba hpe Helecopter hte wa htaw mat wa sai lam hpe mung na chye lu ai. Myen hpyen ni law law hkrat sum ai lam hpe mung na chye lu ai. KIA myu tsaw share ninghkring ni hta mung hkala ai ni lawm ai lam na chye lu ai. Mungdan kata, shinga shara shagu du nga ai Wunpawng myu sha ni yawng shawng lam majan pa de myu hte mung dan hpe makawp maga nga ai myu tsaw share ninghkring ni a matu ja ja akyu hpyi garum ya nga ga, garum shingtau la sa wa nga ga.
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၁) လက်အောက် ပန်ဝါဒေသ ကချင်ပြည် နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၅ နှင့် ၆) ကြား ချားထိုက်တောင် ဗမာအစိုးရ စစ်တပ်ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၂) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗမာစစ်တပ်ကို ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ အရေးကြီး စစ်ဗိုလ်တစ်ဦးကျဆုံးကြောင်း၊ ကျဆုံးသွားသွာ ဗမာစစ်ဗိုလ်၏ အလောင်းကို ဗမာအစိုးရမှ ရဟတ်ယဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းနှင့် တပ်သားအများအပြားလည်း ကျဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော် များဘက်မှလည်း ဒဏ်ရာရရှိသူရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဗမာစစ်တပ်မှ လက်လွတ်လိုက်ရသော စစ်တပ်ကို ပြန်လည်ရရှိနိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
jinghpawkasa
လိုင်ဇာလမ်းလျှောက်အဖွဲ့မှ ပုဒ်မ(၁၈)ဖြင့်တရားစွဲခံရသူနှစ်ဦ်း မြို့နယ် ၇ မြို့နယ် ဖြတ်လျှောက်မှုအတွက် ထောင် ဒဏ်(၇) လ
ရန်ကုန်မှ ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့သည့် လိုင်ဇာလမ်းလျှောက် အဖွဲ့မှ ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ နှစ်ဦးကိုလှိုင်မြို့နယ် တရားရုံးတွင် မြို့နယ် ၇ မြို့နယ် ဖြတ် လျှောက်မှုအတွက် ထောင် ဒဏ်(၇)လ ယနေ့စီရင်ချက်ချလိုက်ကြောင်းသိရသည်။
မြို့နယ်ခုနှစ်မြို့နယ်မှ ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုထားမှုအပေါ်ဒီဇင်ဘာ(၅)ရက်နေ့နေ့လည့်တွင် လှိုင်မြို့နယ်တရားရုံး၌ စီရင်ချက်ချခဲ့ကြောင်း သိရသည်။ပုဒ်မ(၁၈)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်း၊ လမ်းမတော်၊ လသာ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ်တို့မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှု အတွက် လှိုင်မြို့နယ်တရားရုံးမှ တပေါင်းတစည်းထဲ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
ကချင်ပြည်နယ် ဖိုင်ဘာဆက်ကြောင်း ၂၀၁၄ ခုနှစ်မတ်လ အပြီးသတ်မည်
