Pages

Wednesday, October 2, 2013

ကရင်နှင့်ပဲခူးဒေသများတွင် မြေမြှုပ်မှိုင်းထိပြည်သူများအား ကိုယ်အင်္ဂါပစ္စည်းများ အခမဲ့ တပ်ဆင်ပေးမှုစတင်


 
မြေမြှုပ်မိုင်းကြောင့် ဒုက္ခိတဖြစ်ခဲ့ သည့်ဒေသများရှိ ပြည်သူများကို အခမဲ့ကိုယ်အင်္ဂါပစ္စည်း တပ်ဆင် ပေး မည့် အစီအစဉ်ကို ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ တွင် စတင်ဆောင် ရွက်နေကြောင်း သိရ သည်။

''မိုင်းထိခိုက်တဲ့လူတွေကို သာမန်လူတွေလိုသွားနိုင်လာနိုင် အောင် ခြေတု၊ လက်တုတပ်ပေး ဖို့ စာရင်း ကောက်နေတာပါ။ စာ ရင်းရရှိလာသူတွေကို အိုင်စီအာ စီနဲ့ချိတ်ပေးမယ်၊ လူမှုဝန်ထမ်းနဲ့ ချိတ်ပေးမယ်။ သူတို့က မိုင်းဒုက္ခ သည်တွေကို အခမဲ့တပ်ဆင်ပေး မယ်''ဟု မြန်မာအစိမ်းရောင်ကွန် ရက်မှ ဦးစောမိုးမြင့် ကပြောသည်။

''သူတို့ကိုခေါ်လာပြီး ဆေး ကုပေးတဲ့ကာလမှာ နောက်မှာ ကျန်ခဲ့တဲ့ ဆေးကုသခံ မိုင်းထိသူ ရဲ့ မိသားစု စားဝတ်နေရေးကို လဲ ထောက်ပံ့ပေး မှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြေမြှုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိသူစာ ရင်းကို ပဲခူးတိုင်းဒေသကြီး သံ တောင်ကြီး မြို့နယ်နှင့် ကရင်ပြည် နယ်၊ ဖာပွန်မြို့နယ်တို့တွင် စာ ရင်းကောက်ယူနေကြောင်း သိ ရသည်။

စာရင်းကောက်ခံရရှိလာ သည့် မိုင်းထိဒုက္ခိတ များကို အိမ် တွင်းလက်မှု ပညာများဖြစ်သည့် ဆိုင်ကယ် ပြင်နည်း၊ စက်ချုပ်နည်း၊ ကွန်ပျူတာ အသုံးပြုနည်း စသည် ဖြင့် သင့်တော်ပြီးလုပ်ကိုင်နိုင်မည့် အသက်မွေး ပညာများ ကို သင် ကြားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် မြေ မြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ် ရာရရှိသူစာရင်း ကိုကောက်ခံရာ တွင် နေရာ ဒေသဝေးလံမှုနှင့် ရာ သီဥတုအခြေအနေ များကြောင့် အခက်အခဲရှိနေသဖြင့် စာရင်း ကောက်နေ သည့်ဒေသများတွင် လူဦးရေ ၁ဝဦးကျော်သာရရှိသေး ကြောင်း သိရသည်။

ယင်းအပြင် တိုင်းရင်း သား လက်နက်ကိုင်ဒေသများ တွင် မြေ မြှုပ်မိုင်းရှင်း လင်းရေးဆောင်ရွက် မှုများကို ယခုနှစ်၏ပွင့်လင်းရာ သီတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''မြေမြှုပ်မိုင်းရှင်းလင်းရေး ကို ပွင့်လင်းရာသီရောက်မှ စတင် လုပ်ဆောင်မှာပါ။ မိုင်းရှင်းလင်း ရေးအတွက် တိုင်းရင်းသားလက် နက်ကိုင်တွေရော၊ အစိုးရဘက် ကပါ သဘောတူညီမှုရရှိထားပါ တယ်''ဟု ဦးစောမိုးမြင့်ကပြော သည်။

ကျော်ဇေယျ
မြန်မာပြည်သား

0 comments:

Post a Comment