ကချင်ပြည်နယ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်လျက်ရှိသော မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable ) တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Nexus Network Company က မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable) တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေပြီး လတ်တလောတွင် မိုးညင်း-နန့်စီးအောင်၊ ဟိုပင်-မိုးကောင်း လမ်းကြောင်း များအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မရှိအောင်လည်း စီစဉ် ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။
မိုက်ခရို ဆက်ကြောင်းကိုသာ အသုံးပြုနေရသော ကချင်ပြည်နယ်၌ မိုဘိုင်းလ်ဖုန်း ခေါ်ဆိုရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် ညနေပိုင်း အချိန်များ၌ ဖုန်းခေါ်ဆိုမှု ပိုမိုခက်ခဲကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက တူညီစွာ ပြောကြားသည်။
ယင်း ဖိုက်ဘာ ဆက်ကြောင်း ပြီးစီးသွားပါက လက်ရှိ ကြုံတွေ့နေရသော ဖုန်းလိုင်း မိသော်လည်း ခေါ်ဆို၍ မရခြင်း၊ အဝင်ဖုန်း လက်ခံ၍မရခြင်း စသည့် အခက်အခဲများ ပြေလည်သွားမည် ဖြစ်ပြီး ADSL အင်တာနက်လိုင်းများ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။
မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထိ ချိတ်ဆက်သွားမည် ဖြစ်သည့် အပြင် မြစ်ကြီးနား မြို့ပေါ်တွင်လည်း မိုဘိုင်းလ်ဖုန်း တာဝါတိုင်များ ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးက သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
ယုဒသန် နှစ် ၂၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆရာယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန် အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သည်။
ဆရာ ယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ဓမ္မသဘင် ဖွင့်ပွဲဝတ်ပြုခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအပါအ၀င် ၀န်ကြီးဌာန အသီးသီးရှိ ၀န်ကြီးများနှင့် ပြည်တွင်းပြည်ပ နိုင်ငံများရှိ အနယ်နယ် အရပ်ရပ်မှ နှစ်ခြင်း မိတ်ဿဟာရ အဖွဲ့ ဝင် သုံးရာကျော်၊ ပြည်ပ ဧည့်သည် တရာကျော်ခန့် တက်ရောက် ခဲ့ကြသည်ကို တွေ့ရသည်။
ဓမ္မသဘင်ကြီး၏ အဓိကအချက် အနေဖြင့် “အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေသော်” ဆိုသောအချက်နှင့် “ထာဝရဘုရားသခင် သည် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်ကို ဦးဆောင်လျှက် ရှိကြသော နိုင်ငံတော်သမ္မတကြီးနှင့် တကွ ခေါင်းဆောင်များ၊ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အသင်းတော်များမှ ခေါင်းဆောင်များ၊ အသင်းသူ အသင်းသားများ၊ ပြည်ပရောက် မြန်မာခရစ်ယာန်များ အားလုံးကို ကြွယ်ဝစွာ ကောင်းချီး ပေးတော်မူလျှက် နိုင်ငံ့တာဝန်ကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ပါစေ” ဟူ၍ လည်းကောင်း၊ “နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူနိုင်ငံသား အားလုံး မျှော်မှန်းထားသည့် အေးချမ်းသာယာသည့် နိုင်ငံတော်ကြီး ဖြစ်လာပါစေကြောင်း” ဟူ၍ လည်းကောင်း စသည်တို့ကို သိက္ခာတော်ရ ဓမ္မသဘင် ဂုဏ်ဆောင် သဘာပတိ ဆရာ စမ်စန်က ပြောကြားခဲ့သည်။
အနယ်အနယ် အရပ်ရပ်ရှိ အသင်းတော်များမှ အသင်းသူ အသင်းသားများ စုံလင်စွာ စုပေါင်းပြီး ဓမ္မသဘင်သို့ တက်ရောက် လာသည်ကို ၀တ်စားဆင်ယင်မှု ပုံစံ၊ ရိုးရာဝတ်စုံ အမျိုးမျိုးနှင့် တွေ့ မြင်ရသည်။
ယခုကဲ့သို့ ဓမ္မသဘင်သို့ တက်ရောက်လာသူများ စားသောက် နေထိုင်မှုအတွက် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်က စီစဉ်ထားရှိပေးပြီး ဓမ္မသဘင်ပွဲသို့ တက်ရောက်မည့် သူများအတွက် ထမင်းစား ကတ်ပြား နှစ်သောင်းခန့် စီစဉ်ပေးထားကြောင်း သိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် နှစ်ခြင်း အသင်းတော်ပေါင်း ၄၉၂၉ ခန့် ရှိပြီး အသင်းသူ အသင်းသားပေါင်း ၁. ၆ သန်းကျော်လျှက် ရှိနေပြီ ဖြစ်သည်။
“ဒီပွဲက နှစ် ၂၀၀ ပြည့် ရှားရှားပါးပါး ကြုံခဲတယ်လေ။ အသင်းတော်က စီစဉ်ပေးတယ်၊ ကားနဲ့ အသွားအပြန်ကော၊ နေစား စရိတ်ကောပေါ့။ တောင်ကြီးက လာတယ်၊ တည်းတာကတော့ ရွာမ ဘုရားကျောင်းမှာ တည်းပါတယ်။ မိတ်ဆွေတွေလည်း အများကြီး တွေ့ ရတော့ ပျော်ပါတယ်” ဟု အဆိုပါ ဓမ္မသဘင်ပွဲကို တက်ရောက်လာသူ ပအိုဝ့်တိုင်းရင်းသူ တဦးက ပြောသည်။
ဓမ္မသဘင် အခမ်းအနားကျင်းပရာ ပိုးကရင်ကွင်းကြီးထဲတွင် လူဦးရေ နှစ်သောင်းကျော်ခန့် လှုပ်ရှား သွားလာနေကြပြီး ဝတ်ပြုပွဲအခမ်းအနား ကျင်းပရာ ခန်းမကြီး၏ အပေါ်ထပ်တွင် သာမက၊ အောက်ထပ် ခန်းမ တလျှောက်နှင့် ပိုးကရင် ကွင်း ဘုရားကျောင်း ၀န်းအပြည့် ဓမ္မသဘင် တက်ရောက်လာသူများကို တွေ့ ရသည်။
မြန်မာပြည် အနယ်နယ် အရပ်ရပ်သာမက၊ နိုင်ငံတကာမှ နှစ်ခြင်းခရစ်ယာန် အဖွဲ့များပါ လာရောက်ကြသဖြင့် ပြည်နယ်နှင့် တိုင်း ဒေသများမှ လာရောက်သူများ တည်းခိုရန် ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ အသင်းတော်များက ကူညီ ဝိုင်းဝန်းစီစဉ်ပေး ကြကြောင်း အဆိုပါ ဓမ္မသဘင် ဖြစ်မြောက်ရေးအတွက် တာဝန်ရှိသူတို့က ဆိုကြသည်။
ကျေးဇူးတော် ချီးမွမ်းသည့် ဖွင့်ပွဲနေ့တွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဦးရေ များပြားလွန်းသဖြင့် အသင်းတော်အဖွဲ့ များ လူအုပ်စု ကွဲမှုများ ကြုံတွေ့ နေရသဖြင့် ပြန်ကြားရေးမှ အသံချဲ့စက်ဖြင့် လူစုကွဲနေသူ များအား ပြန်လည် ဆုံစည်း ပေးရခြင်းများ ရှိကြောင်း သိရသည်။
ဆရာယုဒသန်၏ ကျေးဇူးတော် အောက်မေ့ခြင်း အခမ်းအနား ဓမ္မသဘင်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကျေးဇူးတော် ချီးမွမ်းခြင်းများ၊ စာတန်းဖတ်ပွဲများအပြင် ညနေပိုင်း အချိန်များတွင် ဓမ္မပြဇာတ်များ၊ ဓမ္မတေးသီချင်း သီဆိုမှုများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် စည်ကားစွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
အမေရိကန်လူမျိုး (ဆရာယုဒသန်) သည် နှစ်ခြင်း သာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အမည်အရင်း ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် ဖြစ်သော်လည်း မြန်မာတို့က ဂျပ်ဆင်ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။
ဧရာဝတီ
အမျိုးသားစာပေဆုရှင် ဆရာမ နှစ်ဦးကို အမျိုးသမီး စာရေးဆရာမများက ထပ်ဆင့် ဂုဏ်ပြု
၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေဆုရှင်များအနက် အမျိုးသမီး စာရေးဆရာမ နှစ်ဦးကို တခြားသော အမျိုးသမီး စာရေး ဆရာမများက အမှတ်တရ ဂုဏ်ပြုတဲ့ အစီအစဉ်တခုကို ဒီဇင်ဘာ ၅ ရက်နေ့ မနက်က ဗဟန်း ရေတာရှည်လမ်းမှာရှိတဲ့ Ideaလက်ဖက်ရည်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီး စာရေးဆရာမများရဲ့ ဂုဏ်ပြုခံရသူတွေကတော့ တသက်တာ စာပေဆုရှင် ဆရာမကြီး ဒေါ်ခင်ဆွေဦးနဲ့ ဝတ္ထုတို ပေါင်းချုပ် အတွက် အမျိုးသား စာပေဆုရှင် စာရေးဆရာမ ခင်မြဇင်တို့ ဖြစ်ကြပါတယ်။
ပွဲကို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့ပြီး စာရေးဆရာမ ၆၀ ကျော်နဲ့ စာရေးဆရာ ၅ ဦးခန့် တက်ရောက် ခဲ့ပါတယ်။
ဒီပွဲကို ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ စာရေးဆရာမ နှင်းဝေငြိမ်းက သူ့အနေနဲ့ ဒီပွဲဖြစ်ပေါ်လာဖို့ စိတ်ကူးကို နှစ်ပတ်တကြိမ် ပြုလုပ်နေကျဖြစ်တဲ့ ဘူတာကြီး စာဖတ်ဝိုင်းကနေ စတင် ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စာဖတ်ဝိုင်းကို လာနားထောင် ကြတဲ့ စာချစ်သူ ပရိသတ်တွေနဲ့ စာရေးဆရာ/ ဆရာမတွေက သူတို့ချစ်ခင်ကြတဲ့ စာရေးဆရာမနှစ်ဦးကို သီးသန့် အစီအစဉ် တခုနဲ့ ဂုဏ်ပြုချင်တာကြောင့် ဒီပွဲကို စီစဉ်ဖို့ စိတ်ကူးရခဲ့တာလို့လည်း သူက ဧရာဝတီကို ပြောပါတယ်။
“၂၀၁၂ ခုနှစ် ရဲ့ ဆုရှင် အမျိုးသမီး စာရေးဆရာမနှစ်ဦးကို အမျိုးသမီး စာရေးဆရာမများမှ အမှတ် တရဂုဏ်ပြုပွဲ” ဆိုတဲ့ ခေါင်းစဉ် တပ်ရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆရာမနှင်းဝေငြိမ်းက “ဒီခေတ်မှာ အမျိုးသမီး အမျိုးသား အခွင့်အရေး တန်းတူပဲလို့ ပြောနေကြပေမယ့် ဘယ်တုန်းကမှ တန်းမတူခဲ့ပါဘူး။ အဲဒီလိုအခါမှာ အမျိုးသမီးတွေက အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ဟာက မင်္ဂလာ သိပ်ရှိပါတယ်။ ပြီးတော့ ဒီစာရေးဆရာမ နှစ်ဦးစလုံး ဟာလည်း ကျမတို့တတွေ အားလုံး ကြည်ညိုလေးစားရတဲ့သူ တွေဖြစ်တဲ့အတွက်၊ သူတို့ရဲ့စာတွေကို ဖတ်ပြီး အားကျလေးစားခဲ့ရ သူတွေ ဖြစ်တဲ့အတွက် ကြောင့်ပါ” လို့ ဆိုပါတယ်။
ဒီပွဲကို တက်ရောက်လာသူအများစုဟာ အမျိုးသမီးစာရေး ဆရာများနဲ့ အယ်ဒီတာများ ဖြစ်ကြပြီး အမျိုးသား စာပေဆုရှင် ဆရာမနှစ်ဦးကို အမှတ်တရ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ လက်ဆောင် ပစ္စည်းတွေနဲ့ ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ကြ ပါတယ်။
အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းလည်း ဒီပွဲကို တက်ရောက်ခဲ့ပြီး သူက ဆရာမနှစ်ဦးနဲ့ ပတ်သက်လို့ ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဒီနှစ်ရဲ့ စာပေဆုတွေအပေါ် စာပေ လောကသားတွေ ပိုပြီး စိတ်ဝင်စားမှု ရှိလာခြင်းဟာ ဆုရွေးခြယ်ရေး ပုံစံ ပြောင်းလဲလာခြင်းကြောင့် ဖြစ်မယ်လို့
ထင်ကြောင်း ပြောပါတယ်။
ဆုတွေအတွက် မဲပေးရာမှာ လျှို့ဝှက် မဲပေးစနစ်ကို ကျင့်သုံးခဲ့တဲ့အပြင် မဲရေတွက်ရာမှာ ပရိုဂျက်တင်းလုပ်ပြီး ပွင့်လင်း မြင်သာစွာ ရေတွက်ခဲ့တယ်လို့လည်း ဦးဝင်းငြိမ်းက ဆိုပါတယ်။
ဒီပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ကူညီသူတဦးဖြစ်တဲ့ စာရေးဆရာမ မြသွေးနီကလည်း “ကိုယ်တိုင်ကလည်း စာရေးဆရာမ တဦးဖြစ်တယ်၊ အခု ဆုရတဲ့ စာရေးဆရာမ နှစ်ဦးကလည်း စာပေလောကမှာ ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ ဖြတ်သန်း ခဲ့တဲ့သူတွေ၊ အားကျ စံနမူနာ ထားရတဲ့သူတွေ ဖြစ်တယ်။ ပြီးတော့ ကိုယ်တွေ စာရေးဆရာမတွေ အားလုံး တစုတဝေးတည်း ဆုံတွေ့ကြရမယ့် ပွဲလည်း ဖြစ်တယ်၊ ကျမတို့ နောက်မျိုးဆက်သစ် စာရေးဆရာမတွေ အားလုံး စံနမူနာ ယူသင့်တဲ့ပွဲ ဖြစ်တဲ့အတွက် ကျမတို့ ပါဝင်သင့်တယ်လို့ ယူဆပြီး စိတ်ရောကိုယ်ပါ။ ကူညီ ဝိုင်းဝန်းပေးခဲ့တာပါ” လို့ ပြောပါတယ်။
စာရေးဆရာမနှစ်ဦးရဲ့ စာပေလက်ရာများနဲ့ ပတ်သတ်ပြီးလည်း ဆရာမ မြသွေးနီက “ဆရာမ နှစ်ဦးစလုံးရဲ့ စာတွေကို နှစ်သက် သဘောကျခဲ့ပါတယ်။ ဆရာမကြီး ခင်ဆွေဦးဆိုရင် သူရဲ့စာတွေက ဟိုးကတည်းက ခေတ်မီတယ်။ ဆရာမကြီးရဲ့ ဝတ္ထုတွေမှာ ကဗျာတိုလေးတွေကို ထည့်ပြီး ရေးဖွဲ့တဲ့ဟန်ကို အရမ်းသဘောကျ ခဲ့ပါတယ်။ ဆရာမ ခင်မြဇင်ကျတော့ ကဗျာဆရာမ တဦးလည်း ဖြစ်တယ်၊ သူ့ရဲ့ စာတွေဟာ ရိုးဂုဏ်တွေနဲ့ ပြည့်ဝနေပြီး သူ့စာတွေက အပြင်က သူ့ပုံစံအတိုင်း တထပ်တည်းကျတယ်၊ သိပ်သဘောကျစရာ ကောင်းပါတယ်” လို့ သုံးသပ်ပါတယ်။
အမျိုးသားစာပေဆုရှင် စာရေးဆရာများကို ထပ်ဆောင်း ဂုဏ်ပြုပွဲတွေ ပြုလုပ်တဲ့ အစဉ်အလာဟာ အရင်ကတည်းကလည်း ရှိခဲ့ပေမယ့် အဲဒီပွဲတွေဟာ ထုတ်ဝေသူတွေ၊ မြို့နယ် အသင်းအဖွဲ့တွေက ပြုလုပ်ပေးတာ၊ နီးစပ်ရာ အသိမိတ်ဆွေ များက ပြုလုပ်ပေးတာမျိုးသာ ဖြစ်ပြီး အခုလို စာရေးဆရာအချင်းချင်း၊ အမျိုးသမီးစာရေးဆရာမ အချင်းချင်း ဂုဏ်ပြု ပြုလုပ်ပေးခြင်းမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဂုဏ်ပြုခံရသူ ဆရာမ ခင်မြဇင်က “စာရေးဆရာမတွေက ကျမနဲ့ ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့ကို ချစ်လို့ ဒီပွဲကို လုပ်ပေးတာပါ။ ဒီအတွက် ကျမ အရမ်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် အခုလို အများစုပေါင်းပြီး ငွေကြေးနဲ့ ဂုဏ်ပြုလက်ဆောင်တွေ ထည့်ဝင်ကြတဲ့ အတွက်တော့ သူ့အနေနဲ့ အရမ်း
အားနာရတယ်လို့လည်း ပြောပါတယ်။
အရင်က မန္တလေး၊ တောင်လေးလုံး ကျောင်းတိုက်မှာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို အစဉ်အလာကြီးမားစွာ ကျင်းပ ခဲ့ကြသလို လူထုဒေါ်အမာ ကွယ်လွန်ပြီးတဲ့ နောက်မှာ အနယ်နယ် အရပ်ရပ်က စာပေချစ်သူတွေ ဆုံစည်း ကြဖို့အတွက် ဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ မွေးနေ့ပွဲကို သူ့မွေးနေ့ ဒီဇင်ဘာ ၁ ရက်နေ့တိုင်းမှာ လာမယ့်နှစ်က စတင်ပြီး
ကျင်းပ ပြုလုပ်နိုင်ဖို့ ကြိုးစား စီစဉ်သွားကြမယ် ဆိုတဲ့အကြောင်းလည်း ဒီပွဲကို တက်ရောက်လာကြတဲ့ စာရေးဆရာမတွေက သဘောတူညီခဲ့ကြ ပါတယ်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေဆုရှင်တွေကတော့ ထက်နိုင် (တလုပ်မြို့) က “မပြောဖြစ်ခဲ့တဲ့ စကား” စာအုပ်နဲ့ (ဝတ္ထုရှည်ဆု)၊ ခင်မြဇင်က “ကောင်းကင်မိုးတိမ်” စာအုပ်နဲ့ (ဝတ္ထုတိုပေါင်းချုပ်ဆု)၊ ကို (တက္ကသိုလ်) က“ မြကန်သာ ကဗျာပေါင်းချုပ်” စာအုပ်နဲ့ (ကဗျာပေါင်းချုပ်ဆု)၊ ဒေါက်တာခင်လက်ျာက “ဖေဖေဗိုလ်လက်ျာ” စာအုပ်နဲ့ (စာပဒေသာဆု)၊ စတီဗဲင်နီကိယိုက “ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း” စာအုပ်နဲ့ (မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာဆု)၊ ရွှေမြိုင်ပြုံးလဲ့မော် က “အရုဏ်ဦးမှာဖူးတဲ့ပန်း ကလေးကဗျာများ” စာအုပ်နဲ့ (ကလေးစာပေဆု)၊ မောင်မြင့်ကြွယ်က “မြန်မာပြည်မှနေ့ရက်များ” စာအုပ်နဲ့ (ဘာသာပြန်ဆု – သုတ)၊ တင်မောင်မြင့်က “ပြစ်မှုနှင့်ပြစ်ဒဏ်” စာအုပ်နဲ့ (ဘာသာပြန်ဆု – ရသ)၊ မောင်ဟုန်ဝမ် (ကထိက) က “မင်းသုဝဏ်နှင့် ကဗျာ ကဗျာလေ့လာချက်” စာအုပ်နဲ့ (သုတပဒေသာဆု-ဝိဇ္ဇာ)၊ ကျော်ဦးက “ရေကြည်တပေါက်” စာအုပ်နဲ့ (သုတပဒေသာဆု – ရိုးရိုးသိပ္ပံ)၊ ဒေါက်တာခင်စန်းမော်က “တိရစ္ဆာန်မှ လူကိုကူးစက်တတ်သော ရောဂါများ” စာအုပ်နဲ့ (သုတပဒေသာဆု – အသုံးချသိပ္ပံ)၊ ကျော်ဝင်းက “မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက်” (၁၉၄၈ – ၁၉၈၈) စာအုပ်နဲ့ နိုင်ငံရေး စာပေဆု၊ မြင့်အောင်က Revealing Myanmar’s Past: An Anthology of Archaeological Articles စာအုပ်နဲ့ အင်္ဂလိပ်ဘာသာ – သုတဆု တို့ ဖြစ်ကြပါတယ်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့ပြီး ဒီပွဲမှာ စာရေးဆရာမကြီး ခင်ဆွေဦး၊ စာရေးဆရာကြီး အောင်သင်းနဲ့ သိပ္ပံမှူးတင်တို့ကို တသက်တာစာပေဆုများ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီ